Main menu

Background

Friday, 18 Jul 2014

 
စင်္ကာပူနိုင်ငံတွင် စားသုံးသူ အကာအကွယ်ပေးရေး လုပ်ငန်းများကို ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးဌာနမှ အဓိက တာဝန်ယူ ဆောင်ရွက်လျက်ရှိ ပါသည်။ စင်္ကာပူနိုင်ငံ၏ စားသုံးသူ အကာအကွယ်ပေးရေး ဥပဒေအရ စားသုံးသူများအား တရားမျှတမှု မရှိ သော အလေ့အထများကြောင့် ထိခိုက် နစ်နာမှုများအတွက် တရားရုံးတွင် တရားမလမ်းကြောင်း အရ ဖြေရှင်းခြင်း မပြုမီ ဥပဒေမူဘောင်အတွင်းမှ ကုစား ပေးနိုင်သည့် အခွင့်အရေးများ ရရှိစေ ပါသည်။ စင်္ကာပူနိုင်ငံတွင် ထုတ်ကုန် လုံခြုံစိတ်ချရမှုအတွက် ဝန်ကြီးဌာန အသီးသီးမှ ကဏ္ဍအရပ်ရပ်တွင် ဥပဒေ များပြဋ္ဌာန်းထားပြီး အရေးယူဆောင် ရွက်လျက်ရှိပါသည်။

Friday, 27 Jun 2014

 
အမေရိကန်လူမျိုးတွေကြားမှာ အဖြစ်များတဲ့ အရိုးအဆစ်ရောင်ရမ်းနာ ကတော့အရိုးအဆစ်များကြား မှာကြားခံ ပေးထားတဲ့ အရွတ်များပါးသွားတဲ့ အတွက် ကိုက်ခဲမှုဝေဒနာခံစားရခြင်း ဖြစ်ပါတယ်။ စပျစ်သီးမှာ ပါဝင်တဲ့ူpolyphenolsဓာတ် ဟာနာကျင် ကိုက်ခဲမှု ဝေဒနာကိုသက်သာစေပါတယ်။ဒီ အတွက် စပျစ်သီး စားသုံးခြင်းအားဖြင့် ဒူးနာနဲ့အဆစ်အမြစ်နာကျင်ကိုက်ခဲမှု သက်သာပြေပျောက်စေခြင်းကို အမေရိ ကန်နိုင်ငံ တက္ကဆက်အမျိုးသမီး တက္ကသိုလ်မှ့Shanil Jumaနဲ့

Friday, 27 Jun 2014

 
နေ့စဉ်အချိန်မှန်အိပ်စက်ခြင်း၊နိုးထခြင်းတို့ကို ပြုလုပ်ခြင်းအားဖြင့် အစားအစာ စားသုံးမှု၊ ကိုယ်ခန္ဓာပိုင်းဆိုင်ရာ လှုပ်ရှား မှုများ နဲ့ဟော်မုန်းများကို အကျိုးသက်ရောက်စေတယ်လို့ သုတေသီများရဲ့ လေ့လာချက်များက ဖော်ထုတ်နိုင်ခဲ့ပါတယ်။ အမေရိ ကန်နိုင်ငံ Utah &Sd Brigham Young University rSBruce W-Bailey နဲ့ အဖွဲ့ဟာ သက်ကြီးပိုင်း အမျိုးသမီး ၃၃၀ ကျော် ကို ခေါ်ယူပြီး အိပ်စက်မှုရဲ့ ခန္ဓာကိုယ်အလေးချိန်ပေါ် သက်ရောက်မှုကို လေ့လာမှုပြုခဲ့ကြပါတယ်။

Friday, 27 Jun 2014

 
စိတ်ရောဂါရှိရင် စိတ်နှင့်ပတ်သက် တဲ့အလုပ်အကိုင်များ၊အပြုအမူများပြောင်း လဲတတ်တယ်။ပြောင်းလဲတတ်တဲ့အပြု အမူ၊အတွေးအခေါ်များမှာ အောက်ပါ အတိုင်းဖြစ်တယ်။အမှန်ကိုမသိခြင်း(သို့မဟုတ်) ခံစားမှု မှားခြင်း (Illusion) ယင်းတွင်မြင်ရတွေ့ရသောအရာ ကို သဘာဝအမှန်အတိုင်းမသိမြင်ဘဲ၊ လွဲချော်၍သိမြင်ခြင်းဖြစ်တယ်။ ဥပမာ ထီးကိုမမြင်ဘဲ ဓားလို့မြင်သူ၊ ထီးကိုင် လာတဲ့သူကို ဓားကိုင်လာတဲ့သူစသဖြင့် ခံစားမှုမှား ခြင်းဖြစ်တယ်။ ဥစ္စာ စောင့်သိုက်ထဲက လာတာစသဖြင့် မိမိ ကိုယ်မိမိမဖြစ်နိုင်တာတွေး၍ခံယူတယ်။

