Main menu

Background

Saturday, 4 Feb 2023

လူ့ယဉ်ကျေးမှုအစ အိုးလုပ်ခြင်းကဟု ဆိုနိုင်သည်။ လူတို့သည် မြေမီးဖုတ်အိုးများကို ပြုလုပ်ရင်း လူ့ယဉ်ကျေးမှုကို တည်ထောင်ခဲ့ကြသည်။ အစောဆုံး လူ့အသုံးအဆောင်ပစ္စည်းသည် မြေမီးဖုတ်အိုးများဖြစ်ပြီး ယင်းတို့ကို မျက်မှောက် ကာလ ၂၁ ရာစုတိုင် မြေအိုးများကို နေရာအနှံ့အပြား၌ တွင်ကျယ်စွာ သုံးစွဲနေကြဆဲဖြစ်သည်။ မြေအိုးများကို  လူတို့သည် ကျောက်ခေတ်ကာလကပင် စတင်သုံးစွဲခဲ့ကြသည်။  မီးကို တွေ့ရှိခြင်း၊ အိုးကိုအသုံးပြုခြင်း၊ အသားစိမ်း ငါးစိမ်းများကို မီးနှင့်ချက်ပြုတ်စားသောက်ခြင်း စသောကိစ္စများသည် ရှေးဦးလူသားတို့ မရှေးမနှောင်း ဆောင်ရွက်ခဲ့ကြသောကိစ္စများဖြစ်သည်။ ရှေးဦးလူသားတို့သည် မြေစေးကို ပထမ ပုံစံအ

Tuesday, 31 Jan 2023

ပြည်မြို့၏ဒေသထွက် အစားအစာတစ်ခုဖြစ်သည့် တောလက်ဖက်သည် မြန်မာနိုင်ငံတွင် ပြည်မြို့တစ်မြို့တည်းတွင်သာရရှိသည်။ အခြားမြို့ရွာများမှ မိတ်ဆွေများကို လက်ဆောင်ပေးရာတွင် မပါမဖြစ်ပါဝင်သောအစားအစာတစ်မျိုးဖြစ်သည်။ 

Thursday, 19 Jan 2023

ကျောက်ဆည်ခရိုင် စားသုံးသူရေးရာ ဦးစီးဌာနသည် ပြည်တွင်းကုန်သွယ် မှုလုပ်ငန်းများ  ဖွံ့ဖြိုးတိုးတက်ရန်နှင့် အငယ်စား၊ အသေးစား၊ အလတ်စား စီးပွား ရေးလုပ်ငန်းများ (MSMEs)ကဏ္ဍ   ဖွံ့ဖြိုးတိုးတက်ရေး အတွက်  ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန  ဝန်ထမ်းများသည် ကျောက်ဆည်မြို့နယ်၊ မြောင်းဦးကျေး ရွာရှိ သပေါ့ဖျာလုပ်ငန်းရှင်များအား  တွေ့ဆုံပြီး  ကုန်ကြမ်းရရှိမှု၊  ကုန်ချောဖြန့်ဖြူး မှုနှင့် လုပ်ငန်းလည်ပတ်မှု အခြေအနေများအား  ကွင်းဆင်းလေ့လာခဲ့သည်။

Monday, 9 Jan 2023

ဧရာဝတီတိုင်းဒေသကြီး ပြည်ပပို့ကုန်များတွင် တစ်ခုအပါအဝင်ဖြစ်သော ပုသိမ်ထီးဈေးကွက်မှာ ပြည်တွင်း/ပြည်ပ ဈေးကွက်ဝယ်လိုအားရှိပြီး ပြည်တွင်း ဈေးကွက်မှာ ငွေဆောင်၊ ချောင်းသာ၊ ငပလီကမ်းခြေသုံးထီးများ၊ ဟိုတယ်အလှဆင် ထီးများ၊ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပုဂံညောင်ဦး၊ အင်းလေး၊ မော်လမြိုင် မြို့များရှိ ဟိုတယ်များတွင်လည်း  အလှဆင်ထီးများ ဝယ်ယူအသုံးပြုလျက်ရှိသည်။ ပြည်ပဈေးကွက်တွင် ချောင်းသာ၊ ငွေဆောင် ကမ်းခြေဒေသသို့ လာရောက်လည် ပတ်သည့် နိုင်ငံခြားသားများ အများဆုံး ဝယ်ယူမှုရှိပြီး  ရန်ကုန်မှတစ်ဆင့်လည်း ပြည်ပသို့ တင်ပို့ရောင်းချမှုရှိကြောင်း သိရသည်။

