တရုတ်သို့ ဖရဲနှင့် သခွားမွှေးတင်ပို့ရန် များစွာကျန်ရှိနေ
တရုတ်နိုင်ငံ ဝူဟန်မြို့တွင်လက်ရှိ ဖြစ်ပွားနေ သော ကိုရိုနာဗိုင်းရပ်စ်ကြောင့် မူဆယ်နယ်စပ်ဂိတ်၌ ဝယ်လက်များ မရှိတော့သည့်အတွက် ဖရဲနှင့် သခွား မွှေး တန်ချိန် ခုနစ်သိန်းခန့်တင်ပို့ရန် ကျန်ရှိနေကြောင်း မြန်မာနိုင်ငံ ဖရဲ၊ သခွားမွှေး စိုက်ပျိုးထုတ်လုပ် တင်ပို့ ရောင်းချသူများ ဗဟိုအသင်း ဥက္ကဋ္ဌ ဦးနိုင်ဝင်းက တညင်းကုန်းဈေး တိုက် ၁၇ သုံးလွှာ၌ ဇန်နဝါရီ ၂၉ ရက်ကပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။ မြန်မာနိုင်ငံ အနေဖြင့် တရုတ်သို့ တစ်နှစ်လျှင် ဖရဲသီး တန်ချိန် ရှစ်သိန်းနှင့် သခွားမွှေးတန်ချိန် တစ်သိန်းခွဲကျော် နှစ်စဉ် တင်ပို့လျက်ရှိရာတွင် ယခု ၂၀၂၀ ပြည့်နှစ်၌ ဖရဲတန်ချိန် နှစ်သိန်းဝန်းကျင်နှင့်