Main menu

Background

Sunday, 20 Feb 2011

 ကော်ဖီဈေးနှုန်းတက်ခြင်းက ဗီယက်နမ် ကုန်သည်များအား ထိခိုက်            ဗီယက်နမ်မှာ ကော်ဖီဈေးနှုန်း တက်နေခြင်းက စားသုံးသူများရော၊ ကုမ္ပဏီများကိုပါ ထိခိုက်စေကြောင်း သိရပါတယ်။ ကော်ဖီဈေးနှုန်းက တစ်ချိန်လုံးတက်နေပြီး တစ်ကီလိုဂရမ်ကို ဗီယက်နမ်ဒေါင် ၄ဝ၅ဝဝ မှ ၄၁ဝဝဝ ကြားရှိကြောင်း ဗီယက်နမ်ကော်ဖီနဲ့ ကိုကာအသင်း (Vicofa )က ပြောကြား ပါတယ်။ ဒီလိုဈေးနှုန်း မြင့်တက်ခြင်းက နိုင်ငံခြားကုမ္ပဏီတွေကို တောင်သူတွေဆီကနေ တိုက်ရိုက်ဝယ်ယူဖို့ တွန်းအား ပေးတဲ့အတွက် ဒေသခံ ကုန်သည်တွေ ကို စိုးရိမ်မှုဖြစ်စေကြောင်းသိရပါတယ်။               နိုင်ငံခြားကုမ္ပဏီတွေက ပမာဏတော် တော်များများ ဝယ်ယူစုဆောင်းဖို့အခွင့် အရေးရသွားရင် ပြည်တွင်းကုမ္ပဏီတွေ အထိနာမှာ ဖြစ်ကြောင်း (Vicofa) က ပြောခဲ့ပါတယ်။                 ဒါ့အပြင် နိုင်ငံခြားကုမ္ပဏီတွေ က နိုင်ငံတော်ရဲ့ဥပဒေကို ချိုးဖောက်ပြီး တောင်သူတွေဆီက တိုက်ရိုက်ဝယ်ယူ နေတယ်လို့ (Vicofa)  က ခံစားနေရကြောင်း ပြောပါတယ်။ ကော်ဖီတင်ပို့သူများအဖွဲ့က သက်ဆိုင်ရာအေဂျင်စီတွေ ကို ဒီအခြေအနေကို ထိန်းသိမ်းဖို့နဲ့ အစိုးရအနေနဲ့ ကော်ဖီကဏ္ဍတစ်ခုလုံး ဒါမှမဟုတ် ပို့ကုန်ပိုင်းကို ဘဏ္ဍာရေး အထောက်အပံ့ပေးဖို့ တောင်းဆိုခဲ့ ကြောင်း သတင်းရရှိပါတယ်။ ှSource: Commodity Online KZW

