Main menu

Background

Thursday, 19 Feb 2015

အတွဲ(၁၅)အမှတ်(၇)

Tuesday, 23 Sep 2014

ယှဉ်ပြိုင်မှုပေါ်လစီ (Competition policy) သည် တစ်ခုတည်းသော ဈေးကွက် (Single market) ကို တည်ေ ထာင် လျက်ရှိသည့် အာဆီယံ၏ ရည်ရွယ်ချက်နှင့် နီးစပ်စွာ ဆက်နွယ် နေပါသည်။ တစ်နည်းအားဖြင့် ယှဉ်ပြိုင် မှုပေါ်လစီသည် ကုန်စည်၊ ဝန်ဆောင်မှု၊ အရင်းအနှီးနှင့် လုပ်သားတို့ လွတ်လွတ် လပ်လပ်စီးဆင်းတော့မည့် ၂၀၁၅ ခုနှစ် အာဆီယံ စီးပွားရေး အသိုက်အဝန်း (AEC) အတွက်

Tuesday, 23 Sep 2014

ရန်ကုန်မြို့တော်ကြီးဟာ နိုင်ငံတော်ရဲ့ အထင်ကရ စီးပွားရေးအချက်အခြာ မြို့တော်ကြီးပီပီ တစ်နေ့တခြား ကြီးမား စည်ကား တိုးတက်ဖွံ့ဖြိုးပြီး လူဦး ရေလည်းများပြားလှတာတွေ့ရပါတယ်။ လူတွေနဲ့အညီ တစ်ပြိုင်တည်း တိုးတက် များပြားလာတာတွေကတော့အဆောက် အဦအသစ်တွေနဲ့ ကားအသစ်တွေပါပဲ။

Wednesday, 10 Sep 2014

 

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်သည် ရေကြည်၊ ငါးသိုင်းချောင်း၊ အသုတ်မြို့များနှင့် ပေါင်း စပ်ဖွဲ့စည်းထားပြီး ရပ်ကွက်ကျေး ရွာအုပ်စု ၉၉ အုပ်စုရှိသော မြို့နယ် တစ်မြို့နယ်ဖြစ်သည်။ အဓိကစီးပွားရေး လုပ် ငန်း မှာလယ်ယာလုပ်ငန်းဖြစ်ပြီး အင်းအိုင် ချောင်းမြောင်းပေါသဖြင့် အင်းလုပ်ငန်း၊ ငါးမွေးမြူရေးလုပ်ငန်း၊ ကြိမ်ချော ထည်လုပ်ငန်းများ အပါအဝင်လက်မှုလုပ်ငန်းများ ကာယ၊ ဉာဏလုပ် သားများနှင့်အတူ အနည်းငယ်ေ သာ ရောင်း ဝယ်ဖောက် ကားမှုများရှိသော မြို့နယ်တစ်မြို့နယ်ဖြစ်သည်။ ကျေး လက်နေ ပြည်သူများပြီး လယ်လုပ်ငန်း နှင့် လယ် ယာ လုပ်သားများမှာပို၍ များ ပြားသည်။ သီးနှံဈေး မကောင်းခြင်း မြို့နယ်တွင်းလုပ်ခကြေးငွေ နည်းပါးခြ ၊ ရေကြီး နစ်မြုပ် မှု များခြင်း၊ အလုပ်အကိုင် အခွင့်အလမ်းနည်းပါးခြင်းတို့ကြောင့်

Wednesday, 27 Aug 2014

ဘောဂဗေဒဘာသာရပ်ရှိ ဈေးကွက်သဘောတရားသင်ခန်းစာတွင်အားမျှခြေဟူသည့်အယူအဆရှိ သည် ။ ဈေးကွက်အင်အားစုနှစ်ရပ်ဖြစ်သည့်ဝယ်လိုအားနှင့် ရောင်းလိုအားတို့၏အတက်အကျအခြေအနေများ အရ ဈေးနှုန်း သည်အနိမ့်အမြင့် ဖြစ်ပေါ် ပြောင်းလဲလျက်ရှိပြီးနှစ်ဖက်သဘောတူ လက်ခံသည့်အခြေအနေ (ဈေးနှုန်း)တွင်မူ အားမျှခြေအနေအထား ဖြစ်လာသည်။ထိုအခြေအနေတွင်အရောင်း အဝယ်များ ဖြစ်ထွန်းပြီး ဈေးကွက် ယန္တယား သည် လည်း စွမ်းဆောင်ရည် ရှိစွာလှုပ်ရှားလာနိုင်၏။ယခုထိုသဘော

