Main menu

Background

Tuesday, 1 Dec 2020

မ‌ကွေးတိုင်းဒေသကြီးအတွင်း တောင်တွင်းကြီးကုန်စည်ဒိုင်နှင့် ပွဲရုံများတွင် ပဲမျိုးစုံတို့ဝင်ရောက်ကာ အရောင်းအဝယ်ဖြစ်လျှက်ရှိပါသည်။ မတ်ပဲများဝင်ရောက်လာပြီး အရည်အသွေးနှင့်ဝယ်လိုအားကြောင့် စျေးများအနည်းငယ် ကျဆင်းလျှက်ရှိပါသည်။ တောင်တွင်းကြီးကုန်စည်ဒိုင်တွင် ယခုအပတ် ၂၅.၁၁.၂၀၂၀နေ့တွင် မတ်ပဲ(ထိပ်စ) ၂၀ပိဿာတစ်တင်းလျှင်၃၁ဝဝ၀ကျပ်နှင့် မတ်ပဲ(အောက်စ) တစ်တင်းလျှင် ၂၉ဝဝ၀ကျပ်ဈေးတို့ဖြင့် အရောင်းအဝယ် ဖြစ်လျှက်ရှိပါသည်။

Tuesday, 1 Dec 2020

မ‌ကွေးတိုင်းဒေသကြီးအတွင်း တောင်တွင်းကြီးကုန်စည်ဒိုင်နှင့် ပွဲရုံများတွင် နှမ်းမျိုးစုံတို့ ဝင်ရောက်ကာ အရောင်းအဝယ်ဖြစ်လျှက်ရှိပါသည်။ မိုးနှမ်းများဝင်ရောက်လာပြီး အရည်အသွေးနှင့် ဝယ်လိုအားကြောင့် နှမ်းနက်(စမုံ)၊ နှမ်းဖြူနှင့် နှမ်းနီစျေးများ ကျဆင်းလျှက်ရှိပါသည်။ တောင်တွင်းကြီး ကုန်စည်ဒိုင်တွင် ယခုအပတ်၂၅.၁၁.၂၀၂၀နေ့တွင် နှမ်းနက်(စမုံ)ထိပ်စ ၄၅ပိဿာ(၃)တင်းဝင် တစ်အိတ်လျှင်၁၇၀၀ဝ၀ကျပ်နှင့် နှမ်းနက်(စမုံ)အောက်စ တစ်အိတ်လျှင်၁၆၀ဝဝ၀ကျပ်၊ နှမ်းဖြူ ၄၅ပိဿာ (၃)တင်းဝင် တစ်အိတ်လျှင်၁၀၆၀ဝ၀ကျပ်၊ နှမ်းနီ ၄၅ပိဿာ(၃)တင်းဝင် တစ်အိတ်လျှင်၁၁၀၀ဝ၀ကျပ် ကျပ်ဈေးဖြင့် အရောင်းအဝယ် ဖြစ်လျှက်ရှိပါသည်။

Thursday, 12 Nov 2020

အိန္ဒိယနိုင်ငံ၊ ပြည်တွင်းစျေးကွက်အတွင်း ပဲမျိုးစုံ၊ ဟင်းသီးဟင်းရွက်နှင့် အခြေခံစားသောက်ကုန်များ၏ စျေးကွက်လိုအပ်ချက်ဖြည့်စည်းမှုနှင့် စျေးနှုန်းတည်ငြိမ်ရေး စီမံဆောင်ရွက်မှုများနှင့် စပ်လျဉ်း၍ ၃၀-၁၀-၂၀၂၀ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် အိန္ဒိယပြည်တွင်းဈေးကွက်၌ လတ်တလောကာလတွင် ကြက်သွန်နီနှင့်အာလူးတို့၏ ဈေးနှုန်းများ မြင့်တက်လျက်ရှိရာ ဈေးကွက်လိုအပ်ချက်ကိုဖြည့်ဆည်းလျက် ဈေးနှုန်းတည်ငြိမ်ရန် ဆောင်ရွက်မှုနှင့်အတူ ပဲမျိုးစုံဈေးကွက်တည်ငြိမ်မှုရှိစေရေးအတွက်လည်း အိန္ဒိယနိုင်ငံအစိုးရသည် မိုဇမ်ဘစ် နိုင်ငံနှင့် အစိုးရချင်းသဘောတူလက်မှတ်ရေးထိုးထားသည့် ပဲစင်းငုံနှင့် အခြား

