Main menu

Background

Tuesday, 3 Feb 2026

မကွေးတိုင်းဒေသကြီးသည် မြန်မာနိုင်ငံ၏  မြန်မာ့ဆီအိုးကြီး ဟု တင်စားခေါ်ဝေါ်ကြသည့်အတိုင်း ဆီထွက်သီးနှံစိုက်ပျိုးမှုတွင် အဓိကကျသော တိုင်းဒေသကြီးတစ်ခုဖြစ်သည်။ မြန်မာနိုင်ငံတွင် နှမ်းသီးနှံ စိုက်ဧရိယာသည် ဆီထွက်သီးနှံ စိုက်ပျိုးမှုများအနက် ၅၀ ရာခိုင်နှုန်းခန့် စိုက်ပျိုးကြသည်။ ထိုအထဲတွင် နှမ်းနက်Black Sesame သည် ပြည်တွင်းစားသုံးမှုအတွက်သာမက  ပြည်ပပို့ကုန်ကဏ္ဍတွင်ပါ အလွန်အရေးပါသော စီးပွားဖြစ် သီးနှံတစ်ခုဖြစ်သည်။
နှမ်းစိုက်ပျိုးမှု

Tuesday, 3 Feb 2026

နှမ်း
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင်အတွင်း မိတ္ထီလာ၊ မလှိုင်၊ သာစည်၊ ဝမ်းတွင်းမြို့နယ်များတွင် ဆီထွက်သီးနှံဖြစ် သည့် နှမ်းညိုနှင့်နှမ်းဖြူကို အများဆုံးစိုက်ပျိုးကြပြီး ၂၀၂၅-၂၀၂၆ ခုနှစ်၊ မိုးနှမ်းစိုက်ဧက ၃၂၅၉၉၀ ဧကရှိပြီး တစ်ဧက အထွက်နှုန်းမှာ ၄ ဒသမ ၇ တင်းခန့် ထွက်ရှိကြောင်း ကြေး တိုင်နှင့် မြေစာရင်းဦီးစီး ဌာန စာရင်းအရသိရသည်။

Tuesday, 3 Feb 2026

မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့ စက်မှုဇုန်ရှိ ဆီးသီးခွဲစက်မှ တန်ဖိုးမြှင့် ထုတ်ကုန်ဆီးဆန်များ ထုတ်လုပ်လျက်ရှိသည်။ ဆီးဆန်ထုတ်လုပ်သည့် လုပ် ငန်းရှင်မှ လက်ရှိအချိန်တွင် ဆီးသီး ခွဲစက် သုံးလုံးဖြင့် လည်ပတ်နေကြောင်း၊ ဆီးသီးပေါ်ချိန်တွင် ဆီးသီးခြောက်ကုန်ကြမ်းများ ဝယ်ယူ၍ တစ်နှစ်ပတ်လုံး ကြိတ်ခွဲထုတ်လုပ်ကြောင်း သိရှိရသည်။ ဆီးသီးခွဲစက်တွင် အလုပ်သမား ခြောက်ဦးဖြင့် လုပ်ကိုင်နေပြီး အလုပ်သမားတစ်ဦးလျှင် တစ်ရက် ကျပ် ၈၀ဝ၀ ပေးကြောင်း သိရှိရသည်။ ဆီးသီးအစိုများ မဝယ်ဘဲ ဆီးသီးအခြောက်များကို မြို့ပေါ်ရှိပွဲရုံများမှဝယ်ယူကြောင်း၊ ယခင်နှစ်ဆီးသီးပေါ်ချိန် တစ်တင်းလျှင် ကျပ် ၁၅၀ဝ၀ ဖြင့် ဝယ်ရကြောင်း၊

