Main menu

Background

Wednesday, 21 Jun 2023

နေ့ကမ္ဘာတစ်ဝန်းလုံးတွင် ကိုဗစ်(၁၉)  ကပ်ရောဂါကြောင့် လူပေါင်းများစွာ သေဆုံးခဲ့ကြရသည်။ ထို့ပြင် ယခုတစ်ခါ မျောက် ကျောက်ရောဂါဟူ၍ ပေါ်လာပြန်သည်။ ထို့နည်းတူစွာပင်  ယခုလို မိုးရာသီအခါမျိုးတွင် သွေးလွန်တုပ်ကွေးရောဂါကလည်း ဖြစ်ပွားနှုန်း များလာသည်ကို စာရေးသူသတိပြုမိသည်။ ကလေးငယ်များတွင် အများအပြားဖြစ်ပွားလေ့ရှိသည်။   သွေးလွန်တုပ်ကွေးရောဂါသည် လည်း ပေါ့ဆ၍ မရသောရောဂါဖြစ်သည်။  ပေါ့ပေါ့ဆဆနေပါက အသက်သေဆုံးသည်အထိ ဖြစ်တန်သောကြောင့် သွေးလွန်တုပ်ကွေး မဖြစ်အောင် ကြိုတင်ကာကွယ်ကြဖို့ လိုပါသည်။ ကျန်းမာရေးဌာန အနေဖြင့်လည်း သက်ဆိုင်ရာအဖွဲ့အစည်းများ၊ ပြည်သူလူထုနှင့် ပူးပေါင်း၍ ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်င

Monday, 5 Jun 2023

ယနေ့ ၂၁ ရာစုသည် နည်းပညာနယ်ပယ်၊ လူနေမှုနယ်ပယ်၊ စက်မှုနယ်ပယ် စသည်တို့အပြင် အခြားသောနယ်ပယ် အသီးသီး သည် အရှိန်အဟုန်ဖြင့် တိုးတက်လျက်ရှိသည်။ ဤတိုးတက်မှုကို ပင် ခေတ်ဟုခေါ်ရပေမည်။  ထိုတိုးတက်ပြောင်းလဲမှုကို လူတိုင်းလူတိုင်း အမီလိုက်နိုင်ဖို့ဆိုလျှ င်  အသိအမြင်  ဗဟုသုတနှင့်ပြည့်စုံနေရန် လိုသည်။ အသိအမြင် ဗဟုသုတကို မည်သည့်နေရာမှရနိုင်မည်နည်း။ထိုကဲ့သို့အမေးရှိသော် အဖြေကစာကြည့်တိုက်ဟုပင် ဖြေရပေလိမ့် မည်။ ယနေ့ခေတ်တွင် ပညာသည်သာ အခရာဖြစ်နေသည်။ထိုပညာ ကိုစာကြည့်တိုက်မှာလည်း ရှာဖွေနိုင်သည်။ ထို့ကြောင့် ပညာအတွက် စာကြည့်တိုက်သည် အခရာဖြစ်လာသည်။ သို့အတွက်ကြောင့်မို့ စာကြည့်တိုက်တွေ များများရှိ

Tuesday, 25 Apr 2023

အပြည်ပြည်ဆိုင်ရာ   ကုန်သွယ်မှုအခြေခံ သင်တန်းအမှတ်စဉ်(၆)ကို ရန်ကုန်မြို့  ကုန်သွယ်မှု သင်တန်းကျောင်း၌ ဖွင့်လှစ်ခဲ့သည်။ သင်တန်းကို ၂၀၂၂ခုနှစ် အောက်တိုဘာ ၂၂ ရက်မှ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၂၅ ရက်ထိ  လေးလတာ သင်ကြား ပို့ချခဲ့သည်။ ထိုကဲ့သို့ ဖွင့်လှစ်သင်ကြားခဲ့ရာ၌ သင် တန်းသား၊  သင်တန်းသူ ၇၅ ဦး  တက်ရောက်ခဲ့ သည်။ အဆိုပါ သင်တန်းတက်ရောက်အောင်မြင်ခဲ့ ကြသော     သင်တန်းသား၊  သင်တန်းသူများ၏ ရင်တွင်းစကားသံများကို  စုစည်းဖော်ပြလိုက်ပါ သည်။  သင်တန်းအမှတ်စဉ်(၇)ကိုလည်း မကြာမီ ဖွင့်လှစ်မည်ဖြစ်ကြောင်း၊ စိတ်ဝင်စားသူများအနေ ဖြင့်ကြိုတင်ဆက်သွယ်စာရင်းပေးသွင်းနိုင်ကြောင်း သိရှိရသည်။   သင်တန်းနှင့်ပတ်သ

