Main menu

Background

Tuesday, 15 May 2012

    ယခုနှစ်ပထမ (၃) လမှာ ရော်ဘာထုတ်လုပ်သောနိုင်ငံများအသင်း ANRPC   ရဲ့ ရောင်းလိုအား  ၉ဒသမ ၅ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း သိရပါတယ်။  ANRPC အဖွဲ့ဝင်နိုင်ငံတွေက ကမ္ဘာ့ထုတ်လုပ်မှုရဲ့ ၉၃ ရာခိုင်နှုန်းကို ပိုင်ဆိုင်ပါတယ်။ ဈေးနှုန်း ကျဆင်းခြင်းကို ရင်ဆိုင်ဖို့အတွက် တောင်သူများက စိတ်အားထက်သန်စွာ ကြိုးစားရမှာအပြင် ကောင်းမွန်တဲ့စိုက်ပျိုးရေး နည်းစနစ်များကိုလည်း လေ့ကျင့်ဖို့လိုကြောင်းANRPC   ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

Tuesday, 15 May 2012

    ၂၀၁၂ ဧပြီလ ၈ ရက်မှ ၂၈ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ရော်ဘာ ၂၂၆၂ တန်၊ တန်ဖိုးဒေါ်လာ ၇ ဒသမ ၈၀၈ သန်းဖိုးကို တင်ပို့နိုင်ခဲ့ပါတယ်။သြင်္ကန်မတိုင်မီ တင်ပို့မှုထက် တန် ၆၀၀ ကျော် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ တင်ပို့တဲ့ နိုင်ငံတွေကတော့ တရုတ်ကို ၁၁၁၀ တန်၊ မလေးရှားကို ၄၂၄ တန်၊ ဗီယက်နမ်ကို တန် ၃၆၀ နဲ့ စင်္ကာပူကို ၃၆၈ တန်အသီးသီး တင်ပို့နိုင်ခဲ့တာတွေ့ရပါတယ်။ ကမ္ဘာ့ဝယ်လိုအားကျဆင်းနေပေမယ့်လည်း မြန်မာ့ရော်ဘာက သြင်္ကန်ကာလမှာပင် အပို့ကောင်း နေတာတွေရပါတယ်။ နယ်စပ်ကုန်သွယ်ရေးကလည်း အရှိန်မပျက်  (၁၈၇၈) တန် တင်ပို့နေတာတွေ့ရပါတယ်။ FOB ရန်ကုန်ဈေးနှုန်းကတော့ RSS-3  တစ်တန်ကို (၃၄၀၀-၃၅၀၀) ဒေါ်လာကြားဈေးရပြီး RSS-5  တစ်တန်ကို (၃၃၀၀-၃၄၀၀) ဒေါ်လာကြားဈေး ရတယ်လို့သိရပါတယ်။ KZW

Tuesday, 15 May 2012

    အိန္ဒိယနိုင်ငံမှာ သကြားတင်ပို့မှုကို လွတ်လွတ်လပ်လပ်ခွင့်ပြုလိုက်ပြီးနောက် ကုန်သည်များနဲ့ ဈေးကစားသူများ ရောင်းဝယ်မှု သွက်လက်လာလို့ ပြည်တွင်း သကြားဈေး မြင့်တက်ခဲ့ပါတယ်။ ဒါပေမယ့် ကမ္ဘာ့ဈေးကွက်မှာတော့ ဘရာဇီး ရိတ်သိမ်းရာသီနဲ့အတူ ဈေးကွက်မှာ ပိုလျှံရောင်းချမှုကြောင့် နိုင်ငံတကာဈေး လျော့ ကျ စေခဲ့ပါတယ်။ကမ္ဘာ့ဈေးကွက်ကအကျဘက်ဆင်းနေတယ်လို့ Kotak  ကုန်စည် ဝန်ဆောင်မှု သုတေသန ဒုတိယဥက္ကဌ   Prerna  Desai  မှ ပြောကြားပါတယ်။

Tuesday, 15 May 2012

    အိန္ဒိယနိုင်ငံ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနက ကြက်သွန်နီ တင်ပို့မှုကို မြှင့်တင်ဖို့နဲ့ လယ်သမားတွေ အတွက် အကျိုးဖြစ်ထွန်းစေဖို့ ကြက်သွန်နီတင်ပို့မှုအပေါ်မှာ ပိ့ုကုန်အနိမ့်ဆုံးဈေးနှုန်းသတ်မှတ်ချက်  (Minimum Export Price (MEP)) ကို နှစ်လတာ ဖယ်ရှားပေးသွားဖို့ တောင်းဆို လိုက်ကြောင်း သတင်းရရှိပါတယ်။

