ယခုဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ ပျားရည် မက်ထရစ်တန် ၈၀ဝ ကျော် တင်ပို့နိုင်ခဲ့
ယခုဘဏ္ဍာနှစ် ဧပြီလမှ နိုဝင်ဘာလရှစ်လတာ ကာလအတွင်း ပြည်ပနိုင်ငံများသို့ ပျားရည်မက်ထရစ်တန် ၈၀ဝ ကျော် တင်ပို့နိုင်ခဲ့ပြီး အများစုကို ပုံမှန်ကုန်သွယ်ရေးဖြစ်သည့် ပင်လယ်ရေကြောင်းမှ တင်ပို့ နိုင်ခဲ့ကြောင်း သိရသည်။
ပျားရည်ကို ပုံမှန်ကုန်သွယ်ရေးလမ်းကြောင်းမှ ၈၃၆ ဒသမ ၉၅ တန်၊ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းမှ ၁ ဒသမ ၂၉ တန် တင်ပို့ခဲ့ပြီး ရှစ်လတာကာလအတွင်း ပျားရည်စုစုပေါင်း မက်ထရစ်တန် ၈၃၈ ဒသမ ၂၄ တန် တင်ပို့နိုင်ခဲ့ကာ အမေရိကန်ဒေါ်လာ ၁ဒသမ ၂၅၇ သန်း ရရှိခဲ့ ကြောင်း သိရသည်။
