Background
မေလအတွင်း တရုတ်နဲ့ထိုင်းနိုင်ငံများသို့ ကန်ဒေါ်လာ ၁ ဒသမ ၄၈၁ သန်း တန်ဖိုးရှိ သီဟိုဠ်စေ့ အခွံမပါ ၁၉၅ တန်နီးပါးတင်ပို့နိုင်ခဲ့ပါတယ်။ သီဟိုဠ်စေ့ကို မုန့်လုပ်ရာတွင် လည်းကောင်း၊ စားသောက်ဆိုင်နဲ့ ဟိုတယ် လုပ်ငန်းများတွင် လည်း အသုံးပြုတယ်လို့ သိရပါတယ်။
မေလအတွင်း ကူးသန်းရောင်းဝယ်ရေးနှင့်စားသုံးသူ ရေး ရာစခန်းများမှ သီဟိုဠ်စေ့(အခွံမပါ)ကို တစ်ဖက်ပါအတိုင်း တင်ပို့ခဲ့ပါတယ်-
ကန်ဒေါ်လာသန်း တန် တန်ဖိုး မူဆယ် ၁၃၆ .၀၈၀ ၁ .၀၃၄ မြဝတီ ၅ .၀၀၀ ၀ .၀၃၈ ကော့သောင်း ၅၃ .၈၆၀ ၀ .၄၀၉ စုစုပေါင်း ၁၉၄ .၉၄၀ ၁ .၄၈၁ ခင်မြနွယ် MIRT (DCCA)
မုံရွာမြို့နယ်ဟာ လယ်စပါးထက် ယာသီးနှံ ပဲ၊ ပြောင်း၊ နှမ်း၊ ဝါအဓိကစိုက်ပျိုး အောင်မြင်တဲ့ဒေသ တစ်ခု ဖြစ်ပါ တယ်။ ရှေးဘိုးဘေးဘီဘင်လက်ထက်ကထဲက ပဲ၊ ပြောင်းသီးနှံစုံစိုက်ပျိုးခဲ့ကြကာ၊ ရာသီမှန်ရင် အထွက် ကောင်းပြီး၊ ရာသီဖောက်ရင် အထွက်နှုန်းအောက်ခဲ့တာ ယနေ့အထိ မရိုးနိုင်တဲ့ဇာတ်လမ်းတစ်ပုဒ်လိုပါပဲ။
အဘက်ဘက်က တိုးတက်လာတဲ့ ယနေ့ခေတ်မှာတော့ မကြာမကြာတွေ့ကြုံရ တဲ့ ရာသီရဲ့ဖောက်ပြန်မှုကြောင့် စိုက်ပျိုးရေးအတတ်ပညာရှင်များက ခေတ်နဲ့အမီ ကယ်တင်နိုင်မဲ့ ကုထုံးသစ်တွေနဲ့ ဝိုင်းဝန်းကူညီနေကြတဲ့ အကျိုးကြောင့် ဒုက္ခမှသည် သုခဆီ ကူးပြောင်းနိုင်ခဲ့ကြပြီလို့ မုံရွာမြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးကော်မတီဝင် တစ်ဦးဖြစ်တဲ့ မုံရွာမြို့နယ် စိုက်ပျိုးရေးဦးစီးမှူး ဒေါ်အမာကြည်ကပြောပြပါတယ်။
၂၀၁၃ ခုနှစ်လက်ရှိကာလက တရုတ်ပြည်တွင်း ကြက် သွန်ဖြူစိုက်ပျိုးထုတ်လုပ်တဲ့ ရာသီချိန်ဖြစ်ပြီး ယခုနှစ် ထုတ်လုပ် မှုက ယခင်နှစ်ထုတ်လုပ်မှု အခြေအနေနဲ့ ကွာခြားလိမ့်မယ်လို့ ဆိုကြတယ်။
