မြိတ်ကုန်သွယ်ရေးစခန်း ဇူလိုင်လအတွင်း ကုန်သွယ်မှုအခြေအနေ
မြိတ်ကုန်သွယ်ရေးစခန်း၏ ဇူလိုင်လ ကုန်သွယ်မှုလျာထားချက်မှာ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁၀ သန်း၊ သွင်းကုန်တန်ဖိုး အမေ ရိကန် ဒေါ်လာ ၈ သန်း၊ ကုန်သွယ် မှုပမာဏမှ တန်ဖိုး အမေရိကန်ဒေါ်လာ ၁၈ သန်းဖြစ်ပြီး အမှန်ဆောင်ရွက်မှုမှာ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၇ သန်း၊ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁၁ဒသမ ၈၁၉ သန်း ကုန်သွယ်မှုပမာဏမှာ တန်ဖိုး အမေရိကန်ဒေါ်လာ ၁၈ ဒသမ ၈၂၆ သန်း ဆောင်ရွက်ခဲ့၍ လျာထားချက်အပေါ် ၁၀၄ ဒသမ ၅၉ ရာခိုင်နှုန်း ဆောင် ရွက်နိုင်ခဲ့သည်။