Main menu

Background

Tuesday, 15 Feb 2011

အိန္ဒိယမှာ တစ်လအတွင်း ပဲတီရွှေဝါ တစ်တန် ကန်ဒေါ်လာ ၃ဝဝ ကျော်မြင့်တက်             အိန္ဒိယမွန်ဘိုင်းဈေးကွက်မှာ ပဲတီစိမ်း၊ ပဲတီရွှေဝါ ဈေးမဖွင့်ပေမဲ့ ချန်နိုင်းဈေးကွက်မှာ မြန်မာပဲတီရွှေဝါဈေးက တစ်လအတွင်း တစ်တန်ကို ကန်ဒေါ်လာ ၃ဝဝ ကျော်မြင့်လာတာတွေ့ရပါတယ်။ အခြားပဲဈေးတွေ အတက်အကျ အပြောင်း အလဲတွေရှိပေမဲ့ ပဲတီစိမ်း၊ ပဲတီရွှေဝါဈေးက မှန်မှန်နဲ့တက်လို့လာခဲ့ပါတယ်။ အဓိကတော့ ဈေးကွက်တွေမှာ အရည် အသွေး ကောင်းပဲ မရရှိနိုင်တော့တာမို့ နိုင်ငံတကာ ဈေးနဲ့အတူ လိုက်ပါတက်လာတာ ဖြစ်ပါတယ်။ ချန်နိုင်းဈေးကွက်နဲ့ ဒေလီ ဈေးကွက်တွေမှာ ဖြစ်ပေါ်တဲ့ ကာလတူဈေးတွေ ဖော်ပြလိုက်ပါတယ်               ချန်နိုင်း (ပဲတီရွှေဝါ)             ဒေလီပဲတီစိမ်း၁ဝ-၂-၁၁            ၁၃၆ဝ                           ၁၂၇၂၁ဝ-၁-၁၁            ၁ဝ၃၄                          ၁ဝ၂၃                                                                                                                   MIRT (MAPT)

Tuesday, 15 Feb 2011

  အိန္ဒိယပဲစင်းငုံ တစ်လအတွင်း တစ်တန်ကန်ဒေါ်လာ ၁ဝဝ ကျော်မြင့်လာ                 အိန္ဒိယပြည်တွင်းဈေးကွက်တွေကို ပဲအသစ်တွေ ဝင်ရောက်မှုရှိပေမဲ့ တစ်လ အတွင်းမှာတော့ တစ်တန်ကို ကန်ဒေါ်လာ ၁ဝဝ ကျော်မြင့်လာတာတွေ့ရ ပါတယ်။ ပဲအသစ်တွေဝင်ရောက်မှု တိုးတက်ပေမဲ့ အချို့ဒေသပဲများက အရည် အသွေး နိမ့်တယ်လို့ သိရပါတယ်။ ဈေးကွက်တွေမှာ ဝယ်လိုအားနည်းလို့ ဈေးကျ သွားရင် တောင်သူတွေက ကျဈေးနဲ့မရောင်းကြတာကလည်း ဈေးကွက်ကို အထောက်အပံ့ဖြစ်စေပါတယ်။ ပဲအသစ်တွေဝင်ရောက်တဲ့ ကာလဖြစ်လို့ ဒီကာလ တွေမှာတော့ ဈေးပိုမတက်နိုင်ဘူးလို့ ဈေးကွက်ကခန့်မှန်းကြောင်း သိရပါတယ်။ မွန်ဘိုင်းဈေးကွက်ပေါက်ဈေးနဲ့ C & F ဈေးများ ကာလတူနှိုင်းယှဉ် ဖော်ပြလိုက် ပါတယ်- ဒေါ်လာ/တန်                           မွန်ဘိုင်းဈေးကွက်                 မွန်ဘိုင်း(C & F)၁ဝ-၂-၁၁                  ၈၃၆-၈၃၈                         ၉၄ဝ-၉၅ဝ၁ဝ-၁-၁၁                      ၇၂၁                               ၇၇ဝ                                                                                      MIRT(MAPT)

