Background
လယ်ယာထွက်ကုန်ပစ္စည်းသတင်း
ပခုက္ကူကုန်စည်ဒိုင်တွင် အညာဒေသထွက် နှမ်းမျိုးစုံ ဈေးကောင်းရလျက်ရှိ
ပခုက္ကူခရိုင် ပခုက္ကူမြို့နယ်နှင့် ဂန့်ဂေါခရိုင်တို့တွင် နှမ်းမျိုးစုံကို သီးထပ်အဖြစ် အဓိကစိုက်ပျိုးကြသည်။ စိုက်ပျိုး ထွက်ရှိသော နှမ်းအမျိုးအစာများမှာ နှမ်းဝါ၊ နှမ်းနီ၊ နှမ်းနက်၊ နှမ်းညို၊ နှမ်းဖြူနှင့် စမုန်နှမ်းနက်တို့ကို ပခုက္ကူမြို့နယ် ကံတော်၊ ကံလှ၊ တွင်းမ၊ ဒဟက်ခြောက်၊ အိုးရင့်ခြောက်တောင်း၊ ကျွဲတဲ၊ ပန်းတိုင်းခြုံရွာများတွင် စိုက်ပျိုးကြသည်။ ပခုက္ကူကုန်စည်ဒိုင်သည် စီးပွားရေး အချက်အချာကျပြီး နယ်ပေါင်းစုံမှ ဝင်ရောက်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိသည်။
ပြည်ဈေးကွက်တွင် မြေပဲဆန်ဈေးမှာ ယခင်နှစ်ကာလတူဈေးထက် ပိုမြင့်တက်
ပြည်ခရိုင်အတွင်းရှိ ပြည်ဈေးကွက်သို့ ဆောင်းမြေပဲဆန်များကို ပြည်မြို့အနီးတစ်ဝိုက် ကျေးရွာများ၊ ပြည်-အောင်လံကြားရှိကျေးရွာ များနှင့် ရွှေတောင်မြို့ရှိ ကျေးရွာများဖြစ်သော ကျီးသဲ၊ ညောင်စာရေး ကျေးရွာများမှ နေ့စဉ် ပိဿာ၃၀ဝင်အိတ် ၇၀ဝ/ ၈၀ဝခန့် ဝင်ရောက် မှုရှိသည်။ ပြည်ဈေးကွက်သို့ ဝင်ရောက်လာသော မြေပဲဆန်များကို ရန်ကုန်၊ မန္တလေးဝယ်လက်များနှင့် ဒေသတွင်း ဆီစက်သမားများက အဝယ်ရှိ၍ နေ့စဉ်အရောင်းအဝယ်ဖြစ်လျက်ရှိသည်။
မကွေးကုန်စည်ဒိုင်၏ ပဲ၊ နှမ်း ဈေးနှုန်းဈေးကွက် အခြေအနေ
မကွေးတိုင်းဒေသကြီး မကွေးခရိုင် မကွေးမြို့ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (မကွေးကုန်စည်ဒိုင်)သို့ စလင်း၊ ဆင်ဖြူကျွန်း၊ သစ်ရာကောက်၊ နတ်မောက်၊ မိကျောင်းရဲ၊ လျှောင်းတော်ဦး၊ ကံသစ်၊ ရွာဟောင်းကန်တို့မှ ထွက်ရှိသော ပဲနှင့် နှမ်းမျိုးစုံတို့ အများဆုံး ဝင်ရောက်လျက်ရှိကြောင်း သိရသည်။
ဇန်နဝါရီလ ပထမပတ်တွင် ကျပ် ၁၀၁၉၀ဝ-၁၀၂၀ဝ၀ ဖြစ်ပြီး ဒုတိယပတ်တွင် ပဲစင်းငုံနီ ပိဿာ ၂၀ တစ်တင်းလျှင် ကျပ် ၁၀၈၈၀ဝ- ၁၀၉၇၀ဝဖြစ်၍ ကျပ် ၆၉၀ဝ-၇၇၀ဝ ဈေးမြင့်ခဲ့ကြောင်း၊ ပဲစင်းငုံနီမှာ တစ်ပတ်အတွင်း အိတ် ၆၀ဝ၀ ခန် ့အရောင်းအဝယ်ဖြစ်ခဲ့သည်။
ဆန် ပြည်တွင်းဈေးနှုန်းနှင့် ကမ္ဘာ့ဈေးကွက်အခြေအနေ သုံးသပ်တင်ပြခြင်း