Sunday, 20 Feb 2011

၂ဝ၂ဝ တွင် ကမ္ဘာ့ရော်ဘာဝယ်လိုအား တန်ချိန် သန်း ၃ဝ ကျော်မည်             ကမ္ဘာ့ဈေးကွက်မှာ မလေးရှားဈေးကွက်ကတော့ ဝယ်လိုအားကောင်းဆဲဖြစ်ပြီး ရောင်းလိုအား ပါးပါးပဲ ရှိတာကြောင့် ဆက်ပြီးအောင်ပွဲခံဦးမယ်လို့ သိရပါတယ်။ အဓိကရော်ဘာထုတ်လုပ်တဲ့ နိုင်ငံတွေမှာ ခြောက်သွေ့ တဲ့ ရာသီဥတုကြောင့် ရောင်းလိုအားပြတ်လပ်ပြီး တကမ္ဘာလုံးအကျပ်အတည်းတွေ့နေကြောင်း ကုန်သည် တစ်ဦးက ပြောပါတယ်။ ဆောင်းရာသီကလည်း ဈေးနှုန်းဆက်တက်ဖို့အထောက်အပံ့ပေးနေကြောင်း ၎င်းကုန်သည်က ဆက်လက်ပြောကြားပါတယ်။ ၂ဝ၂ဝ မှာ အိန္ဒိယနဲ့ တရုတ်ရဲ့သုံးစွဲမှုကြောင့် သဘာဝရော်ဘာနဲ့ ရော်ဘာတု သုံးစွဲမှု ၄ဝ ရာခိုင်နှုန်းတိုးပြီး တန်ချိန် ၃၃ ဒသမ ၉ သန်း ဝယ်လိုအားရှိနိုင်ကြောင်း အစီရင်ခံစာတချို့မှာ ဖော်ပြ ထားပါတယ်။ လာနီညာရာသီဥတုရဲ့ အကိုျးသက်ရောက်မှုကြောင့် အရှေ့တောင်အာရှနိုင်ငံတွေမှာ ပုံမှန်ထက်ပိုမိုတဲ့ မိုးရွာသွန်းနိုင်ပြီး ထိုင်း၊ အင်ဒိုနီးရှားနဲ့ မလေးရှားတို့မှာ အထွက်နှုန်းကျနိုင်ကြောင်းလဲ ခန့်မှန်းထားကြပါတယ်။ KZW,Source: Commodity Online  

Sunday, 20 Feb 2011

 အိန္ဒိယပန်ဂျပ်တောင်သူများ အီသီယိုပီးယားမှာ ပဲမိုျးစုံနဲ့ ဆီထွက်သီးနံှစိုက်ပျိုးမှုစတင်မယ်           အိန္ဒိယနိုင်ငံ ပန်ဂျပ်အခြေစိုက်တောင်သူများ အုပ်စုဟာ အီသီယိုပီးယားရဲ့ မြေဟက်တာ ၅ဝဝဝ မှာ ပဲမိုျးစုံနဲ့ ဆီထွက်သီးနံှများ စိုက်ပျိုးသွားမှာဖြစ်ပြီး ထွက်ရှိတဲ့ သီးနံှတွေကို အိန္ဒိယကို တင်သွင်းသွားမယ်လို့ သိရပါတယ်။ ယခု နှစ် စက်တင်ဘာလကစပြီး မြေဟက်တာ ၅ဝဝဝ မှာ ပဲမျိုးစုံ၊ ဆီထွက်သီးနံှ၊ ကြံနဲ့ပြောင်းတွေကိုစိုက်ပျိုးသွားမယ်လို့ အာလူးမျိုးစေ့ တောင်သူများအဖွဲ့( Poscon ) အထွေထွေ အတွင်းရေးမှူး Mr Jang Bahadur Singh Sangha  က ဖေဖော်ဝါရီလ ၁၄ ရက်မှာ ပြောကြားခဲ့ပါတယ်။             အီသီယိုပီးယားမှာ ၎င်းတို့ထုတ်လုပ်တဲ့သီးနံှတွေ အိန္ဒိယကို တင်သွင်းရာမှာတော့ နိုင်ငံစားနပ်ရိက္ခာ ဖူလုံဖို့ အထောက် အပံ့ဖြစ်စေတာမို့ အစိုးရအနေနဲ့ အခွန်သက်သာခွင့် ပေးစေလိုကြောင်းလည်းယင်းအုပ်စုက ပြောကြားပါတယ်။ အီသီယိုပီးယားမှာ လယ်မြေအခြေအနေက အိန္ဒိယမှာ စိုက် ပျိုးတဲ့ အခြေအနေနဲ့ ဆင်တူပြီး အီသီယိုပီးယားမှာ စိုက်ပျိုးနိုင်တဲ့ မြေအများအပြားတွေ့ရှိထားတယ်လို့လည်း ၎င်းတို့က ပြောကြားကြောင်း သိရပါတယ်။ ယမင်းခင်၊ှSource: P T I

