Main menu

Background

Monday, 4 Feb 2013

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်စခန်းမှ ဇန်နဝါရီလ ၂၃ ရက်မှ ၂၉ ရက်ထိကာလအတွင်းမှာ ကန်ဒေါ်လာ သုည ဒသမ ၆၂၄ သန်းတန်ဖိုးရှိ သကြားညို၆၉၇ တန်ကျော်နဲ့ သကြားဖြူ ၃၆၅ တန်နီးပါးတင်ပို့ခဲ့ပါတယ်။ ယခင်အပတ် တင်ပို့မှုထက် ယခုအပတ်မှာ ၄၄၀ တန်လျော့နည်းခဲ့ပါတယ်။ တစ်ဖက်တရုတ်နိုင်ငံမှာ နှစ်သစ်ကူးချိန်နီးကပ်လာပြီမို့ တင်ပို့မှုလျော့နည်းခြင်းဖြစ်ပါတယ်။

Monday, 4 Feb 2013

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်၊ ချင်းရွှေဟော်နဲ့ လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ဇန်နဝါရီလ ၂၃ ရက်မှ ၂၉ ရက်ထိကာလအတွင်းမှာ ကန်ဒေါ်လာ ၇ ဒသမ ၄၂၃ သန်းတန်ဖိုးရှိ ရော်ဘာအဆင့်စုံတန်ချိန် ၂၆၁၀ ကျော်တင်ပို့ နိုင်ခဲ့ပါတယ်။ယခင်အပတ်က တန်ချိန် ၁၉၇၀ ကျော်သာတင်ပို့နိုင်ခဲ့တဲ့အတွက် ယခင်အပတ် ကထက် တန်ချိန် ၆၄၀ ကျော် ပိုမို တင်ပို့နိုင်ခဲ့ပါတယ်။ စခန်းအလိုက်တင်ပို့ နိုင်မှုတွေကတော့ မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ သုည ဒသမ ၁၃၆ သန်းဖိုးရှိ RSS-1 ၄၅ တန်ခန့်၊ ကန်ဒေါ်လာ ၁ ဒသမ ၂၈၉ သန်းဖိုးရှိ RSS-3 ၄၄၂ တန်ခန့်၊ ကန်ဒေါ်လာ ၁ ဒသမ ၀၈၂ သန်းတန်ဖိုးရှိ MSR-20  ၃၈၅ တန်ကျော်၊ ကန်ဒေါ်လာ သုည ဒသမ ၁၆၀ သန်းတန်ဖိုးရှိ MSR-50 ၅၇ တန်ခန့်၊ ချင်းရွှေဟော်နယ်စပ် ကုန်သွယ်ရေးစခန်းမှ ကန်ဒေါ်လာ ၂ ဒသမ ၇၄၈ သန်းတန်ဖိုးရှိ RSS-3 ၉၈၃ တန်ကျော်၊ ကန်ဒေါ်လာ ၁ ဒသမ ၇၂၆ သန်းတန်ဖိုးရှိ MSR-20  ၆၀၂ တန် ကျော်၊ လွယ်ဂျယ်နယ်စပ်ကုန် သွယ်ရေး စခန်းမှ ကန်ဒေါ်လာ သုည ဒသမ ၂၈၂ သန်းတန်ဖိုးရှိ ရော်ဘာအဆင့်စုံ ၁၀၂ တန်ကျော်အသီးသီးတင်ပို့ခဲ့ပါတယ်။ ဇန်နဝါရီလတစ်လလုံးမှာတော့ ကန်ဒေါ်လာ ၂၀ ဒသမ ၈၅၄ သန်း တန်ဖိုးရှိ ရော်ဘာအဆင့်စုံတန်ချိန် ၇၄၄၀ ကျော်တင်ပို့ နိုင်ခဲ့ပါတယ်။ ယခုအပတ်မှာရော်ဘာဈေးနှုန်းများပြောင်းလဲမှုမရှိတာကိုတွေ့ရပါတယ်။ မိမိဘက်နဲ့ တစ်ဖက်နိုင် ငံမြေပြင် ပေါက်ဈေးများကိုဖော်ပြပေးလိုက်ရပါတယ် -

