Main menu

Background

ကုန်သွယ်ရေးသတင်း

မြန်မာ့ငရုတ်ကောင်းနှင့် ငရုတ်သီးခြောက်စံချိန်စံညွှန်းများ ရေးဆွဲရန် အစည်းအဝေးကျင်းပ

Thu, 10/24/2019 - 13:17 -- journal_editor

        စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ်   ဦးအောင်မောင် ဦးဆောင် သော စိုက်ပျိုးရေးအခြေခံ ထုတ်ကုန်စံချိန်စံညွှန်း ရေးဆွဲရေးနည်းပညာဆပ်ကော်မတီ၏ (၅/၂၀၁၉) ကြိမ်မြောက်   လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို အောက်တိုဘာ ၁၈ ရက်က ရန်ကုန်မြို့ ကမ္ဘာအေး ဘုရားလမ်းရှိ  သုတေသနနှင့် တီထွင်ဆန်းသစ်မှု ဦးစီးဌာနတွင် ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါ  အစည်းအဝေးတွင် နည်းပညာဆပ် ကော်မတီဥက္ကဋ္ဌ ဦးအောင်မောင်းက အမှာစကား ပြောကြားရာတွင် မိမိတို့နည်းပညာဆပ်ကော်မတီ အနေဖြင့်  လယ်ယာထွက်ကုန်သီးနှံ ၂၇ မျိုးနှင့်  ISO 712 တစ်ခု စုစုပေါင်း ၂၈ ခုကို   အမျိုးသား စံချိန်စံညွှန်

မြန်မာ-တရုတ်နယ်စပ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန်တည်ထောင် အကောင်အထည်ဖော်ရေး ဆိုင်ရာ ဗဟိုကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

Tue, 10/22/2019 - 15:52 -- journal_editor

     စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်ဦးဆောင်၍ ကချင် ပြည်နယ်ဝန်ကြီးချုပ်   ဒေါက်တာခက်အောင်၊  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူး၊ ကချင်ပြည်နယ်အစိုးရအဖွဲ့ဘဏ္ဍာ၊ အခွန်၊   စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးဝေလင်း၊ ရှမ်းပြည်နယ် စီမံကိန်းနှင့်စီးပွား ရေးဝန်ကြီး ဦးစိုးညွန့်လွင်၊ ဗဟိုကော်မတီဝင်များဖြစ်သည့် သက်ဆိုင်ရာဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန် ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများသည် အောက်တိုဘာ ၄  ရက်တွင် ကချင်ပြည်နယ်  အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ မြန်မ

ကယားပြည်နယ်အတွင်း ကုန်စည်စီးဆင်းမှုနှင့်ဈေးနှုန်းများ

Tue, 10/01/2019 - 14:33 -- journal_editor

     ၂၀၁၉ ခုနှစ် ၊  စက်တင်ဘာ ၁၄ ရက်မှ ၂၀ ရက်အတွင်း မယ်စဲ့နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းဖြစ်သော ကယားပြည်နယ် လွိုင်ကော်မြို့မှ ထိုင်း နိုင်ငံ၊ မယ်ဟောင်ဆောင်သို့ ကုန်ပစ္စည်းတင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၂၃၄၉၀ တန်ဖိုးရှိ ကြက်သွန်နီ ၈ ဒသမ ၉ တန်တင်ပို့နိုင်ခဲ့ပြီး ထိုင်းနိုင်ငံ ၊ မယ်ဟောင်ဆောင်ဘက်မှတစ်ဆင့် ပြန်လည်တင်သွင်းမှုများမှာ အမေရိကန် ဒေါ်လာ ၇၃၈၀ တန်ဖိုးရှိ ဟင်းချိုမှုန့် ၆ ဒသမ ၁၃ တန် ၊ အမေရိကန်ဒေါ် လာ ၆၀၀ တန်ဖိုးရှိ ဘာလီကော်ဖီမစ် ၀ ဒသမ ၃၀ တန်တို့ဖြင့် စုစုပေါင်းကုန်သွယ်မှု ပမာဏတန်ဖိုး ၃၁၄၇၀ ဒေါ်လာ ကုန်သွယ်မှုပြုနိုင်ခဲ့ကြောင်း မယ်စဲ့နယ်စပ် ကုန်သွယ်ရေးစခန်းစာရင်းများအရ သိရှိရသည်။

