မန္တလေး၌ ကုန်သွယ်မှုအခြေခံသင်တန်းဖွင့်လှစ်
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ ပို့ကုန်သွင်းကုန်ရုံး(မန္တလေး) တွင် ကုန်သွယ်မှု အခြေခံသင်တန်းအမှတ်စဉ်(၁၀)ကို နိုဝင်ဘာလ ၁ ရက်က ဖွင့်လှစ်ခဲ့သည်။ အခမ်းအနားတွင် မန္တလေး တိုင်းဒေသကြီး အစိုးရအဖွဲ့၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဦးမြတ်သူနှင့် စီးပွားရေး နှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေး ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကိုကိုလေးတို့က သင်တန်းဖွင့်အမှာစကားများ ပြောကြားကြသည်။ သင်တန်း တွင် ကုန်သွယ်မှုဆိုင်ရာဥပဒေ၊ မူဝါဒ၊ လုပ်ထုံးလုပ်နည်းများ၊ ကုန်ပစ္စည်းအရည်အသွေးဆိုင်ရာလုပ်ငန်းများ၊ အကောက်ခွန် ဆိုင်ရာလုပ်ငန်းများ၊ ရင်းနှီးမြှုပ်နှံမ