Main menu

Background

ကုန်သွယ်ရေးသတင်း

မြန်မာ-တရုတ်နယ်စပ်ရှိ ကုန်သွယ်ရေးဇုန်နဲ့ စခန်းများမှ ပြောင်းပိုမိုတင်ပို့

Thu, 05/11/2017 - 14:22 -- journal_editor

      မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်၊ လွယ်ဂျယ်၊ ချင်းရွှေဟော်နဲ့ ကန်ပိုက်တီ စခန်းစုံမှ ဧပြီ ၂၂ ရက်မှ ၂၈ ရက်အထိ သီတင်းပတ်အတွင်း အမေရိကန် ဒေါ်လာ ၅ ဒသမ ၆၄၀ သန်းတန်ဖိုးရှိ ပြောင်းဖူးစေ့ ၃၁၆၃၉ တန်ကျော်ကို တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ပါ တယ်။ စခန်းအလိုက်တင်ပို့မှုမှာ မူဆယ်မှ ၂၇၁၁၀ တန်၊ လွယ်ဂျယ်မှ ၄၀၈၃ တန်၊ ချင်းရွှေဟော်မှ ၃၄၆ တန်ကျော်နဲ့ ကန်ပိုက်တီမှ တန် ၁၀၀ဖြစ်ပါတယ်။ ယခင်တစ်ပတ်က မူဆယ်၊ လွယ်ဂျယ်နဲ့ ချင်းရွှေဟော် မှ ပြောင်း ၈၄၆၈ တန်ကျော် သာ တင်ပို့ခဲ့တဲ့အတွက် ယခုတစ်ပတ်မှာ ၂၃၁၇၁ တန်ပိုမိုတင်ပို့ခဲ့တာ တွေ့ ရပါတယ်။ မူဆယ်ကုန်စည်ဒိုင်မှာ ဧပြီ ၁၅ ရက်မှ ၂၁ ရက်သီတင်းပတ်အတွင်း ပြောင်းတစ်တန်ဈေး ၂၂၃၀၇၇ ကျပ်ရှိရာမ

တရုတ်နိုင်ငံနဲ့ ထိုင်းနိုင်ငံသို့ လက်ဖက်ခြောက်တင်ပို့

Mon, 05/08/2017 - 15:18 -- journal_editor

    မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ ဧပြီ ၂၂ ရက်မှ ၂၈ရက်အထိ သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၂၃၉၄၄တန်ဖိုးရှိ လက်ဖက်ခြောက် ၇၆ တန်ခွဲကို တရုတ် နိုင်ငံသို့ တင်ပို့ခဲ့ပါတယ်။ ယခင်တစ် ပတ်က ၂၉ တန်ကျော်တင်ပို့ခဲ့ပြီး ဧပြီ တစ်လလုံးမှာတော့ မူဆယ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ လက်ဖက်ခြောက် တန် ၁၅၀ခန့် တင်ပို့ခဲ့တယ်လို့ သိရပါတယ်။အလားတူ မြန်မာ-ထိုင်း နယ် စပ်ရှိ တာချီလိတ် ကုန်သွယ်ရေးစခန်း မှလည်း အမေရိကန်ဒေါ်လာ ၁၇၉၂၆ တန်ဖိုးရှိ လက်ဖက်ခြောက် ၄၆ တန်နီး ပါးကို ထိုင်းနိုင်ငံသို့ တင်ပို့ခဲ့ပါတယ်။ ယခင်တစ်ပတ်က တင်ပို့မှုမရှိဘဲ ဧပြီလ အတွင်း တာချီလိတ်မှတစ်ဆင့်  ထိုင်း နိုင်ငံသို့  လက်ဖက်ခြောက်  တန