Tuesday, 3 Jan 2023

မြန်မာနိုင်ငံတွင်သာမက ကမ္ဘာကပင် အံ့သြဘနန်းချီးမွမ်းခြင်းခံရသော လွန်းရာကျော် ကြိုးကြီးချိတ်ခေါ် ကြိုးချိတ်အထည် စတင်ပေါ်ပေါက်လာပုံ သမိုင်းကြောင်းကို အကျဉ်းမျှတင်ပြလိုပါသည်။

Tuesday, 20 Dec 2022

စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ဌာန၏လုပ်ငန်းဖြစ်သော စားသုံးသူအကာအကွယ်ပေးရေးလုပ်ငန်းများ   ဆောင်ရွက်လျက် ရှိသည့်အပြင် ပြည်တွင်းကဏ္ဍ  ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေးအတွက်လည်း ဆောင်ရွက်လျက်ရှိသည်။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများလည်း သက်ဆိုင်ရာ မိတ်ဖက်ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ အကောင်အထည်ဖော်  ဆောင်ရွက်လျက်ရှိသည်။ ထို့ပြင် စက်မှုကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် လာစေရေးအတွက် တစ်ဖက်တစ်လမ်းက ဆောင်ရွက်လျက်ရှိသည်။ ၂၀၂၂-၂၀၂၃ ခုနှစ်တွင် စက်မှုကုန်ကြမ်းသီးနှံဖြစ်သော ချည်မျှင် ရှည်ဝါကို  ပြည်ခရိုင်ရှိ  မြို့နယ်လေးမြို့နယ်တွင်  စိုက်

Tuesday, 20 Dec 2022

တောင်ငူခရိုင် ဖြူးမြို့မှ ဈေးကွက်အတွင်း ထုတ်လုပ်ရောင်းချသည့် ရွှေဥဒေါင်းမင်း ပဲမုန့်သည် ဒေသအတွင်း လူကြိုက်များသည့် မုန့်တစ်မျိုးဖြစ်သည်။ ပဲမုန့်ပြုလုပ်ရန်အတွက် လိုအပ်သော ကုန်ကြမ်းများမှာ ဂျုံ၊ သကြား၊ ဆီ၊ ဆား၊ ကုလားပဲတို့ဖြစ်သည်။

Thursday, 8 Dec 2022

ယခုတစ်ပတ် ပြည်တွင်းထုတ်ကုန် Start-up ကဏ္ဍတွင် သန်လျင်မြို့မှ ထုတ်လုပ်သည့်Hello (Taste Me)အသင့်စားဆန်ပြုတ်၊ ပခုက္ကူမြို့မှ ထွက်ရှိသည့် “OK. 1”နှင့် ဖိုးသာထူးသစ်သီးဖျော်ရည်၊ သူဌေးကြိုက် (အရည်အသွေးမြင့် စားသောက်ကုန်လုပ်ငန်း) တို့နှင့် မိတ်ဆက်ပေးလိုက်ပါသည်။

Tuesday, 29 Nov 2022

မကွေးတိုင်းဒေသကြီး၊  ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်အတွင်းရှိ တဲကြီးကျေးရွာသည် ဝါးဖြင့် ရက်လုပ်သော ဆန်ကော၊ ဆန်ခါ၊  အုပ် ဆောင်းများကို  တစ်ရွာလုံးနီးပါး တစ်ရွာထုတ်ကုန်တစ်မျိုးအနေဖြင့် မိရိုးဖလာအစဉ်အလာအတိုင်း ရက်လုပ်ကြပြီး တဲကြီး ဆန်ကော၊ ဆန်ခါသည် ခိုင်ခံ့ခြင်း၊ လက်ရာ သေသပ်ခြင်းတို့ကြောင့် ယနေ့ထက် တိုင် နာမည်ရနေကြောင်း သိရှိရသည်။ 

Pages