သဘာဝမြစ်ငါးတန်ကို သားဖောက်၍ ပြည်ပနိုင်ငံများသို့ တင်ပို့သွားမည်

Tue, 10/01/2019 - 14:23 -- journal_editor

     ပြည်တွင်းရှိ သဘာဝမျိုးရင်းဖြစ် သည့် မြစ်ငါးတန်ကို သားဖောက်မွေး မြူ၍ တရုတ်နိုင်ငံအပါအဝင် ပြည်ပနိုင်ငံ များသို့ တင်ပို့နိုင်ရန် လုပ်ဆောင်သွား မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ သိရ သည်။ " မြစ်ငါးတန်ကို သားဖောက်သွား မှာဖြစ်သလို နောက်ထပ် ဗီယက်နမ် ငါးတန်တောင်ရှည်ဆိုတာ တစ်မျိုးရှိပါ သေးတယ်။ အဲဒါကို ကန်တော်ကြီးငါး ပြတိုက် ဖျက်သိမ်းလိုက်တဲ့အချိန်မှာ ငါး လုပ်ငန်းဦးစီးဌာနကို လွှဲပေး လို့ရတာပါ။ အဲဒီနှစ်မျိုးကို သီးသန့်ထားပြီးတော့ ဖောက်မှာပါ။ သားဖောက်လို့ရလာရင် အဲဒါတွေကို ဒေသတွင်းမျိုးရင်းအနေနဲ့ ဆက်မွေးသွားပြီး မျိုးရင်းအဖြစ် သား ဖောက်နိုင်ပြီဆိုရင် လက်ရှိစခန်းမှာရှိ နေတဲ့ င

ပြည်ပမှတင်သွင်းလာမည့် ၁၀ ယောက်စီးမှ ၁၂ ယောက်စီးအထိ Mini Bus ယာဉ်များ တင်သွင်းခွင့် လျှောက်ထားရာတွင် သတ်မှတ်ချက်များ ထုတ်ပြန်

Wed, 09/18/2019 - 10:09 -- journal_editor

      ပြည်ပမှတင်သွင်းလာမည့် ၁၀ ယောက်စီး မှ ၁၂ ယောက်စီးအထိ Mini Bus ယာဉ်များ  လျှောက်ထားရာတွင် အောက်ပါသတ်မှတ်ချက်အတိုင်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါသည်-
(က) တစ်ဖက်နိုင်ငံ၏ မူရင်း Invoice တင်ပြရမည်။
(ခ)    တစ်ဖက်နိုင်ငံ စက်ရုံ၏ မော်တော်ယာဉ် Catalogue မူရင်း၊ User Manual တင်ပြရမည်။
(ဂ)    Chassis Code/ Vin Code ကို တစ်ပါတည်း ဖော်ပြရမည်။

Online CO System အား ပြင်ဆင်မှုပြုလုပ်သွားမည့် အခြေအနေအား အသိပေးကြေညာခြင်း

Thu, 09/12/2019 - 15:47 -- journal_editor

Online CO System အား ပြင်ဆင်မှုပြုလုပ်သွားမည့် အခြေအနေအား အသိပေးကြေညာခြင်း

ဥရောပသို့ ရေထွက်ကုန်တင်ပို့ခွင့် ရလာသည့် စက်ရုံ ၂၅ ရုံအထိ ရှိလာ

Thu, 09/12/2019 - 15:11 -- journal_editor

     ဥရောပနိုင်ငံများသို့ အရည်အသွေးသတ်မှတ်ချက်နှင့် ကိုက်ညီသည့် ရေထွက်ကုန်ပစ္စည်း တင်ပို့ခွင့်ရလာသည့် စက်ရုံ ပေါင်း ၂၅ ရုံအထိ ရှိလာပြီဖြစ်ကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။ “တင်ပို့ခွင့်ရရှိပြီး ခြောက်လေ ကျာ်ကြာတဲ့အထိ တင်ပို့ ရေးအပိုင်းတွေမလုပ်ရင် ထုတ်ပယ်ခံရမှာ ဖြစ်တယ်။ ဇွန်လ အထဲထိ တင်ပို့ခွင့်ရတဲ့ စက်ရုံ ၂၃ ရုံပဲ ရှိတာ။ အခု ရန်ကုန်နဲ့ ရခိုင်ပြည်နယ်သံတွဲမှာရှိတဲ့ စက်ရုံနှစ်ရုံထပ်တိုးလာတာ ဖြစ် တယ်” ဟု စက်တင် ဘာ ၃ ရက်တွင် ငါးလုပ်ငန်းဦးစီးဌာန ပြည်ပပို့ကုန်အရည်အသွေးစစ်ဆေးရေးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးသက်နိုင်က ပြောသည်။

Pages

Subscribe to RSS - ကုန်သွယ်ရေးသတင်း