Tuesday, 12 Aug 2014

 
ဧပြီလ တစ်ညတွင် အိုဟိုင်းယိုး ပြည်နယ်ရှိ အိပ်ခန်းတွင် အိပ်ပျော် နေကြသော ဇနီးမောင်နှံ နှစ်ဦးသည် ''အချစ်ရေ- -- ထေ လ''ဟူသော အမျိုး သား တစ်ယောက်၏ အသံကြောင့် အိပ်ရာမှလန့်နိုးလာခဲ့သည်။ ခင်ပွန်းဖြစ် သူက အသံလာရာကိုလိုက်ရှာသောအခါ သမီးအိပ်နေစဉ် ကြည့်ရှုနိုင်ရန်

Wednesday, 30 Jul 2014

ယနေ့တိုင် ဖွံ့ဖြိုးဆဲနိုင်ငံကြီးဟုသတ်မှတ်ထားဆဲဖြစ်သည့် တရုတ်နိုင်ငံကို တစ်ကမ္ဘာလုံးကစောင့်ကြည့်ကြသည်။ တရုတ်နိုင်ငံသည် ပြည်တွင်းထုတ်လုပ်မှုဂျီဒီပီပမာဏလည်းတဖြည်း ဖြည်းကြီးမားနေသောနိုင်ငံဖြစ်၏။ပို၍အရေးကြီး သည့် အချက်မှာ ကမ္ဘာ့ ဈေးကွက်အားလုံးကို ထိုးဖောက်ဝင် ရောက်နေသောကမ္ဘာ့အကြီးဆုံး ပို့ကုန် နိုင်ငံကြီးဖြစ်နြေ ခင်းဖြစ် သည်။ ဖွံ့ ဖြိုးပြီးနိုင်ငံများကတရုတ်နိုင်ငံကို သတိ ထားစောင့်ကြည့်နေသကဲ့သို့ ကမ္ဘာ့ဖွံ့ဖြိုး ဆဲနိုင်ငံများသည်လည်း တရုတ် နဂါး ၏ အမြီးလှုပ်၊ ခေါင်းလှုပ် အခြေအနေ အပြောင်းအလဲများကို သတိဝီရိယဖြင့် စောင့်ကြည့်ရန်လိုနေပေသည်။ အဘယ်ကြောင့်ဆိုသော် တရုတ် နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်လာမှုသည် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ကုန်သွယ်မှုပုံစံများ၊ ကုန်သွယ် မှုမြင်ကွင်းအနေအထားများကို များစွာပြောင်းလဲ နိုင်စွမ်းရှိနေသော ကြောင့်ဖြစ်သည်။ တရုတ်နိုင်ငံနှင့်အတူ တစ်ချိန် တည်း မှာပင် ဘရာဇီး၊ အိန္ဒိယ၊ အခြားသော အလယ်အလတ် ဝင်ငွေရှိ နိုင်ငံများကလည်း အလျင်အမြန်ဖွံ့ဖြိုး တိုးတက်လာခဲ့ကြ သည်။ ထိုသို့တရုတ် နိုင်ငံအပါအဝင်ထိုနိုင်ငံများ ပြောင်းလဲတိုးတက်လာမှုများကြောင့်နိုင်ငံတကာ ဈေးကွက် တွင် သဘာ၀ သယံဇာတအခြေခံ ပို့ကုန်များ၏ ဈေးနှုန်းများအဆက် မပြတ်မြင့်တက်လာနိုင်သည့် အရိပ်အရောင်များရှိလာသည်။ ပို့ကုန် အမယ်မျိုးကွဲများအတွက်လည်းအဓိကအခွင့်အလမ်းများဖန်တီးမှုများရှိနေသည်။ထိုအခွင့်အလမ်းများကိုရယူပြီးထိထိ ရောက်ေ ရာက်အသုံးချနိုင်ရေးသည် ဖွံ့ဖြိုးဆဲနိုင်ငံငယ်များအတွက်သော့ချက် သဖွယ်ဖြစ်လာနေသည်။ သို့သော် တရုတ်နိုင်ငံ အပါ အဝင် ကုန်သွယ်မှုအားကောင်းလာသည့် နိုင်ငံများထံမှ ဖြစ်လာနိုင်ရန အလားအလာရှိသည့် ဖွံ့ဖြိုးဆဲနိုင်ငံငယ်များ အတွင်း ရှိလုပ်ငန်းများထုတ်လုပ်မှု တိုးတက်လာစေရေး၊ ထုတ်လုပ်မှုစရိတ်စကကျဆင်းလာစေ ရေးမှာဖိအားဖြစ်လာခဲ့သည် ။ထိုဖိ အား များကြောင့် ဖွံ့ဖြိုးဆဲနိုင်ငံငယ်များအတွက်လိုအပ်သည့်အခြားသောနိုင်ငံ ခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများရရှိေ စ ရေး ဆွဲဆောင်မှုများတွင်လည်း အခက် အခဲများရှိလာနိုင်သည်။အပြောင်းအလဲများကြောင့်ပြောင်းလဲခြင်း