Monday, 4 Feb 2013

ဇန်နဝါရီလ ၂၀ ရက်မှ ၂၆ ရက်ထိကာလအတွင်းမှာ ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ မလေးရှားနိုင်ငံသို့ ရော်ဘာ RSS-3  တစ်မျိုးသာတင်ပို့မှုရှိခဲ့ပါတယ်။ တင်ပို့တဲ့အရေအတွက်ကတော့ တန်ချိန် ၁၁၀ ဖြစ်ပါတယ်။ ယခင်အပတ်က ပင်လယ် ရေကြောင်းမှရော်ဘာ ၁၁၇၆ တန်ကျော်တင်ပို့ခဲ့တဲ့အတွက် ယခုအပတ်မှာတန်ချိန် ၁၀၀၀ ခန့်လျော့နည်းခဲ့ပါတယ်။ ရော်ဘာ ဈေးအနည်းငယ်ကျဆင်းသွားခြင်းနဲ့ နယ်စပ်ဘက်မှတင်ပို့မှု များ ခြင်းကြောင့်လ ည်းဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ် ဇန်နဝါရီလ တစ်လလုံးမှာ နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ကန်ဒေါ်လာ ၂၀ ဒသမ ၈၅၄ သန်းတန်ဖိုးရှိ ရော်ဘာအဆင့်စုံ ၇၄၃၆ တန်ကျော်ကိုတင်ပို့ထားပါတယ်။ ယခုအပတ်နိုင်ငံတ ကာ ရော်ဘာေ ပါက်ဈေးမှာ ယခင်အပတ်ကထက်လျော့ကျလျက်ရှိပါ တယ်။ မြန်မာနိုင်ငံရော်ဘာ စိုက်ပျိုးသူများနဲ့ထုတ်လုပ်သူများ အသင်းက FOB ရော်ဘာပေါက်ဈေးများကို တစ်တန်လျှင်ဒေါ်လာ ၅၀ ဈေးချ၍ RSS-1 တစ်တန်လျှင်ဒေါ်လာ ၂၉၅၀-၃၀၅၀၊RSS-3   နဲ့  MSR-20 တစ်တန်လျှင်ဒေါ်လာ ၂၈၅၀-၂၉၅၀၊ RSS-5 နဲ့  MSR-50 တစ်တန်လျှင်ဒေါ် လာ ၂၇၅၀-၂၈၅၀၊ MSR-10 တစ်တန်လျှင်ဒေါ်လာ၂၉၀၀-၃၀၀၀ နဲ့ Crepe Rubber  တစ်တန်လျှင်ဒေါ်လာ ၂၆၅၀-၂၇၅၀လို့ ထုတ်ပြန်ထားပါတယ်။                                            MIRT (DOBT)

Monday, 4 Feb 2013

မန်းပြောင်းမျိုးစုံဈေးကွက်မှ တရုတ်ဘက်သို့ နေ့စဉ်ကားအစီး ၁၅စီးမှ ၂၅ စီးကြားပုံမှန်သွားနေပေမယ့် တရုတ်နှစ်ကူးနီးတော့ ပြောင်းကားအသွားတန့်နေပါ တယ်။ ဈေးကွက်ကတော့ တရုတ်လိုင်းအဆွဲအေးသွားပေမယ့် အစာစပ် လုပ်ငန်း ရှင်များနဲ့ အရက်ချက်စက်ရုံများ ကုန်သည်/ပွဲစားအချင်းချင်းအရောင်းအဝယ်ဖြစ် နေမှုတို့ကတော့ ပုံမှန်သာရှိနေပါတယ်။ဇန်နဝါရီလပထမပတ်၊ ဒုတိယပတ်တွေမှာ ပြောင်း(ရှမ်း) ၃၄၂ ကျပ်မှ ၃၇၀ ကျပ်၊ (CP) ၃၅၂ ကျပ်မှ ၃၇၀ ကျပ်၊ (ဗမာ) ၃၆၁ ကျပ်မှ ၃၆၃ ကျပ်အထိအမြင့်ဈေးနဲ့ အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ ဇန်နဝါရီ တတိယပတ်ကစပြီး နောက်ဆုံးပတ်ထိမန်းဈေးကွက်မှာ ဈေးမြင့်ပြီး၊အရောင်းအဝယ် ဖြစ်နေပါတယ်။

