Main menu

Background

Sunday, 30 Oct 2011

                  အိန္ဒိယဈေးကွက်များအတွင်း ကာဘူလီကုလားပဲဈေးဟာ ယခင်နေ့ အမြင့် ဈေးမှာငြိမ်နေပါတယ်။အမြင့်ဈေးနဲ့ကာဘူလီကုလားပဲကို လှောင်လက်များ ဝယ်ယူမှု နှေးတယ်လို့ သိရပါတယ်။ အင်ဒိုရီရှိ ပဲတင်ပို့သူ များကလည်း ဈေးအကျကို စောင့်ဆိုင်းနေတယ်လို့ သိရပါတယ်။ အစိုးရက ဆောင်းကုလားပဲအတွက် အနိမ့်ဆုံး ထောက်ပံ့ဈေးကို တိုးမြှင့်သတ်မှတ်ခဲ့ပေမဲ့ လတ်တလော လှောင်လက်များ အဝယ် အေးတာကြောင့် ကာဘူလီကုလားပဲဈေး မြင့်တက်ဖွယ်မရှိဘူးလို့ ခန့်မှန်းထားပါတယ်။ ဈေးကွက်အတွင်း ဖြစ်ပေါ်တဲ့ ဈေးနှုန်းများ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်                                                             ဒေါ်လာ/ တန်                 ၂၅-၁၀-၁၁      ၂၄-၁၀-၁၁         ၂၂-၁၀-၁၁            ၂၁-၁၀-၁၁ဒေလီ            ၆၈၄-၆၉၅     ၆၇၂-၆၇၇          ၆၆၂-၆၆၇              ၆၅၉-၆၆၄ကန်ပါ             ၇၂၄              ၇၁၈                  ၇၁၈                      ၇၁၈အာကိုလာ          -                  -                      ၇၁၂                      ၇၀၈MIRT(MAPT)

Sunday, 30 Oct 2011

                 ရာဂျက်စသန်နဲ့ ကာနာတာကာ ပဲထုတ်လုပ်ရာဒေသများမှ ပဲဝင်ရောက်မှုကျဆင်းလို့ အရည်အသွေးကောင်း ပဲတီစိမ်းဈေးအနည်းငယ်တက်ပေမဲ့ ပြုပြင်ပြီး ခွဲခြမ်းတွေ ရောင်းထွက်မှုနည်းလို့ ဈေးငြိမ်နေပါတယ်။ အရည်အသွေးကောင်းတဲ့ ပဲတီစိမ်းဈေး တစ်တန် ရူပီး ၄၂၀၀၀-၄၃၀၀၀ (ကန်ဒေါ်လာ ၈၅၂-၈၇၂) ရှိနေချိန်မှာ အရည်အသွေးနိမ့်ပဲကတော့ ရူပီး ၂၄၀၀၀-၃၁၀၀၀ (ကန်ဒေါ်လာ ၄၈၇-၆၂၉) သာရှိတယ်လို့ သိရပါတယ်။ ပဲထုတ်လုပ်တဲ့ ဒေသတွေမှာ လက်ကျန်များများ ကျန်သေးတဲ့အတွက် ဈေးထူးထူးခြားခြား မြင့်တက်ဖွယ် မရှိနိုင်ဘူး လို့ ခန့်မှန်းထားပါတယ်။ ဒါ့အပြင် အချို့ဈေးကွက်များမှ အရည်အသွေးနိမ့် ပဲတီစိမ်းများ ဝင်ရောက်လာဖွယ် ရှိခြင်းကလည်း ပဲဈေးငြိမ်ဖို့ အထောက်အပံ့ဖြစ်စေပါတယ်။ ဈေးကွက် များအတွင်း ဖြစ်ပေါ်တဲ့ ဈေးနှုန်းများ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်                                                               ဒေါ်လာ/တန်                                        ၂၅-၁၀-၁၁         ၂၄-၁၀-၁၁      ၂၂-၁၀-၁၁            ၂၁-၁၀-၁၁မွန်ဘိုင်း (တန်ဇန်းနီးယား)        ၈၂၄                  ၈၂၃               ၈၂၃                     ၈၂၈ဒေလီ                                 ၄၈၃-၆၂၃           ၅၀၂-၇၀၂        ၅၀၂-၆၉၂          ၄၇၉-၆၆၉အာကိုလာ                               -                         -                 ၆၆၂-၈၆၃          ၆၃၉-၈၅၈                                        MIRT-MAPT