Sunday, 6 Feb 2011

 အိန္ဒိယနိုင်ငံ ပြည်တွင်းကြက်သွန်နီဈေးနှုန်း ထက်ဝက်ကျော်ကျဆင်း                  အိန္ဒိယနိုင်ငံ စားနပ်ရိက္ခာဝန်ကြီး က ၂၇.၁.၂ဝ၁၁ ရက်နေ့တွင် Nafed၊ NCCF နဲ့ Kendriya Bhandar ကော် ပိုရေးရှင်းတို့ကို နယူးဒေလီမှာ ကြက်သွန်နီတစ်ကီလို (၂၂-၂၃) ရူပီးနဲ့ ၁.၂.၂ဝ၁၁ ရက်နေ့က စလို့ရောင်းချ ပေးရန် ညွှန်ကြားခဲ့ပါတယ်။ ၎င်းကော်ပိုရေးရှင်း (၄) ခုတို့က နယူးဒေလီမှ တစ်ကီလိုရူပီး (၃ဝ) နဲ့ ၂၇.၁.၂ဝ၁၁ ရက်နေ့ထိ ရောင်းပေး နေကြောင်း သိရပါတယ်။ ၂၁.၁၂.၂ဝ၁ဝ ရက်နေ့ စားသုံးသူရေးရာဝန်ကြီးဌာန Nafed နဲ့ NCCF  ပြုလုပ်တဲ့ အစည်းအဝေးမှာ ဒီဇင်ဘာလတတိယပတ်အတွင်း ကြက်သွန်နီဈေးနှုန်း တစ်ကီလိုရူပီး ၇ဝ မှ ၈၅ ထိ အခြေအနေကို အဓိကထား ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။ အစည်းအဝေးရဲ့ အကျိုးသက်ရောက်မှု ကတော့ ကြက်သွန်နီအဓိကထုတ်လုပ် တဲ့Naskih  မှာ တစ်ကီလိုရူပီး ၁၃ မှ ၁၄ ထိ နယူးဒေလီ၌ ရူပီး ၁၄ မှ ၁၇ ထိလျှော့ကျအောင် ဆောင်ရွက်ခဲ့တဲ့ အတွက် ကြက်သွန်နီဈေးနှုန်း တည်ငြိမ်အောင် လျင်မြန်စွာ ဆောင်ရွက်နိုင်ခဲ့ ကြောင်း သိရပါတယ်။                 စားနပ်ရိက္ခာဝန်ကြီးအနေနဲ့ ကြက်သွန်နီနှင့်ပတ်သက်လို့ အပြည့်အဝထိန်း ချုပ်နိုင်တဲ့တိုင်အောင် ပြည်ပတင်ပို့မှုကို ပြန်လည်စတင်ဖို့ ဆုံးဖြတ်ချက်တစ်စုံ တစ်ရာမရှိကြောင်း ပြောကြားခဲ့ပါတယ်။                  ၁ဝ.၁၂.၂ဝ၁ဝ ရက်နေ့အထိ ကြက်သွန်နီပြည်ပတင်ပို့မှုအပေါ် ကန ဦးရပ်ဆိုင်းခဲ့တဲ့နောက် အိန္ဒိယအစိုးရ အနေနဲ့ ဈေးနှုန်းမြင့်မားမှုကို ထိန်းချုပ်ရန် ကာလအပိုင်းအခြားမရှိ ပြည်ပ သင်္ဘောတင်ပို့မှုကို ပိတ်ပင်ခဲ့ပါတယ်။ NHRDF (National Horticultural Research Development Foundation)  သည် အဓိကမြို့ကြီး များအတွင်း ကြက်သွန်နီ၊ ကြက်သွန်ဖြူ နဲ့ အာလူးစတဲ့ မရှိမဖြစ်သီးနံှများရဲ့ နေ့စဉ်ဈေးနှုန်းများကို ထုတ်ပြန်လျက်ရှိရာ Maharshtra ပြည်နယ် Naskih ခရိုင် အတွင်းရှိ Lassalgon ကြက်သွန်နီ လက်ကားဈေးနှုန်းမှာ တစ်ကီလို ၁၄ ရူပီးနဲ့ Pimpalgaon ဈေးကွက်မှာ တစ် ကီလို ၁၂ ရူပီးထိ ကျဆင်းခဲ့ကြောင်း သိရပါတယ်။               အိန္ဒိယကြက်သွန်နီကုန်သည် ကြီးများ၏ အထွေထွေအတွင်းရေးမှူး ရဲ့ ပြောကြားချက်အရ အာရှ၏ အကြီး ဆုံး သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက် ဈေးကွက်ကြီး Azadpur မှာ ကြက်သွန်နီလက်ကားဈေးနှုန်းမှာ တစ်ကီလို ၁၄ မှ ၁၇ ထိ ဖြစ်ကြောင်း သိရပါတယ်။ အိန္ဒိယပြည်တွင်းမှာ ကြက်သွန်နီယခင်က တစ်ကီလို ၇ဝ မှ ၈၅ ရူပီးရှိ ရာမှ အခု ၂၂-၂၃ ရူပီးဖြစ်လို့ ထက်ဝက်  ကျော်ဈေးကျဆင်းသွားကြောင်း ဖော်ပြ အပ်ပါတယ်။T60