Wednesday, 11 Nov 2020

နို၀င်ဘာ ၁ ရက်မှ ၇ ရက်သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၆၉၃၆၅၀ ဒေါ်လာတန်ဖိုးရှိ နို့ဆီ ၆၂၀ ဒသမ ၁၃၆ တန်ကို ပင်လယ်ရေကြောင်းလမ်းမှ တင်သွင်း ခဲ့သည်။ ယခုတစ်ပတ် စင်ကာပူနိုင်ငံမှ ၃၇၂ ဒသမ ၀၉၆ တန်နှင့်မလေးရှားနိုင်ငံမှ ၂၄၈ ဒသမ ၀၄ တန် တင်သွင်းခဲ့ကြောင်းသိရသည်။ ယခင်သီတင်းပတ်က နို့ဆီတန်ချိန် ၄၀၀ ကျော်တင်သွင်းခဲ့ခြင်းကြောင့်ယခုတစ်ပတ်တင်သွင်းမှုနှင့်နှိုင်းယှဉ်လျှင် တန်ချိန် ၂၀၀ ကျော် ပိုမိုတင်သွင်းခဲ့ကြောင်းသိရသည်။ တင်သွင်းခဲ့သည့်တံဆိပ်များမှာ မာရီးဂိုး၊ ဒွန်းနှင့်Hawk တို့ဖြစ်သည်။

Wednesday, 28 Oct 2020

ပြည်တွင်းစျေးကွက်များဖြစ်သည့် တောင်ကြီး၊ မန္တလေးနှင့် မကွေးတို့တွင် အရောင်းအေးပြီး မော်လမြိုင်၌ အရောင်းပုံမှန်ရှိကြောင်းသိရသည်။

တောင်ကြီးဘိလပ်မြေဈေးကွက်၌ အရောင်းအဝယ်အေးပြီး ဈေးငြိမ်နေကြောင်း သိရသည်။ ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်နေသည့်ဈေးမှာ စိန်(ထိုင်း) ကျပ် ၈၀ဝ၀၊ အေသုံးလုံး ကျပ် ၅၂၀ဝ၊ အပါချီ ကျပ် ၄၃၀ဝ၊ ကမ္ဘောဇကျပ် ၄၂၀ဝ၊ ကျားခေါင်းကျပ် ၆၂၀ဝ၊ နဂါးကျပ် ၄၃၀ဝဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း အိမ်ဆောက်ပစ္စည်း ရောင်းဝယ်ရေးဆိုင်မှ စုံစမ်းသိရှိရသည်။

Friday, 23 Oct 2020

မော်လမြိုင်မြို့၏ အောက်တိုဘာလ တတိယပတ်တွင်ဖြစ်ပေါ်နေသော အခြေခံစားကုန် ဈေးနှုန်းများမှာ ပေါ်ဆန်း (စပါး) တင်း (၁၀၀) လျှင် (၉၀၀၀၀၀) ကျပ်၊ ပေါ်ဆန်း (ဆန်) ၂၄ ပြည်ပါ တစ်အိတ်လျှင် (၃၆၅၀၀) ကျပ်၊ ဧည့်မထ (စပါး) တင်း (၁၀၀) (၆၈၀၀၀၀) ကျပ်၊ ဧည့်မထ (ဆန်) ၂၄ ပြည်ပါ တစ်အိတ် (၂၈၀၀၀) ကျပ်၊ စားအုန်းဆီ တစ်ပိဿာ (၂၂၀၀) ကျပ်၊ မြေပဲဆီ တစ်ပိဿာ (၉၀၀၀) ကျပ်၊ ကြက်သွန်နီ တစ်ပိဿာ (၁၂၀၀) ကျပ်၊ ကြက်သွန်ဖြူ (ရှမ်း) တစ်ပိဿာ (၃၅၀၀) ကျပ်၊ ကြက်သွန်ဖြူ (ကြူကုတ်) တစ်ပိဿာ (၃၀၀၀) ကျပ်၊ မန်ကျည်းမှည့် တစ်ပိဿာ (၅၀၀၀) ကျပ်၊ ငရုတ်ခြောက် တစ်ပိဿာ (၅၀၀၀) ကျပ် ၊ ပဲနီလေး (မြန်မာ) တစ်ပိဿာ (၄၅၀၀) ကျပ်၊ ကုလားပဲခြမ်း တစ်ပိဿာ (၂