Sunday, 30 Oct 2011

                      အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ ပဲခွဲစက်တွေက ဝယ်လိုအားရှိတာကြောင့် မြန်မာပဲစင်းငုံလီမွန်နဲ့ ကာနာတာကာပဲစင်းငုံဈေးများ မြင့်တက်ခဲ့ပါတယ်။ ဒါပေမဲ့ ပဲစင်းငုံလီမွန်နဲ့ ပြည်တွင်းကာနာတာကာ၊ မဟာရပ်ရှတရာ ပဲစင်းငုံဈေးမှာ တစ်တန် ရူပီး ၃၀၀၀ (ကန်ဒေါ်လာ ၆၀) ခန့်ကွာခြားမှုရှိနေပါတယ်။ လတ်တလောဝယ်လို အားကောင်းနေတာကြောင့် ပဲစင်းငုံလီမွန်ဈေး အနည်းငယ်ထပ်တက်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ ဒါပေမဲ့ ပြည်တွင်းပဲအသစ်ထွက်လာတော့မှာဖြစ်လို့ ကာလ တိုအတွင်းမှာ ဈေးတည်ငြိမ် မယ်လို့လည်း အချို့က ခန့်မှန်းထားပါတယ်။ ဈေးကွက် များအတွင်း ဖြစ်ပေါ်တဲ့ ဈေးနှုန်းများနှိုင်းယှဉ် ဖော်ပြလိုက်ပါတယ်။ ဒေါ်လာ/တန်                   ၂၅-၁၀-၁၁        ၂၄-၁၀-၁၁        ၂၂-၁၀-၁၁           ၂၁-၁၀-၁၁မွန်ဘိုင်း           ၆၃၃-၆၃၈           ၆၃၂                    ၆၁၂                ၆၁၄ဒေလီ               ၆၈၂-၆၈၄        ၆၈၀-၆၈၂            ၆၆၀-၆၆၂        ၆၅၇-၆၅၉ချန်နိုင်း            ၆၁၃-၆၁၈        ၆၁၂-၆၁၇            ၆၀၇-၆၁၂          ၆၀၄-၆၀၉MIRT-MAPT

Sunday, 30 Oct 2011

                ပင်လယ်ရေကြောင်းက ပဲစင်းငုံတင်ပို့မှုမှာ ယခင်တစ်ပတ်က တန်ချိန် တစ် ထောင်ကျော်သာရှိခဲ့ရာမှ ယခုတစ်ပတ် (အောက်တိုဘာလ ၁၇ ရက်မှ ၂၁ ရက်) အတွင်းမှာ တန်ချိန် ၂၆၀၀ ကျော်တင်ပို့မှုရှိခဲ့ပါတယ်။ လက်ရှိဘဏ္ဍာနှစ် အောက်တို ဘာ ၂၁ရက်အထိ တင်ပို့ပြီးစီးမှုအနေနဲ့ ပဲစင်းငုံတန်ချိန် ၁၂၉၀၀၀ ခန့်ရှိပြီး ဝင်ငွေ အားဖြင့် ကန်ဒေါ်လာ ၈၂ သန်းကျော်ရရှိပါတယ်။                  ယခင်ဘဏ္ဍာနှစ် ကာလတူအတွင်း တင်ပို့မှုအနေနဲ့ တန်ချိန် ၆၂၀၀၀ ကျော်၊ ဝင်ငွေအားဖြင့် ကန်ဒေါ်လာ၆၀ သန်းကျော်ရှိလို့ယခုနှစ်မှာတင်ပို့မှုပမာဏ ၁ ဆကျော်ပိုမိုတင်ပို့နိုင်ပေမဲ့ ရရှိတဲ့ ဝင်ငွေအားဖြင့် ယခင်နှစ်ဈေးကို မမီတဲ့အတွက် ဝင်ငွေနည်းတာတွေ့ရပါတယ်။ လတ်တလော ပဲစင်းငုံအရောင်းအဝယ်သွက်နေလို့ လာမယ့် သီတင်းပတ်မှာ ပိုမိုတင်ပို့နိုင်မယ်လို့ ခန့်မှန်းထားပါတယ်။ MIRT-MAPT