Sunday, 6 Feb 2011

အိန္ဒိယနနွင်းဟောင်းဈေး သိသိသာသာကျဆင်းလာ                   အိန္ဒိယဈေးကွက်တွေမှာ နနွင်းအဟောင်းကို အဝယ်မရှိတာကြောင့် တစ်တန်ကို ရူပီး၁ဝဝဝဝ(ကန်ဒေါ်လာ ၂၂ဝ) ခန့်ကျဆင်းပြီး ရူပီး ၁၂ဝဝဝဝ-၁၂၅ဝဝဝ (ကန်ဒေါ်လာ ၂၆၄၁-၂၇၅၁) ဈေးဖြစ်ခဲ့တယ်လို့ သိရပါတယ်။ နနွင်းအသစ် ဝယ်လိုအားတက်လာတာကြောင့် နနွင်းသစ်ရောင်းချမှု တိုးတက်ပေမဲ့ အသစ်ဈေးကတော့ ငြိမ်နေတယ် လို့ အီရော့နနွင်း ကုန်သည်များ အသင်း ဥက္ကဌ မစ္စတာအာဗွီရာဗီရှန်ကာကပြောကြားပါတယ်။ စိုက်ပိုျးသူတွေ လက်ထဲမှာ အဟောင်း လက်ကျန် အသင့်အတင့် ကျန်ရှိနေပြီး နနွင်းအသစ်ဝင်ရောက်မှုလည်း တိုးလာတယ်လို့ ဆိုပါတယ်။၏                   နနွင်းဟောင်းဝယ်လိုအား ရုတ်တရက် ကျဆင်းလာပြီး နနွင်းအသစ်တွေကလည်း လာမယ့်သီတင်းပတ်မှာ အမြောက် အမြားစုပုံရောက်ရှိတော့မယ်လို့ ဆိုပါတယ်။ အီရော့နဲ့ နီဇမ်မာဘတ်ဈေးကွက်တွေကို နနွင်းသစ် ဝင်ရောက်မှုက ယခင်သီတင်းပတ်မှာ အိတ် ၄ဝဝဝ နဲ့ ၆ဝဝဝ အသီးသီးရှိရာမှ ယခုသီတင်းပတ်မှာ အိတ် ၆ဝဝဝ နဲ့ ၈ဝဝဝ အထိတိုးတက် လာပြီလို့ သိရပါတယ်။                အီရော့နနွင်းကုန်သည်များအသင်းဈေးဝင်းမှာ နနွင်းလက်ချောင်း (အသစ်) တစ်တန်ကို ရူပီး ၉ဝ၁ဝဝ-၁၁၇၆၆ဝ (ကန်ဒေါ်လာ ၁၉၈၃-၂၅၉ဝ) ရှိပြီး နနွင်းဥဈေးက တစ်တန်ကို ရူပီး ၈၁၆ဝဝ-၁ဝ၆၈၉ဝ (ကန်ဒေါ်လာ၁၇၉၆-၂၃၅၃)ဈေးရှိတယ်လို့ သိရပါတယ်။ ၂ဝ၁ဝ ဧပြီလမှ ဒီဇင်ဘာလအတွင်း အိန္ဒိယနိုင်ငံရဲ့ နနွင်းတင်ပို့မှုဟာ ယခင်နှစ်တင်ပို့ခဲ့တဲ့တန်ချိန် ၄ဝ၈၂၅ ထက် ၁၃ ရာခိုင်နှုန်းလျော့ကျပြီး တန်ချိန် ၃၅၅ဝဝ သာ တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ယမင်းခင်၊ှSource: Business line