ပြည်ပဆန်ဈေးကွက်ကို လေ့လာကြည့်ပါက ၂၀၂၃ ခုနှစ်ဒီဇင်ဘာလ ၁၃ ရက်တွင် Thai Rice Exporter Association Website တွင် ဖော်ပြချက်အရ ပါကစ္စတန် ဆန်ဈေးနှုန်းများမှာဧည့်မထ ၅ ရာခိုင်နှုန်း တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၉၇ဖြငလ့် ညး် ကောငး် ၊ ဧည့့််မ၂၅ ရာခိုင်နှုန်း တစ်ပြည်လျှင် အမေရိကန်ဒေါ်လာ ၅၁၇ ဖြင့်လည်းကောင်း ဖြစ်ပေါ်ခဲ့သည်ကို သိရှိရသည်။ ထိုင်းဆန်ဈေးနှုန်းများမှာ ၁၀ဝ ရာခိုင်နှုန်း ဘီဂရိတ်ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၆၄၈ ဖြင့်လည်းကောင်း၊ဧည့်မထ ၅ ရာခိုင်နှုန်း တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၆၃၄ဖြင့်လည်းကောင်း၊ ဧည့်မထ ၂၅ ရာခိုင်နှုန်းဆန် တစ်တန်လျှင်အမေရိကန်ဒေါ်လာ ၆၀ဝ ဖြင့် လည်းကောင်း၊ ပေါင်းဆ
မန္တလေး ကုန်စည်ဒိုင်တွင် မြေပဲဆန်နှင့် ပဲတီစိမ်း(အညာ) ဈေးကွက်အခြေအနေ
ပခုက္ကူမြို့နယ်တွင် အဓိကစိုက်ပျိုးသီးနှံများဖြစ်သော ပဲစင်းငုံနီ၊ ပဲနီ၊ ကုလားပဲ၊ ပဲတီစိမ်း၊ ပဲနောက်၊ ပဲအမျိုးမျိုး၊ နှမ်းနှင့် မြေပဲတို့ကို အဓိကစိုက်ပျိုးလျက်ရှိရာ ပခုက္ကူမြို့နယ်တွင် ပဲစင်းငုံနီကို ချောက်ကန်အုပ်စုရှိ ကျေးရွာများဖြစ်သော အရှေ့ ချောက်ကန်၊ အနောက်ချောက်ကန်၊ မန်ကျည်းကိုးပင် ကျေးရွာများနှင့် အခြားကျေရွာများတွင် စိုက်ဧက ၂၀ဝ၀ဝ ကျော်ရှိပြီး သီးညှပ်သီးနှံအဖြစ် စိုက်ပျိုးကြကြောင်း၊ အချို့တောင်သူများမှာ နှစ်သီးစားစိုက်ပျိုးကြပြီး စိုက်ပျိုးသောမျိုးမှာ သက်လတ်မျိုးနှင့် သက်ကြီးမျိုးကို စိုက်ပျိုးကြသည်။
ပြည်မြို့နယ် မှော်ဇာအုပ်စုတွင် ဟင်းသီးဟင်းရွက်များ ရာသီမရွေးထွက်ရှိ
ပြည်မြို့အတွင်းရှိ မှော်ဇာကျေးရွာအုပ်စုတွင် ဟင်းသီးဟင်း ရွက်များကို နှစ်ပတ်လည် စိုက်ပျိုးရောင်းချကြောင်း သိရသည်။ မှော်ဇာကျေးရွာအုပ်စုတွင် ကျေးရွာခွဲ ၁၅ ရွာရှိပြီး စိုက်ပျိုးရေး လုပ်ငန်းကို အဓိကထား၍လုပ်ကိုင်ကြပြီး အဓိကထား၍ လုပ်ကိုင် ကြသော သီးနှံများမှာ ဖူးစားပြောင်း၊ မြေပဲ၊ နှမ်း၊ ပဲတီစိမ်း၊ ပဲစင်းငုံ နှင့် ဟင်းသီးဟင်းရွက်များကို အများဆုံးစိုက်ပျိုးကြသည်။ မိုးရာသီ တွင် မိုးစပါးစိုက်ပျိုးပြီး ဆောင်းရာသီတွင် ဟင်းသီးဟင်းရွက်ကို အများဆုံး စိုက်ပျိုးကြပြီး မြေပဲ၊ ပဲတီစိမ်း၊ မတ်ပဲ၊ ကြက်သွန်နီ၊ ကြက် သွန်ဖြူနှင့် ဖူးစားပြောင်းများကိုလည်း စိုက်ပျိုးကြသည်။
