Main menu

Background

ကုန်သွယ်ရေးသတင်း

ပြည်တွင်းထွက် ကြက်သွန်နီ ပြည်ပမှ ဝယ်လိုအားများနေ

Fri, 02/14/2020 - 11:40 -- journal_editor

     ပြည်တွင်းမှ ထွက်ရှိသည့် ကြက်သွန်နီအား ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဝယ်လို အားများနေသည့်အတွက် ကြက်သွန်နီဈေးများ မြင့်တက်လျက်ရှိကြောင်း သိရ သည်။ ယင်းကဲ့သို့ ဝယ်လိုအားများနေသည့်အတွက် ပြည်တွင်းကြက်သွန်နီ ဈေးနှုန်းအပြောင်း အလဲ ဖြစ်ပေါ်နိုင်သော်လည်း ယင်းအပြောင်းအလဲမှာ အိန္ဒိယ နိုင်ငံမှထုတ်ပြန်မည့် ကြက်သွန် နီနှင့် ပတ်သက်သော ကြေညာချက်ပေါ်မူတည် မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ကြက်သွန်နီ၊ ကြက်သွန်ဖြူ စားဖိုဆောင်သီးနှံများ စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှ သိရသည်။

မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်မှု၏ ရွှေရောင်အိပ်မက်များ

Thu, 02/13/2020 - 16:15 -- journal_editor

     နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်အတွက် အဓိက မောင်းနှင်အားများထဲတွင်  တစ်ခုဖြစ်သည့် ကုန် သွယ်မှုကဏ္ဍကို    ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာမှာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန  တစ်ခု တည်းသာမက  စီးပွားရေးလုပ်ငန်းများနှင့်သက်ဆိုင်သော ဌာနများ၊ အသင်းအဖွဲ့များအားလုံး ပါဝင်ဆောင်ရွက်ရခြင်း ဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့်  ကုန်သွယ်မှုဆောင်ရွက်ရာမှာ ကုန်သွယ်ဖက်နိုင်ငံများစွာရှိသည့်အနက်  တရုတ်နိုင်ငံသည် အဓိက ကုန်သွယ်ဖက်နိုင်ငံတစ်ခုဖြစ်ပြီး ပင်လယ်ရေကြောင်း သာမက  နယ်စပ်ကုန်သွယ်မှုကိုပါ အများဆုံးဆောင်ရွက် လျက်ရှိသည်ကို တွေ့ရှိရမည်ဖြစ်သည်။ မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးနှင့်

တရုတ်သို့ ဖရဲနှင့် သခွားမွှေးတင်ပို့ရန် များစွာကျန်ရှိနေ

Thu, 02/06/2020 - 12:53 -- journal_editor

      တရုတ်နိုင်ငံ ဝူဟန်မြို့တွင်လက်ရှိ ဖြစ်ပွားနေ သော ကိုရိုနာဗိုင်းရပ်စ်ကြောင့် မူဆယ်နယ်စပ်ဂိတ်၌ ဝယ်လက်များ မရှိတော့သည့်အတွက် ဖရဲနှင့် သခွား မွှေး တန်ချိန် ခုနစ်သိန်းခန့်တင်ပို့ရန် ကျန်ရှိနေကြောင်း မြန်မာနိုင်ငံ ဖရဲ၊ သခွားမွှေး စိုက်ပျိုးထုတ်လုပ် တင်ပို့ ရောင်းချသူများ ဗဟိုအသင်း   ဥက္ကဋ္ဌ ဦးနိုင်ဝင်းက တညင်းကုန်းဈေး  တိုက် ၁၇ သုံးလွှာ၌ ဇန်နဝါရီ ၂၉ ရက်ကပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။ မြန်မာနိုင်ငံ အနေဖြင့် တရုတ်သို့ တစ်နှစ်လျှင် ဖရဲသီး တန်ချိန် ရှစ်သိန်းနှင့် သခွားမွှေးတန်ချိန် တစ်သိန်းခွဲကျော် နှစ်စဉ် တင်ပို့လျက်ရှိရာတွင် ယခု ၂၀၂၀ ပြည့်နှစ်၌ ဖရဲတန်ချိန် နှစ်သိန်းဝန်းကျင်နှင့်

(၁၅.၁.၂၀၂၀) ရက်နေ့အထိ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်မှတ်််ပုံတင်အမှတ်အား ယခင် DIGIT (၅) လုံးမှ TIN NO-DIGIT (၉) လုံးသို့ ပြောင်းလဲပြီးသည့် ကုမ္ပဏီများစာရင်း

