Main menu

Background

ကုန်သွယ်ရေးသတင်း

Myanmar Tradenet 2.0 အကောင်အထည်ဖော် ဆောင်ရွက်ထားရှိမှု  သက်ဆိုင်ရာဝန်ကြီးဌာနများအား အသုံးပြုပုံနှင့်ပတ်သက်၍ ဆွေးနွေးပွဲကျင်းပ

Tue, 12/24/2019 - 12:48 -- journal_editor

     Myanmar Tradenet 2.0 အကောင်အထည်ဖော် ဆောင်ရွက်ထားရှိမှုနှင့်ပတ်သက်၍ သက်ဆိုင်ရာဝန်ကြီးဌာနများအား စနစ်အသုံးပြုပုံနှင့်ပတ်သက်၍ Awareness ပြုလုပ်သည့် ဆွေးနွေးပွဲကို ဒီဇင်ဘာ ၂၀ ရက် နံနက် ၁၀ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ရုံးအမှတ်(၃)၊ ညီလာခံခန်းမ နေပြည်တော်တွင် ကျင်းပပြုလုပ်ခဲ့ပြီး စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းမင်းက အဖွင့်အမှာစကားပြောကြားခဲ့သည်။

ရေကြောင်းမှ တရားမဝင် ကုန်စည်ဝင်ရောက်မှုများကို ထိရောက်စွာ ဆောင်ရွက်မည်

Wed, 12/18/2019 - 11:12 -- journal_editor

    ပင်လယ်ရေကြောင်းမှ တရားမဝင် ကုန်စည် ဝင်ရောက်မှုများကို ရေကြောင်းရဲများဖြင့် ထိရောက် စွာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော် ဒုတိယသမ္မတ ဦးမြင့်ဆွေက ပြောသည်။ ဒီဇင်ဘာ ၈ ရက်က ကုန်သည်စက်မှုအသင်း ချုပ်တွင် ကျင်းပသည့် နိုင်ငံတော်ဒုတိယသမ္မတ ဦးမြင့်ဆွေ ဦးဆောင်သော ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးကော်မတီနှင့် ပုဂ္ဂလိကကဏ္ဍ လုပ်ငန်း ရှင်များ လစဉ်ပုံမှန် တွေ့ဆုံပွဲ (၃၁) ကြိမ်မြောက်တွင် ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ အဆိုပါကိစ္စရပ်ကို ယခင်က နယ်မြေအခြေ အနေ၊ နိုင်ငံရေး အခြေအနေအရ ထိထိရောက်ရောက် မလုပ်ဆောင်နိုင်ခဲ့သော်လည်း ယခုအခါ အမှန်တကယ် စည်းကမ်းချိုးဖောက်သည့်အဖွဲ့များကို ထိထိရောက် ရောက် အရေးယူရန်

(၁၄)ကြိမ်မြောက် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်မှ ပူးပေါင်းညှိနှိုင်းရေးကော်မတီ အစည်းအဝေးကျင်းပ

Wed, 12/18/2019 - 11:07 -- journal_editor

     (၁၄) ကြိမ်မြောက် တရုတ်-မြန်မာနယ်စပ်ကုန်သွယ်မှု  ပူးပေါင်းညှိနှိုင်းရေးကော်မတီ (JBTCCC) အစည်းအဝေးကို  ဒီဇင်ဘာ ၁၀  ရက်တွင် တရုတ်နိုင်ငံ၊ ရွှေလီမြို့၊ ကျင့်ချိန် သိဟိုင်ဟိုတယ်၌ တရုတ်စံတော်ချိန် နေ့လယ် ၁၄ါ်၃၀ နာရီအချိန်မှ ၁၉ါ်ဝ၀ နာရီအထိ ကျင်းပခဲ့သည်။ အဆိုပါအစည်းအဝေးသို့ မြန်မာနိုင်ငံဘက်မှ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမင်းမင်း ဦးဆောင်ပါဝင်သော ကိုယ်စားလှယ် ၄၉ ဦးနှင့်  တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကုန်သွယ်ရေး ဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် Mr.

