Main menu

Background

Sunday, 8 Jul 2012

   ကွန်ပျူတာရှေ့မှာထိုင်ပြီး  အလုပ်လုပ်ကြ တဲ့သူတွေ တစ်နေ့တခြားများလာသလို ကွန်ပျူတာ အသုံးပြုခြင်းကြောင့်ဖြစ်လာ တဲ့ ဝေဒနာတွေက လည်း မနည်းတော့ပါဘူး။နေ့စဉ်နေ့တိုင်း အသုံးပြုနေတဲ့ ကွန်ပျူတာ မော်နီတာ၊ ကွန်ပျူတာတင်တဲ့ စားပွဲ၊ ကုလားထိုင်၊ Keyboard နဲ့ Mouse တို့ရဲ့ အနေအထားမမှန် တဲ့အတွက် ရေရှည်မှာ မလိုလားအပ်တဲ့ ကျန်းမာ ရေးဆိုးကျိုးတွေ ဖြစ်စေပါတယ်။

Monday, 19 Dec 2011

               မန္တလေးမြို့ရှိ  လုံးချင်းအိမ်များ၊ ဘုန်းကြီးကျောင်းနဲ့သာသနိကအဆောက် အအုံများတွင် ပါကေးခင်း အသုံးပြုရာ ၌ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ သစ်သား ပါကေးခင်းကိုသာ အသုံးပြုမှုများလာ ကြောင်း သိရပါတယ်။မန္တလေးမြို့ရှိ ပါကေးအရောင်းဆိုင် များတွင်  ပြည်တွင်းထုတ် သစ်သား ပါကေးနဲ့ ပြည်ပမှဝင်တဲ့ ပါကေးမျိုးစုံ ရောင်းချလျက်ရှိပါတယ်။

Sunday, 18 Dec 2011

        နေ့စဉ်ကော်ဖီ လေးခွက်ထက် ပိုသောက်တဲ့ အမျိုးသမီးများဟာ သားအိမ်ကင်ဆာ(endometrial Cancer) ရောဂါဖြစ်နိုင်ခြေကို လျော့ကျစေနိုင်တယ်လို့ လေ့လာစမ်းသပ်တွေ့ရှိရကြောင်း နယူး ယောက်တိုင်းမ်သတင်းထဲမှာ ရေးသားဖော်ပြထားပါတယ်။ အမေရိကန်နိုင်ငံ (National Cancer Institute)  အမျိုးသားကင်ဆာဌာနရဲ့ အဆိုအရ နှစ်စဉ် အမျိုးသမီးဦးရေ ၄၆၀၀၀ ဟာ သားအိမ်ကင်ဆာ ဖြစ်ပွားလျက်ရှိပြီး ၈၀၀၀ ခန့်ဟာ အဲဒီရောဂါကြောင့် သေဆုံးနေတယ်လို့သိရပါတယ်။