Sunday, 6 Feb 2011

အိန္ဒိယမှာ ပဲတီစိမ်းဈေး တစ်လအတွင်း ကန်ဒေါ်လာ ၂ဝဝ ကျော်မြင့်တက်                အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ ပဲတီစိမ်းဈေးက တစ်လအတွင်း ကန်ဒေါ်လာ ၂ဝဝ ကျော်မြင့်တက်လာခဲ့ပါ တယ်။ ပြည်တွင်းဈေးကွက်တွေမှာ အရည်အသွေးနိမ့်ပဲများသာ ကျန်ရှိပြီး အရည်အသွေးကောင်းကို အဝယ်ရှိနေ တာကြောင့် ဈေးမြင့်လာတာဖြစ်ပါတယ်။ နိုင်ငံတကာမှာလည်း တရုတ်က ဝယ်လိုအားကောင်းနေလို့ ဈေးဆက်လက် မြင့်တက် နေခြင်းက ပြည်တွင်းဈေးကို လွှမ်းမိုးလျက်ရှိတယ်လို့ သိရပါတယ်။ ချန်နိုင်းနဲ့ ဒေလီဈေးကွက်တွေမှာ ဖြစ်ပေါ်တဲ့ ကာလတူ ဈေးများ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်                      ချန်နိုင်း (ပဲတီရွှေဝါ)                 ဒေလီပဲတီစိမ်း၃-၂-၁၁                  ၁၃၃၇                             ၁၂၇၁၃-၁-၁၁            ၁ဝ၇၅-၁ဝ၉၇                    ၁ဝဝ၇-၁ဝ၄၁                                                                                                             MIRT (MAPT)

Sunday, 6 Feb 2011

်အိန္ဒိယမတ်ပဲ တစ်လအတွင်းကန်ဒေါ်လာ ၈ဝ ခန့်တိုးလာ               အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ ဇန်နဝါရီလဆန်းမှ ဖေဖော်ဝါရီ လဆန်းအထိ တစ်လအတွင်း မတ်ပဲဈေး ကန်ဒေါ်လာ ၈ဝ ခန့်တိုးလာတာ တွေ့ရပါတယ်။ လက်လီဈေးကွက်တွေမှာ ဝယ်လိုအားကောင်းပြီး ဈေးကွက်တွေမှာ အရည်အသွေးကောင်း မတ်ပဲ လက်ကျန်နည်းတာကြောင့် ဈေးတက်လာ တာဖြစ်ပါတယ်။ အိန္ဒိယမတ်ပဲအသစ်များ ယခုလလယ်မှာ ဝင်ရောက်တော့မှာ ဖြစ်ပြီး ယင်းကာလမှာတော့ ဈေးအနည်းငယ်ကျဆင်းနိုင်တယ်လို့ ခန့်မှန်းကြပါ တယ်။ မွန်ဘိုင်းဈေးကွက်နဲ့ C & F ဈေးများ ကာလတူနှိုင်းယှဉ် ဖော်ပြလိုက်ပါ တယ်                                                                                                          ဒေါ်လာ/တန်               မတ်ပဲ(FAQ)              မတ်ပဲ(SQ) ၃-၂-၁၁           ၉၅၉                   ၉၄ဝ-၉၅ဝ ၃-၁-၁၁           ၈၇၉                     ၈၅ဝ MIRT(MAPT)