Tuesday, 20 Oct 2020

မွန်ပြည်နယ်တွင် မိုးရာသီရော်ဘာအစေးလှီးခြင်းလုပ်ငန်းများ ရပ်နားထားသည့်အတွက် ယခုအချိန်သည် အစေးထွက်နှုန်းကောင်းမွန်ကြောင်း၊ ထွက်ရှိရော်ဘာများအား ကုမ္ပဏီ/ရော်ဘာ အဝယ်ဒိုင်များဘက်မှ ဝယ်ယူမှုများပြားလာပြီး တစ်ပတ်အတွင်းရော်ဘာတစ်ပေါင်လျှင်(၅၀)ကျပ် ထိ ဈေးနှုန်းမြင့်တက်လာကြောင်း ရော်ဘာဈေးကွက်မှ သိရှိရသည်။

Friday, 16 Oct 2020

ဘုရင့်နောင်ကုန်စည်ဒိုင်သို့ တရုတ်အာလူးနှင့်ရှမ်းပြည်နယ် အောင်ပန်းမြို့မှအာလူးများ ဝင်ရောက်လျက်ရှိပြီး အောက်တိုဘာ ၁၅ ရက်တွင်တရုတ်အာလူးတစ်ပိဿာဈေးမှာ ကျပ်၇၅၀ ဖြစ်ပြီး အောင်ပန်းမြို့မှ ဝင်ရောက်လာသောအာလူး တစ်ပိဿာဈေးနှုန်းများမှာ  အာလူး A1 ကျပ် ၆၂၅၊အာလူး OK ကျပ် ၆၅၀၊ အာလူး S1 ကျပ် ၇၀ဝ၊ အာလူး S2 ကျပ် ၈၀ဝ ဈေးနှုန်း အသီးသီးဖြစ်သည်။ တရုတ်အာလူးမှာယခင်အပတ်ဈေးနှုန်းထက် ကျပ် ၆၅၀ ကျဆင်းခဲ့ပြီး အောင်ပန်း အာလူးဈေးများမှာ ယခင်တစ်ပတ်ဈေးနှုန်းထက် အာလူး A1 ကျပ် ၁၇၅၊ အာလူး OK ကျပ် ၄၅၀၊ အာလူး S1  ကျပ် ၆၀ဝ၊ အာလူး  S2 မှာ ကျပ် ၅၅၀ခန့်စီ ဈေးနှုန်းကျဆင်း သွားကြောင်း ကုန်စည်ဒိုင်ဈေးကွက်မှသိရသည်။

Friday, 16 Oct 2020

ပြည်တွင်းစျေးကွက်များဖြစ်သည့် တောင်ကြီး၊ မန္တလေးနှင့် မကွေးတို့တွင် အရောင်းအေးပြီး မော်လမြိုင်၌ အရောင်းသွက်လာကြောင်းသိရသည်။

တောင်ကြီးဘိလပ်မြေဈေးကွက်၌ အရောင်းအဝယ်အေးပြီး ဈေးငြိမ်နေကြောင်း သိရသည်။ ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်နေသည့်ဈေးမှာ စိန်(ထိုင်း) ကျပ် ၈၀ဝ၀၊ အေသုံးလုံးကျပ် ၅၂၀ဝ၊ အပါချီ ကျပ် ၄၃၀ဝ၊ ကမ္ဘောဇကျပ် ၄၂၀ဝ၊ ကျားခေါင်းကျပ် ၆၂၀ဝ၊ နဂါးကျပ် ၄၃၀ဝဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း အိမ်ဆောက်ပစ္စည်း ရောင်းဝယ်ရေးဆိုင်မှ စုံစမ်းသိရှိရသည်။

Friday, 16 Oct 2020

ပြည်တွင်းဈေးကွက်များဖြစ်သည့်မော်လမြိုင်၊ တောင်ကြီး၊ မကွေးနှင့် မန္တလေးတို့တွင် အရောင်းအေးကြောင်း သိရသည်။

Pages