Wednesday, 9 Nov 2011

                      မြန်မာ့လယ်ယာထွက်ကုန်ပစ္စည်း ရောင်းဝယ်ရေး၊ ပဲခူးတိုင်း ဒေသကြီး တိုင်းရုံး၊ ပြည်မြို့တွင် ၂၀၁၁-၂၀၁၂ မိုးစပါးရာသီအမီ ရိတ်သိမ်းချိန်လွန်နည်းပညာ အသုံးချရက်တိုသင်တန်းကို စက်တင်ဘာ ၃၀ ရက်မှ အောက်တိုဘာ ၂ ရက်ထိဖွင့်လှစ်ခဲ့ရာ ခရိုင်နှင့်မြို့နယ် မန်နေဂျာများ၊ TPISတာဝန်ခံများနဲ့ တိုင်းရုံးဝန်ထမ်းများအပါအဝင် သင်တန်းသား ၅၅ ဦး တက်ရောက်ခဲ့ပါတယ်။                   သင်တန်းမှာ ရိတ်သိမ်းချိန်လွန်နည်းပညာများ ရှင်းလင်းဆွေး နွေးရန်၊ စပါးရိတ်သိမ်းရာတွင် ရင့်မှည့်ချိန်အမီ (မောင်းညိုချိန်) ရိတ် သိမ်းရေးစည်းရုံးဆောင်ရွက်ရန်၊ ရိတ်သိမ်းပြီးနောက် တလင်းပျောက် စနစ်ကျင့်သုံး၍ အမြန် ခြွေလှေ့နိုင်ရေး တိုက်တွန်းဆောင်ရွက်ရန်၊ ရိတ်သိမ်းပြီး ကောက်လှိုင်းများ ကန်သင်းပေါ်ပုံထားခြင်းကြောင့် သီးနှံရဲ့ အရည်အသွေးနဲ့ အရေအတွက်အရ လေလွင့်ဆုံးရှုံးနိုင်မှု များကို လက်ကမ်းစာစောင်များဖြင့် ရှင်းလင်းဆွေးနွေးရန်၊ ခြွေလှေ့ပြီး သီးနှံများ အရည်အသွေးမကျဆင်းရေးအတွက် စနစ်တကျ အခြောက် ခံပြုပြင်ခြင်းလုပ်ငန်းအဆင့်များ ရှင်းလင်းဆွေးနွေးရန်၊ စိုက်ပျိုးထွက် ရှိလာတဲ့ သီးနှံများ စားသုံးသူလက်ဝယ်ရောက်သည်အထိ အရည် အသွေးမကျ ဆင်းရေး၊ လေလွင့်ဆုံးရှုံးမှု မရှိစေရေး ဆောင်ရွက်ရန် အချက်များ ရှင်းလင်းဆွေးနွေးရန်၊ ရိုးရာသိုလှောင်မှုနဲ့ ခေတ်မီသို လှောင်မှုနည်းစနစ်များ ရှင်းလင်းဆွေးနွေးရန် စတဲ့အချက်များကို အသေးစိတ် ဆွေးနွေးပို့ချခဲ့ကြောင်း သိရပါတယ်။                 ယခုအခါ သင်တန်းတက်ရောက်ခဲ့တဲ့ လယ်ယာထွက်ကုန်ဝန် ထမ်းများမှ ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) အတွင်းရှိ မြို့နယ် ကျေးရွာအုပ်စု အသီးသီးသို့ ၂၀၁၁-၂၀၁၂ မိုးစပါးများရိတ်သိမ်းပြီး ချိန်မတိုင်မီနဲ့ ပဲမျိုးစုံသီးနှံများ စိုက်ပျိုးချိန်မတိုင်မီ ရိတ်သိမ်းချိန် လွန်နည်းပညာများ ရှင်းလင်းဆွေးနွေးရန် စီမံချက်များ ရေးဆွဲပြီး၊ အောက်တိုဘာလ ဒုတိယပတ်မှစ၍ ကွင်းဆင်းဆောင်ရွက်လျက်ရှိ ကြောင်းသိရပါတယ်။ TPIS -ပြည်

