နယ်စပ်ဈေးများဖွင့်လှစ်သွားနိုင်ရေး မြန်မာနှင့် အိန္ဒိယ နှစ်နိုင်ငံအကြား ညှိနှိုင်းဆောင်ရွက်နေ
မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအကြား နယ်စပ်ဈေးများ ဖွင့်လှစ်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာကို ၂၈-၅-၂၀၁၂ ရက် တွင် လက်မှတ်ရေးထိုးခဲ့ပြီး ပထမအကြိမ် မြန်မာ-အိန္ဒိယ နယ်စပ် ဈေးပူးတွဲကော်မတီအစည်းအဝေးကို ၁၈-၁၀-၂၀၁၂ ရက်တွင် မြန်မာနိုင်ငံ နေပြည်တော်၌ပြုလုပ်ခဲ့သည်။ အဆိုပါ အစည်းအဝေးတွင် အိန္ဒိယနိုင်ငံနှင့်ထိစပ်နေသော စစ်ကိုင်း တိုင်းဒေသကြီးအတွင်းရှိ ငါးနေရာနှင့် ချင်းပြည်နယ်အတွင်းရှိ ငါးနေရာ စုစုပေါင်း ၁၀ နေရာအား နယ်စပ်ဈေးများ ဖွင့်လှစ် သွားရန်မူအားဖြင့် သဘောတူခဲ့ကြသည်။ နယ်စပ်ဈေး (Border Haats) ဆိုသည့် ဝေါဟာရနှင့် လုပ်ငန်းစဉ်များကို မိမိတို့အနေဖြင့် ရင်းနှီးကျွမ်းဝင်မှုမရှိဘဲ နယ်စပ်ဈေးဖွင့်လှ