အချိန်ကာလပြောင်းလဲမှုများနှင့် အတူကမ္ဘာကြီး၏အခြေအနေအပြောင်း အလဲများ၊ ကမ္ဘာပေါ်တွင် နေထိုင်ကြ သည့်လူသားများ၏အပြုအမူအပြောင်းအလဲများကြောင့် ကမ္ဘာ့ကုန်သွယ်ရေး မြင်ကွင်းများမှာလည်း ပြောင်းလဲလျက် ရှိနြေ ကပြီဖြစ်သည်။ နိုင်ငံတကာကုန် သွယ်မှုနှင့် ဆက်စပ်မှုရှိသည့် အောက် ပါအခြေအနေ အပြောင်းအလဲ များဖြစ် ပေါ်လာ လိမ့်မ ည်။ ထုတ်လုပ်မှုပုံသဏ္ဍာန်များပြောင်း လဲလာခြင်း၊နိုင်ငံအများစုမှာ ပို့ကုန် အမျိုးအစားအရေအတွက် အနည်းငယ် ပေါ်တွင် သာမှီခိုနေရသည့်အခြေအနေ ဖြစ်ပေါ်လာခြင်း၊စီးပွားရေးပွင့်လင်းမှုသည် အခွင့်အလမ်းများယူဆောင်လာ သော်လည်း ထို ပွင့်လင်း မှုကြောင့်ကမ္ဘာလုံးဆိုင်ရာရှော့ခ်များဖြစ်လာသည့်အခါဖွံ့ဖြိုးဆဲနိုင်ငံများသည် ဖွံ့ဖြိုးပြီးနိုင်ငံများ ထက်ပို၍ ထိခိုက် လွယ်မှုများရှိလာခြင်း၊ ယခင်က ကုန်သွယ်ရေးရာကိစ္စများတွင် အရေးတကြီး ဆွေးနွေးကြရသည့်  အကောက်ခွန် ဆိုသော အရာသည်နောက် ပိုင်းကာလများတွင် အရေးကြီးသော အကြောင်းအဖြစ် ဆွေးနွေးမှုနည်းပါး လာခြင်း၊ ကုန်သွယ်မှုသည် သဘာဝပတ်ဝန်းကျင်နှင့်ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုများအပေါ်တွင်မှီခိုလာနေရပြီးထိုအပြောင်းအလဲများသည်ကုန် သွယ်မှု ကဏ္ဍအတွက် ရေရှည်ရင်ဆိုင်ရ မည့် စိန်ခေါ်မှုများဖြစ်လာခြင်း။
အပြောင်းအလဲများကို သတိရှိခြင်း
ဖွံ့ဖြိုးဆဲနိုင်ငံများအနေဖြင့်အနာဂတ် ကမ္ဘာ့ကုန်သွယ်ရေးနယ်ပယ်၌ယခင် ကာလများကနှင့်မတူသည့် ပိုမို ရှုပ်ေ ထွးသောအခက်အခဲများတွေ့ကြုံရင်ဆိုင်လာရဖွယ်ရှိသည်ကိုသတိပြု၍ကုန်သွယ် ရေးပေါ်လစီများရေးဆွဲသည့်အခါ အေ ရး ပေါ် အစီအမံများကိုပါထည့်သွင်းရေးဆွဲ ထားရန်လိုသည်။ သမားရိုးကျ ကုန်သွယ် ရေးပေါ် လစီများ သည်နိုင်ငံ၏ စက်မှု ဖွံ့ဖြိုး ရေး ဆိုင်ရာသို့မဟုတ် စီးပွားရေးဖွံ့ဖြိုး မှုဆိုင်ရာပေါ်လစီများအတွက်ထိရောက်မှု အားအလွန်နည်းသော ကိရိယာ များြ ဖ စ် နေကြသည်ကို ယခင်ကာလများက အတွေ့အကြုံများအရသိထားခဲ့ပြီးဖြစ် သည်။ ယခင်ကာလများကရေးဆွဲထား သောပေါ်လစီများသည်သက်ဆိုင်ရာ အဖွဲ့အစည်း၊ဝန်ကြီးဌာနများ၏တာဝန်ယူ လုပ်ဆောင်ရမည့်နယ်ပယ်များကိုကျော်လွန်နေသည်များရှိနေပြီးလုပ်ဆောင်ရမည့်လုပ်ငန်းတာဝန်၏အသေးစိတ်အခြေအနေ မျာထက် ပိုမိုစွာရေးဆွဲထားသည်များလည်းရှိနေသည်။ တာဝန်ယူလုပ် ဆောင်မှုများကြောင့် ဖြစ်ပေါ်လာသောကုန်သွယ်မှု ဆိုင်ရာဂယက်ရိုက်ခတ်မှုများ ကို ထည့်သွင်းစဉ်းစားခြင်းမျိုးလည်း မရှိပေ။ လူ့စွမ်းအားအရင်းအမြစ်နှင့် စီမံအုပ်ချုပ်မှုစွမ်းရည် အားနည်းနေသေး သောအကန့်အသတ်ဖြင့်ရှိနေသေးသောဖွံ့ဖြိုးဆဲနိုင်ငံများအနေဖြင့် နိုင်ငံတကာကုန်သွယ်ရေးအခြေ အေ နနှင့် မြင်ကွင်း အပြောင်းအလဲများကိုပါထည့်သွင်းစဉ်းစား လုပ်ဆောင်ရမည်ဖြစ်ပေသည်။