Sunday, 20 Feb 2011

MMTC မှ ပဲမျိုးစုံတန်ချိန် ၄၇ဝဝဝ တင်သွင်းဖို့ တင်ဒါခေါ်ယူ               အိန္ဒိယနိုင်ငံပိုင် MMTC  ကုမ္ပဏီဟာ ပြည်တွင်းဈေးကွက်အတွင်း ရောင်းချရေး ပဲမျိုးစုံတန်ချိန် ၄၇ဝဝဝ တင်သွင်းဖို့တင်ဒါခေါ်ယူခဲ့ပါတယ်။ ယင်းတင်သွင်းရမယ့်ပဲများကို မတ်လမှာ မွန်ဘိုင်းနဲ့ ချန်နိုင်းဆိပ်ကမ်းများကို တင်ပို့ ရမယ်လို့ ၎င်းရဲ့ဝက်ဘ်ဆိုဒ်မှာ ဖော်ပြထားပါတယ်။                 တင်ဒါကို ဖေဖော်ဝါရီလ ၁၇ ရက်မှာ ပိတ်မှာဖြစ်ပြီး အဲဒီနေ့မှာဘဲ ဆုံးဖြတ်သွားမယ်လို့ သိရပါတယ်။ တင်သွင်းမယ့်ပဲတွေကတော့ မြန်မာမတ်ပဲ တန် ၆ဝဝဝ၊ မြန်မာပဲစင်းငုံ တန် ၃ဝဝဝ၊ အာဖရိက ပဲစင်းငုံတန် ၃ဝဝဝ နဲ့ ကနေဒါ ပဲဝါလေး တန် ၃၅ဝဝဝ တို့ဖြစ်တယ်လို့ သိရပါတယ်။ အိန္ဒိယနိုင်ငံဟာ ပြည်တွင်းပြတ်လပ်မှုကို ဖြည့်ဆည်းဖို့ နှစ်စဉ် ပဲမျိုးစုံတန်ချိန် ၄ သန်းဝန်းကျင်တင်သွင်းနေရပါတယ်။ ယမင်းခင်၊ှSource: business Line.com

Sunday, 20 Feb 2011

အိန္ဒိယ ပဲတီစိမ်းဈေး တစ်လအတွင်း ကန်ဒေါ်လာ ၂၂ဝ-၃၂ဝ ခန့်တက်လာ                အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ ဇန်နဝါရီလ ၁၇ ရက်နဲ့ ဖေဖော်ဝါရီလ ၁၇ ရက်ဈေးနှုန်းနှိုင်းယှဉ်ရာမှာ ပဲတီရွှေဝါဈေးက တစ်တန် ကန်ဒေါ်လာ ၃၂ဝ၊ ပဲတီစိမ်းဈေးက တစ်တန်ကန်ဒေါ်လာ ၂၂ဝ ခန့်မြင့်တက်လာခဲ့ ပါတယ်။ ပြည်တွင်းဈေးကွက်တွေမှာ အရည်အသွေးကောင်းပဲ ရရှိနိုင်မှုနည်းခြင်းနဲ့ နိုင်ငံတကာဈေး မြင့်တက်ခြင်း တို့ကြောင့် ဈေးမြင့်တက် ကွာခြားလာတာဖြစ်ပါတယ်။ ပြည်တွင်းဆောင်းပဲအသစ်များမှာလည်း မတ်လမှာ ဝင်ရောက်မှာဖြစ်လို့ အဲဒီကာလမှာတော့ ဈေးနှုန်းမြင့်တက်မှုကို ထိန်းနိုင်မယ်လို့ ခန့်မှန်းကြပါတယ်။ ကာလတူ ဈေးနှုန်းများ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်                 ချန်နိုင်း (ပဲတီရွှေဝါ)           ဒေလီပဲတီစိမ်း၁၇-၂-၁၁      ၁၃၆၆-၁၃၈၈                     ၁၂၇၈၁၇-၁-၁၁           ၁ဝ၄၂                          ၁ဝ၅၃MIRT (MAPT)

