ရေကြောင်းမှ တရားမဝင် ကုန်စည်ဝင်ရောက်မှုများကို ထိရောက်စွာ ဆောင်ရွက်မည်
ပင်လယ်ရေကြောင်းမှ တရားမဝင် ကုန်စည် ဝင်ရောက်မှုများကို ရေကြောင်းရဲများဖြင့် ထိရောက် စွာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော် ဒုတိယသမ္မတ ဦးမြင့်ဆွေက ပြောသည်။ ဒီဇင်ဘာ ၈ ရက်က ကုန်သည်စက်မှုအသင်း ချုပ်တွင် ကျင်းပသည့် နိုင်ငံတော်ဒုတိယသမ္မတ ဦးမြင့်ဆွေ ဦးဆောင်သော ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးကော်မတီနှင့် ပုဂ္ဂလိကကဏ္ဍ လုပ်ငန်း ရှင်များ လစဉ်ပုံမှန် တွေ့ဆုံပွဲ (၃၁) ကြိမ်မြောက်တွင် ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ အဆိုပါကိစ္စရပ်ကို ယခင်က နယ်မြေအခြေ အနေ၊ နိုင်ငံရေး အခြေအနေအရ ထိထိရောက်ရောက် မလုပ်ဆောင်နိုင်ခဲ့သော်လည်း ယခုအခါ အမှန်တကယ် စည်းကမ်းချိုးဖောက်သည့်အဖွဲ့များကို ထိထိရောက် ရောက် အရေးယူရန်