Background
အိန္ဒိယပြည်တွင်း ပြည်နယ်အများစုရှိ ကြက်သွန်နီ စိုက် ပျိုး ထုတ်လုပ်တဲ့ ဒေသများမှာ ကြက်သွန်နီရောင်း လိုအား ကျဆင်းနေတာကြောင့် ကြက်သွန်နီဈေးနှုန်းများမြင့်မားလာ တယ်။ အထူးသဖြင့် ဇူလိုင်လဒုတိယပတ်မှာ ဈေးမြင့်မားမှု ပိုမိုအရှိန်ရလာပြီး တစ်ကွမ်တယ်ကို ရူပီး ၂၀၀၀ (တစ်တန်ကို ကန်ဒေါ်လာ ၃၃၃ ဝန်းကျင်) အထိ ရောက်ရှိလာတယ်။
ဇူလိုင်လဆန်းမှစပြီး ကျဆင်းလာတဲ့ ကမ္ဘာ့ရော်ဘာ ဈေးနှုန်းများ ဇူလိုင်လလယ်ပိုင်းအထိ ဆက်တိုက်အား နည်း လာတယ်။ ဇူလိုင်လ ၁ ရက်နေ့က တစ်တန်ကို ၂၇၁၈ ဒသမ ၅၀ မှာရှိနေခဲ့တဲ့ ထိုင်းရော်ဘာRSS -5 (မှိုင်းခံရော်ဘာ အဆင့် ၅) က ဇူလိုင်လ ၁၅ ရက်နေ့မှာ တစ်တန်ကို ၂၅၃၄ ဒသမ ၅၀ ဒေါ်လာအထိ ၁၈၄ ဒေါ်လာ ဈေးကျလာတယ်။ မလေးရှားရော်ဘာ (SMR-20) ကလည်း ၎င်း ကာလအတွင်း တစ်တန်ကို ၄၇ ဒေါ်လာဈေးကျလာတယ်။
၂၀၁၃ ခုနှစ် ပထမ ၆လတာကာလ (ဇန်နဝါရီလမှ ဇွန်လ ထိ) မှာ ဗီယက်နမ်နိုင်ငံမှ ကန်ဒေါ်လာ ၉၇၆ သန်း ကျော်တန်ဖိုး ရှိ ရော်ဘာ ၃၈၃၀၀၀ တန်တင်ပို့နိုင်ခဲ့ ပါတယ်။ ယမန်နှစ် ကာလတူထက် ပမာဏအားဖြင့် ၅ ရာခိုင်နှုန်းနဲ့တန်ဖိုးအား ဖြင့် ၁၉ ဒသမ ၂ ရာခိုင်နှုန်းလျော့နည်းခဲ့တယ်လို့ ဗီယက်နမ် စက်မှုနဲ့ ကုန်သွယ်ရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရှိ ရပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်းမှာချင်းအဓိကစိုက်ပျိုးတဲ့ ကလော၊ အောင်ပန်း၊ ဟဲဟိုး၊ ပင်းတယစတဲ့ မြို့နယ်တွေ မှာလည်း ချင်း(ဥမ)တွေ ဖော်နေကြပါပြီ။ ပြီးခဲ့တဲ့ အပတ် ကတော့ ချင်းကို Export အတွက်မဟုတ် ဘဲ၊ လှောင် လက်တွေကသာ ဝယ်ယူမှုရှိခဲ့ တာကြောင့် အရောင်းအဝယ်ကလည်း ခပ်သွက်သွက်တော့ အရောင်းအ ဝယ် ဖြစ်ပါတယ်။ဒီတစ်ပတ်မှာလည်း ပြည်တွင်းသုံးအပြင် စစ်တွေ၊ တမူးက ဝယ်လက် တွေက အိန္ဒိယကို ပို့ဖို့အတွက် ဝယ်ယူမှုရှိလာတာကြောင့် ပိုပြီး အရောင်းအဝယ် သွက်လာပါတယ်။
ယခု ရက်ပိုင်းအတွင်း အိန္ဒိယ မွန် ဘိုင်း ဈေးကွက်တွင် မြန်မာမတ်ပဲနှင့် ပဲစင်းငုံနီကို ပဲခွဲစက်နှင့် ကုန်သည်များ ဝယ်လိုအားမရှိခြင်း၊ အတွင်းပိုင်းဈေး ကွက်မှ အရောင်းအဝယ် မလုပ်သေး ခြင်း တို့ကြောင့် ဈေးဆက်တိုက် ကျဆင်း နေကြောင်း သိရပါတယ်။
ယခုနှစ် နှစ်ဝက်အတွင်း သကြား ဈေးနှုန်း တည်ငြိမ်လျက်ရှိပြီး ယခု တစ်ပတ်မှာ တရုတ်နိုင်ငံမှ အဝယ်လိုက် နေခြင်းကြောင့်သကြားဈေးနှုန်းဈေးထိုး တက်လာကြောင်း သိရပါတယ်။