Tuesday, 1 Feb 2011

အိန္ဒိယနနွင်းဝယ်လိုအားနည်းလို့ ဈေးကျဆင်း           အိန္ဒိယဈေးကွက်တွေကို နနွင်းအသစ်ဝင်ရောက်မှု တိုးတက်လာပြီဖြစ်ပေမဲ့ ဒေသတွင်း လှောင်လက်တွေက ဝယ်လိုအားနည်းတာကြောင့် လက်ငင်းဈေးရော ကြိုပွိုင့်ဈေးပါ ဇန်နဝါရီလ ၂၅ ရက်နေ့မှာ သုညဒသမ ၁၇ ရာခိုင်နှုန်းနဲ့ သုည ဒသမ ၃ ရာခိုင်နှုန်းအသီးသီးကျဆင်းခဲ့တယ်လို့ သိရပါတယ်။ အီရော့နဲ့ နီဇမ်မာဘတ်ဈေးကွက်တွေကို နနွင်းအသစ် ဝင်ရောက်မှုဟာ ယခင်သီတင်းပတ်က အိတ် ၁ဝဝဝ နဲ့ ၃ဝဝဝ စီ ဝင်ရောက်ခဲ့ရာက ယခုသီတင်းပတ်မှာ အိတ် ၂၅ဝဝ နဲ့ ၄ဝဝဝ စီဝင်ရောက်လာတယ်လို့ သိရပါတယ်။           ၂ဝ၁ဝ-၂ဝ၁၁ ယခုနှစ်အတွက် နနွင်းထွက်ရှိမှုကို ခန့်မှန်းရာမှာ ၇ဝ ကီလိုပါအိတ် ၆၉ သိန်းထိ ခန့်မှန်းထားပြီး ယခင်နှစ်က အိတ် ၄၈ သိန်းထွက်ရှိခဲ့တယ်လို့ သိရပါတယ်။ တောင်သူအများစုဟာ နနွင်းဈေးကောင်းနဲ့ ရောင်းရမယ်လို့ မျှော်မှန်းထားပေမဲ့ ဝယ်လက်တွေက ယခင်သီတင်းပတ်ဈေးနဲ့သာ ဝယ်လိုကြတယ်လို့ ဆိုပါတယ်။ တောင်သူများအနေနဲ့ နနွင်းဟောင်းတွေကို ပိုမိုရောင်းချလိုတဲ့အတွက် ဈေးကွက်တွေကို နနွင်းဝင်ရောက်မှု တိုးတက်ပေမဲ့ အရောင်းအဝယ်တော့ ထိုင်းနေတယ်လို့ သိရပါတယ်။            ကာလတိုအတွင်းဈေးနှုန်းအလားအလာကတော့ နနွင်းဝင်ရောက်မှုနဲ့ ဝယ်လိုအားပေါ်မူတည်နေပြီး ကာလလတ်နဲ့ ကာလရှည်အတွင်းမှာတော့ ထုတ်လုပ်မှုမြင့်တက်လို့ နနွင်းဝင်ရောက်မှု တိုးတက်လာမှာ ဖြစ်တဲ့အတွက် ဈေးနှုန်းကျဆင်းနိုင်တယ်လို့ ကုန်သည်များက ခန့်မှန်းကြပါတယ်။ အီရော့နနွင်းကုန်သည်များ ဈေးဝင်းမှာ နနွင်းလက်ချောင်း(အဟောင်း) ဈေးက တစ်တန်ကို ရူပီး ၉၁ဝ၆ဝ-၁၄၇၃၉ဝ (ကန်ဒေါ်လာ ၁၉၉၆-၃၂၃ဝ) ရှိပြီး နနွင်းဥဈေးက တစ်တန်ကို ရူပီး ၉ဝ၉၆ဝ-၁၄၄ဝဝ (ကန်ဒေါ်လာ ၁၉၉၄-၃၁၅၆) ဈေးရှိတယ်လို့ သိရပါတယ်။ ယမင်းခင်၊ှcif?Source: Angel commodities