တရုတ်နိုင်ငံသို့ ပရဆေး တန်ချိန် တစ်ထောင်ကျော် တင်ပို့

Mon, 05/08/2017 - 15:15 -- journal_editor

   ဧပြီ ၂၂ရက်မှ ၂၈ရက်အထိ ရက်သတ္တပတ်အတွင်း မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၀၇၉ သန်း တန်ဖိုးရှိ ပရဆေးကုန်ကြမ်း အမယ် ၁၂ မျိုး၊ တန်ချိန်အားဖြင့် ၁၁၈၁တန်ကျော် တင်ပို့ခဲ့ပါတယ်။ ယခင်ရက်သတ္တပတ်က ပရဆေး ၂၀၃တန်ကျော် တင်ပို့ခဲ့တဲ့အတွက် ယခုတစ်ပတ်မှာ ၉၇၈တန် ပိုမိုတင်ပို့နိုင်ခဲ့တာ တွေ့ရပါတယ်။ တင်ပို့ခဲ့တဲ့ ပရဆေး အမယ်များမှာ ကွမ်းစားဂမုန်း၊ တောချင်း၊ ချင်းခြောက်၊ နနွင်း တက်၊ နနွင်းခေါင်း၊ ဆီးဆန်၊ ကြောင်လျာစေ့၊ မိကျောင်းကွမ်းဖတ်စေ့နဲ့ မာလာဥခေါင်းတို့ဖြစ်ပါတယ်။ ဧပြီလတစ်လလုံး မူဆယ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ပရဆေးတန်ချိန် သုံးထောင်ခန့် တင်ပို့နိုင် ခဲ့တယ် လို့သိရပါတ

အိန္ဒိယပဲရက်သတ္တပတ်

Mon, 05/08/2017 - 14:24 -- journal_editor

     အိန္ဒိယနိုင်ငံ ပဲမျိုးစုံ အခြေအနေနှင့် ပတ် သက်သော အဂရီဝပ်ချ် ပဲမျိုးစုံ ရက်သတ္တပတ် အစီ ရင်ခံစာကို မေ ၁ ရက်က ထုတ်ပြန်ခဲ့သည်။ အစီ ရင်ခံစာတွင် ပဲမျိုးစုံ ဝယ်ယူဖြည့်တင်းမှု၊ ပြည် ပမှ တင်သွင်းလာသော ပဲမျိုး စုံဈေးနှုန်းနှင့် ပြည်တွင်း ပဲဈေးနှုန်းများ၊ ၂၀၁၆-၂၀၁၇ ခုနှစ်အတွက် အထွက်နှုန်း ခန့်မှန်းခြေ စသည်တို့ကို ဖော်ပြထား သည်။ အစီရင်ခံစာပါ အချက်အလက်များ အနက် မဟာရသျှတ္တရာ ပြည်နယ်ထုတ်လုပ်မှု ခန့်မှန်းချက်၊ မြန်မာနိုင်ငံမှ တင်သွင်းသော ပဲများ၏ ဈေးနှုန်း အခြေအနေ စသည်တို့မှာ ယခင်ရက်သတ္တပတ်က အတိုင်း ပြောင်းလဲမှု မရှိသည်ကို တွေ့ရသည်။
ပဲမျိုးစုံဝယ်ယူဖြည့်တင်းမှု

ပြည်ပမှ သကြားတင်သွင်းမှုအပေါ် တရုတ်နိုင်ငံက တန်ပြန်စုပုံခွန် သတ်မှတ်ှု အခွန်နှုန်းထာတိုးမြှင့်ကောက်ခံသွားမည်

Mon, 05/08/2017 - 13:30 -- journal_editor

      တရုတ်နိုင်ငံအတွင်းရှိ ပြည်တွင်းသကြား လုပ်ငန်းရှင်များ၏ တောင်းဆိုချက်အရ ဘရာဇီး နိုင်ငံအပါအဝင်  အခြားနိုင်ငံများမှ သကြားတင်သွင်းမှုများအပေါ် တန်ပြန်စုပုံခွန်(Anti-dump- ing Duty)  အဖြစ်သတ်မှတ် တိုးမြှင့် ၍ အခွန်နှုန်း ထားကောက်ခံသွားရန် စီစဉ်ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။ပြည်တွင်း သကြားထုတ်လုပ်သူများအနေ ဖြင့် ပြည်တွင်းလယ်ယာစိုက်ပျိုး ထုတ်လုပ်မှု စရိတ် များ မြင့်တက်လာခြင်းနှင့် ပြည်ပမှ  သကြား တင် သွင်းခြင်းဖြင့်  ဆိပ်ကမ်းအရောက်တန်ဖိုးက စရိတ် စက ပိုမိုသက်သာမှုရှိနေခြင်းတို့ကြောင့် ပြည်တွင်း မှထုတ်လုပ်သော   သကြားဈေးနှုန်းကျဆင်းပြီး ထိခိုက်နစ်နာလျက်ရှိကြောင်း  သကြားစက်ရုံများ ၏  တိုင်ကြားခ

