ဘိုကလေးမြို့နယ်တွင် အုန်းသီး၊ ကွမ်းသီးဈေးကောင်းရလျက်ရှိနေပြီး ဆက်လက်ဈေးမြင့်တက်နိုင်
ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ မစိမ်းကျေး ရွာနဲ့ တယ်ပင် (၃) ကျေးရွာတို့မှာအုန်းသီး၊ ကွမ်းသီး များ ဈေးကောင်းရလျက်ရှိပြီး ဈေးဆက်လက် မြင့်တက်လာနိုင်ကြောင်း အုန်းသီး၊ ကွမ်းသီး ရောင်းဝယ်သူ တစ်ဦး က ပြောကြား ခဲ့ပါတယ်။
ယခင်က မစိမ်းကျေးရွာမှာ အုန်းသီးအလုံး လိုက် လုပ်ကိုင်ခြင်းမျိုးမရှိဘဲ အုန်းသားခြောက် လုပ်ငန်းနဲ့ အုန်းမှုတ်ခွက် မီးသွေးလုပ်ငန်းကိုသာ တွင်တွင်ကျယ်ကျယ် လုပ်ကိုင်ခဲ့ကြပါတယ်။ ယခု အခါမှာတော့ မစိမ်းကျေးရွာမှာ အုန်းသီး၊ကွမ်းသီး များကို အခွံခွာသူ၊ အိတ်သွပ်သူများအပြင် အုန်းသီးအလုံးလိုက် ရောင်းဝယ်နေသူများကိုပါ နေ့စဉ် မြင်တွေ့နေရပါတယ်။