Sunday, 20 Feb 2011

 အိန္ဒိယမွန်ဘိုင်း ပဲစင်းငုံ ကာလတူဈေးအပြောင်းအလဲနည်း             အိန္ဒိယမွန်ဘိုင်းဈေးကွက်မှာ မြန်မာပဲစင်းငုံ လီမွန်ဈေးက တစ်လအတွင်း အတက်အကျ အပြောင်းအလဲရှိပေမဲ့ ယခင်လနဲ့ယခုလကာလတူဈေးနှုန်း အပြောင်း အလဲ နည်းတာတွေ့ရပါတယ်။ ပြည်တွင်းဈေးကွက်တွေကို ပဲစင်းငုံအသစ်တွေ ပုံမှန်ဝင်ရောက်မှုရှိပြီး ယခုရက်ပိုင်းမှာ အဝယ်အချို့ရှိနေတဲ့အတွက် ဈေးနှုန်းက လက်ရှိဈေးဝန်းကျင်မှာ အပြောင်းအလဲရှိနေတာဖြစ်ပါတယ်။ အိန္ဒိယအစိုးရရဲ့ ဒုတိယအကြိမ် ပဲစင်းငုံအထွက် ခန့်မှန်းချက်က ပထမအကြိမ်ခန့်မှန်း ပမာဏထက် လျော့ကျတာကြောင့် လာမယ့်ရက်တွေမှာလည်း ဈေးများများ မကျနိုင်ဘူးလို့ ခန့် မှန်းကြပါတယ်။ မွန်ဘိုင်းဈေးကွက်နဲ့ C & F  ဈေးများကို ကာလတူနှိုင်းယှဉ် ဖော်ပြ လိုက်ပါတယ်                          ဒေါ်လာ/တန်                     မွန်ဘိုင်းဈေးကွက်               မွန်ဘိုင်း(C & F)၁၇-၂-၁၁                ၈၃၇                              ၉၁၅၁၇-၁-၁၁             ၈၂၈-၈၃၄                         ၈၆ဝMIRT(MAPT)

Sunday, 20 Feb 2011

 အိန္ဒိယမတ်ပဲဈေး တစ်လအတွင်း ကန်ဒေါ်လာ ၅ဝ ခန့်ကျဆင်းလာ               အိန္ဒိယပြည်တွင်းမတ်ပဲဈေးကွက်တွေမှာ ယခုတစ်ပတ်အတွင်း လက်လီ အဝယ်ရှိလို့ ဈေးတက်လာပေမဲ့ ဇန်နဝါရီလ ကာလတူနဲ့ နှိုင်းယှဉ်ရာမှာတော့ တစ်တန်ကို ကန်ဒေါ်လာ ၅ဝ ခန့် ကျဆင်းလာတာတွေ့ရပါတယ်။ ပြည်တွင်းဈေး ကွက်တွေမှာ လက်ကျန်လျော့နည်းလာပေမဲ့ ဝယ်လိုအားများများမရှိတာရယ်၊ လက်ကျန်ပဲများကလည်း အရည်အသွေးနိမ့်များ ဖြစ်နေလို့ ဈေးမတက်ဘဲ ကျဆင်းလာတာ ဖြစ်ပါတယ်။ လာမယ့်ရက်တွေမှာလည်း မြန်မာနိုင်ငံက တင်သွင်းပဲများ ရောက် ရှိလာမယ့် အခြေအနေရယ်၊ ပြည်တွင်းဆောင်းမတ်ပဲများလည်း ဝင်လာတော့မှာ ဖြစ်လို့ လက်ရှိဈေးဝန်းကျင်နဲ့ အရောင်းအဝယ်ဖြစ်နိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ ဖေဖော်ဝါရီနဲ့ ဇန်နဝါရီလ ကာလတူ မွန်ဘိုင်းဈေးကွက်ပေါက်ဈေးနဲ့ C & F   ဈေး များ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်                                        ဒေါ်လာ/တန်                 မွန်ဘိုင်းဈေးကွက်             မွန်ဘိုင်း(C & F) ၁၇-၂-၁၁         ၈၈၁-၈၈၇                  ၉ဝဝ-၁ဝ၃ဝ ၁၇-၁-၁၁           ၉၃၂                       ၉၂ဝ-၁၁၂ဝ                                                                                   MIRT(MAPT)