ပေါက်မြို့နယ် ယောချောင်းဘေးရှိ အောက်ကျင်းကျေးရွာ၌ ကြက်သွန်နီ စိုက်ပျိုးမှု အခြေအနေ
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက် မြို့နယ်၊ ပျဉ်းချောင်းအုပ်စု၊ ယောချောင်းနံဘေးရှိ ကျေးရွာများဖြစ်သော ပျဉ်းချောင်း၊ ထန်းတော ကုန်း၊ ဆူးလေကုန်း၊ ဆယ်ဝ၊ ဆင်သေ၊ အောက် ကျင်း စသည့်ကျေးရွာများသည် စိုက်ပျိုးရေးကို အဓိကထား လုပ်ကိုင်ကြပြီး စပါး၊ ကုလားပဲ၊ မြေပဲ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ခရမ်းချဉ်သီး စသည့် သီးနှံများကိုရာသီအလိုက် စိုက်ပျိုးလျက်ရှိကြောင်း သိရှိရသည်။
ဆိပ်ဖြူမြို့နယ်၌ ကြက်သွန်နီမျိုးစေ့များ ကြဲပက်ပျိုးထောင်
ဆိပ်ဖြူမြို့နယ်အတွင်းရှိ ဒေသခံ တောင်သူ များသည် နှစ်စဉ် ကြက်သွန်နီ(ပင်စိုက်)စိုက်ပျိုးမှု ကို ဒေသစီးပွားဖြစ် အဓိက အများဆုံးစိုက်ပျိုးကြ သည်။ ယခုနှစ်တွင်လည်း ဆောင်းစိုက်၊ ပင်စိုက် စိုက်ပျိုးရန်အတွက် တောင်သူ အများစုသည် အောက်တိုဘာလလယ်မှစ၍ မျိုးစေ့ကြဲပက် ပျိုးခင်းများ ပြုလုပ်ဆောင်ရွက်လျက်ရှိသည်။ မျိုးဖြင့် ကြဲပက်စိုက် တောင်သူများသည် မိမိစိုက်ခင်းအတွက်လည်းကောင်း၊ ပြန်လည်ရောင်း ချရန်အတွက်လည်းကောင်း မျိုးစေ့လေးဘူး၊ တစ် ပြည်မှစ၍ တစ်တင်း၊ ၁၆ ပြည်အထိ ပျိုးခုံ၊ ပျိုးခင်း များ ပြုလုပ်ကြသည်။
ပွင့်ဖြူမြို့နယ် ကျွန်းပင်စင်ကျေးရွာ၌ ဆောင်းမြေပဲ စိုက်ပျိုးထွက်ရှိမှု အခြေအနေ
ကျွန်းပင်စင်ကျေးရွာသည် ပွင့်ဖြူမြို့နယ် ဝဲဒေါင့် ကျေးရွာ အုပ်စုတွင်တည်ရှိပြီး သမိုင်းဝင်ကျောင်းတော်ရာ ဘုရားကြီးနှင့် သုံးမိုင်ခန့်အကွာတွင် တည်ရှိသည်။ ကျွန်းပင် စင်ကျေးရွာတွင် အိမ်ခြေ ၂၀ဝ ခန့်ရှိပြီး လူဦးရေမှာ ၁၃၅၀ ဦးခန့် နေထိုင်ကြသည်။ စိုက်ပျိုးရေးကိုအဓိကထား လုပ်ကိုင် ကြပြီး စပါး၊ ပဲကြီး၊ ပဲထောပတ်၊ ကုလားပဲ၊ ပြောင်း၊ နှမ်းနှင့် မြေပဲသီးနှံများကို စိုက်ပျိုးကြကြောင်း၊ ဆောင်းမြေပဲသီးနှံကို ယခုနှစ်တွင် ဧက ၂၀ဝ ခန့်စိုက်ပျိုးထားပြီး ရာသီဥတု ကောင်း မွန်သောကြောင့် သီးနှံအထွက်နှုန်းများ ကောင်းမည်ဖြစ် ကြောင်း သိရှိရသည်။