Tuesday, 15 May 2012

    ပဲမျိုးစုံနဲ့ ဆီထွက်သီးနှံ ထုတ်လုပ်မှုကို အားပေးဖို့ အိန္ဒိယနိုင်ငံ လယ်ယာထွက်ကုန် ကုန်ကျစရိတ်နဲ့ ဈေးနှုန်း ကော်မရှင် (CACP)မှ ယခုနှစ် မိုးရာသီအတွက် အနိမ့်ဆုံးထောက်ပံ့ဈေးနှုန်း (MSP)ကို တစ်တန် ရူပီး ၁၀၀၀၀(ကန်ဒေါ်လာ ၁၈၇)အထိ တိုးမြှင့်ဖို့ အကြံပြု ထားကြောင်း သိရပါတယ်။အဓိက လယ်ယာထွက်ကုန်များ အတွက် ဈေးနှုန်းမူဝါဒနဲ့ ပတ်သက်ပြီးအစိုးရကို အကြံပြုတဲ့ CACP  မှ ဇွန်လ မှာ စတင်မယ့် ၂၀၁၂-၁၃ မိုးရာသီအတွက် ပဲတီစိမ်း MSP  ကို ရူပီး ၄၅၀၀၀ (ကန်ဒေါ်လာ ၈၄၄)၊ မတ်ပဲ MSP ကို ရူပီး ၄၃၀၀၀ (ကန်ဒေါ်လာ ၈၀၆)၊ ပဲစင်းငုံကို ရူပီး ၄၀၀၀၀(ကန်ဒေါ်လာ ၇၀၅)နဲ့ အကြံပြုခဲ့တယ်လို့ သိရပါတယ်။

Tuesday, 15 May 2012

    အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာဝယ်လိုအားအကောင်းဆုံးဖြစ်နေလို့ ကုလား ပဲဈေးကတော့သိသိသာသာမြင့်တက်နေပါတယ်။ ရူပီးတန်ဖိုးလျော့ကျနေလို့ အခြား ပဲဈေးများထက် သိသိသာသာ ဈေးပိုနေပါတယ်။ ပဲထွက်ရှိမှုကျဆင်းမယ့် ခန့်မှန်း ချက်တွေအပြင် နိုင်ငံတကာဈေးမြင့်တက်နေတဲ့အတွက် လှောင်လက်များ အဝယ် သွက်နေတာကြောင့်

Tuesday, 15 May 2012

    အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ ပဲတီစိမ်းဈေး မြင့်တက်ခဲ့ပြီး ပဲတီစိမ်းခွဲခြမ်းဈေးမှာ အနည်းငယ်ငြိမ်နေတာ တွေ့ရပါ တယ်။ ဈေးကွက်တွေကို ဝင်ရောက်မှုရှိနေပေမဲ့ မွန်ဘိုင်းဈေးကွက်မှာ ပဲခွဲစက်များမှ ကုန်သည်များ ဝယ်လိုအားတက်လို့ ဈေးမြင့်လာခဲ့ပါတယ်။

Tuesday, 15 May 2012

    အိန္ဒိယပြည်တွင်းဈေးကွက်တွေကို ပဲစင်းငုံအဝင်ပုံမှန်ရှိပေမဲ့ ပဲခွဲစက်များနဲ့ ကုန်သည်များ ဝယ်ယူမှု တိုးတက်နေတာကြောင့် ပဲစင်းငုံဈေးလည်း အနည်းငယ် တိုးလာခဲ့ပါတယ်။ Agriwatch  မှ သတင်းထုတ်ပြန်ချက်အရ အကျိုးအမြတ်ပိုရတဲ့ ပြောင်း၊ ပဲပုပ်များကို ပြောင်းလဲစိုက်ပျိုးလာကြလို့ မိုးရာသီမှာ ပဲစင်းငုံစိုက်ဧရိယာ ကျဆင်းနိုင်တယ်လို့ သိရပါတယ်။ ပဲစင်းငုံအတွက် အနိမ့်ဆုံး ထောက်ပံ့ဈေးနှုန်း တိုးမြင့်ဖို့

Tuesday, 15 May 2012

    အိန္ဒိယပြည်တွင်းဈေးကွက် တော်တော်များများမှာ ကုန်သည်များနဲ့ ပဲခွဲစက် များ အဝယ်တက်လာလို့ မတ်ပဲဈေးခိုင်မာနေတယ်လို့ သိရပါတယ်။ ဒါပေမဲ့ အချို့ ဈေးကွက်တွေမှာတော့ အရောင်းအဝယ်ထိုင်းနေဆဲဖြစ်လို့ ဈေးငြိမ်နေတယ်လို့ သိရ ပါတယ်။ လာမယ့်ပွဲတော်ရာသီအတွက် ဝယ်လိုအားကောင်းနိုင်တာကြောင့် မတ်ပဲ ဈေးနှုန်း ခိုင်မာလာဖွယ်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။

Monday, 14 May 2012

    မြင့်တက်နေတဲ့ဝယ်လိုအားပြည့်မီဖို့ဆိုရင် ၂၀၂၀ မှာ ကမ္ဘာ့သကြားတန်ချိန် သန်း ၂၀၀ ထုတ်လုပ်နိုင်ဖို့ တန်ချိန် ၂၈ သန်းခန့်မြှင့်တင်ဖို့ လိုအပ်နေတယ်လို့ နိုင်ငံတကာ သကြားအဖွဲ့အစည်း (ISO) ထိပ်တန်းအရာရှိ တစ်ဦး မှ ဧပြီလ ၂၃ ရက်မှာပြောကြားပါတယ်။ လက်ရှိမှာ ကမ္ဘာ့သကြားထုတ်လုပ်မှုက တန်ချိန် ၁၇၂ သန်းရှိနေလို့ တန်ချိန် ၂၈ သန်းခန့် ထုတ်လုပ်မှု တိုးမြှင့်ဖို့ အရေးကြီးတဲ့တာဝန်တစ်ရပ်ဖြစ်တယ်လို့ (ISO) အမှုဆောင်ဒါရိုက်တာ Peter Baron မှ ပြောကြားပါတယ်။

Pages