Sunday, 30 Oct 2011

                အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ ပဲအသစ်တွေ ဝင်ရောက်မှုများလို့ ပြီးခဲ့တဲ့ သီတင်းပတ်အထိ မတ်ပဲဈေး အကျဘက်ဆင်းနေခဲ့ရာမှ ယခုသီတင်းပတ်မှာတော့ ပွဲတော်အတွက် ခွဲစက်သမားတွေ အဝယ်တက်လာလို့ မတ်ပဲဈေးပြန်မာလာတာ တွေ့ရပါတယ်။ ဒါပေမဲ့ အရည်အသွေးပေါ်လိုက်ပြီး ဈေးကွာခြားမှုတော့ ရှိပါတယ်။ မြန်မာ မတ်ပဲဈေးဟာ တင်သွင်းစရိတ်ကြီးမြင့်ခြင်းနဲ့အတူ ဈေးမာနေပါတယ်။ ဒီရက်ပိုင်းအတွင်းဈေးကွက်ကို ဝင်ရောက်မှုနည်းတဲ့အပြင် အရည်အသွေးကောင်း မတ်ပဲ များ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ လတ်တလောမှာတော့ ဘာသာ ရေး ပွဲတော်များကြောင့် ဈေးကွက်တော်တော်များများ ပိတ်ထားတယ်လို့ သိရပါ တယ်။ ဒါပေမဲ့ နောက် ၂ ရက်လောက်အတွင်းမှာတော့ ဈေးဆက်လက် မာနိုင်တယ်လို့ ခန့်မှန်းကြောင်း သိရပါတယ်။ ဈေးကွက်အတွင်းဖြစ်ပေါ်တဲ့ ဈေးနှုန်း များ နှိုင်းဖော်ပြလိုက်ပါတယ်                                    ဒေါ်လာ/ တန်                   ၂၅-၁၀-၁၁      ၂၄-၁၀-၁၁       ၂၂-၁၀-၁၁            ၂၁-၁၀-၁၁မွန်ဘိုင်း      ၇၆၄-၇၆၉         ၇၆၃-၇၆၈         ၇၅၂-၇၅၇            ၇၄၈-၇၅၃ဒေလီ          ၅၄၃-၆၈၄        ၅၃၂-၆၆၂          ၅၂၂-၆၄၂            ၅၁၉-၆၃၉ချန်နိုင်း         ၈၃၉                  ၈၃၈                  ၈၁၃                    ၈၀၀MIRT(MAPT)

Sunday, 30 Oct 2011

                 ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်များမှာ မတ်ပဲ အရောင်းအဝယ် အသင့်အတင့်သာ ဖြစ်နေပါတယ်။ ဒါ့အပြင် ပိတ်ရက်များကြောင့် ယခုတစ်ပတ် အောက်တိုဘာ၂၁ ရက်မှ ၂၇ ရက်အတွင်းမှာမတ်ပဲတန်ချိန် ၄၄၀၀ ကျော်သာ ပြည်ပအရောင်းအဝယ် စာချုပ်ခဲ့ကြောင်းသိရပါတယ်။ အိန္ဒိယဈေးကွက် တွေမှာ မတ်ပဲအသစ်များ ဝင်ရောက်နေခြင်းနဲ့ အိန္ဒိယ ရူပီးတန်ဖိုးကျဆင်းနေခြင်း တို့ကြောင့် ပြည်ပမတ်ပဲအဝယ် နှေးနေခြင်းဖြစ်ပါတယ်။ ဒါပေမဲ့ ပမာဏအနည်းငယ်စီနဲ့ ပုံမှန် အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ လာမယ့် ဒီဇင်ဘာလလောက်မှာတော့ မြန်မာမတ်ပဲများ အဝယ်ပြန်လိုက်လာနိုင်လို့ လက်ကျန်နည်းတဲ့ မတ်ပဲဈေးပြန်ကောင်း လာနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ ရန်ကုန် FOB ဈေးကွက်မှာဖြစ်ပေါ်တဲ့ ဈေးနှုန်းအပြောင်းအလဲ များ ဖော်ပြ လိုက်ပါတယ်-                                                   ဒေါ်လာ/တန်                          မတ်ပဲ(FAQ)                မတ်ပဲ(SQ)၂၈-၁၀-၁၁            ၇၄၅-၇၆၅                 ၈၁၀-၈၃၀၂၁-၁၀-၁၁             ၇၅၀-၇၇၀                ၈၁၀-၈၃၀MIRT-MAPT