Mon, 02/03/2020 - 10:56 -- journal_editor

မြန်မာနိုင်ငံ၏ ကုန်သွယ်မှုလုပ်ငန်းစဉ်တစ်လျောက်တွင်ပါဝင်သည့် ကုန်သွယ်မှုဆက်စပ်ဌာနများနှင့် ပို့ကုန်သွင်းကုန်လုပ်ငန်းဆောင်ရွက်သည့် ကုန်သည်လုပ်ငန်းရှင်များကြားတွင် ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်ရာ၌ ကုမ္ပဏီ မှတ်ပုံတင်အမှတ် (TIN NO- Digit ၉ လုံး) အား (၅.၁.၂၀၂၀) ရက်နေ့မှ စတင်၍ အသုံးပြုခဲ့ကြပါသည်။

(၁၅.၁.၂၀၂၀) ရက်​နေ့အထိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာ၊ ကုန်သွယ်ရေးဦးစီးဌာနတွင် ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင်အမှတ်အား ယခင်Digit (၅)လုံးမှTIN NO-Digit (၉) လုံးသို့ ပြောင်းလဲပြီးသည့် ကုမ္ပဏီများ စာရင်းမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

မူဆယ်နယ်စပ်မှ လုပ်ငန်းသုံးယာဉ်/ယန္တရားတင်သွင်းမှု

Mon, 01/13/2020 - 13:44 -- journal_editor

     မြန်မာနိုင်ငံ၌ မော်တော်ယာဉ်တင်သွင်းမှုမူဝါဒကို ၁၉၉၆ ခုနှစ်က စတင်ခဲ့ပြီး ၂၀၁၁ ခုနှစ်မှစတင်ကာ   ယာဉ်အို၊ ယာဉ်ဟောင်းအပ်နှံပါမစ်နှင့် အသက်၁၈ပြည့်ပြီးသူနိုင်ငံသားတိုင်းအား လူစီး မော်တော်ယာဉ် တင်သွင်းခွင့်များပေးခဲ့ပြီး ယခုအခါ  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီးဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သည့် မော်တော်ယာဉ် တင်သွင်းခြင်းနှင့်သက်ဆိုင်သော လုပ်ငန်း များ ကြီးကြပ်ရေးကော်မတီသည်    ပြည်ပမှမော်တော်ယာဉ် တင်သွင်းခြင်းအတွက် သတ်မှတ်ချက်များကို နှစ်စဉ်ထုတ်ပြန် ၍ ပြည်ပမှတင်သွင်းခွင့်ပြုထားလျက်ရှိသည်။ ပြည်ပမှ  မော်တော်ယာဉ်တင်သွင်းခွင့်အတွက် ပင်လယ်ရေကြောင်းမှ တင်သွင်းခြင်းအပြင် လူစီး

တရားမဝင်ကုန်ပစ္စည်းများ တားဆီးထိန်းချုပ်ရေး အထူးအဖွဲ့များ တရားမဝင် တင်သွင်းသူများကိုလည်း ဖမ်းပေးပါ

Fri, 01/03/2020 - 12:20 -- journal_editor

     ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ကော်မတီနှင့် စီးပွားရေး လုပ်ငန်းရှင်များ ၃၁ ကြိမ်မြောက် ပုံမှန်တွေ့ဆုံဆွေးနွေးပွဲကို ရန်ကုန် မြို့ မင်းရဲကျော်စွာလမ်းရှိ မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်ရုံး၌ ဒီဇင်ဘာ ၈ ရက်ကပြုလုပ်သည်။ ဆွေးနွေးပွဲတွင် ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတဦးမြင့်ဆွေ  တက်ရောက်အမှာစကားပြောသည်။ ဆွေးနွေးပွဲသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း၊ ဒုတိယဝန်ကြီးများဖြစ်သော ဦးအောင်ထူး၊ ဦးဝင်းမော်ထွန်းနှင့် ဦးမောင်မောင်ဝင်း၊ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး၊ လုပ်ငန်း ကော်မတီငါးရပ်မှ ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌမ

တရုတ်တင်ပို့ မြန်မာ့ပျားရည်အကြောင်း တစေ့တစောင်း

Thu, 01/02/2020 - 11:46 -- journal_editor

ဆောင်းနှင်းတို့ဝေသီလျက်ရှိသော   ဒီဇင်ဘာလ၏ နံနက်ခင်းတစ်ခုတွင်   မူဆယ်(၁၀၅) မိုင် ကုန်သွယ်ရေးဇုန် အတွင်း   တရုတ်နိုင်ငံသို့ မြန်မာ့ပျားရည်များ တင်ပို့နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိတဲ့  Golden Myanmar Apiary Co. Ltd.