Tuesday, 15 Feb 2011

အိန္ဒိယနိုင်ငံသည် သကြားတန်ချိန် ၅ သိန်းအားမဖြစ်မနေတင်ပို့ခွင့်ပြုသင့်              အိန္ဒိယနိုင်ငံ နယူးဒေလီရဲ့ ၂ဝ၁၁ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက်နေ့စွဲနဲ့ Internet သတင်းအရ လက်ရှိကမ္ဘာ့ သကြားဈေးနှုန်းမြင့်တက်နေတဲ့အချိန်တွင် သကြားတန်ချိန် ၅ သိန်းကို မဖြစ်မနေအမြန်တင်ပို့ရောင်းချသင့်ကြောင်း ဖော်ပြ ထားပါတယ်။ အိန္ဒိယနိုင်ငံက ဘရာဇီးလ်နိုင်ငံပြီးရင် ကမ္ဘာပေါ်တွင် သကြားထွက် ရှိမှု အများဆုံးနိုင်ငံဖြစ်ကြောင်း၊ ယခုအခွင့်အရေးက အလွန်ရှားပါးတဲ့ အခွင့်အရေး ဖြစ်ကြောင်း၊ သကြားတင်ပို့ရောင်းချမှုနှောင့်နှေးခဲ့ပါက သကြားစက်ရုံများရဲ့ ငွေကြေး အနေအထားထိခိုက်သွားနိုင်ကြောင်း၊ ၂ဝ၁၁ ခုနှစ် ဇန်နဝါရီလအတွင်း သြစတြေးလျနိုင်ငံရဲ့ ဆိုင်ကလုန်းမုန်တိုင်း့Yasi ပြင်းထန်စွာတိုက်ခတ်ခဲ့ရာ သကြား အဓိကစိုက်ပျိုးတဲ့ ကွင်းစလန်းပြည်နယ်ရဲ့ ကြံစိုက်ခင်းထက်ဝက်ခန့်ပျက်စီးခဲ့ပြီး ရာခိုင်နှုန်းအနေနဲ့ နိုင်ငံတစ်ခုလုံးသကြားထွက်ရှိမှုရဲ့ ၁၅ ရာခိုင်နှုန်းအထိပျက် စီးဆုံးရှုံးခဲ့ကြောင်း၊ ကမ္ဘာပေါ်တွင် သကြားစားသုံးမှုအများဆုံးဖြစ်တဲ့ အိန္ဒိယနိုင်ငံ အနေနဲ့ ပြည်တွင်းစားသုံးမှု လိုအပ်ချက်ပြည့်မီပြီးပါက ပြည်ပကိုသကြားတန်ချိန် တစ်သန်းတင်ပို့နိုင်မှာဖြစ်ကြောင်း၊ နိုင်ငံတော်က ပြည်တွင်း တွင်သကြားတန်ချိန် ၂၄ ဒသမ ၅ သန်းစားသုံးဖို့ လျာထားသော်လည်း စားသုံးမှုမှာ တန်ချိန် ၂၂ သန်းထက်ကျော်မှာမဟုတ်လို့ သကြားတန်ချိန် တစ်သန်းကို လွယ်လင့်တကူ တင်ပို့နိုင်မှာဖြစ်ကြောင်း၊ လွန်ခဲ့တဲ့ နှစ်တွင် သကြားတန်ချိန် ၁၈ ဒသမ ၈ သန်းထွက်ရှိခဲ့ကြောင်း၊ ယခုနှစ်တွင် တန်ချိန် ၂၅ ဒသမ ၈ သန်းထွက်ရှိနိုင်ပြီး ရာခိုင်နှုန်းအနေနဲ့ ၃၆ ရာခိုင်နှုန်းတိုးတက်ထွက်ရှိမယ်လို့ ခန့်မှန်းကြောင်း ဖော်ပြထားပါတယ်။ ဒေါက်တာခင်ဦးမေ၊ှSource:brecorder.com