Wednesday, 26 Oct 2011

                    အိန္ဒိယနိုင်ငံရဲ့ ပြည်တွင်းပြောင်းထုတ်လုပ်မှုဟာ နှစ်စဉ် ၂၀ ရာခိုင်နှုန်း တိုးတက်နေပေမယ့် တိရစ္ဆာန် မွေးမြူရေးလုပ်ငန်းအတွက် သုံးစွဲတာက ၅၀ ရာခိုင်နှုန်းရှိတာကြောင့် အိန္ဒိယအမျိုးသား ကုန် ပစ္စည်းဖြန့်ဖြူးရေးကုန်စည်ဒိုင် (NCDEX) မှာ ပြောင်းဈေးနှုန်း မြင့်တက်ဖွယ်ရှိတယ်လို့ ကုန်သည်များနှင့် စက်မှု လုပ်ငန်းရှင်အသင်း (ASSOCHAM) ပြောကြားပါတယ်။ လက်ရှိမှာ (NCDEX)  မှာ ပြောင်းအရောင်းအဝယ်ကောင်းနေပြီး မွေးမြူရေးဏ္ဍမှာလည်း ကုန်ပစ္စည်းဝယ်လိုအားတိုးလာကြာင်း သိရပါတယ်။ လွန်ခဲ့တဲ့ရက်သတ္တ ပတ်က နိုဝင်ဘာလအတွက် အရောင်းရဆုံးစာချုပ်ဈေးနှုန်းက ၄ ဒသမ ၅ ရာခိုင်နှုန်း မြင့်တက်ပြီး ၁ တန်ကို ၁၀၉၀၀ ရူပီး ရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် နိုင်ငံခြားဝယ်လိုအားတွေရှိပြီး တရုတ်က လည်းကုန်အမှာတွေ ဆက်တိုက်ရှိလာနိုင်တယ်လို့ မျှော်လင့်ကြောင်း ကုန်သည်များမှ ပြောကြားပါတယ်။ ပြည်တွင်းကြက်ဘဲ မွေးမြူရေး လုပ်ငန်းကို လေ့လာရာမှာ နှစ်စဉ် ၂၀ ရာခိုင်နှုန်း တိုးတက်နိုင်ပြီး ၂၀၁၅ မှာ ကြက်ဘဲမွေးမြူရေးလုပ်ငန်းမှာ ပြောင်းကိုသာ အဓိက သုံးစွဲမှာဖြစ်ကြောင်း သိရပါတယ်။ လေ့လာမှုများအရ ပြည်တွင်းမှာ ကြက်ကင်နဲ့ ကြက်ဥဝယ်လိုအားတက်လာပြီး လက်ရှိ ကြက်ဘဲ ဈေးကွက်က ရူပီး သန်း (၄၉၀၀၀၀) ခန့်ရှိကြောင်း သိရပါတယ်။ ပြောင်းထုတ်လုပ်မှုစုစုပေါင်းရဲ့ ထက်ဝက်ကျော်က ကြက်ဘဲအစားအစာ ဖြစ်ပြီး ကြက်ဘဲမွေးမြူကဏ္ဍကနေ တစ်နိုင်ငံလုံး ပြောင်းထုတ်လုပ်မှုရဲ့ ၅၀ ရာခိုင်နှုန်းကို စားသုံးကြောင်း သိရပါတယ်။ အိန္ဒိယက နှစ်စဉ် အသားကင် တန် ၃ သန်းဝန်းကျင်နဲ့ ဥ တန် ၃ သန်းခန့် ထုတ်လုပ် ပြီး အိန္ဒိယ တောင်ပိုင်းကတော့ ကြက်ဘဲထုတ်လုပ်မှုမှာ အဓိက ဆောင်ရွက်တဲ့ အစိတ်အပိုင်းဖြစ်ကြောင်း သိရပါတယ်။ လေ့လာမှုများအရ ကြက်ဘဲမွေးမြူရေးကဏ္ဍမှာ သားဖောက် ခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှု၊ အစာသိုလှောင်မှုနဲ့ ထုတ်လုပ်မှုပိုင်း တွေမှာ နိုင်ငံခြားရင်းနှီးမြှပ်နှံမှုတွေ ပိုလျှံနေပေမယ့်အခြေခံအဆောက် အဦဖြစ်တဲ့ လျှပ်စစ်နဲ့ ပို့ဆောင်ရေးပိုင်းမှာတော့ လိုအပ်ချက်တွေ များနေသေးကြောင်း သိရပါတယ်။ အိန္ဒိယနိုင်ငံက ကမ္ဘာ့တတိယ အကြီးဆုံး ဥထုတ်လုပ်သူနဲ့ စတုတ္ထအကြီးဆုံး အသားကင်ထုတ်လုပ် သူ ဖြစ်ပါတယ်။ သန်း ၂၀ နီးပါးရှိတဲ့ လုပ်သားတွေက ကြက်ဘဲ မွေးမြူရေးလုပ်ငန်းတွေမှာ လုပ်ကိုင်ပါတယ်။ ယခုလက်ရှိ (NCDEX)   မှာ နိုဝင်ဘာအတွက် ပြောင်းစာချုပ်ဈေးနှုန်း ၁ ဒသမ ၇၄ ရာခိုင်နှုန်း မြင့်တက်ပြီး ၁ တန်ကို ရူပီး ၁၁၀၉၀ ၂၂၆ ဒေါ်လာ နဲ့ အောက်တို ဘာလအတွက် စာချုပ်ဈေးနှုန်းက ၁ ဒသမ ၅၅ ရာခိုင်နှုန်းမြင့် တက်ပြီး၁ တန်ကိုရူပီး (၁၀၀၂၀) ၂၀၄ ဒေါ်လာ ရှိကြောင်း သတင်း ရရှိပါတယ်။Source:Comodity OnlineKZW

