တရုတ်သို့ တင်ပို့ရန် ပြင်ဆင်နေသည့် မြန်မာ့ပြောင်း
ယခုနှစ်အတွင်း တရုတ်နိုင်ငံသို့ ပြောင်းတန်ချိန် လေးသိန်းခန့် တင်ပို့နိုင်ရန် ခန့်မှန်းထား ကြောင်း မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းရှင်များထံမှ သိရှိရသည်။ ပြီးခဲ့သည့် စက်တင်ဘာလအတွင်း ကလည်း လွယ်ဂျယ် နယ်စပ်ကုန်သွယ်ရေးစခန်းမှ တရုတ်နိုင်ငံသို့ ပြောင်းတန်ချိန် ၁၂၅၀ နှင့် ချင်း ရွှေဟော်နယ်စပ်ကုန်သွယ်ရေးစခန်းမှ ၂၂၉၄ တန် တင်ပို့ခဲ့ပြီးဖြစ်ကြောင်း သိရသည်။