အိုင်ယာလန်နိုင်ငံမှ ကဏန်းအရှင်များအား တရုတ်နိုင်ငံသို့ ပြန်လည်တင်ပို့ခွင့်ရရှိ

Fri, 05/05/2017 - 14:42 -- journal_editor

      အိုင်ယာလန်နိုင်ငံမှ   ကဏန်းအရှင်များအား  တရုတ်နိုင်ငံ သို့ ပြန်လည်တင်ပို့ခွင့်ရရှိခဲ့ပြီဖြစ်ကြောင်း ဆင်ဟွာသတင်းဌာနက ထုတ်ဖော်ရေးသားခဲ့သည်။ယင်းကဲ့သို့ ပြန်လည်တင်ပို့ခွင့်ရရှိရေး အတွက် တရုတ်နိုင်ငံ မှ ကိုယ်စားလှယ်အဖွဲ့ အိုင်ယာလန်နိုင်ငံသို့ ရောက်ရှိစဉ်အတွင်း အိုင်ယာလန်နိုင်ငံမှ  တာဝန်ရှိသူများနှင့်   ဆွေးနွေးညှိနှိုင်းခဲ့ကြ ကြောင်း၊ ယခုကဲ့သို့  ညှိနှိုင်းနိုင်ခဲ့ခြင်းသည် အိုင်ယာလန်နိုင်ငံ၏အရေး ပါသောခြေလှမ်းသစ် တစ်ရပ်ပင်ဖြစ်ကြောင်း ဧပြီ ၁၃ ရက် က ထုတ်ဖော်ပြောကြားခဲ့သည်။တရုတ်နိုင်ငံသို့ ကဏန်းအရှင်များ  ပြန်လည်တင်ပို့နိုင်ရေး အတွက် ပို့ကုန်သက်သေခံလက်မှတ်ထုတ်ပေးနိုင်ရန်  နှစ်နိုင်ငံမှ တာဝန်ရှ

ပြည်ပဈေးကွက်တွင် ဧရာဝတီတိုင်းဒေသကြီးမှ သီဟိုဠ်စေ့များ ယခုနှစ် အမြင့်ဈေးရရှိပြီး တောင်သူများ တွက်ခြေကိုက်

Fri, 05/05/2017 - 14:40 -- journal_editor

ဧရာဝတီတိုင်း ဒေသကြီးအတွင်းရှိ ဒေသထွက်ကုန်များ တွင် ပြည်ပပို့ကုန်ဖြစ်သော   သီဟိုဠ်စေ့မှာ   ရာသီသီးနှံအဖြစ် ဖေဖော်ဝါရီလကုန်မှစတင်၍ ဈေးကွက်သို့ ဝင်ရောက်လျက်ရှိ ပြီး  မတ်လပိုင်းဆို လျှင် သီဟိုဠ်လှိုင် လှိုင်ေ ပါ် သည့်အချိန် ဖြစ်ကြောင်း၊ သီဟိုဠ်စေ့မှာ မိုးမရွာခင်အချိန်အထိ ဈေးကွက် မှာ အရောင်းအဝယ်ဖြစ်၍   မေ၊ ဇွန် လများတွင် မိုးဖြိုင်ဖြိုင်  ရွာသွန်းပါက သီဟိုဠ်စေ့မှာ မိုးမိလျှင် ရေဝင်ကာ   အသီးမှာ မည်းသွား၍ ဈေးကွက် တွင်   အရောင်းအဝယ်မဖြစ်တော့ဘဲ သီဟိုဠ်ရာသီပြီးဆုံးသွားကြောင်း ဈေးကွက်မှသိရပါသည်။တိုင်းအတွင်း   သီဟိုဠ်စိုက်ဧက ၆၅၉၃၃ ခန့်နှင့် မြောင်းမြခရိုင်၊ ဟင်္သာတခရိုင်နှင့် လပွတ္တာ အပါအဝင် ပုသိမ် ခရိ