သဇင်မြေ ကုန်သွယ်မှုဗဟိုဌာန၏ ကုန်သွယ်မှုအခြေအနေ

Fri, 12/13/2019 - 15:07 -- journal_editor

     ၂၀၁၉ ခုနှစ် နိုဝင်ဘာ၂၃ရက်မှ၂၉ရက်အထိ ရခိုင်ပြည်နယ်  စစ်တွေမြို့ ကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ကြက်သွန်နီ ၃၆၆ တန် တင်ပို့ခဲ့သည်။ ယခင်တစ်ပတ်တွင် ကြက်သွန်နီ ၇၁၀ တန်တင်ပို့ခဲ့ပြီး ယခင်တစ်ပတ်ထက် ကြက်သွန်နီ အရေအတွက်တင်ပို့နိုင်မှု လျော့နည်းသွားကြောင်း သိရသည်။ ယခုတစ်ပတ် ကြက်သွန်နီတင်ပို့နိုင်မှု ငွေပမာဏမှာ၂၆၂၄၀ဝ ဒေါ်လာတင်ပို့မှုရှိခဲ့သည်။ နိုဝင်ဘာ၂၃ရက်မှ၂၉ရက်အထိရခိုင်ပြည်နယ်၊စစ်တွေမြို့ ကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ငါးမြစ်ချင်း ၂၁၀ ဒသမ ၄၅၅ တန် တင်ပို့ခဲ့သည်။ ယခင်တစ်ပတ်မှာ ငါးမြစ်ချင်း ၁၃၈ ဒသမ ၂  တန်တင်ပို့ခဲ့ပြီး ယခင်တစ်ပတ်ထက် ငါးမြစ်ချင်း အရေအတွက် ပိုမိုတင်ပို့န

အာရှတောင်သတ္တုတူးဖော်ရေးကုမ္ပဏီက လာအိုနိုင်ငံအတွက် လိုအပ်သော မြန်မာ့လယ်ယာထွက်ကုန် ပစ္စည်းများ တင်ပို့နိုင်ရေး ဆွေးနွေး

Thu, 12/05/2019 - 11:56 -- journal_editor

       အာရှတောင်သတ္တုတူးဖော်ရေးကုမ္ပဏီမှ ဦးဆောင်၍ လာအိုနိုင်ငံမှ  ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များသည် လာအို နိုင်ငံအတွက် လိုအပ်သော  မြန်မာ့လယ်ယာထွက်ကုန်ပစ္စည်း များ တင်ပို့နိုင်ရေးအတွက် နိုဝင်ဘာ ၁၄ ရက်တွင် စီးပွားရေး နှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊  ကုန်သွယ်ရေးဦးစီး ဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဆောင်သည့်အဖွဲ့နှင့် လည်းကောင်း၊ နိုဝင်ဘာ ၁၅ ရက်တွင် စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းမြင့် ဦးဆောင်သောအဖွဲ့နှင့်လည်းကောင်း  လာရောက် တွေ့ဆုံဆွေးနွေးခဲ့သည်။

ဒုတိယဝန်ကြီး ဦးအောင်ထူး မြန်မာနိုင်ငံ မူပိုင်ခွင့်ဥပဒေများ မိတ်ဆက်ခြင်းနှင့် ကုန်အမှတ်တံဆိပ်ဥပဒေ အကောင်အထည်ဖော်ရေး ဆိုင်ရာ စကားဝိုင်းဆွေးနွေးပွဲသို့ တက်ရောက်အမှာစကားပြောကြား