Tuesday, 3 Feb 2026

မအူပင်ခရိုင် မအူပင်မြို့နယ်တွင် အင်းအိုင်များ၊ ချောင်းများ ပေါများပြီး  ၎င်းအင်းအိုင်များပေါ် အမှီပြု၍ စီးပွားရေးလုပ်ကိုင် ဆောင်ရွက်လျက်ရှိသည်။ နှစ်စဉ်အင်းဖော်ချိန်မှာ အောက်တိုဘာလ တွင် အင်းဖော်ပြီး အင်းထဲတွင် ငါးမျိုးစုံမွေးမြူ၍ စီးပွားဖြစ် လုပ်ကိုင် ဆောင်ရွက်ခြင်းများရှိသည်။ အင်းထဲတွင် ငါးရံ့၊ ငါးခုံးမ၊ ငါးဖယ် ဟောင်း၊ ငါးကျည်း၊ ငါးခူ ၊ ငါးမွေထိုး အစရှိသော  ငါးများ မွေးမြူ ကြောင်း  သိရသည်။  အင်းဖော်ချိန်သုံးလအတွင်း ငါးရံ့များရရှိ၍ ငါးရံ့ခြောက်ပြုလုပ်သူ လုပ်ငန်းများရှိသည်။ မအူပင်မြို့နယ်တွင် အင်းများပြားစွာရှိပြီး ထွက်ရှိသော  ငါးများကို ငါးပိပြုလုပ်သူများ၊ ငါးရံ့ခြောက်ပြုလ

Tuesday, 3 Feb 2026

ယာကွန်ဥသည် ဆေးဖက်ဝင်အဖြစ် ကမ္ဘာတစ်ဝန်းတွင် လူ သိများလာသည်။ ယာန်ကွန် (Yaconသည် တောင်အမေရိက တိုက်ရှိ  အန်းဒီးတောင်တန်း (Andes Mountain ) ဒေသမှ စတင် မြစ်ဖျားခံလာသော အပင်တစ်မျိုးဖြစ်ပြီး နေကြာပန်းမျိုးရင်းစေ့ တွင်ပါဝင်ပြီး ရုက္ခဗေဒအမည်မှာ Smallanthus sonchifolius ဖြစ်သည်။  အခြားနာမည် (Earth Apple မြေပန်းသီးဟုလည်း ခေါ်ဝေါ်ကြသည်။   ယာကွန်ဥသည်   အပူချိန် 18°C  မှ 25°C      အတွင်းတွင် စိုက်ပျိုးဖြစ်ထွန်းပြီး ပူပြင်းလွန်သော ရာသီဥတုကို မကြိုက်ကြောင်း၊ အအေးပိုင်းဒေသ အအေးဓာတ်ရှိသော ရာသီ ဥတုမျိုးကိုနှစ်သက်သည့်အတွက် မြန်မာနိုင်ငံတွင် တောင်ပေါ် ဒေသ ရှမ်းပြည်နယ်တောင်ပိုင်း၊ မြောက်ပိုင်း

Saturday, 10 Jan 2026

၀ါးပင်သည် သစ်ပင်မျိုးနွယ်ဝင်  အပင်မျိုးဖြစ်၍ ဝါးသည် မြန်မာနိုင်ငံအတွင်း နေရာအနှံ့အပြား တွေ့ရသော အရေးပါသည့် အပင်တစ်မျိုးဖြစ်သည်။ ကြီးထွားနှုန်းမြန်ပြီး သဘာဝပတ်ဝန်းကျင် နှင့်ကိုက်ညီစွာ ကြီးထွားနိုင်သောကြောင့် လူသားဘဝတွင် အကျိုး ကျေးဇူးများစွာ  ပေးစွမ်းနိုင်သည်။ ဝါးကို အိမ်/ အဆောက်အအုံ ဆောက်လုပ်ရာတွင် အသုံးများပြီး တံတားများ၊ အမိုး/ အကာအရံ များ ပြုလုပ်ရာတွင်လည်း အသုံးဝင်သည်။ ထို့အပြင် ဝါးဖြင့် ပရိ ဘောဂများ၊ တောင်းခြင်းများ၊ ခြံစည်းရိုးများပြုလုပ်နိုင်သည်။ ကျေး လက်ဒေသများတွင် ဝါးသည် နေ့စဉ် အသုံးအဆောင်ပစ္စည်းအဖြစ် အရေးပါသည်။