မူဆယ်ကုန်သွယ်ရေးဇုန်မှ ပရဆေးကုန်ကြမ်းလျော့နည်းတင်ပို့

Fri, 03/31/2017 - 15:20 -- journal_editor

      မတ် ၁၁ ရက်မှ ၁၇ ရက် အထိ  ရက်သတ္တပတ်အတွင်း  မြန်မာ-တရုတ် နယ်စပ် ရှိ မူဆယ် (၁၀၅) မိုင်  ကုန်သွယ်ရေးဇုန်မှ  အမေရိကန်ဒေါ်လာ    သုည ဒသမ ၈၄၅ သန်း တန်ဖိုးရှိ ပရ ဆေးကုန်ကြမ်း အမယ် ၁၃ မျိုး၊ တန်ချိန်အားဖြင့်  ၈၇၃ တန်ကို တရုတ်နိုင်ငံသို့  တင်ပို့ခဲ့ ပါတယ်။ယခင်  ရက်သတ္တပတ်က ၁၀၁၅ တန်တင်ပို့ခဲ့လို့  ယခုတစ် ပတ် မူဆယ်မှ ပရဆေး ၁၄၂ တန် လျော့နည်းတင်ပို့ခဲ့ပါတယ်။  တင် ပို့ခဲ့တဲ့  ပရဆေးအမယ်များမှာ ကွမ်းစားဂမုန်း၊ မာလာဥ၊ မာလာ ဥခေါင်း၊   နနွင်းခေါင်း၊    နနွင်း တက်၊  မုတ်ခါး၊ ချင်းခြောက်၊ တောချင်း၊ဆီးဆန်၊   ဒရင်ကောက် မြစ်၊   နေလဲစေ့၊ ကြောင်လျာစေ့နဲ့ မိကျောင်းကွမ်းဖတ်စေ့တို့ ဖြစ်ပါ တယ်။

မူဆယ်မှ ချင်းခြောက်တင်ပို့ပြီး စစ်တွေမှ ချင်းစိုတင်ပို့

Fri, 03/31/2017 - 15:11 -- journal_editor

မတ် ၁၁ ရက်မှ ၁၇ ရက်အထိ ရက်သတ္တပတ်အတွင်း မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ အမေရိကန်ဒေါ်လာ ၂၁၇၈၇ တန်ဖိုးရှိ ချင်း ခြောက်၁၇တန်ခွဲကို တရုတ်နိုင်ငံသို့လည်းကောင်း၊ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ရှိ စစ်တွေကုန်သွယ်ရေးစခန်းမှချင်းစို ခုနစ်တန်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့လည်းကောင်း အသီးသီးတင်ပို့ခဲ့ကြပါတယ်။

ထိုင်းနိုင်ငံသို့ ကော်ဖီစေ့တန် ၂၀ နီးပါးတင်ပို့

Wed, 03/29/2017 - 14:29 -- journal_editor

မြန်မာ-ထိုင်းနယ်စပ်ရှိ တာချီလိတ် ကုန်သွယ်ရေး စခန်းမှတစ်ဆင့် မတ် ၁၁ ရက်မှ ၁၇ ရက်အထိ ရက်သတ္တ ပတ်အတွင်း အမေရိကန်ဒေါ်လာ ၂၂၉၆၀ တန်ဖိုးရှိ ကော်ဖီစေ့ ၁၇ တန်ကို ထိုင်းနိုင်ငံသို့ တင်ပို့ခဲ့ပါတယ်။ ယခင် ရက်သတ္တပတ်က ခြောက်တန်ခွဲသာ တင်ပို့ခဲ့လို့ ယခုတစ်ပတ် တာချီလိတ်မှ ကော်ဖီစေ့ ၁၀ တန်ခွဲ ပိုမိုတင်ပို့ခဲ့တာ တွေ့ရ ပါတယ်။၂၀၁၆ ခုနှစ်အတွင်း အမေရိကန်နိုင်ငံက မြန်မာနိုင်ငံမှထွက်ရှိတဲ့ အထူး တန်းဝင်ကော်ဖီတန်ချိန် ၃၆ တန်ဝယ်ယူခဲ့ပြီး၊ ပြည်ပဈေးကွက်အနေဖြင့် ဂျပန်၊ တရုတ်(တိုင်ပေ)၊ ဥရောပနိုင်ငံများ၊ ဆွစ်ဇာလန်နဲ့ အာရှနိုင်ငံများသို့ တင်ပို့နိုင် ခဲ့ကြောင်း မြန်မာနိုင်ငံကော်ဖီအသင်းမှ သိရပါတယ်။                   

Pages

Subscribe to RSS - ကုန်သွယ်ရေးသတင်း