Tuesday, 15 Feb 2011

ထိုင်းနိုင်ငံ၏ ရော်ဘာစိုက်ပျိုးရေးစီမံကိန်း               ထိုင်းနိုင်ငံဝန်ကြီးချုပ် အဘီဆစ်ဝဲ့ချာချီဝက ထိုင်းနိုင်ငံမှာ အမျိုးသားရော်ဘာစိုက်ပျိုးရေးစီမံကိန်းကို ဟက်တာ (၁၂၈ဝဝဝ) နဲ့ အကောင်အထည်ဖော်ဖို့တောင်သူများကို တွန်းအားပေးခဲ့ကြောင်း သိရပါတယ်။ ဒီစိုက်ပျိုးရေးစီမံကိန်းရဲ့ ရည်ရွယ်ချက်ကတော့ ယခုနှစ်မှာ အစိုးရက RSS-3 အမျိုးအစား ရော်ဘာရဲ့ဈေးနှုန်း တစ်ကီလိုဂရမ်ကို ဘတ် ၂ဝဝ (၆ ဒသမ ၄၅ ဒေါ်လာ) ကို ရောက်ရှိနိုင်တယ်လို့မျှော်လင့်ထားတဲ့အတွက် ဖြစ်ပါတယ်။ဒီစီမံကိန်းက ၂ဝ၁၇ မှာ ရော်ဘာတန်ချိန် (၂၂ဝဝဝဝ) ပိုမိုထွက်ရှိမှာဖြစ်ပြီး ယခင်နှစ်က အထွက်နှုန်းတန်ချိန် (၃ ဒသမ ၁၁) သန်းရှိခဲ့ကြောင်း သိရပါတယ်။၁၆ဝဝဝဝ ခန့်ရှိတဲ့ တောင်သူအသစ်တွေဟာ ဒီစီမံကိန်းကို စတင်ဆောင်ရွက်နေပြီး ၎င်းတို့ဟာ (ဝ ဒသမ ၇) ဧကနဲ့ (၅ ဒသမ ၇၃) ဧကကြား ပိုင်ဆိုင် ကြပါတယ်။အစိုးရ ကလွန်ခဲ့တဲ့ ၃ နှစ်လောက်ကစပြီးဒီအစီအစဉ်ကို ရေးဆွဲခဲ့တာဖြစ်ပြီး နိုင်ငံရဲ့ မြောက်ပိုင်းမှာ စိုက်ဧက (၂၄ဝဝဝ ဟက်တာ) နဲ့ အရှေ့မြောက်မှာ စိုက်ဧက (၈ဝဝဝဝ) ဟက်တာကို အကောင်အထည် ဖော်နေကြောင်း သိရပါတယ်။ကျန်တဲ့ဧက (၂၄ဝဝဝ ဟက်တာ) ကိုတော့ အရှေ့ပိုင်း၊ အလယ်ပိုင်းနဲ့ တောင်ပိုင်းဒေသတွေမှာ ဖြန့်ပြီး စိုက်ပျိုးမှာ ဖြစ်ပါတယ်။အစိုးရအနေနဲ့ ရော်ဘာပင်ပေါက်၊ ဓါတ်မြေသြဇာနဲ့နည်းပညာအထောက်အပံ့တွေကို ပထမ (၃) နှစ်မှာ ဈေးနှုန်း ချိုသာစွာနဲ့ အထောက်အပံ့ပေးမှာ ဖြစ်ကြောင်း သိရပါတယ်။              သုံးနှစ်လေးနှစ်လောက်အထိ စိုက်ပျိုးသူတွေရင်ဆိုင်ရမယ့် ကုန်ကျစရိတ်သံသရာအတွက် နိုင်ငံပိုင် ဘဏ်တွေက အတိုးနှုန်း သက်သာစွာနဲ့ ငွေချေးပေးမယ့်အစီအစဉ်လဲရှိကြောင်းသိရပါတယ်။အစိုးရအနေနဲ့ ၂ဝ၁၂ မတ်လတိုင်အောင်ဘတ်ငွေ (၈) ဘီလီယံကို ရော်ဘာတောင်သူတွေ သုံးစွဲဖို့ အစီအစဉ် ရေးဆွဲဆုံးဖြတ်ထားကြောင်းလဲ သိရပါတယ်။ Source: commodity online,KZW 

