ဖေဖော်ဝါရီလအတွင်း နို့ဆီ၊ နို့မှုန့်နှင့် ဆေးဝါးပစ္စည်းများ တင်သွင်းမှုအခြေအနေ
ဖေဖော်ဝါရီ ၁ ရက်မှ ၂၈ ရက်အထိ ကာလအတွင်း ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၃၉၂ သန်းတန်ဖိုးရှိ နို့ဆီ တန်ချိန် ၁၀ဝ၀ခန့် တင်သွင်း ခဲ့သည်။ တင်သွင်းမှုများအနေဖြင့် မလေးရှားနိုင်ငံမှ တန်ချိန် ၂၀ဝ ခန့်၊ စင်ကာပူနိုင်ငံမှ တန်ချိန် ၇၀ဝ ကျော်နှင့် ထိုင်းနိုင်ငံမှ တန်ချိန် ၅၀ ကျော် တင်သွင်း ခဲ့သည်။ အနီးစပ်ဆုံးကာလနှင့် နှိုင်းယှဉ်ပါက နို့ဆီတန်ချိန် ၄၅၀ ကျော် ပိုမိုတင်သွင်းခဲ့ကြောင်း သိရသည်။