Saturday, 10 Jan 2026

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ကျွန်းစုမြို့နယ်သည် မြန်မာပြည်တောင်ပိုင်း တနင်္သာရီကမ်း ရိုးတန်းဒေသတွင်တည်ရှိပြီး ကျွန်းပေါင်း ၂၀၁ကျွန်းဖြင့် ဖွဲ့စည်းထားကာ ၁၁၂ ကျွန်းတွင် လူများ နေထိုင် ကြသည်။ ကျွန်းစုမြို့သည် ပင်လယ်ရေမျက်နှာပြင် အမြင့်ပေ ၄၆၀ အကျယ်အဝန်း စတုရန်းမိုင်ပေါင်း ၁၈၃၈ ဒသမ ၄၈ ကျယ်ဝန်းသည်။ ကျွန်းစုမြို့နယ်တွင် ရပ်ကွက်နှင့်‌ ကျေးရွာအုပ်စု ပေါင်း ၂၇ အုပ်စုရှိပြီး ကျေးရွာပေါင်း ၁၉၃ ရွာရှိသည်။ မြို့နယ်၏ အဓိက အသက်မွေးဝမ်းကျောင်း စီးပွားရေးလုပ်ငန်းအဖြစ် ရေလုပ်ငန်းကို အဓိကထား လုပ်ကိုင်ကြပြီး အခြားဥယျာဉ်ခြံမြေ၊ လယ်ယာလုပ်ငန်းများကိုလည်း လုပ် ကိုင်ကြသည်။ ပင်လယ်ပြင်တွင် မွ

Saturday, 10 Jan 2026

စစ်ကိုင်းတိုင်းဒေသကြီး  ကန့်ဘလူခရိုင်  ကန့်ဘလူမြို့ နယ်သည် စိုက်ပျိုးရေးလုပ်ငန်းများကို အဓိက အသက်မွေး ဝမ်းကျောင်းအဖြစ် လုပ်ကိုင်ဆောင်ရွက်လျက်ရှိပြီး မွေးမြူ ရေးလုပ်ငန်းနှင့် လက်မှု လုပ်ငန်းများကိုလည်း လုပ်ကိုင် ဆောင်ရွက်လျက်ရှိသော ဒေသတစ်ခုဖြစ်သည်။ 
ကန့်ဘလူမြို့နယ်၏  လက်မှုလုပ်ငန်းများအနက်မှ ဝါးဖျာကြမ်းလုပ်ငန်းမှာ အခြားဒေသများသို့ တင်ပို့သည်အထိ ထုတ်လုပ်နေသော ဒေသထွက်ကုန်တစ်မျိုးဖြစ်သည်။ 

Saturday, 10 Jan 2026

ပခုက္ကူမြို့သည် လက်မှုပညာဖြစ်သော ရက်ကန်းလုပ်ငန်းဖြင့် အသက် မွေးကြသူများရှိပြီး  ရက်ကန်းလုပ်ငန်းများထဲတွင်  ပခုက္ကူချည်ထည် ဝါဒ စောင်သည် လူကြိုက်များကြောင်း သိရသည်။  ဝါဒချည်ထည်စောင်ကို အမှတ်(၁၂)၊အမှတ်(၁၄)၊ အမှတ်(၁၅) ရပ်ကွက်များနှင့် ပခုက္ကူမြို့နယ် အနီးအနားရှိရွာများတွင် အများဆုံးရက်လုပ်ကြသည်။ ယခုအခါတွင် ဝါဒ စောင် ရက်လုပ်သည့် ရက်ကန်းစင်အရေအတွက် စုစုပေါင်း ၃၀ ကျော်ရှိ  ကြောင်း သိရသည်။  

Thursday, 4 Dec 2025

ဧရာဝတီတိုင်းဒေသကြီး  ပုသိမ်မြို့နယ် ချောင်းသာ၊ ငွေဆောင်၊ ပင်လယ်ကမ်းခြေဒေသများတွင် သဘာဝအလျောက် နေထိုင်ပြီး အများဆုံးတွေ့ရှိရသည့် ဇီဝစိုးငှက်လေးများကို ယခုအခါ လူနေရပ်ကွက်နှင့် ဝေးသောနေရာများတွင်   လူနေထိုင် ခြင်းမရှိဘဲ ငှက်ကလေးများအတွက် သီးသန့်အဆောက်အအုံ ဆောက်လုပ်ပြီး ငှက်တန်းများပြုလုပ်၍ မလေးရှားနည်းပညာ အသုံးပြုကာ ဇီဝစိုးငှက် အိမ်ပြုလုပ်၍  ငှက်သိုက်ထုတ်လုပ်ရောင်းချလျက်ရှိကြောင်း သိရသည်။

Pages