Wednesday, 11 Jun 2014

ဆွစ်ဇာလန်နိုင်ငံသားတို့ကမိမိတို့ဘဝကိုအကျေနပ်ဆုံးဖြစ်မိကြသည်မှာဒုတိယမြောက် နှစ်ထဲသို့ ရောက်လာခဲ့ပြီဟု ပိုမိုေ ကာင်းမွန်သော ဘဝညွှန်းကိန်း(Better Life Index) သုတေသနအဖွဲ့က ထုတ်ပြန်ကြေညာလိုက်သည်။ စက်မှုနိုင်ငံ များ ပါဝင်သည့်စီးပွားရေးပူးပေါင်း ဆောင်ရွက်ရေး နှင့် ဖွံ့ဖြိုးမှုအဖွဲ့(OECD) က ထုတ်ပြန်သည့် အစီရင်ခံစာတွင် အမေရိကန်ြ ပည်ထောင်စုသည်  အပျော်ရွှင်ဆုံး ၁၀ နိုင်ငံစာရင်းထဲမဝင်နိုင်ခဲ့ သည်မှာ လေးနှစ်ဆက်တိုက်ရှိခဲ့ပြီဟု ဖော်ပြထား သည်။ အိမ်နီးချင်းမက္ကဆီကိုနှင့်ကနေဒါနိုင်ငံတို့ သည်လည်း အပျော်ဆုံးနိုင်ငံထဲမှာ မပါနိုင်ခဲ့ချေ။

Thursday, 13 Feb 2014

တရုတ်နိုင်ငံမြောက်ပိုင်း မူရင်း သီးနှံဖြစ်တဲ့ ကီဝီသီးကို ၂၀ ရာစုနှစ် များဆီက နယူးဇီလန်နိုင်ငံကို ပထမဆုံး သယ်ဆောင်သွားပြီး စိုက်ပျိုးခဲ့ပါတယ်။ ကီဝီသီးကို တရုတ်ဘဲငန်းဘယ်ရီသီး (Chinese Gooseberry) လို့လည်း သိ ကြပါတယ်။ ကီဝီသီးများထွက်ရှိပြီး ပြည်ပသို့တင်ပို့ရမဲ့အချိန်ရောက်သောအခါ ပို့ကုန်ဂျူတီအများကြီး မပေးဆောင်ရ အောင် သစ်သီးရဲ့အမည်ကိုကီဝီသီးလို့ ပြောင်းလဲခေါ်ဝေါ်ခဲ့တာဖြစ်ပါတယ်။ New Zeeland နိုင်ငံရဲ့သင်္ကေတ ကီဝီ ငှက်ကိုတင်စားပြီး ကီဝီသီးလို့ နာမည် ပေးခဲ့တာဖြစ်ပါတယ်။ ကီဝီငှက်ဟာ အရွယ်သေးပြီးအရောင်မှာအညိုရောင် ရှိပါတယ်။ခန္ဓာကိုယ်ကအမွှေးအတောင် ပွနေပါတယ်။ ဒါကြောင့်တရုတ်ဘဲငန်း ဘယ်ရီသီးလို သေးငယ်ပြီး အမွှေးလေး များဖုံးနေတဲ့အတွက် ကီဝီ လို့ အမည် ပေးလိုက်တာဖြစ်ပါတယ်။ ကီဝီသီးဟာ အရသာပြည့်ဝတဲ့ အစာတစ်မျိုးဖြစ်ပါတယ်။ ကီဝီသီးဟာ အာဟာရဓာတ် မြင့်မားစွာပါဝင်ပြီး ကယ်လိုရီပါဝင်မှုနိမ့်ပါတယ်။ ကီဝီသီး ကိုစားသုံးခြင်းဖြင့်သွေးတိုးရောဂါဖြစ်ပွား မှုကိုလျော့ကျစေပြီး နှလုံးရောဂါနဲ့ နှလုံးလေသင်တုန်းဖြတ်ခြင်းတို့ကို ကာ ကွယ်ပေးပါတယ်။ဒါ့အပြင်အသားအရေ အရောင်အဆင်းနဲ့အသားအရေများကောင်း မွန်စေနိုင်စွမ်းရှိပါတယ်။ ဒါကြောင့်မို့ ကျန်းမာရေး ရှုဒေါင့် ကကြည့်လျှင် အကျိုးပြုတဲ့ ကီဝီသီးကို မိမိတို့နေ့စဉ်စားသုံးတဲ့အစားအစာများ မှာ ထည့်သွင်းစားသုံးကြပါစို့လို့ အသိ ပေးတိုက်တွန်းလိုက်ရပါတယ်။CMK

