ဖရဲ၊ သခွား ဈေးနှုန်း ၃၀ ရာခိုင်နှုန်းခန့် ပြန်လည်မြင့်တက်လာ
တရုတ်-မြန်မာနယ်စပ် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်တွင် ဖရဲ၊ သခွားရောင်းဝယ်မှုများ ပြန်လည် ကောင်းမွန်စပြုလာပြီဖြစ်ပြီး ၃၀ ရာခိုင်နှုန်းခန့် အထိ ဈေးနှုန်းမြင့်တက်လာကြောင်း မူဆယ် ၁၀၅ မိုင် သစ်သီးဝလံကုန်စည် ဒိုင် အတွင်းရေးမှူး ဦးစိုင်းခင်မောင်က မတ် ၆ ရက်တွင် ပြောသည်။ လက်ရှိ တရုတ်နိုင်ငံတွင် ဖြစ်ပွား နေသည့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မြန် ရောဂါကြောင့် တရုတ်- မြန်မာ နှစ်နိုင်ငံ ကုန်သွယ်မှု ရပ်တန့်လုနီးပါးဖြစ်နေသည် မှာ ရက်ပေါင်း ၂၀ ကျော်ထိ ရှိလာပြီ ဖြစ်သည်။