ဒီဇင်ဘာလအတွင်း ဆန်နှင့် ဆန်ကွဲ တင်ပို့မှုမှ အမေရိကန်ဒေါ်လာ သန်း ၁၀ဝ ကျော်ရရှိ
ဆန်
ဒီဇင်ဘာ ၁ ရက်မှ ၃၁ ရက်ထိ ကာလအတွင်း ပင်လယ် ရေကြောင်း ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၅၅ဒသမ ၅၂၇ သန်းတန်ဖိုးရှိ ဆန်တန်ချိန် ၉၈၈၀ဝ ကျော်တင်ပို့သည်။ ဆန် တင်ပို့မှုအနေဖြင့် အာရှနိုင်ငံများသို့ ၆၄၅၄၀ ကျော်၊ အီးယူအဖွဲ့ ဝင်နိုင်ငံများသို့ ၁၀၇၈၀ ကျော်၊ အာဖရိကနိုင်ငံများသို့ ၂၃၅၀ဝ နှင့် အ ာရပ်စော်ဘွားများပြည်ထောင်စုသို့ ဆန်တန်ချိန် အနည်း ငယ်တင်ပို့သည်။