Thursday, 22 Aug 2013

မည်သူတွေ မည်သို့ပြောပြော၊ မည်သို့ပင် ဆိုစေ...နှေးသည်ပဲပြောပြော၊မြန်သည်ပဲ ဖြစ်ဖြစ်. . . တောင်သူလယ်သမားတို့၏ လယ်ယာလုပ်ငန်းခွင်တွင် နည်းပညာအပေါ် စိတ်ဝင်တစားရှိလာမှုများမှာတိုးတက်သည်ကတော့ အမှန်ပဲဖြစ်ပါသည်။

Wednesday, 14 Aug 2013

ပြဿနာက ၂၀၁၃ ခုနှစ် သြဂုတ် ၃ ရက်မှာ စခဲ့ပါတယ်။ နယူးဇီလန် ကုမ္ပဏီကြီး ဖွန်တားရားကရောင်းချတဲ့ နို့စမ်းရည်အကြည်ပရိုတိန်းအနှစ်(Whey Protein Concentrate) တွေမှာ ဘိုကျူလစ်ဇစ် (Botulism) လို့ခေါ်တဲ့ အစာအဆိပ်သင့်မှုကိုဖြစ်စေတဲ့ဘက်တီး ရီးယားတွေပါနေတယ်ဆိုတဲ့ သတင်း တွေထွက်ပေါ်ခဲ့ပါတယ်။ ဒီသတင်းတွေ ကြောင့် ကုမ္ပဏီကို ပြည်တွင်းပြည်ပ က ဝေဖန်မှုတွေပြင်းထန်ခဲ့ပါတယ်။

Wednesday, 14 Aug 2013

တရုတ်ဆရာဝန်များကို  လာဘ်ထိုးခဲ့သည် ဟူသောသံသယဖြင့် နာမည်ကျော် ဂလက်ဇိုစမစ် ကလိုင်း(GlaxoSmithKline,GSK)  ကုမ္ပဏီမှ ဝန်ထမ်းများအား တရုတ်အစိုးရအာဏာပိုင်များက စုံစမ်းစစ်ဆေးလျက်ရှိသည်။ ထိုကုမ္ပဏီမှ တရုတ် နိုင်ငံဌာနခွဲ၊ဘဏ္ဍာရေးဒါရိုက်တာကိုလည်း တရုတ် နိုင်ငံမှ ထွက်ခွာမသွားရန် တားမြစ်မိန့်ထုတ်ထား သည်။ယခုအချိန်အထိကုမ္ပဏီ၏ဘဏ္ဍာရေးဒါရိုက် တာကိုစုံစမ်းစစ်ဆေးခြင်း၊ဖမ်းဆီးထိန်းသိမ်းခြင်းမပြု ဘဲ၊ နိုင်ငံအတွင်း လွတ်လပ်စွာ သွားလာခွင့်ပြုထား ဆဲဖြစ်သည်။

Wednesday, 31 Jul 2013

ကျွန်တော့်မှာ ခဲအဆိပ်သင့်တဲ့ တူမလေး တစ်ယောက်ရှိပါတယ်။ သမီးလေး ငယ်ငယ်လေး တုန်းကတော့ အလွန် သွက်လက်ချက်ချာပြီး ဉာဏ်ရည်ထက်မြက်ခဲ့ပါတယ်။ တူမလေးရဲ့ အဖေ ဟာ ဘက်ထရီပြုပြင်ရေးလုပ်ငန်း လုပ်ကိုင်နေသူ တစ်ဦး ဖြစ်တဲ့အတွက် ခဲလုပ်ငန်းနဲ့ နေ့စဉ်ထိတွေ့ ရပါတယ်။

Pages