Sunday, 30 Jan 2011

 သီတင်းပတ် သုံးပတ်အတွင်း အိန္ဒိယပဲတီစိမ်းဈေး ကန်ဒေါ်လာ ၂ဝဝ ကျော်မြင့်တက်        ယခုလ ပထမ သုံးပတ်အတွင်း အိန္ဒိယနိုင်ငံဈေးကွက်အသီးသီးမှာ ပဲတီစိမ်း၊ ပဲတီရွှေဝါ တစ်တန်ကို ကန်ဒေါ်လာ ၂ဝဝ ကျော်မြင့်တက်လာတာတွေ့ရပါတယ်။ ဈေးကွက်တွေမှာ လက်ကျန်နည်းလာပြီဖြစ်ပြီး ပဲအသစ်က ဖေဖော်ဝါရီ လလယ်မှ သာ ဝင်ရောက်မှာဖြစ်လို့ ယခုလိုဈေးသိသိသာသာ မြင့်တက်လာခဲ့ပါတယ်။ နိုင်ငံတကာမှာ တရုတ်က ဝယ်လိုအား ကောင်းနေ လို့ ဈေးတက်တဲ့အတွက် အိန္ဒိယ ပြည်တွင်းဈေးကွက်တွေမှာပါ လိုက်ပါမြင့်တက်လာခြင်းဖြစ်တယ်လို့ သိရပါတယ်။ သုံးပတ် အတွင်း ဈေးနှုန်းအပြောင်းအလဲကို ဖော်ပြလိုက်ပါတယ်                                                                                                           ဒေါ်လာ/ တန်                       ချန်နိုင်းဈေးကွက်              ဒေလီဈေးကွက်၂၇-၁-၁၁         ၁၂၉၅-၁၃၁၇                   ၉၈၇-၁၂ဝ၇၃-၁-၁၁           ၁ဝ၇၅-၁ဝ၉၇                  ၁ဝဝ၇-၁ဝ၄၁MIRT (MAPT)

Sunday, 30 Jan 2011

 လှောင်လက်များ ဝယ်ယူလို့ အိန္ဒိယမတ်ပဲဈေး မြင့်တက်              အိန္ဒိယဈေးကွက်တွေမှာ လှောင်လက်တွေနဲ့ ဒေသတွင်းခွဲစက်တွေက ဝယ်ယူမှုတွေရှိလို့ မတ်ပဲဈေးမြင့်တက် လျက်ရှိပါတယ်။ လက်ကျန်နည်းနေတဲ့အချိန် ဝယ်လိုအားတွေကောင်းနေတာကြောင့် ဇန်နဝါရီလ ၂၆ ရက်နေ့မှာ တစ်တန်ကို ရူပီး ၅ဝဝ (ကန်ဒေါ်လာ ၁ဝ ဒသမ ၉၇) မြင့်တက်ခဲ့တယ်လို့ သိရပါတယ်။ ဒေလီဈေးကွက်မှာ မတ်ပဲတစ်တန်ကို ရူပီး ၄၃ဝဝဝ-၄၈၅ဝဝ (ကန်ဒေါ်လာ ၉၄၄-၁ဝ၆၄) ရှိပြီး အရည်အသွေး အကောင်းဆုံးတစ်တန်ကို ရူပီး ၅၅၅ဝဝ- ၅၈၅ဝဝ (ကန်ဒေါ်လာ ၁၂၁၈-၁၂၈၄) ဈေးရှိခဲ့တယ်လို့ သိရပါတယ်။ အိန္ဒိယဈေးကွက်တွေကို မတ်ပဲအသစ်က ဖေဖော်ဝါရီလလယ်မှ ဝင်ရောက်မှာဖြစ်လို့ အဲဒီကာလတိုင်အောင် ဈေးခိုင်မာဖွယ်ရှိတယ်လို့ သုံးသပ်ကြပါတယ်။ ယမင်းခင်၊ Source: TPI