Thu, 12/05/2019 - 11:04 -- journal_editor

       “မြန်မာနိုင်ငံ မူပိုင်ခွင့်ဥပဒေများ မိတ်ဆက်ခြင်းနှင့် ကုန်အမှတ်တံဆိပ်ဥပဒေ အကောင်အထည်ဖော်ရေးဆိုင်ရာ စကားဝိုင်းဆွေးနွေးပွဲ”အခမ်းအနားကို နိုဝင်ဘာ ၂၉ ရက် နံနက် ၉ နာရီခွဲတွင် ရန်ကုန်မြို့ရှိ ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်များ နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်  မင်္ဂလာခန်းမ၌  ကျင်းပပြုလုပ်ရာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး  ဦးအောင်ထူး တက်ရောက်အမှာစကား ပြောကြားခဲ့သည်။ ဒုတိယဝန်ကြီးက အဖွင့်အမှာစကား ပြောကြားရာတွင် ယနေ့အခမ်းအနား ကျင်းပရခြင်း ရည်ရွယ်ချက်မှာ မူပိုင်ခွင့်ဥပဒေများနှင့် ပတ်သက်၍ ပြည်သူလူထုနှင့် လုပ်ငန်းရှင်များအား Awareness ရရှိစေရန်နှင့် ကုန်အ

အီဂျစ်မှ ဘင်္ဂလားဒေ့ရှ်သို့ ကြက်သွန်နီတန် ၆၀ဝ၀ဝ တင်သွင်း

Thu, 11/28/2019 - 15:39 -- journal_editor

     ဘင်္ဂလားဒေ့ရှ်၌ ကြက်သွန်နီဈေးအဆမတန် မြင့် တက်သွားခြင်းကြောင့် ဘင်္ဂလားဒေ့ရှ်အစိုးရက ကြက်သွန်နီ ဈေးကွက် လိုငွေပြမှုကို ဖုံးလွှမ်းရန် အီဂျစ်နိုင်ငံမှ ကြက်သွန်နီ တန်  ၆၀ဝ၀ဝ  တင်သွင်းနေသည်ဟု ကူးသန်းရောင် းဝယ်ရေး ဝန်ကြီး  Tipu Munshi  က ပြောကြားခဲ့သည်။ ဘင်္ဂလားဒေ့ရှ်ကုန်သွယ်ရေးကော်ပိုရေးရှင်း (TCB ) ၏ အဆိုအရ  ဒါကာဈေးကွက်၌   ကြက်သွန်နီဈေးနှုန်းများမှာ စံချိန်တင်ရလောက်အောင် ခုန်တက်သွားသောကြောင့် လေ ကြောင်းလိုင်းကတစ်ဆင့် အရေးပေါ်  တင်သွင်းနေရသည်။ မုတ်သုံမိုးကြောင့်  သီးနှံအထွက်နည်းခဲ့ရာက အိမ်နီးချင်း အိန္ဒိယနိုင်ငံထွက် ကြက်သွန်များ ဘင်္ဂလားဒေ့ရှ်ထဲ တင်သွင်းမှုကို စက်တင်ဘာလက  စတင်တားမြစ်ခဲ့ခြင်

ကျွန်းသစ်ခွဲသားများ တာချီလိတ်နယ်စပ်မှ စတင် တင်ပို့ပြီ

Thu, 11/28/2019 - 14:42 -- journal_editor

        တာချီလိတ်မြို့သည် မြန်မာနိုင်ငံ  ရှမ်းပြည်နယ် (အရှေ့ပိုင်း) တွင် တည်ရှိ ပြီး နယ်နိမိတ်ချင်း ထိစပ်လျက်ရှိသည့် နိုင်ငံများအနက်မှ  တစ်ဖက် ထိုင်းနိုင်ငံ  မယ်ဆိုင်မြို့ကို မယ်ဆိုင်ချောင်းအား ဖြတ်၍ အမှတ် (၁) ချစ်ကြည်ရေးတံတား မှ လူဝင်/ထွက်များ စိစစ်ခွင့်ပြုပေးနေ သလို အမှတ် (၂) ချစ်ကြည်ရေးတံတားမှ ပို့ကုန်သွင်းကုန် ပစ္စည်းတင်ယာဉ်များ ဝင်/ထွက်ကုန်သွယ်မှုပြုလျက်ရှိသည်။ မြန်မာ-ထိုင်း နှစ်နိုင်ငံ ကုန်သွယ် မှုတွင် တာချီလိတ်နယ်စပ်ကုန်သွယ်မှုအနေဖြင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် တွင် ပို့ကုန် ၂၀ ဒသမ ၁၀၉ ဒေါ်လာ သန်းနှင့်  သွင်းကုန် ၆၉ ဒသမ ၂၇၅ ဒေါ်လာ သန်းဖြစ်သဖြင့် စုစုပေါင်းကုန် သွယ်မှုပမာဏအနေဖြင့် ၈၉ ဒသမ ၄၀

