ပြည်ခရိုင်တွင် ဝါသီးနှံများ စတင်ထွက်ပေါ်
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်အတွင်း စိုက်ပျိုးလျက်ရှိ သည့် ဝါစိုက်ဧကမှာ ၁၂၈၉၃ဧက ရှိပြီး ဝါကြီးစိုက်ဧကမှာ ၁၈၀၄ ဧကနှင့် ချည်မျှင်ရှည်ဝါ စိုက်ဧကမှာ ၁၁၀၈၉ ဧကရှိ သည်။ ဝါသီးနှံကို မိုးလယ်ရာသီတွင် စိုက်ပျိုးသည်။ စိုက်ပျိုး သော ဝါအမျိုးအစားမှာ တစ်စေ့ဝါ အမျိုးအစားဖြစ်ပြီး တစ် ဧကလျှင် ဝါပိဿာချိန် ၅၀ဝ ခန့် ထွက်ရှိနိုင်ပြီး ယခင်နှစ်တွင် ဝါတစ်ဧကလျှင် ပိဿာချိန် ၈၀ဝ ခန့် ထွက်ရှိသဖြင့် ယခုနှစ် တွင် အထွက်နှုန်း လျော့နည်းလာတာ တွေ့ရသည်။ ဝါတစ် ဧက စိုက်ပျိုးထုတ်လုပ် ကုန်ကျစရိတ်မှာ လေးသိန်းဝန်းကျင် ခန့်ကုန်ကျပြီး ဈေးနှုန်းများအနေဖြင့် ယခုနှစ် လတ်တလော ဝါရောင်းဈေးမှာ တစ်ပိဿာလျှင် ကျပ် ၂၈၀ဝ