ပခုက္ကူနှင့် ဆိပ်ဖြူကုန်စည်ဒိုင်တို့တွင် ကြက်သွန်နီ ဈေးအနည်းငယ်ကျ
ပခုက္ကူခရိုင် ကြက်သွန်နီ စိုက်ပျိုးရာဒေသများဖြစ်ကြ သော ပေါက်၊ ဆိပ်ဖြူ၊ ရေစကြို၊ ရေပြာနယ်များမှ ဆောင်း စိုက်(ပင်)စိုက် ကြက်သွန်နီများ အရောင်းအဝယ်ဖြစ်လျက်ရှိ သည်။ ကြက်သွန်နီ ကုန်ဝယ်ဒိုင်သို့ ဆောင်းစိုက်(ပင်စိုက်)များ ယခုတစ်ပတ်တွင် ကုန်ချိန် ၅၀ဝ၀ဝ နှင့် ၆၀ဝ၀ဝ ကြား အရောင်းအဝယ်ဖြစ်နေသည်။
ကြက်သွန်နီဈေးမှာလည်း ယခုတစ်ပတ်တွင် အနည်း ငယ်ကျနေသည်။ ယခုတစ်ပတ် ကြက်သွန်နီဈေးမှာ ထိပ်စ တစ်ပိဿာလျှင် ၃၈၅ ကျပ်၊ လတ်စ တစ်ပိဿာလျှင် ကျပ် ၃၅၀၊ အနိမ့်စ တစ်ပိဿာလျှင် ကျပ် ၃၀ဝ ဖြင့် ကုန်ချိန် ၆၀ဝ၀ဝ ကျော် အရောင်းအဝယ်ဖြစ်နေသည် ။