Wednesday, 26 Oct 2011

                   ယခုနှစ်တွင် ပြောင်းအထွက်ကောင်းခြင်းကြောင့် မန္တလေးအနီးတစ်ဝိုက်နဲ့ ရှမ်းပြည်နယ်ဘက်က ထွက်ရှိတဲ့ ပြောင်းများ ပုံမှန်တင်ပို့လျက်ရှိရာ တရုတ်နိုင်ငံဘက် တွင် ပြောင်းအဝင်များပြီး ဈေးနှုန်းကျဆင်းလာကြောင်း သိရပါတယ်။ ယခု တစ်ပတ်မှာ ဈေးနှုန်းကျဆင်းခြင်းကြောင့် မန္တလေးမှ တင်ပို့မှုအေးသွားပြီး၊ ရှမ်းပြည် နယ်ဘက်မှသာ တင်ပို့မှုရှိကြောင်း သိရပါတယ်။                    ရတနာထွန်းပွဲရုံမှ ကိုသိန်းစံက  " ခုရက်ပိုင်းအတွင်းမှာ ပြောင်းဈေးကျလာတယ်။ အရင်လက ပြောင်း ၅၄ ပိဿာဝင်တစ်အိတ်ကို ၁၆၅၀၀ ကျပ်ရရှိခဲ့တယ်။ အောက်တိုဘာလ ပထမ ပတ် ၁၅၀၀၀ ကျပ်ထိ ကျသွားပြီး၊ အောက်တိုဘာ ၁၀ ရက်မှာ ၁၃၅၀၀ ကျပ်ထိ ကျဆင်းလာခဲ့တယ်။ မန္တလေးမှာတော့ အရောင်းအဝယ် အေးသွားပြီ။ ဒီရက်ပိုင်းတင်ပို့မှုမရှိဘူး။ ဒီလမှာကုန်တန်ချိန် ပြောင်းလဲ သတ်မှတ်လိုက်တော့ ကားခတွေလည်း ဈေးမြင့်လာရတယ်။ အရင်ကပြောင်း တစ်အိတ် ၃၈ ကျပ်ပေးခဲ့ရာက ၇၈ ကျပ်ထိ ပေးလာရတယ်။ အရင်က ကားတစ်စီးကို အိတ် ၇၀၀ တင်ရင် အခုအိတ် ၂၅၀ ပဲ တင်ရတာ။ ကားခကျရင်တော့ အဆင်ပြေနိုင်တယ်" လို့ ပြောပါတယ်။                   ဖိုက်စတားပွဲရုံက ကိုအောင်အောင်ကလည်း " ကားခဈေးနှုန်းတွေ ဒီဘက်မှာ တင်မကဘူး။ ဟိုဘက်က သယ်ယူစရိတ်လည်း မြင့်တက်တာကြောင့် အရောင်း အဝယ်တန့်နေတယ်။ ရောက်ပြီးတဲ့ကားတွေကတော့ ဝယ်လက်ကိုစောင့်နေတယ် "လို့ပြောပါတယ်။ ဇူးဇူး