Friday, 28 Jan 2011

ပါကစ္စတန်သကြားစက်လုပ်ငန်းရှင်များ အိန္ဒိယက သကြားတင်သွင်းမှုကို ဆန့်ကျင်             ပါကစ္စတန်သကြားစက်လုပ်ငန်းရှင်တွေဟာ အိန္ဒိယရဲ့ ပိုလံျှသကြားတွေ စုပုံကာရောက်ရှိလာခြင်းဖြင့် ပြည်တွင်းထုတ်လုပ်သူတွေကို ထိခိုက်လာနိုင်တဲ့ အခြေအနေကို စိုးရိမ်ပြီး အိန္ဒိယက သကြားတင်သွင်းမှုကို ဆန့်ကျင်ကြတယ်လို့ အရာရှိ တစ်ဦးမှ ဇန်နဝါရီလ ၁၉ ရက်နေ့မှာ ပြောကြားပါတယ်။ ပါကစ္စတန် အစိုးရဟာ သကြားဖြူတင်သွင်းခွန် တင်းကျပ်ခြင်းမရှိတဲ့အပြင် စက်တင်ဘာလ အတွင်းမှာ သကြားကြမ်းအပေါ် အခွန် ၂၅ ရာခိုင်နှုန်းကိုလည်း ဖယ်ရှားခဲ့ပါတယ်။               ၂ဝ၁ဝ-၂ဝ၁၁ သီးနံှရာသီအတွင်း သြဂုတ်လရေလွှမ်းမိုးမှုကြောင့် သကြားတန်ချိန် ၃ ဒသမ ၂ သန်းကို ထုတ်လုပ်မှုလျော့ကျခဲ့ပြီးနောက် ပြည်တွင်း လိုအပ်ချက်ဖြည့်ဆည်းဖို့ ပုဂ္ဂလိကသကြားလုပ်ငန်းရှင်များ သကြားတင်သွင်းမှုကို အားပေးတဲ့အနေနဲ့ အခွန်များဖယ်ရှားခဲ့ပါတယ်။ ဒါပေမဲ့ အစိုးရနဲ့ ထုတ်လုပ်မှု အရာရှိတွေက ယခုနှစ်မှာ တန်ချိန် ၃ ဒသမ ၇ သန်းနဲ့ ၃ ဒသမ ၈ သန်းအတွင်း ထွက်ရှိနိုင်မယ်လို့ မျှော်မှန်းထားကြောင်း သိရပါတယ်။                တင်သွင်းထားတဲ့သကြားလက်ကျန်ဟာ အကြမ်းဖျင်းအားဖြင့် တန်ချိန် ၄ သိန်းခန့် ကျန်ရှိသေးလို့ ပြည်တွင်းလိုအပ်ချက်ပြည့်မီဖို့ လုံလောက်နေပြီလို့ သကြားစက်လုပ်ငန်းရှင်တွေက ဆိုပါတယ်။ ပါကစ္စတန်နိုင်ငံဟာ တစ်နှစ်ကို သကြားတန်ချိန် ၄ ဒသမ ၂ သန်းခန့်စားသုံးတယ်လို့ သိရပါတယ်။ လက်ရှိ လက်ကျန် ပမာဏနဲ့ ပြည်တွင်းလိုအပ်ချက်ပြည့်မီမှာဖြစ်လို့ သကြားတင်သွင်းဖို့ မလိုအပ်ပါဘူးလို့ ပါကစ္စတန် သကြားစက်လုပ်ငန်းရှင်များ အသင်း (PSMA)ဥက္ကဌ  Javed Kayani က ပြောကြားပါတယ်။                အောက်တိုဘာ လ ၁ ရက်မှ ဇန်နဝါရီလ ၃၁ ရက်အထိ အိန္ဒိယ သကြားရာသီအတွင်း အိန္ဒိယသကြား ထွက်ရှိမှုဟာ ၁၂ ရာခိုင်နှုန်းမြင့်တက်ပြီး တန်ချိန် ၁၁ ဒသမ ၂ သန်းထွက်ရှိနိုင်လို့ ပြည်ပတင်ပို့မှုလည်း တိုးတက်နိုင်တယ်လို့ အိန္ဒိိယ သကြားအသင်းကခန့်မှန်းထားပါတယ်။ သကြားစက်လုပ်ငန်းရှင်တွေက သကြား တင်သွင်းမယ့် အစီအစဉ်ကို မကျေနပ်ကြပေမဲ့ အစိုးရအနေနဲ့တော့ ပြည်တွင်း ပြတ်လပ်မှုမရှိအောင် အရန်သိုလှောင်မှု လုံလုံလောက်လောက်ထားရှိဖို့ ပုဂ္ဂလိက ကဏ္ဍကို သကြားတင်သွင်းစေလိုပါတယ်။ ပါကစ္စတန်နိုင်ငံဟာ ၂ဝဝ၉- ၂ဝ၁ဝ သီးနံှရာသီအတွင်း အထွက်တန်ချိန် ၃ ဒသမ ၂ သန်းနီးပါးကို လျော့ကျခဲ့တာကြောင့် မနှစ်က သကြားတန်ချိန် ၁ ဒသမ ၂ သန်းခန့် ဝယ်ယူခဲ့ရတယ်လို့ သိရပါတယ်။ ယမင်းခင်၊ှSource: Retuers

Pages