Monday, 4 Feb 2013

ဇန်နဝါရီလ ၂၀ ရက်မှ ၂၆ ရက်ထိကာလအတွင်းမှာ ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ ကန်ဒေါ်လာသုည ဒသမ ၄၄၄ သန်းတန်ဖိုးရှိ ပြောင်းတန်ချိန် ၁၄၈၀ ကို အင်ဒိုနီးရှားနဲ့ဖိလစ်ပိုင်နိုင်ငံသို့တင်ပို့မှုရှိခဲ့ပါတယ်။ တင်ပို့မှုတွေ ကတော့ အင်ဒို နီးရှားနိုင်ငံသို့ ပြောင်းတန်ချိန် ၂၃၀ နဲ့ ဖိလစ်ပိုင်နိုင်ငံသို့တန်ချိန် ၁၂၅၀ ဖြစ်ပါတယ်။ ယခင်အပတ်က တင်ပို့ခဲ့တဲ့ စင်္ကာပူနိုင်ငံကိုတော့ ယခုအပတ်မှာတင်ပို့မှုမရှိခဲ့ပါဘူး၊ ပင်လယ်ရေကြောင်းမှ ယခင်အပတ်ကပြောင်း တန်ချိန် ၁၉၀၀ ကျော်တင်ပို့ခဲ့တဲ့ အတွက် ယခုအပတ်မှာတန်ချိန် ၅၀၀ ခန့်တင်ပို့မှုလျော့ နည်းခဲ့ပါတယ်။             လျော့နည်းရခြင်းအကြောင်းကတော့ မြန်မာ-တရုတ်နယ်စပ်မှ တရုတ်နှစ်သစ် ကူးပွဲတော်ရှိ သဖြင့် နယ်စပ်ဘက်မှအပို့များတာကြောင့်လို့သိရပါတယ်။ ၂၀၁၃ ခုနှစ် ဇန်နဝါရီတစ်လလုံးမှာ နယ်စပ်ကုန်သွယ်ရေး စခန်းများမှ ကန်ဒေါ်လာ ၂၄ ဒသမ ၄၅၃ သန်းတန်ဖိုးရှိ ပြောင်းတန်ချိန် ၇၅၈၀၇ တန်ကျော်ကို တင်ပို့ထားပြီးဖြစ်ပါ တယ်။ယခုအပတ်ပြောင်း FOB ပေါက်ဈေးမှာ တစ်တန်လျှင် ဒေါ်လာ ၃၀၀ ဖြစ်တဲ့ အတွက် ယခင်အပတ်က အတိုင်း ဈေးရရှိနေတာဖြစ်ပါတယ်။ MIRT (DOBT)

Monday, 4 Feb 2013

ပြည်ပကို ပင်လယ်ရေကြောင်းလမ်းမှ ဇန်နဝါရီ ၂၀ ရက်မှ ၂၆ ရက်အတွင်း မှာ မန်ကျည်း ၄၆ ဒသမ ၄ တန်ကိုတင်ပို့ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့ နိုင်ငံက ပါကစ္စတန် နိုင်ငံဖြစ်ပါတယ်။ ယခင်သီတင်းပတ် တန်ချိန် နှစ်ဆယ့်ငါး တန်ကျော် တင်ပို့ခဲ့တာ ကြောင့် ဒီတစ်ပတ်မှာ နှစ်ဆယ့်တစ်တန် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ကာလတူ ကာလ ဖြစ်တဲ့ ၂၀၁၂ ဇန်နဝါရီ ၂၀ မ ၂၆ ရက်အတွင်း မန်ကျည်းတင်ပို့မှုက တန်ချိန် နှစ်ရာ့ကိုးဆယ်ကျော်ရှိခဲ့တာကြောင့် ယခုနှစ်မှာ မန်ကျည်းတင်ပို့မှုလျော့ခဲ့တယ်လို့ ဆိုရပါမယ်။ ယခုသီတင်းပတ်အတွင်း မန်ကျည်းတင်ပို့မှုမှရရှိခဲ့တဲ့ ဝင်ငွေက ကန် ဒေါ်လာ တစ်သောင်းခြောက်သောင်းကျော်ရှိခဲ့ပါတယ်။            MIRT (DOT)

Monday, 4 Feb 2013

အိန္ဒိယမွန်ဘိုင်းဈေးကွက်တွင် ယခုရက်ပိုင်းအတွင်း မြန်မာမတ်ပဲဈေးတည်ငြိမ်ပြီး ပဲစင်းငုံနီမှာ ဈေးအနည်းငယ် ကျဆင်းခဲ့ကြောင်း၊ကျဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ မဒ္ဒရာပရာဒေ့ရှ် ပြည်နယ်ရှိ  Neemuch   မှာ ကုလားပဲအသစ်များ စတင်ထွက်ရှိလာပြီး အစိုဓာတ် ၁၅ ရာ ခိုင်နှုန်းရှိကာ တစ်ကွမ်တယ်ကို ၃၁၀၀ ရူပီး (တစ်တန်ကို ဒေါ်လာ ၅၇၉ )နဲ့ ရောင်းဝယ်နေကြပါတယ်။ ကန်ပါဈေး ကွက် (ဥတ္တာပရာဒေ့ရှ်ပြည်နယ်) မှာ မတ်ပဲအဝင်နည်းလို့ ဈေးတက်နေပေမဲ့ ဂျိုက်ပါဈေးကွက်နဲ့ မာတမြို့(ရာဂျက် စသန်ပြည်နယ်)မှာ ဝင်အားနည်း၍ မတ်ပဲ၊ ပဲတီစိမ်း ဈေးကျ နေပါတယ်။ အာဂိုလာဈေးကွက် (မဟာရာရှ်တရာပြည်နယ်)၊ ကတ်နီ၊ အင်ဒိုရီ (မဒ္ဒရာပရာဒေ့ရှ်)၊ ဒဟော့ဈေးကွက် (ဂူဂျာ ရတ်ပြည်နယ်) တွေမှာ ဝယ်လိုအားနည်းလို့ ကုလားပဲဈေးကျ ဆင်းနေပြီး ပဲတီစိမ်းကတော့ အင်ဒိုရီဈေးကွက်မှာ အဝယ် လိုက် ဈေးတက်နေတာ တွေ့ရပါတယ်။