Wednesday, 9 Nov 2011

                     ကွမ်းဓလေ့က မြန်မာနိုင်ငံမှာ ရှေးယခင်မြန်မာဘုရင်များလက်ထက်ကတည်း ကရှိခဲ့တဲ့ မြန်မာ့ရိုးရာအလေ့အထဖြစ်ပါတယ်။ ရှေးမြန်မာတို့ရဲ့ အိမ်ဦးခန်းမှာ ကျက်သရေရှိစွာ ခန့်ခန့်ထည်ထည်နေရာယူထားတဲ့ ကွမ်းအစ်ကြီးနဲ့ ဧည့်သည်များကို ဧည့်ဝတ်ပြုလေ့ရှိကြပါတယ်။ မြန်မာတို့ရဲ့ အလှူမင်္ဂလာပွဲတွေမှာလည်း ရပ်ရွာရဲ့ ပြစ်မျိုးမှဲ့မထင်၊ အယဉ်ဆုံး အလှဆုံးသမီးပျိုကလေးတွေကို ကွမ်းတောင်ကိုင်၊ ပန်းတောင်ကိုင်အဖြစ် ပွဲထုတ်လေ့ရှိကြတာ မြန်မာတို့ရဲ့ ရိုးရာဓလေ့ပါ။                          မြန်မာတို့ရဲ့ ရှေးရိုးအစဉ်အလာ ဓလေ့ထုံးစံတွေအနက် အတော်များများ ခေတ်မီတိုးတက်လာတဲ့ လူနေမှုစနစ်ကို အမီမလိုက်နိုင်တော့ဘဲ တစ်စတစ်စ ပျောက်ကွယ်သွားခဲ့ကြသော်လည်း ကွမ်းဓလေ့ကတော့ မပျောက်ပျက်တဲ့အပြင် ပိုမိုတွင်တွင်ကျယ်ကျယ် ဖြစ်လာတာမို့ ယနေ့ခေတ်တိုင် ကွမ်းယဉ်ကျေးမှုခေတ် လို့ဆိုရင် မမှားပါဘူး။ ဘာလို့လဲဆိုတော့ ဒီနေ့ခေတ်မှာ လူတစ်ဦးနဲ့ တစ်ဦးဆုံကြရင် ကွမ်းထုပ်ကလေး လက်ကမ်းပေးရင် နှုတ်ဆက်ကြတာ ထုံးတမ်းစဉ်လာဖြစ်နေ လို့ပါပဲ။                           ယခုအခါ မြို့နယ်တိုင်း၊ ရပ်ကွက်တိုင်း၊ လမ်းဆုံလမ်းထောင့်တိုင်းမှာ ကွမ်းယာ ဆိုင်တွေနေရာယူပြီး တွင်တွင်ကျယ်ကျယ်ရောင်းနေကြပါတယ်။ လူငယ် လူကြီး အသီးသီးကလည်း ပါးစောင်မှာ မြုံ့လို့ တစ်မျိုး၊ အိတ်ကပ်ထဲမှာ ဆောင်ထားလို့ တစ်ဖုံ ကွမ်းကို မြတ်နိုးစွဲလမ်းစွာ စားသုံးနေကြပါတယ်။ အထူးသဖြင့် အဝေးပြေး ကားမောင်းတဲ့ယာဉ်မောင်းများက ခရီးဝေးကို မောင်းနှင်ရင်း အိပ်ငိုက်သွားမှာစိုးလို့ ကွမ်းကို မဖြစ်မနေဝါးကြရတာ ဖြစ်ပါတယ်။                        ကွမ်းယာဆိုင်အချို့ကလည်း စားသုံးသူများစွဲလမ်းပြီး ပိုမိုအားပေးဝယ်ယူ စေလိုတဲ့ ဆန္ဒနဲ့ ကွမ်းယာကို အမျိုးမျိုးအဖုံဖုံ ပြုပြင်မွမ်းမံကြပါသတဲ့။ နို့မှုန့်ကိုကျိုပြီး ကွမ်းစားထုံးထဲမှာ ရောမွှေပြုပြင်လိုက်တော့ နို့ရနံ့လေးမွှေးပြီး ပိုကောင်းသွားတယ်လို့ သိရပါတယ်။ တချို့က ပိုပြီးကောင်းသထက်ကောင်းစေဖို့ ပျားရည်တို့၊ သံပုရာရည်တို့ပါထပ်ပြီး ထည့်ထားသေးတယ်လို့ ဆိုပါတယ်။ ဒီထက်ပိုပြီး စွဲလမ်းစေဖို့အတွက် ဓာတုဗေဒဆေးတွေပါ ရောသမ မွှေထားတာမျိုးလည်း ရှိပါသတဲ့။                      တစ်ခါ ကွမ်းစားဆေးတွေကိုလည်း မှတ်ပုံတင်မဲ့ ဓာတုဗေဒပစ္စည်းတွေ၊ မူးယစ်ထုံထိုင်းဆေးဝါး တွေထည့်ပြီး စားသုံးသူတွေ စွဲလမ်းစေဖို့ ပြုပြင်ထားကြတယ်လို့ သိရပါတယ်။ အိမ်နီးချင်းနိုင်ငံကြီးတစ်နိုင်ငံက