Main menu

Background

Monday, 5 Jun 2023

ကမ္ဘာ့ရော်ဘာဈေး မြင့်တက်နေခြင်းကြောင့် ပြည်တွင်း ရော်ဘာဈေးလည်း လိုက်ပါမြင့်တက်လျက်ရှိကြောင်း ရော်ဘာ လုပ်ငန်းရှင်များထံမှ သိရသည်။ 
မြန်မာ့ရော်ဘာဈေးမှာ    နိုင်ငံတကာပေါက်ဈေးအပေါ် မူတည်၍ ဈေးအတက်အကျ ဖြစ်ပေါ်‌နေခြင်းဖြစ်ပြီး  လက်ရှိ နိုင်ငံတကာ ရော်ဘာပေါက်ဈေးမှာ ဒေါ်လာ ၁၆၅၀ မှ ၁၇၀ဝ အထိ မြင့်တက်လာခြင်းဖြစ်ကြောင်း အဆိုပါအသင်း အတွင်း ရေးမှူး ဦးခိုင်မြင့်က မေ ၃၁ ရက်တွင် ပြောသည်။

Monday, 5 Jun 2023

အိန္ဒိယကုမ္ပဏီတစ်ခုက ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း စစ်ကိုင်း တိုင်းဒေသကြီး၌ စက်သုံးဆီ လက်လီအရောင်းဆိုင်များ  ဖွင့်လှစ်ရန် ပြင်ဆင် နေကြောင်း မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲမှ သိရသည်။
အဆိုပါကုမ္ပဏီသည်  အိန္ဒိယနိုင်ငံ အာသံပြည်နယ်မှ   Numaligarh Refinery Limited (NRL)အမည်ရှိ ကုမ္ပဏီဖြစ်ပြီး စက်သုံးဆီဆိုင်များ လာ ရောက်ဖွင့်လှစ်နိုင်ရန် ပြင်ဆင်မှုများ လုပ်ဆောင်နေပြီဖြစ်ကြောင်း သိရသည်။

Monday, 5 Jun 2023

ပြည်တွင်းသကြားဈေးမှာ လာမည့်ကြံရာသီ ၌ လက်ရှိ ပေါက်ဈေးထက် ကျဆင်းနိုင်ခြေ   မရှိ ကြောင်း မြန်မာနိုင်ငံ သကြားနှင့်ကြံထွက်လုပ်ငန်း ရှင်များအသင်းမှ သိရသည်။
ပြည်တွင်း သကြားစားသုံးမှုနှင့်  ထုတ်လုပ်မှု လုံလောက်ပြီး ပြည်ပသို့  တင်ပို့မှုများရှိရာ ကမ္ဘာ့ သကြားဈေး မြင့်တက်လာခြင်းကြောင့် ပြည်တွင်း သကြားဈေးများလည်းမြင့်တက်လျက်ရှိပြီးလာမည့် ကြံရာသီ  သကြားဈေးကွက်တွင် လက်ရှိပေါက်ဈေး ထက် ဈေးနှုန်းနိမ့်ကျနိုင်ခြေမရှိကြောင်း   အဆိုပါ အသင်းမှ ဒုတိယဥက္ကဋ္ဌ  ဦးဝင်းဌေးက မေ ၃၁ ရက် တွင် ပြောသည်။

Monday, 5 Jun 2023

လက်ရှိ ပြည်တွင်းရွှေဈေးမှာ တစ်ကျပ်သား ကျပ်သိန်း ၃၀ ကျော် ဝန်းကျင် တွင် ဆက်လက်ဖြစ်ပေါ်နေကြောင်း ဈေးကွက်အတွင်းမှ သိရသည်။ 
ပြည်တွင်းရွှေဈေးနှုန်းမှာ မေ ၈ ရက်မှစတင်ကာ ကျပ်သိန်း ၃၀ ကျော်သို့ ရောက်ရှိလာခြင်းဖြစ်သည်။ တစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့သည့် ကမ္ဘာ့ရွှေဈေးနှုန်း များမှာ မေ ၂၄ ရက်တွင် တစ်အောင်စ ၁၉၇၄ ဒေါ်လာ၊ ၂၅ ရက်တွင် ၁၉၅၉ ဒေါ်လာ၊ ၂၆ ရက်တွင် ၁၉၅၆ ဒေါ်လာ၊ ၂၉ ရက်တွင် ၁၉၄၅ ဒေါ်လာ၊ ၃၀ ရက်တွင် ၁၉၄၂ ဒေါ်လာ၊ ၃၁ ရက်တွင် ၁၉၅၆ ဒေါ်လာဖြစ်ကြောင်း သိရသည်။