Friday, 1 Feb 2013

အိန္ဒိယ သဘာ၀ ရော်ဘာထုတ်လုပ်မှုဟာ  ဒီဇင်ဘာလ မှာ ၃ ရာခိုင်နှုန်းခန့်မြင့်တက်လျက်ရှိကြောင်းနဲ့  သုံးစွဲမှု ကတော့ တိုးတက်မှုရှိမနေဘူးလို့ သိရပါတယ်။ ၂၀၁၂ ခုနှစ် ဧပြီလမှ ဒီဇင်ဘာအတွင်းမှာ ပြည်ပမှ သဘာဝရော်ဘာ တင် သွင်းမှုဟာ ၂၃ ရာခိုင်နှုန်း မြင့်တက်လျက်ရှိနေပါတယ်။ ဒီ အခြေအနေတွေကိုကြည့်မယ်ဆိုလျှင်လာမဲ့လများမှာေ ရာ်ဘာ ဈေးများ ကျဆင်းနိုင်တဲ့ အရိပ်လက္ခဏာဆောင်လျက် ရှိပါ တယ်။ တာယာထုတ်လုပ်မှုမှာအသုံးပြုတဲ့ RSS-4  ရော်ဘာ ပေါက်ဈေးဟာ ဇန်နဝါရီလ ၁၆ ရက်နေ့မှာ  ၁ ကီလိုကို ၁၆၁ ရူပီး(၂ ဒသမ ၉၅ ဒေါ်လာ)၊ ၁ တန်ကို ၂၉၅၄ ဒေါ်လာ ဈေးရှိခဲ့ပါတယ်။

Friday, 1 Feb 2013

ဇန်နဝါရီလ ၁၆ ရက်မှ ၂၂ ရက်ထိကာလအတွင်းမှာ မူဆယ်စခန်းမှတစ်ဖက် တရုတ်နိုင်ငံသို့ ကန်ဒေါ်လာ သုည ဒသမ ၈၈၁ သန်းဖိုးရှိ သကြားညို၁၀၃၈ တန်ကျော်နဲ့ သကြားဖြူ ၄၆၅ တန်ကျော်တင်ပို့မှုရှိခဲ့ပါတယ်။ ယခင်အပတ် တင်ပို့မှု ထက် ယခုအပတ်မှာ ၃၀၂ တန်လျော့နည်းခဲ့ပါတယ်။ မန္တလေးဈေးကွက်တွင် သကြားများ စုဆောင်းပြီး မူဆယ်မှတစ်ဆင့်တင်ပို့ခြင်းဖြစ်တယ်လို့ လင်းလက်စတား ကုမ္ပဏီထံကသိရပါတယ်။

Friday, 1 Feb 2013

ချင်းပြန်လည်တင်ပို့လာတာ နှစ်ပတ်ရှိပြီလို့ သိရပါတယ်။ ယခင်သီတင်းပတ် မှာချင်းတန်ချိန် ရှစ်ဆယ်ကျော်သာ တင်ပို့နိုင်ခဲ့ပါတယ်။ ဒီသီတင်းပတ်မှာ ၁၃၈ ဒသမ ၁၄ တန်တင်ပို့နိုင်ခဲ့တာကြောင့် ယခင်တစ်ပတ်တင်ပို့မှုနဲ့ ယှဉ်ရင် တန်ချိန် ငါးဆယ်ကျော်ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ယခင်သီတင်းပတ်မှာ ပါကစ္စတန်၊ အိန္ဒိယ၊ ဂျပန်နိုင်ငံများကို တင်ပို့ခဲ့ပေမဲ့ ဒီတစ်ပတ်မှာ ပါကစ္စတန်နိုင်ငံကို တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ ဒီတစ်ပတ်ချင်းတင်ပို့မှုက ပျမ်းမျှရရှိခဲ့တဲ့ ဝင်ငွေက ကန်ဒေါ်လာ လေးသောင်းနီးပါးရှိခဲ့တယ်လို့ သိရပါတယ်။                            MIRT (DOT)

Pages