ဓာတုဗေဒဆေးဝါးတွေနဲ့ ပြုပြင်ထုတ်လုပ်ထားတဲ့ ကွမ်းစားဆေးတွေကို နယ်စပ်လမ်းကြောင်းမှတစ်ဆင့် မြန်မာနိုင်ငံအတွင်းကို တရားမဝင် အကောက်ခွန်မဲ့တင်သွင်းရောက်ရှိနေပါတယ်။ ကွမ်းယာဆိုင်တွေမှာ 92, 45 ၊ ဘုရင်မ၊ Signal  ဆိုတဲ့ တံဆိပ်မျိုးစုံအဖုံဖုံကို ကွမ်းသမားတို့စိတ်ကြိုက် ဝါးစေဖို့ ရောင်းချနေကြပါရဲ့။ ကွမ်းစားဆေးရဲ့ ရနံ့မွှေးက ကွမ်းသမားကို ဆွဲဆောင်နေသော်လည်း ဓာတုဗေဒဆေးတွေရဲ့ အာနိသင်ကြောင့် စားသုံးသူရဲ့ ကျောက်ကပ်နဲ့ အသည်းကို ထိခိုက်ပျက်စီးစေတာမို့ ကြောက်စရာ ကောင်းလှပါတယ်။                            အိမ်နီးချင်းနိုင်ငံက တရားမဝင်ရောက်ရှိလာတဲ့  Ready made ကွမ်းထုပ်  တွေကလည်း ကွမ်းယာဆိုင်တွေမှာ လွယ်လင့်တကူချိတ်ဆွဲရောင်းချနေတာ တွေ့ရပါတယ်။ ထုပ်ပိုးပုံစံကကောင်းကောင်း၊ ဆွဲဆောင်မှုရနံ့ကလည်း ကောင်းကောင်း ဆိုတော့ ကွမ်းသမားလူငယ်၊ လူကြီးတို့ စွဲလမ်းနှစ်ခြိုက်စွာ ဝယ်ယူစားသုံး နေကြပါတယ်။                            အင်းဝခေတ်မှာ ဖိုးသူတော်ဦးမင်း စပ်ဆိုခဲ့တဲ့ "တံတားဦးက ကွမ်းနုဝါ၊ ငန်းမြာကဆေး၊ ကွမ်းသီးတောင်ငူနဲ့ ကိုင်းထုံးဖြူပြည်ရှား၊ သာဝါးလို့ထွေး" ဆိုတဲ့ မြန်မာ့ရိုးရာကွမ်းကဗျာမှာ ကွမ်းတစ်ယာရဲ့ အင်္ဂါရပ်များဖြစ်တဲ့ ကွမ်းရွက်၊ ဆေး၊ ကွမ်းသီး၊ ထုံးနဲ့ ရှားစေးတို့ကို ထွက်ရှိရာဒေသနဲ့ တကွ ဖွဲ့နွဲ့စပ်ဆိုဖော်ပြခဲ့ပါတယ်။ ယနေ့ခေတ် ကွမ်းယာများမှာတော့ ရှေးမြန်မာတို့ရဲ့ ကွမ်းယာမှာပါတဲ့ ရိုးရှင်းလှတဲ့ ပြည်တွင်းထွက်ကုန်များသာမက ပြည်ပက ဓာတုကွမ်းယာပစ္စည်းတွေကိုပါ ဖွယ်ဖွယ် ရာရာ ရောသမမွှေထားပြီး ကွမ်းသမားတွေကို ဆွဲဆောင် နေကြပါတယ်။                          မြန်မာ့ရိုးရာကွမ်းတစ်ယာမှာပါဝင်တဲ့ ဆေးရွက်ကြီးရဲ့ အာနိသင်က ပိုးမွှားများ ကို သေစေတဲ့အစွမ်းရှိပါတယ်။ အခုပြည်ပက တရားမဝင်အကောက်ခွန်မဲ့ ဝင်ရောက်နေတဲ့ ဓာတုဗေဒကွမ်းစားဆေးက မြန်မာ့ဆေးရွက်ကြီးထက် အာနိသင်ပိုမို ပြင်းထန်တဲ့အတွက် လူသားတို့ကျန်းမာရေးကို ထိခိုက်ဆုံးရှုံးစေတဲ့ ဆိုးကျိုးရလဒ် တွေရှိနေပါတယ်။                          ဒါကြောင့် ပြည်ပနိုင်ငံက တရားမဝင်အကောက်ခွန်မဲ့ ဝင်ရောက်လာတဲ့ ကွမ်းစားဆေးတွေနဲ့ Readymade ကွမ်းထုပ်တွေရဲ့ အန္တရာယ်က မသေးပါဘူး။ ကွမ်းသမားတွေရဲ့ ကျောက်ကပ်တွေ၊ အသည်း တွေထိခိုက်ပျက်စီးမယ့် အန္တရာယ်နဲ့ မူးယစ်ထုံထိုင်းဆေးကို စွဲလမ်းမှုပြဿနာများမှ လွတ်ကင်းဖို့အရေး အကာအကွယ် ပေးဖို့ လိုအပ်နေပါကြောင်း နှိုးဆော်ရေးသားလိုက်ပါတယ်။ ဒေါက်တာခင်ဦးမေ

