မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံတန်ချိန် နှစ်သောင်းရှစ်ရာကျော် တင်ပို့ခဲ့
နိုဝင်ဘာ ၄ ရက်မှ ၁၀ ရက်ထိ ကာလအတွင်း ပဲမျိုးစုံတင်ပို့မှုများ အနက်မှ မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံ ကုန် သွယ်မှုမှာ တန်ဖိုး အမေရိ ကန်ဒေါ်လာ ၂၇ဒသမ ၁၀၆ သန်းနှင့် တန်ချိန် ၂၈၆၀ဝ ကျော်ရှိကြောင်း တန်ချိန် တန်ဖိုးနှင့်အတူ ဖော်ပြလိုက်ပါသည်။
မတ်ပဲ
မတ်ပဲတင်ပို့မှုမှာ်၊ ပါကစ္စ တန်နိုင်ငံသို့ တန်ချိန် ၆၂၀ ကျော်၊ ဗီယက်နမ်နိုင်ငံသို့ တန်ချိန် ၃၀ဝနှင့် မလေးရှား၊ အင်ဒိုနီးရှား၊ ဂျပန်နှင့် အီးယူနိုင်ငံများသို့လည်း တင်ပို့ခဲ့သည်။ ထို့ပြင် မြန်မာ-ထိုင်းနယ်စပ်မှလည်း မတ်ပဲ ၆၄ တန် တင်ပို့ခဲ့ကြောင်း သိရ သည်။