မြန်မာ-ထိုင်း နှစ်နိုင်ငံအကြား ပြောင်းရောင်းဝယ်ရေးဆိုင်ရာ အစည်းအဝေးကျင်းပ

Thu, 11/28/2019 - 14:04 -- journal_editor

         မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ ပြောင်းတင်ပို့ရာတွင်  Duty Free Quota Free  ဖြင့် တစ်နှစ်ပတ်လုံးတင်ပို့ခွင့်ရရှိနိုင်ရေးအတွက် ရည်ရွယ်ကာ မြန်မာ-ထိုင်းနှစ်နိုင်ငံအကြား ပြောင်း ရောင်းဝယ်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အစည်းအဝေး ကို နိုဝင်ဘာ ၁၈ ရက်တွင်  မြန်မာနိုင်ငံ  စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ညီလာခံခန်းမ၌ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန  ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းမင်းက ဦးဆောင်ကျင်းပခဲ့သည်။ အဆိုပါအစည်းအဝေးသို့ မြန်မာဘက်မှကုန်သွယ်ရေး ဦးစီးဌာန  ညွှန်ကြားရေးမှူးချုပ်  ဦးဆောင်၍  စားသုံးသူရေးရာ ဦးစီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေ

ဖရဲ၊ သခွားမွှေး သစ်သီးကုန်များ စျေးကွက်ထဲတွင် များစွာဝင်ရောက်နေသော်လည်း တရုတ်ဘက်က ဝယ်လိုအား ကျဆင်း

Mon, 11/25/2019 - 11:08 -- journal_editor

     မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေး ဇုန်မှ တရုတ်ပြည်သို့ တင်ပို့နေသော ဖရဲ၊ သခွားမွှေးသစ်သီးကုန်များ ဈေး ကွက်ထဲတွင် များစွာဝင်ရောက်နေသော်လည်း အရည်အသွေးမကောင်းသည်က များ၍ ယခင်နှစ်ကာလထက် တရုတ်ဘက်က ဝယ်လိုအား ကျဆင်းနေကြောင်း သိရသည်။ အရင်နှစ်ထက် ဝယ်လိုအား နည်းနည်းကျတယ်။ သစ်သီးတွေက တော့ အများကြီးဝင်တယ်။ ဝင်လာတဲ့ အရည်အသွေးတွေက သိပ်မကောင်း ဘူး။ နယ်စပ်မှာလည်း တခြားအသီးတွေက များနေတယ်။ ထိုင်းကလာတဲ့ အသီးအနှံတွေလည်း ဝင်နေတယ်။ ၁၁ လပိုင်းကုန်ရင်တော့ ဝယ်လိုအား လည်း တက်လာမယ်ထင်တာပဲဟု ဖရဲ၊ သခွားစိုက်ပျိုး ထုတ်လုပ်သူများ အဖွဲ့မှ ဦးစိုင်းခင်မောင်က နိုဝင်ဘာ ၁၅ ရက်တွင် ပြောဆိုသည်။ ဖရဲ၊ သခွားသစ်သီးများသည် နှစ်စဉ်ပုံမှန

Pages

Subscribe to RSS - ကုန်သွယ်ရေးသတင်း