Tuesday, 15 Mar 2011

 စားသုံးသူတွေ အန္တရယကင်းစေဖို့                      ကျွန်မတို့နိုင်ငံမှာ စက်မှုလက်မှု မထွန်းကားစဉ်က တိုင်းတစ်ပါးက တင်သွင်းတဲ့ အချိုရည်ကို ''ဘိလပ်ရည်'' လို့တင်စားခေါ်ဝေါ်ပြီး သောက်သုံးခဲ့ကြပါတယ်။ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း တစ်မျိုးကိုလည်း ပြည်တွင်းမှာ ထုတ်လုပ်နိုင်ခြင်းမရှိခဲ့စဉ်က ပြည်ပက တင်သွင်းခဲ့ရပြီး ဘိလပ်ကလာတဲ့ မြေ၊ ဘိလပ်မြေရယ်လို့ ခုချိန်ထိ နာမည်တွင်နေခဲ့တာဖြစ်ပါတယ်။                    လက်ရှိကျွန်မတို့နိုင်ငံမှာ စက်မှုလက်မှုလုပ်ငန်းတွေ တိုးတက် ဖွံ့ဖြိုးဖို့ နိုင်ငံတော်ရဲ့ အားပေးပံ့ပိုးမှုနဲ့Industralization  ဆိုတဲ့ စက်မှုခေတ်ကို ဦးတည်ချီတက်နေပါပြီ။ နိုင်ငံအတွင်းမှာ အချိုရည် စက်ရုံ၊ ဘိလပ်မြေစက်ရုံများသာမက စားသောက်ကုန်စက်ရုံတွေ လည်း တည်ထောင်လုပ်ကိုင်နေကြပါပြီ။                     ပြည်တွင်းစက်ရုံများမှ စံချိန်စံညွှန်း အရည်အသွေးမီ၊ အဆင့် အတန်းမြင့်မားတဲ့ ကုန်ထုတ်ပစ္စည်းတွေ ထုတ်လုပ်နိုင်တာနဲ့အမျှ သူ တစ်ပါးထံက ဝယ်ယူတင်သွင်းပြီး စားသုံးနေရမှုတွေ လျော့ပါးလာ လိမ့်မယ်လို့ မျှော်လင့်ပါတယ်ရှင်။ ခုတလောမှာ စားသုံးသူတွေရဲ့ ရင်တွင်းခံစားချက်တချို့ကို ကြားနေရပါတယ်။ သူများနိုင်ငံက မှောင်ခိုဝင်လာတာတွေကို ဝယ်ပြီး စားသုံးရတာ စိုးတထိတ်ထိတ်နဲ့ပါပဲ။ ရောဂါတွေဝယ်ယူနေရသလို ပါပဲ။ ဘယ်လိုဖြစ်ရတာလဲဆိုတော့ ပြည်ပက တရားမဝင်သွင်းလာတဲ့ ခြင်ဆေးခွေတွေမှာ Mepretluthrim ဆိုတဲ့အဆိပ်ပမာဏကို WHO  သတ်မှတ်ချက်ဖြစ်တဲ့ သုည ဒသမ ဝ၃ ရာခိုင်နှုန်းထက် ၂ ဆ၊ ၃ ဆ ပိုပြီးထည့်ထားတာမို့ အစွမ်းအလွန်ထက်ပြီး ခြင်သာမက လူကိုပါ မချန် အဆိပ်သင့်စေပါသတဲ့။                    ပြီးတော့တရားမဝင်သွင်းလာတဲ့ တားမြစ်ပိုးသတ်ဆေးတွေရဲ့ အဆိပ်ဆိုးကျိုးကြောင့် ကွဲျနွားနဲ့ လူတွေ အသက်အန္တရာယ်ကြုံတွေ့ကြရတဲ့ သတင်းတွေလည်း ကြားသိရပါတယ်။                      အိမ်ရှင်မတစ်ဦးဖြစ်တဲ့ ကျွန်မကတော့ နေ့စဉ်ဈေးဝယ်ရင်း မီးဖိုချောင်ထဲမှာ ချက်ပြုတ်ရင်း ကြုံတွေ့နေရတဲ့ စိုးထိတ်စရာ အကြောင်းလေးတွေကို ပြောချင်ပါတယ်။ ဦးဆုံးရင်ဖွင့်ချင်တာက အိမ်နီးချင်းနိုင်ငံတစ်ခုက ဉာဏ်ကြီးရှင် တီထွင်လိုက်တဲ့ ''ဓာတုကြက်ဥ'' လို့ခေါ်တဲ့ ''အင်ကြက်ဥ'' ကိစ္စပါ။ ဒီ ''အင်ကြက်ဥ''တွေက ကြက်မကထွက်လာတာမဟုတ်ဘဲ ဓာတုဗေဒနည်းတွေနဲ့ လုပ်ထား တာတဲ့၊ ကြက်ဥအတုပေါ့ရှင်။ ဒီ''ဓာတုကြက်ဥ''တွေကို စားရင် အာဟာရမဖြစ်တဲ့အပြင် ရောဂါဘယတွေ အပိုဆောင်းလက်ခံရဦး မတဲ့ရှင်။                 နောက်တစ်ခါကြုံရတာက အိမ်နီးချင်းနိုင်ငံက နွားနို့နဲ့ နို့ထွက် ပစ္စည်းတွေထဲမှာ ''မယ်လမင်း''လို့ခေါ်တဲ့ ဓာတုဗေဒပစ္စည်းကိုထည့်ပြီး ပရိုတင်း(အသားဓာတ်)အပြည့်ပါလေသယောင် ဖန်တီးရောင်းချပြန် ပါသတဲ့။ သူတို့နိုင်ငံမှာလည်း ဒီဓာတုနို့၊ ဓာတုနို့မှုန့်တွေသောက်ပြီး ကလေးသူငယ်တွေ အသက်ဆုံးရှုံးရ၊ ရောဂါတွေခံစားကြရပါသတဲ့။ ဒီအဖြစ်ဆိုး ပေါ်ပေါက်ပြီးတဲ့နောက်ပိုင်း သူတို့နိုင်ငံမှာ မသမာတဲ့ ထုတ်လုပ်သူတွေကို ထိထိရောက်ရောက် အရေးယူအပြစ်ပေးခဲ့ပြီး လူတိုင်းလူတိုင်းကလည်း နို့နဲ့နို့မှုန့်တွေမှာ ''မယ်လမင်း'' ပါဝင်မှုကို သေသေချာချာ စစ်ဆေးခဲ့ကြပါတယ်။                  ဒီလိုစစ်ဆေးမှုတွေ သေသေချာချာပြုလုပ်နေတာကို ရှောင်တိမ်းတဲ့အနေနဲ့ မသမာသူတွေက နောက်ထပ် နည်းလမ်းသစ်တစ်မျိုး တီထွင်လိုက်ကြပြန်ပါရော။ နို့နဲ့နို့ထွက်ပစ္စည်းထဲမှာ ''မယ်လမင်း'' အစား ဘာကိုထည့်သလဲဆိုတော့ ''နွားရဲ့သားရေ''ကို ထည့်ကြပါသတဲ့ရှင်။ နွားသားရေထည့်လိုက်တဲ့အခါမှာ နွားသားရေကထွက်တဲ့ ပရိုတင်းဓာတ်ကြောင့် နို့နဲ့နို့မှုန့်မှာ အသားဓာတ်ပရိုတင်း အပြည့်ပါ တဲ့ပုံ ပေါက်စေပါသတဲ့။                    ''မယ်လမင်း'' ပါတဲ့ နို့နဲ့နို့ထွက်ပစ္စည်းတွေကို မြေမြှုပ်၊ မီးရှို့ဖျက်ဆီးဖို့ အစိုးရက အမိန့်ထုတ်ခဲ့ပေမယ့်လည်း တချို့ထုတ်လုပ်သူတွေ က သိုဝှက်ထိန်းသိမ်းထားခဲ့ပြီး နောက်တော့မှ စားသောက်ကုန်ပစ္စည်း မုန့်တွေထဲမှာထည့်ပြီး ရောင်းနေကြတယ်လို့ဆိုပါတယ်။ ထပ်ပြီးကြားသိရတဲ့ သတင်းတစ်ခုကတော့ တစ်ဖက်နိုင်ငံနယ် စပ်မှာ စားသောက်ကုန်ထုတ်လုပ်တဲ့ စက်ရုံတွေကို စစ်ဆေးတဲ့အခါ အောက်စော်နံပြီး ပုတ်သိုးနေတဲ့ ဆန်တွေ၊ ဂံျုတွေကို ဓာတုဆေးဝါး အစွမ်းနဲ့ အရောင်ချွတ်ပြုပြင်ပြီး စွဲမက်စေတဲ့ရနံ့နဲ့ အရသာမွမ်းမံမှု တွေ ထည့်သွင်းလို့၊ အသင့်စားခေါက်ဆွဲခြောက်နဲ့ စားချင့်စဖွယ်မုန့် တွေ ထုတ်လုပ်နေတာကို တွေ့ရှိဖမ်းမိတဲ့အကြောင်းပါ။ မွေးမြူရေး တိရစ္ဆာန်အစာအဖြစ်တောင် အသုံးပြုဖို့ မသင့်လျော်တဲ့ ပစ္စည်းတွေ  ကို စွန့်ပစ်ရမယ့်အစား ''ဘယ်သူသေသေ-ငတေမာရင်ပြီးရော'' ဆိုပြီး လုပ်ရက်ပါပေ့ရှင်။             နောက်တစ်မိုျးကြားရသေးတာက အိမ်နီးချင်းနိုင်ငံမှာ အကြိမ်ကြိမ် အထပ်ထပ် ကြော်ထားလို့ အရောင်မည်းတူးပြီး စားသုံးဖို့ လုံးဝ မသင့်တဲ့ ဆီတွေကို ဓာတုဆေးအစွမ်းနဲ့ ကြည်လင်ဝင်းဝါအောင် ပြုလုပ်ပြီး ကျွန်မတို့နိုင်ငံကိုတရားမဝင် တင်သွင်းတာပါ။ ဒီလိုဆီ တွေကို ရေရှည်စားရင် ကင်ဆာရောဂါအထိ ဖြစ်စေနိုင်ပါတယ်။ အာဟာရဖြစ်စေဖို့ ကြက်ဥစား၊ နွားနို့သောက်နေရင်း ရောဂါ တွေဝယ်ယူသလို ဖြစ်နေမလား၊ အောက်သိုးနေတဲ့ ဆန်တွေကို ဓာတုဆေးနဲ့ အရောင်ချွတ်ပြုပြင်ပြီး ဓာတုကြက်ဥ၊ ဓာတုနို့မှုန့်တွေနဲ့ မွမ်းမံထုတ်လုပ်ထားတဲ့ မုန့်တွေ၊ စားသောက်ဖွယ်ရာတွေကို ကျွန်မတို့ စားနေမိပြီလား။                  ကျွန်မတို့နိုင်ငံကို တရားမဝင်အောက်လမ်းက နည်းပေါင်းစုံ ဝင်ရောက်နေတဲ့ စားသောက်ကုန်အမျိုးမျိုးမှာ ဓာတုဗေဒ အဆိပ် အတောက်ပစ္စည်းတွေ အနည်းနည်းအဖုံဖုံ ရောစပ်ပါဝင်နေတာ ကျွန်မတို့ သိနေရပါပြီ။ တစ်ခါတည်း တုံးကနဲ ပစ်လဲလို့ သေသွားလောက်တဲ့ အဆိပ်ပမာဏ မဟုတ်သော်လည်း နောင်ရေရှည်မှာ လူမျိုးနဲ့ချီပြီး ရောဂါဘယတွေ ခံစားရမှာ၊ ကျန်းမာရေးချွတ်ယွင်း လာမှာ၊ ကိုယ်ခန္ဓာကြီးထွားကြံ့ခိုင်မှုနဲ့  ဉာဏ်ရည် ဉာဏ်သွေး ဖွံ့ဖြိုးမှု တွေ ထိခိုက်လာမှာ စိုးရိမ်ဖွယ်ရာပါရှင်။ မိသားစုတစ်စုရဲ့ မီးဖိုချောင် ကအစပြုလို့ နိုင်ငံနဲ့ လူမျိုးတစ်မျိုးလုံးအထိ စိုးရိမ်ရမယ့်အဖြစ်တွေပါ။ တရားဝင်လမ်းကြောင်းက နည်းမှန်လမ်းမှန်ဝင်ရောက်လာတဲ့ စားသောက်ကုန်ပစ္စည်းတွေကို ကျန်းမာရေးဝန်ကြီးFood and Drug Administration  မှစစ်ဆေးပြီး Fit for Human Consumption ထောက်ခံချက် ရရှိပြီးမှသာ ဖြန့်ဖြူးရောင်းချခွင့် ရှိတဲ့အတွက် တရားဝင်လမ်းကြောင်းက တင်သွင်းလာတဲ့ပစ္စည်းများ ကို အန္တရာယ်ကင်းစွာ စားသုံးနိုင်တယ်လို့ သိရပါတယ်ရှင်။ ၂ဝ၁၁ ခုနှစ်ရဲ့ နှစ်စဖြစ်တဲ့ ဇန်နဝါရီလမှာ စားသောက်ကုန် လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ဓာတ်ခွဲခန်းကို UMFCCI  ရုံးချုပ်မှာ ဖွင့်လှစ်ခဲ့တယ်လို့ ကြားသိရပါတယ်။ FDA  ရဲ့ လမ်းညွှန်မှုများအရ စားသောက်ကုန်များရဲ့ စံချိန်စံညွှန်းနဲ့ အရည် အသွေးများကို ဓာတ်ခွဲစစ်ဆေးပေးနေကြောင်း သိရှိရပါတယ်။ နိုင်ငံ တကာ အသိအမှတ်ပြုဓာတ်ခွဲခန်းအဆင့်သို့ ရောက်ရှိစေရန် ဆက် လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမယ်လို့ သိရတဲ့အတွက် စားသုံးသူများကို အကာအကွယ်ပေးမယ့် ဝမ်းမြောက်ဖွယ်သတင်း ကောင်းဖြစ်ပါတယ်ရှင်။