Wednesday, 23 Jul 2014

၇.၆ အရောင်းမြင့်တင်ရေး အမျိုးသားစံချိန်စံညွှန်းအဖွဲ့တစ်ခုတွင်၎င်းကိုယ်တိုင်နှင့် သက်ဆိုင်သူများအား ပေးနိုင်သည့်၎င်း၏ထုတ်ကုန်နှင့် ဝန် ဆောင် မှုများကို အရောင်းမြှင့်တင်ရေးပြုလုပ်ရန် တာဝန်တစ်ခု ရှိသကဲ့သို့ စံချိန်စံညွှန်း၏ အကျိုးကျေးဇူး ကို မြှင့် တင်ရေး ပြု န်လည်း တာဝန်လည်း ရှိပါသည်။ ပုံနှိပ်မီဒီယာ သို့မဟုတ် တီဗီမှ ဆက်သွယ်မှုများ စံချိန်စံညွှန်းကိစ္စများကို အများပြည်သူ သတိပြုမှုများ မြှင့်တင်မှုများ၊ မီဒီယာနှင့် ကောင်းမွန်သော

Wednesday, 23 Jul 2014

စွန့်စားခန်းများ၊ လှုပ်ရှားတက်ကြွမှုများကို လူတော်တော်များများက ကြိုက်နှစ်သက်ကြပါတယ်။ဟောလိဝုဒ် မှ ရုပ်ရှင်များကို လူ အများစွဲစွဲမက်မက် ကြည့်ရှုကြသည်မှာ စွန့်စားခန်းများနဲ့ အောင်မြင်မှုပါသောအချက်များကြောင့် ဖြစ်မယ်ထင်ပါတယ်။ စွန့်စားမှု များကို ဘာကြောင့်ကြိုက်နှစ်သက်ကြပါသလဲ။ ရင်တုန်စိတ်လှုပ်ရှား ရသဖြင့်လည်း ဖြစ် နိုင် ပါတယ်။ အောင်မြင်မှုများကို စွန့် စားမှုများကြားမှ ရရှိခြင်းကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အခြားသော အချက် များမှာ ပေးဆပ်ရမှုတွင် ဖြစ်တန်စွမ်းနှင့် တွက်လျှင်နည်းပါးသော်လည်းရရှိသော အကျိုးအမြတ် များပြားသောကြောင့် လည်း ဖြစ်နိုင်ပါတယ်။ အောင်မြင်မှု ရရှိတာ နဲ့ တစ်ပြိုင်နက် ငွေကြေး၊ ရာထူး၊ သိက္ခာများ၊ ပိုင်ဆိုင်ခွင့်ရရှိမှု များပြား မြင့်မားခြင်းကြောင့်လည်း ဖြစ်နိုင်ပါ တယ်။ စွန့်စားမှုများကို လူအများကြိုက် နှစ်သက်တာကတော့ သေချာပါတယ်။

Pages