ယခုတစ်ပတ် ဆန်နှင့်ဆန်ကွဲတန်ချိန် ခုနစ်သောင်းကျော်တင်ပို့

Thu, 01/02/2020 - 11:35 -- journal_editor

   ဒီဇင်ဘာ ၁၄ ရက်မှ ၂၀ ရက်အတွင်း  မြန်မာ-တရုတ် နယ်စပ် နှင့် မြန်မာ-ထိုင်းနယ်စပ်ရှိ  ကုန်သွယ်ရေး စခန်းများမှ အမေရိကန်ဒေါ်လာ နှစ်သန်းကျော်တန်ဖိုးရှိ ဆန်တန်ချိန်ကိုးထောင်ကျော် တင်ပို့ခဲ့ကြောင်း သိရသည်။ မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင် ကုန်သွယ် ရေးဇုန်မှ ဆန်တန်ချိန် ၅၅၀ဝ ကျော်၊  ချင်းရွှေဟော်ကုန်သွယ် ရေးစခန်းမှ တန်ချိန် ၄၀ဝ နီးပါး၊ လွယ်ဂျယ်ကုန်သွယ်ရေးစခန်းမှ  တန်ချိန် ၁၃၀ဝ ကျော်နှင့်   မြန်မာ-ထိုင်းနယ်စပ်ရှိ တာချီ လိတ် ကုန်သွယ်ရေးစခန်းမှ တန်ချိန် ၂၀ဝ၀ တင်ပို့ခဲ့ပါ သည်။ ယခင်တစ်ပတ်တင်ပို့မှုနှင့်နှိုင်းယှဉ်ပါက  တန်ချိန် ၈၀ဝ ကျော် လျော့နည်းတင်ပို့ခဲ့ကြောင်းသိရသည်။

ကုန်သွယ်ခွင့်ပါမစ်မှတ်ပုံတင်များ၏ ကုတ်နံပါတ်များအစား TIN NO (9 DIGITS) အားဒီဇင်ဘာ ၃၁ ရက် နောက်ဆုံးထား ပြင်ဆင်ခြင်းလျှောက်ထားကြရန် အသိပေးထုတ်ပြ

Thu, 01/02/2020 - 11:22 -- journal_editor

     ကုန်သွယ်ရေးဦးစီးဌာနတွင် ပို့ကုန်သွင်းကုန်လိုင်စင်/ပါမစ်များ လျှောက်ထားနိုင်ရန်အတွက် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနတွင် မှတ်ပုံတင်ခြင်းမရှိသည့်  သမဝါယမအသင်းလီမိတက်များအား ပို့ကုန် သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင်နှင့် အစိုးရဌာနများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊  တစ်ဦးချင်း  ကုန် သွယ်မှုလုပ်ငန်းရှင် မှတ်ပုံတင်(ITC)၊ တစ်ဦးချင်း ကုန်သွယ်ခွင့်ပါမစ် မှတ်ပုံတင်များအား Code နံပါတ်များဖြင့် မှတ်ပုံတင်များခွင့်ပြု ထုတ်ပေးလျက်ရှိပါသည်။ ကုန်သွယ်ရေးဦးစီးဌာနအနေဖြင့် ပို့ကုန်သွင်းကုန်လိုင်စင်/ပါမစ်  ထုတ်ပေးသည့်စနစ်အား Myanmar Tradenet 2.0 စနစ်အဖြစ် အဆင့်မြှင့်တင်အကောင်ထည်ဖေ

ပို့ကုန်သွင်းကုန်နှင့်ပတ်သက်သောသတင်းလွှာ (၈/၂၀၁၉)

Fri, 12/27/2019 - 09:46 -- journal_editor

ရင်းနှီးမြှပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနတွင် မှတ်ပုံတင်ခြင်းမရှိသည့် သမဝါယမအသင်းလီမိတက်များ၊ အစိုးရဌာနများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ တစ်ဦးချင်းကုန်သွယ်မှုလုပ်ငန်းရှင်မှတ်ပုံတင် (ITC) နှင့် တစ်ဦးချင်း ကုန်သွယ်ခွင့်ပါမစ်မှတ်ပုံတင် Code နံပါတ်များ(အစား) TIN No ဖြင့် တူညီစွာပြောင်းလဲအသုံးပြုဆောင်ရွက်မည့်ကိစ္စအား အသိပေးကြေငြာသည့် သတင်းလွှာ

Pages

Subscribe to RSS - ကုန်သွယ်ရေးသတင်း