မန္တလေး ကုန်စည်ဈေးကွက်မှာ ပဲတီစိမ်း၊ ပြောင်းနဲ့ မြေပဲလုံးဆန်များ တရုတ်ဘက်မှ အဝယ်လိုက်သော် လည်း ဈေးနှုန်းမှာ ပုံမှန် အနေအထားသာရှိ ကြောင်း သိရပါတယ်။ မန္တလေးမြို့ မိုးထက်ယံ ပွဲရုံမှ ဦးမောင်ငယ်က " သြင်္ကန်ပြီးကတည်း က တရုတ်ဆွဲတဲ့ပစ္စည်း လက်ကျန် နည်း နေလည်း ၅၀၀ တက်ရင် ၅၀၀ ပြန်ကျ။ ဒီလောက်ပဲဈေးထိုးတက်တာ။ ဈေး ဆင်းသွားတယ်လို့ မရှိဘူး။ ဒီတစ်ပတ် မှာအဝယ်လိုက်နေတဲ့ပဲတီစိမ်းဆိုအသစ် ဝင်လာပြီ ပြွန်တန်ဆာ၊ ဒိုက်ဦးဘက်က ဝင်နေပြီ ရွှေဘို၊ မုံရွာဘက်ကလည်း ဝင်တယ်။ အင်တိုက်အားတိုက် မဝင် သေးဘူး။ မန္တလေးဒိုင်ကို အခြေခံပြီး ရောင်းဝယ်တာဆိုတော့ တရုတ်အဝယ် လိုက်နေပေမယ့် ဈေးမတက်ဘူး။ ပဲတီ စိမ်း သုံးတင်းဝင်တစ်အိတ်ကို ၇၉၀၀၀ ကျပ် - ၈၀၀၀၀ ကျပ် - ၈၁၀၀၀ ကျပ် ပတ်ချာလည်မှာပဲရှိပါတယ် " လို့ ပြော ပါတယ်။
ပင်လယ်ရေကြောင်းလမ်းမှ မေလ ၁၉ ရက်မှ ၂၅ ရက်နေ့အတွင်း နနွင်း ၁၄၄ တန်ကိုတင်ပို့ခဲ့ပါတယ်။ ဒီတစ် ပတ် တင်ပို့မှုမှာ မလေးရှားနိုင်ငံကို ၅၈ တန်နဲ့ ပါကစ္စတန်နိုင်ငံ ကို ၈၆ တန်တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ ဒီတစ်ပတ်တင်ပို့မှု မှာ ပါကစ္စတန်နိုင်ငံကို အများဆုံးတင်ပို့နိုင်ခဲ့ပါတယ်။ ယခင် သီတင်းပတ်မှာ နနွင်းတင် ပို့မှုမှာ တန် ခုနှစ်ဆယ်ကျော်သာ ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ တန်ခုနှစ်ဆယ် ကျော်ပိုမိုတင် ပို့ နိုင်ခဲ့ပါတယ်။FOB ဈေးက တစ်တန်ကို ကန်ဒေါ်လာ လေးရာ့ ရှစ်ဆယ်နီးပါးရရှိခဲ့တယ်လို့ သိရပါတယ်။ မေလ ၁ ရက်မှ ယနေ့အထိ နနွင်းတင်ပို့ခဲ့တဲ့ တန်ချိန်မှာ တန်ချိန် သုံးရာ့ ရှစ်ဆယ်ကျော် ရှိခဲ့ပါတယ်။ ရရှိခဲ့တဲ့ ဝင်ငွေမှာ ကန် ဒေါ်လာ နှစ်သိန်းေ ကျာ်ရရှိခဲ့တယ်လို့ သိရပါတယ်။ MIRT (DOT)
မေလ ၁၉ ရက်မှ ၂၅ ရက်ထိ ကာလအတွင်းမှာ ပင် လယ် ရေကြောင်းကုန်သွယ်မှုမှ စင်္ကာပူနိုင်ငံသို့ ကန်ဒေါ်လာ ၁ ဒသမ ၀၆၅ သန်းတန်ဖိုးရှိ ရော်ဘာ MSR 20 ၄၄၃ တန်ကျော်နဲ့ RSS 3 ၁၈တန်ကို တင်ပို့နိုင်ခဲ့ပါတယ်။ ယခင် အပတ်က တန် ၇၀၀ ကျော်တင်ပို့နိုင်ခဲ့တဲ့အတွက် ယခု အပတ်မှာ တန် ၂၀၀ ကျော် လျော့နည်းခဲ့ပါတယ်။ နိုင်ငံ တကာ ရော်ဘာဈေးများမှာလည်း ယခင်အပတ်ကထက် တစ်တန်လျှင် ဒေါ်လာ ၁၀၀ ခန့် ဈေးကျသွားတာကိုတွေ့ရ ပါတယ်။ ပြည်ပပို့မဲ့ ရော်ဘာဈေးများကတော့ RSS 1 တစ်တန်လျှင် ဒေါ်လာ ၂၅၀၀ -၂၆၀၀၊ RSS 2 တစ်တန်လျှင် ဒေါ်လာ ၂၄၀၀- ၂၅၀၀၊ RSS 3 နဲ့ MSR 50 တစ်တန် လျှင်ဒေါ်လာ ၂၃၀၀- ၂၄၀၀၊MSR 10 တစ်တန်လျှင် ဒေါ်လာ၂၄၅၀- ၂၅၅၀၊MSR 20 တစ်တန်လျှင်ဒေါ်လာ ၂၄၀၀- ၂၅၀၀၊ Creep Rubber တစ်တန်လျှင် ဒေါ်လာ ၂၂၀၀- ၂၃၀၀ ဖြစ်ကြောင်းမြန်မာနိုင်ငံရော်ဘာစိုက်ပျိုး ထုတ် လုပ်သူများအသင်းက ထုတ်ပြန်ထားပါတယ်။ယဉ်ယဉ်အေး DCCA
အိန္ဒိယတောင်ပိုင်းပြည်နယ်များရှိ ရော်ဘာစိုက်ပျိုးသူ များက မတ်လအတွင်းမှာ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး အား တွေ့ဆုံပြီး ရော်ဘာသွင်းကုန်ခွန်တိုးမြှင့်ခြင်း မပြုပါက အိမ်နီးချင်းနိုင်ငံများမှ ဈေးနှုန်းသက်သာတဲ့ ရော်ဘာများ ဝင်ရောက်မှုများပြားလာပြီး အိန္ဒိယဈေးကွက်ကိုလွှမ်းမိုးသွား နိုင်တဲ့အတွက် ပြည်တွင်းစီးပွားရေး အကျပ်အတည်းနဲ့ ရင် ဆိုင်ရဖွယ်ရှိတယ်လို့ တင်ပြခဲ့ကြပါတယ်။
ဒီတစ်ပတ်မှာတော့ နနွင်းအရောင်းအဝယ်မှာ တရုတ်က အဝယ် နောက်ပြန်ဆုတ်သွားတဲ့အတွက် အရောင်း အဝယ် အေးသွားခဲ့တယ်လို့ သိရပါတယ်။ ပစ္စည်းလက်ကျန်တွေ ကတော့ အတော်လေးရှိသေးတယ်လို့လည်း သိရပါတယ်။ ဟိုပုံးဈေးကွက်မှာ နနွင်းပုံမှန်အဝင်ရှိနေပြီး၊ ဈေးကတော့ တစ်ပိဿာကို ၆၅၀ ကျပ်ဈေးရှိ ပါတယ်။ အောင်ပန်းဈေးကွက် မှာတော့ နနွင်းပုံမှန်အဝင်ရှိနေပြီး၊ အရောင်းအေးနေပါတယ်။ အမှုန့်ကြိတ်လုပ်ငန်း လုပ်တဲ့ သူတွေလောက်သာ အဝယ်ရှိ နေပါတယ်။ အမှုန့်ကြိတ်လုပ်ငန်း လုပ်သူတွေက နနွင်းကို အလှဆုံး၊ အကောင်းဆုံး ဖြစ်တဲ့ ဆင်တောင်နနွင်းကို အဆွဲ များလို့ တစ်ပတ်အတွင်း ပိဿာချိန် ၅၀၀၀၀ ပတ်ဝန်းကျင် ခန့် အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ အောင်ပန်းဈေးကွက်မှာ နနွင်းပေါက်ဈေးက အင်းနနွင်း တစ်ပိဿာ ၇၀၀ ကျပ် - ၈၀၀ ကျပ်ဈေးရှိပြီး၊ ဆင်တောင် နနွင်းကတော့ တစ်ပိဿာ ၉၀၀ ကျပ် - ၁၀၀၀ ကျပ် - ၁၀၅၀ ကျပ်ဈေးရှိတယ်လို့ ပွဲရုံများမှ သိရပါတယ်။စောယုထွေး တောင်ကြီး
ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ မေလ ၅ ရက်မှ ၁၁ ရက်အတွင်း မန်ကျည်းတင်ပို့မှု တန်ချိန်က ၅၆ ဒသမ ၅ တန်ရှိခဲ့ပါတယ်။ ဒီတစ်ပတ်တင်ပို့ခဲ့တဲ့ နိုင်ငံမှာ စင်ကာပူ နိုင်ငံဖြစ်ပါတယ်။ ယခင်သီတင်းပတ်မန်ကျည်းတင်ပို့မှုနဲ့ ယှဉ် ရင် ရှစ်တန်ကျော်သာ ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ FOB ဈေးက တစ်တန်ကို ကန်ဒေါ်လာ ၄၁၀ ဝန်းကျင်ရရှိခဲ့ပါတယ်။ ဒီ တစ်ပတ်မန်ကျည်းတင်ပို့မှုမှ ကန်ဒေါ်လာ နှစ်သောင်းသုံး ထောင်ကျော် ဝင်ငွေရရှိခဲ့တယ်လို့ သိရပါတယ်။ MIRT (DOT)
မလေးရှားနိုင်ငံနဲ့စင်္ကာပူနိုင်ငံသို့ ဧပြီလ ၂၈ ရက်မှ မေလ ၄ ရက်ထိကာလအတွင်းမှာ ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ ကန်ဒေါ်လာသုည ဒသမ ၇၈၇ သန်းဖိုးရှိ ရော်ဘာတန် ၃၀၀ ကျော်တင်ပို့နိုင်ခဲ့ပါတယ်။ တင်ပို့တဲ့တန်ချိန်တွေကတော့ မလေးရှား နိုင်ငံသို့ MSR-20 တန် ၆၀ နဲ့ RSS-3 တန် ၆၀၊ စင်္ကာပူနိုင်ငံသို့ RSS-3 ၂၁၂ တန်ခန့်ဖြစ်ပြီး စုစုပေါင်းတန်ချိန် ၃၃၂ တန်နီးပါးဖြစ်ပါတယ်။ယခင်အပတ်ကတင်ပို့မှုမရှိဘဲ သြင်္ကန်လွန်ကာလ ယခုအပတ်မှစတင်တင်ပို့ခဲ့တာဖြစ်ပါတယ်။ နိုင်ငံ တကာ ရော်ဘာပေါက်ဈေးများ ဈေးပြန်တက်လာတာကိုတွေ့ရှိရပြီး၊ FOB ရော်ဘာပေါက်ဈေးကိုလည်း တစ်တန်လျှင် ကန်ဒေါ် လာ ၁၀၀ ဈေးတိုးမြှင့်ကာ RSS-1 တစ်တန်လျှင်ဒေါ်လာ ၂၅၀၀-၂၆၀၀၊RSS-3 နဲ့ MSR-20 တစ်တန်လျှင် ဒေါ်လာ ၂၄၀၀-၂၅၀၀၊RSS-5 နဲ့ MSR-50 တစ်တန်လျှင်ဒေါ် လာ၂၃၀၀-၂၄၀၀၊ MSR-10 တစ်တန်လျှင်ဒေါ်လာ ၂၄၅၀-၂၅၅၀ နဲ့ Creep Rubber တစ်တန်လျှင်ဒေါ်လာ ၂၂၀၀-၂၃၀၀ ဖြစ်ကြောင်းမြန်မာနိုင်ငံရော်ဘာ စိုက်ပျိုးထုတ်လုပ်သူများအသင်းက သိရှိရပါတယ်။ ယဉ်ယဉ်အေး MIRT