Thursday, 14 Jan 2010

    ဟင်းခတ်အမွှေးအကြိုင်ဖြစ်သော နနွင်းနှင့်ငရုတ်ကောင်းသည် ရင်သားကင်ဆာဖြစ်ပွားမှုကို တားဆီးပေးနိုင်သည်ဟု  အမေရိ ကန်သုတေသန ပညာရှင်များကဆိုပါသည်။

Thursday, 14 Jan 2010

    ယခုအခါ ရာသီဥတုမှာအကန့် အသတ်အတားအဆီးမရှိဘဲဖြစ်နေပြီး ယင်းကြောင့်အိန္ဒိယနိုင်ငံ (Uttar Pradesh)  ပြည်နယ်( Amroha ) ခရိုင်ရှိဆောင်းရာသီအလယ်ကာလတွင် သရက်ပင်များအပွင့်ပွင့်၊ အသီးသီးနေမှုများသည် လယ်သမားများကို အံ အားသင့်စေကြောင်း၊ သရက်ပင်များသည် အပွင့်ပွင့်နေပြီး ဘာဆက်ဖြစ်မည်ကို မသိကြောင်း၊ နှင်းကျစဉ် (သို့မဟုတ်) အပူချိန် ကြောင့် ယင်းတို့ေြွကကျမည်ကိုစိုးရိမ်ကြောင်း၊ လယ်သမားတစ်ဦးကဆိုပါတယ်။

Saturday, 27 Jun 2009

Podcast ဆိုတာဟာခရီးဆောင် မဒီယာပလေနဲ့ ကွန်ပျူတာတွေ အသုံးပြုနားထောင်ဖို့အတွက် syndication feed တွေသုံးကာ အင်တာနက် ကနေ တစ်ဆင့်ဖြန့်ချိတဲ့ ဒီဂျစ်တယ် မီဒီယာဖိုင်တွေကိုဆို လိုခြင်းဖြစ်ပါတယ်။ Podcast ဆို တဲ့ စကားလုံး ကို အသံလွှင့်ခြင်း (broadcast() မှာလိုမျိုးပဲ Syndicate ပြုလုပ်ဖြန့်ချိတာကိုရော ဒီဂျစ်တယ် ဖိုင်တွေအတွက်ပါ (ဥပမာ Podcast လုပ်တယ်၊ Podcast ဖိုင်) စသည်ဖြင့် ခေါ်ဝေါ်လေ့ရှိကြပြီး တစ်ခါတရံမှာတော့ podcasting ဆို ပြီးလည်း ခေါ်ဆိုတတ် ကြပါတယ်။ Podcast ပြုလုပ်သူတွေကိုဆိုရင် တော့ podcaster လို့သုံးနှုန်းတဲ့ အကြောင်းလည်း သိရပါတယ်။  

Pages