Tuesday, 23 May 2023

မေ ၄ ရက်မှ ၁၇ ရက်အထိ   စာရင်းဝင်ကုမ္ပဏီများ၏ စတော့ရှယ်ယာ အရောင်းအဝယ်ဖြစ်မှု တန်ဖိုးကျပ်သန်း ၁၈၀ ကျော်ရှိခဲ့ကြောင်း ရန်ကုန်စတော့ အိပ်ချိန်း (ှ့ဌ) မှ သိရသည်။
အဆိုပါကာလအတွင်း အရောင်းအဝယ်ဖြစ်မြောက်သည့် ရှယ်ယာအစောင် ရေ စုစုပေါင်း ၇၅၆၇၈ စောင်ရှိပြီး တန်ဖိုးအားဖြင့် ကျပ် ၁၈၇ ဒသမ ၇၁ သန်း ရှိခဲ့ခြင်းဖြစ်သည်။

Tuesday, 23 May 2023

လက်ရှိ ပြည်တွင်းရွှေဈေးမှာ တစ်ကျပ်သား ကျပ်သိန်း ၃၀ ကျော်တွင်ရှိနေ ကြောင်း ဈေးကွက်အတွင်းမှ သိရသည်။ ပြီးခဲ့သည့် နှစ်ပတ်တာကာလအတွင်း ကျပ်သိန်း ၃၀ နီးပါး ဖြစ်ပေါ်ခဲ့ သည့် ပြည်တွင်းရွှေဈေးနှုန်းမှာ မေ ၈ ရက်မှစတင်ကာ ကျပ်သိန်း ၃၀ ကျော်သို့ ရောက်ရှိ လာခြင်းဖြစ်သည်။

Monday, 22 May 2023

အာဆီယံ စီးပွားရေးအသိုက်အဝန်း (အေအီးစီ) ၂၀၂၅ အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီများနှင့် (၁/၂၀၂၃) ကြိမ်မြောက် အစည်းအဝေးကို ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာကံဇော်  ဦးဆောင်၍ မေ ၈ ရက် မွန်းလွဲပိုင်းက ရင်းနှီးမြှုပ်နှံမှုနှင့်  နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး ဌာန ရုံးအမှတ်(၁)  နေပြည်တော်၌  ကျင်းပသည်။ အစည်း အဝေးသို့ လုပ်ငန်းကော်မတီ ၂၂ ခုမှ ဒုတိယဝန်ကြီးများ၊ အမြဲ တမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိ သူများ စုစုပေါင်း ၆၀ ခန့် တက်ရောက်ခဲ့သည်။

Wednesday, 10 May 2023

စစ်ကိုင်းမြို့နယ်အတွင်း နွား၊ ကြက်၊ နို့စား နွားနှင့် သိုး၊ ဆိတ်များကို အဓိကထား မွေးမြူကြပြီး နွားမွေးမြူရေးအနေဖြင့် ယခင်က ခိုင်းစေရန်နှင့် ဒေသတွင်းစားသုံးရန် မွေးမြူကြသော်လည်း ယခုပြည်ပပို့ကုန် (Export) လုပ်ငန်းများ ဆောင်ရွက်လာသဖြင့် ခြံလှောင်စနစ်ဖြင့် မျိုးကောင်းမျိုးသန့်များ မွေးမြူလာကြသည်။ ထိုသို့မွေးမြူခြင်းကြောင့် နွားဈေးကောင်းရရှိခြင်း၊ ဒေသတွင်း ကောက်ရိုး၊ မြေပဲရိုး၊ ပြောင်းရိုး စသည်တို့ကို စိုက်ပျိုးသည့် တောင်သူများက  နွားစာအဖြစ်  ရောင်းချရ၍ ဒေသခံပြည်သူများ  ဝင်ငွေနှင့်  အလုပ်အကိုင် အခွင့်အလမ်းရရှိကြောင်း သိရှိရသည်။

Wednesday, 10 May 2023

၂၀၂၃ ခုနှစ် မေလပထမပတ်အတွင်း မြစ်ကြီးနားမြို့၊ စည်ပင်သာယာဈေး၌ အခြေခံစားကုန်များဖြစ်သော လုံးသွယ်မွှေးဆန် တစ်ပြည် ကျပ် ၃၇၀ဝ ကျပ်၊ ဆင်းဧကရီ-၃ ဆန်တစ်ပြည် ၂၈၀ဝ ကျပ်၊ ဧရာမင်း ဆန်တစ်ပြည် ၃၀ဝ၀ ကျပ်၊ မနော်သုခ ဆန်တစ်ပြည် ကျပ် ၃၀ဝ၀ နှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။

Pages