Wednesday, 26 Oct 2011

                  အောက်တိုဘာလ ၁၂ ရက်မှ ၁၈ ရက်ထိ ကာလအတွင်း မြန်မာတရုတ်နယ် စပ်ရှိ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှ တစ်ဖက်နိုင်ငံသို့ ကန်ဒေါ်လာ ၄ ဒသမ ၁၀၈ သန်း တန်ဖိုးရှိ ပြောင်းဖူးစေ့ ၁၄၆၇၆ တန် အပို့ရှိခဲ့ပါတယ်။ ယခင် အပတ်က မူဆယ်မှတင်ပို့တဲ့ ပြောင်းဖူးစေ့ထက် တန် ၁၅၇၇ တန်ကျော် ယခု အပတ်မှာ ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ မိမိဘက်မြေပြင်ဈေးကျနေသော်လည်း တစ်ဖက် နိုင်ငံဈေးမှာ ပြောင်းလဲမှုမရှိဘူးလို့ သိရပါတယ်။ မိမိဘက်နဲ့ တစ်ဖက်နိုင်ငံမှ ပြောင်းဖူးစေ့နဲ့ နှံစားပြောင်းမြေပြင်ပေါက်ဈေးများကို နှိုင်းယှဉ်ဖော်ပြ ပေးလိုက်ပါတယ်                                             မိမိဘက်(ကျပ်/တန်)                   တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                           ယခု              ယခင်    ပြောင်းလဲမှု   %        ယခု    ယခင်   ပြောင်းလဲမှု   %ပြောင်းဖူးစေ့    ၂၂၃၀၀၂     ၂၆၂၅၅၉    ၃၉၅၅၇        ၁၆     ၂၉၂    ၂၉၂              -          -နှံစားပြောင်း      ၂၄၁၁၁၀     ၂၅၉၀၀၀   ၁၇၈၉၀          ၇       ၃၆၁     ၃၆၁           -           -MIRT (DOBT) 

Monday, 24 Oct 2011

                ကမ္ဘာ့အကြီးဆုံးရော်ဘာထုတ်လုပ်သူဖြစ်တဲ့ ထိုင်းနိုင်ငံမှာ ရေကြီးမှုကြောင့် ကုန်ပစ္စည်းများကို ဆိပ်ကမ်းနဲ့ စက်ရုံတွေကို ပို့ဆောင်ဖို့အတွက် သယ်ယူပို့ဆောင်ရေး အခက်အခဲရှိတာကြောင့် တိုကျိုကုန်စည်ဒိုင်မှာ ရော်ဘာအလားအလာက ယခု တစ်ပတ်အတွင်း အကောင်းဘက်ကိုရောက်လာကြောင်း သိရပါတယ်။ ထိုင်းနိုင်ငံရဲ့ ရေကြီးမှုဟာ ရော်ဘာဖြန့်ဝေမှုအတွက် အဟန့်အတားဖြစ်နိုင်ဖွယ်ရှိကြောင်း စင်္ကာပူရှိ Phillip Futureukr ကုမ္ပဏီမှ သုတေသီက ပြောကြားခဲ့ပါတယ်။ တကယ်လို့ ရေကြီးမှုဟာ ရော်ဘာအဓိကစိုက်ပျိုးတဲ့ဒေသဖြစ်တဲ့ တောင်ပိုင်းဒေသအထိ ပြန့်နှံ့ခဲ့ရင် ထိခိုက်မှုရှိနိုင်ပြီး တိုကျိုကုန်စည်ဒိုင်ရဲ့ မတ်လအတွက် ရော်ဘာဈေးနှုန်းက ၁ ဒသမ ၆ ရာခိုင်နှုန်းမြင့်တက်ကာ တစ်ကီလိုကို (၃၂၂) ယန်း အထိ ရောက်ရှိခဲ့ကြောင်း သိရပါတယ်။ အာရှရဲ့ ရော်ဘာဈေးနှုန်းက TOCOM  ရဲ့ ရော်ဘာစာချုပ်များပေါ်မှာ လွှမ်းမိုးနေပြီး ရေနံနှင့် အခြားကုန်ပစ္စည်းများပေါ်မှာလည်း အလားတူသက်ရောက်မှုရှိကြောင်း သိရပါတယ်။ Source: Reuters,KZW 

Pages