မေလအတွင်း တရုတ်နဲ့ထိုင်းနိုင်ငံများသို့ ကန်ဒေါ်လာ ၁ ဒသမ ၄၈၁ သန်း တန်ဖိုးရှိ သီဟိုဠ်စေ့ အခွံမပါ ၁၉၅ တန်နီးပါးတင်ပို့နိုင်ခဲ့ပါတယ်။ သီဟိုဠ်စေ့ကို မုန့်လုပ်ရာတွင် လည်းကောင်း၊ စားသောက်ဆိုင်နဲ့ ဟိုတယ် လုပ်ငန်းများတွင် လည်း အသုံးပြုတယ်လို့ သိရပါတယ်။
မေလအတွင်း ကူးသန်းရောင်းဝယ်ရေးနှင့်စားသုံးသူ ရေး ရာစခန်းများမှ သီဟိုဠ်စေ့(အခွံမပါ)ကို တစ်ဖက်ပါအတိုင်း တင်ပို့ခဲ့ပါတယ်-
ကန်ဒေါ်လာသန်း တန် တန်ဖိုး မူဆယ် ၁၃၆ .၀၈၀ ၁ .၀၃၄ မြဝတီ ၅ .၀၀၀ ၀ .၀၃၈ ကော့သောင်း ၅၃ .၈၆၀ ၀ .၄၀၉ စုစုပေါင်း ၁၉၄ .၉၄၀ ၁ .၄၈၁ ခင်မြနွယ် MIRT (DCCA)
မုံရွာမြို့နယ်ဟာ လယ်စပါးထက် ယာသီးနှံ ပဲ၊ ပြောင်း၊ နှမ်း၊ ဝါအဓိကစိုက်ပျိုး အောင်မြင်တဲ့ဒေသ တစ်ခု ဖြစ်ပါ တယ်။ ရှေးဘိုးဘေးဘီဘင်လက်ထက်ကထဲက ပဲ၊ ပြောင်းသီးနှံစုံစိုက်ပျိုးခဲ့ကြကာ၊ ရာသီမှန်ရင် အထွက် ကောင်းပြီး၊ ရာသီဖောက်ရင် အထွက်နှုန်းအောက်ခဲ့တာ ယနေ့အထိ မရိုးနိုင်တဲ့ဇာတ်လမ်းတစ်ပုဒ်လိုပါပဲ။
အဘက်ဘက်က တိုးတက်လာတဲ့ ယနေ့ခေတ်မှာတော့ မကြာမကြာတွေ့ကြုံရ တဲ့ ရာသီရဲ့ဖောက်ပြန်မှုကြောင့် စိုက်ပျိုးရေးအတတ်ပညာရှင်များက ခေတ်နဲ့အမီ ကယ်တင်နိုင်မဲ့ ကုထုံးသစ်တွေနဲ့ ဝိုင်းဝန်းကူညီနေကြတဲ့ အကျိုးကြောင့် ဒုက္ခမှသည် သုခဆီ ကူးပြောင်းနိုင်ခဲ့ကြပြီလို့ မုံရွာမြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးကော်မတီဝင် တစ်ဦးဖြစ်တဲ့ မုံရွာမြို့နယ် စိုက်ပျိုးရေးဦးစီးမှူး ဒေါ်အမာကြည်ကပြောပြပါတယ်။
၂၀၁၃ ခုနှစ်လက်ရှိကာလက တရုတ်ပြည်တွင်း ကြက် သွန်ဖြူစိုက်ပျိုးထုတ်လုပ်တဲ့ ရာသီချိန်ဖြစ်ပြီး ယခုနှစ် ထုတ်လုပ် မှုက ယခင်နှစ်ထုတ်လုပ်မှု အခြေအနေနဲ့ ကွာခြားလိမ့်မယ်လို့ ဆိုကြတယ်။
မန္တလေး ကုန်စည်ဈေးကွက်မှာ ပဲတီစိမ်း၊ ပြောင်းနဲ့ မြေပဲလုံးဆန်များ တရုတ်ဘက်မှ အဝယ်လိုက်သော် လည်း ဈေးနှုန်းမှာ ပုံမှန် အနေအထားသာရှိ ကြောင်း သိရပါတယ်။ မန္တလေးမြို့ မိုးထက်ယံ ပွဲရုံမှ ဦးမောင်ငယ်က " သြင်္ကန်ပြီးကတည်း က တရုတ်ဆွဲတဲ့ပစ္စည်း လက်ကျန် နည်း နေလည်း ၅၀၀ တက်ရင် ၅၀၀ ပြန်ကျ။ ဒီလောက်ပဲဈေးထိုးတက်တာ။ ဈေး ဆင်းသွားတယ်လို့ မရှိဘူး။ ဒီတစ်ပတ် မှာအဝယ်လိုက်နေတဲ့ပဲတီစိမ်းဆိုအသစ် ဝင်လာပြီ ပြွန်တန်ဆာ၊ ဒိုက်ဦးဘက်က ဝင်နေပြီ ရွှေဘို၊ မုံရွာဘက်ကလည်း ဝင်တယ်။ အင်တိုက်အားတိုက် မဝင် သေးဘူး။ မန္တလေးဒိုင်ကို အခြေခံပြီး ရောင်းဝယ်တာဆိုတော့ တရုတ်အဝယ် လိုက်နေပေမယ့် ဈေးမတက်ဘူး။ ပဲတီ စိမ်း သုံးတင်းဝင်တစ်အိတ်ကို ၇၉၀၀၀ ကျပ် - ၈၀၀၀၀ ကျပ် - ၈၁၀၀၀ ကျပ် ပတ်ချာလည်မှာပဲရှိပါတယ် " လို့ ပြော ပါတယ်။