Monday, 13 Feb 2023

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် နိုင်ငံတော်၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပုဂ္ဂလိကကဏ္ဍရှိ စီးပွားရေးလုပ်ကိုင်သူများအား နိုင်ငံတကာနှင့် ဆက်သွယ်ဆောင်ရွက်ရာတွင် သိသင့်သိထိုက်သည့် အသိ ပညာ၊ ဗဟုသုတများ ရရှိရန်နှင့် နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်သည့် ပို့ကုန်လုပ်ငန်းရှင်သစ်များ၊ ကုန်သည်စီးပွားရေးလုပ်ငန်းရှင်သစ်များကို မွေးထုတ်ပေးနိုင်ရန်Trade Training Institute ကို ၂၀၁၂ ခုနှစ် ဧပြီလမှ စတင်ဖွင့်လှစ်ကာ နိုင်ငံတကာကုန်သွယ်မှုနှင့်ပတ်သက်၍ စာတွေ့/လက်တွေ့များ ကျယ်ကျယ်ပြန့်ပြန့် သင်ကြားပို့ချပေးလျက်ရှိသည်။  ယခုအခါ ကုန်သွယ်မှုဆိုင်ရာ ရက်တိုသင်တန်း (အမှတ်စဉ်-၁) S

Saturday, 4 Feb 2023

မန္တလေးတိုင်းဒေသကြီး ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ ဆေးရေးနှင့် ပန်းပုံရိုက် အခြေခံသင်တန်းကို ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၆ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

Thursday, 2 Feb 2023

ဒေသဆိုင်ရာအညွှန်း  (Geographical Indications, GIs) နှင့်စပ်လျဉ်း၍ အသိပညာပေးဆွေးနွေးပွဲကို ဇန်နဝါရီ ၂၅ ရက်  နံနက် ၁၀ နာရီ တွင် နေပြည်တော် ရုံးအမှတ် (၅၂)ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊   မူပိုင်ခွင့် ဦးစီးဌာန အစည်းအဝေးခန်းမ၌ Virtual စနစ်ဖြင့် ကျင်းပသည်။ 

Wednesday, 1 Feb 2023

၂၀၂၃ ခုနှစ် ဇန်နဝါရီ ၅ ရက်တွင် ရန်ကုန်မြို့ရှိ ကုန်သွယ်မှုသင်တန်းကျောင်း (Trade Train-ing Institute-TTI)က စီစဉ်သော လေ့လာရေးခရီးစဉ်ကို လိုက်ပါခွင့်ရခဲ့သည်။  လေ့လာရေးခရီးစဉ်အဖြစ် ယင်းနေ့နံနက် ၈ နာရီ မှ ၉ နာရီခွဲထိ ရန်ကုန်မြို့ရှိ ဝါးတန်း ဆန်ကုန်စည်ဒိုင်၊ နံနက် ၁၀ နာရီခွဲမှ မွန်းတည့် ၁၂ နာရီထိ ဘုရင့်နောင်ကုန်စည်ဒိုင်၊ မွန်းလွဲ ၁ နာရီမှ ၂ နာရီထိ လှိုင်သာယာမြို့နယ်ရှိ အာကာဦးပဲခွဲစက်နှင့် မွန်းလွဲ ၂ နာရီခွဲမှ ညနေ ၃ နာရီထိ ဧရာဟင်္သာဆန်စက်တို့ကို သွားရောက်ခဲ့သည်။ ခရီးစဉ်အတွင်း လေ့လာသိရှိခဲ့ရ သော တန်ဖိုးရှိသည့်ဗဟုသုတများကို မျှဝေလိုက်ပါ သည်။ 

Thursday, 8 Dec 2022

ငွေချေးစာချုပ်သည် အရင်းအနှီးဈေးကွက် (Capital Markets) ၏ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး စတော့ရှယ်ယာဈေးကွက်နှင့် အတူဒွန်တွဲပါလာသည့် ဘဏ္ဍာရေးစာချုပ်စာတမ်းများ ဖြစ်သည်။ ကုမ္ပဏီများ၊  စီးပွားရေး လုပ်ငန်းကြီး များသည် မိမိတို့လိုအပ်နေသည့် ကာလရှည်ငွေကြေးအရင်းအနှီးများအတွက် အရင်းအနှီးဈေးကွက်မှတစ်ဆင့် စတော့ရှယ်ယာများ၊ ငွေချေးစာချုပ်များ ထုတ်ဝေရောင်းချကာ ရှာဖွေကြသည်။ ရရှိလာသည့် ငွေကြေး များဖြင့် လုပ်ငန်း များ ချဲ့ထွင်ကြကာ မြတ်စွန်းလာသည့်အချိန်များတွင် အကျိုးအမြတ်များကို ခွဲဝေခံစားကြသည်။

Wednesday, 16 Dec 2020

ကချင်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ၁၅-၁၂-၂၀၂၀ ရက်နေ့တွင် မြစ်ကြီးနားမြို့၊ ရမ်ပူရပ်ကွက်ရှိ Very Good ကိတ်နှင့်မုန့်မျိုးစုံလုပ်ငန်းအား စားသုံးသူကာကွယ်ရေးအသိပညာပေးကွင်းဆင်းဆောင်ရွက်ခဲ့ရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ချမှတ်ထားသော Covid-19  လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ခဲ့ပါသည်။

Pages