Tuesday, 15 Feb 2011

အိန္ဒိယကုလားပဲဝင်ရောက်မှုက ဈေးနှုန်းတည်ငြိမ်မှုကို ထိန်းချုပ်ဖွယ်ရှိ                    အိန္ဒိယလက်ငင်းဈေးကွက်များမှာ လွန်ခဲ့တဲ့ရက်အနည်းငယ်အတွင်း ပဲရရှိ နိုင်မှုနဲ့ ဝယ်လိုအားအရ ဈေးနှုန်းအတက်အကျအနည်းငယ်ရှိခဲ့ပေမဲ့ ဖေဖော်ဝါရီလ ၉ ရက်နေ့မှာ လက်ငင်းဈေးတစ်တန်ကို ရူပီး ၂၅၅ဝဝ-၂၅၆ဝဝ (ကန်ဒေါ်လာ ၅၆၅) ရှိပြီး၊NCDEX မှာ ဖေဖော်ဝါရီလ ကြိုပွိုင့်ဈေးက တစ်တန်ကို ရူပီး ၂၆ဝ မြင့်တက်ပြီး ရူပီး ၂၆၇ဝဝ (ကန်ဒေါ်လာ ၅၉ဝ) ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ အဓိကဈေးကွက်တွေမှာ ကုန်သည်များက လက်ထပ်ပွဲများနဲ့ အလုပ်ရှုပ်နေတဲ့အတွက် ဝယ်လိုအား ဆက်လက်နည်းပါးနေလို့ ယခင်ရက်ဈေးများ အတိုင်းပဲရှိနေတယ်လို့သိရပါတယ်။ ဈေးကွက်မှ ပြောကြားချက်အရ ဈေးကစားသူ များဟာ ကုလားပဲလက်ငင်းဈေးတစ်တန်ကို ရူပီး ၃ဝဝဝဝ (ကန်ဒေါ်လာ ၆၆၂) ထိ မြင့်လာဖို့ ကြိုးစားနေပေမဲ့ ပဲအသစ်ဝင်ရောက်မှုက ဖေဖော်ဝါရီလ ဒုတိယ လဝက်အတွင်း အရှိန်အဟုန်ရလာပြီဖြစ်လို့ မြင့်တက်လာဖွယ်မရှိဘူးလို့ ဆိုပါတယ်။ အကယ်လို့သာ ပဲအသစ်ဝင်ရောက်မှု တိုးတက်လာမယ်ဆိုရင် ကုလားပဲ ဈေးနှုန်း ကျဆင်းနိုင်တယ်လို့ ကုန်သည် Sanjay Bansal  က ပြောကြားပါတယ်။ ယမင်းခင်၊ှSource: businessline

Pages