ပြည်ပမှတင်သွင်းလာမည့် ၁၀ ယောက်စီးမှ ၁၂ ယောက်စီးအထိ Mini Bus ယာဉ်များ တင်သွင်းခွင့် လျှောက်ထားရာတွင် သတ်မှတ်ချက်များ ထုတ်ပြန်
ပြည်ပမှတင်သွင်းလာမည့် ၁၀ ယောက်စီး မှ ၁၂ ယောက်စီးအထိ Mini Bus ယာဉ်များ လျှောက်ထားရာတွင် အောက်ပါသတ်မှတ်ချက်အတိုင်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါသည်-
(က) တစ်ဖက်နိုင်ငံ၏ မူရင်း Invoice တင်ပြရမည်။
(ခ) တစ်ဖက်နိုင်ငံ စက်ရုံ၏ မော်တော်ယာဉ် Catalogue မူရင်း၊ User Manual တင်ပြရမည်။
(ဂ) Chassis Code/ Vin Code ကို တစ်ပါတည်း ဖော်ပြရမည်။










