ကယားပြည်နယ်အတွင်း ကုန်စည်စီးဆင်းမှုနှင့်ဈေးနှုန်းများ
၂၀၁၉ ခုနှစ် ၊ စက်တင်ဘာ ၁၄ ရက်မှ ၂၀ ရက်အတွင်း မယ်စဲ့နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းဖြစ်သော ကယားပြည်နယ် လွိုင်ကော်မြို့မှ ထိုင်း နိုင်ငံ၊ မယ်ဟောင်ဆောင်သို့ ကုန်ပစ္စည်းတင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၂၃၄၉၀ တန်ဖိုးရှိ ကြက်သွန်နီ ၈ ဒသမ ၉ တန်တင်ပို့နိုင်ခဲ့ပြီး ထိုင်းနိုင်ငံ ၊ မယ်ဟောင်ဆောင်ဘက်မှတစ်ဆင့် ပြန်လည်တင်သွင်းမှုများမှာ အမေရိကန် ဒေါ်လာ ၇၃၈၀ တန်ဖိုးရှိ ဟင်းချိုမှုန့် ၆ ဒသမ ၁၃ တန် ၊ အမေရိကန်ဒေါ် လာ ၆၀၀ တန်ဖိုးရှိ ဘာလီကော်ဖီမစ် ၀ ဒသမ ၃၀ တန်တို့ဖြင့် စုစုပေါင်းကုန်သွယ်မှု ပမာဏတန်ဖိုး ၃၁၄၇၀ ဒေါ်လာ ကုန်သွယ်မှုပြုနိုင်ခဲ့ကြောင်း မယ်စဲ့နယ်စပ် ကုန်သွယ်ရေးစခန်းစာရင်းများအရ သိရှိရသည်။