မြန်မာနိုင်ငံအတွင်းရှိ ကျွဲ၊ နွားများအား တရုတ်က တရားဝင်လက်ခံခြင်းမရှိသေး
ပြည်တွင်းရှိ ကျွဲ၊ နွားများအား မြန်မာနိုင်ငံဘက်မှ တရားဝင်တင်ပို့ခွင့် ရရှိပြီဖြစ်သော်လည်း တရုတ်နိုင်ငံဘက်က တရားဝင်လက်ခံခြင်း မရှိသေးကြောင်း မြန်မာနိုင်ငံ မွေးမြူရေးအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာကျော်ထင်က အောက်တိုဘာ ၁၁ ရက်တွင် ပြောသည်။ သို့ဖြစ်၍ မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနအနေဖြင့် လက်ရှိတွင် မြန်မာ့ ကျွဲ၊ နွားများအား တရုတ်နိုင်ငံဘက်က တရားဝင်လက်ခံလာနိုင်ရေးအတွက် ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ “အခု တရုတ်က တရားဝင်လက်ခံလာနိုင်ဖို့ ညှိနှိုင်းနေတယ်။ မြန်မာနိုင်ငံကတော့ တင်ပို့ခွင့်ကို တရားဝင်ပေးလိုက်ပြီ။ တရုတ်ကတော့ တရားဝင် လက်မခံသေးဘူး။ အခုလက်ရှိက တရားမဝင်လမ်းကြောင်းကန