Background
မလေးရှား စားအုန်းဆီ ကြိုရောင်းဈေးက သြဂုတ် ၂၄ ရက်မှာ ဒုတိယနေ့အဖြစ် ဆက်တိုက်မြင့်တက်ခဲ့ပါတယ်။ အဓိကအားဖြင့် ရောင်းလိုအား ကျဆင်းလာခြင်းနဲ့ ပို့ကုန်မြင့် တက်လာမယ့် အခြေအနေကို အကြောင်း ပြု ပြီး မြင့်တက်လာ ခြင်းဖြစ်ကြောင်း ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။ ဘာဆာမလေးရှား ကုန်စည်ဒိုင် (Bursa Malaysia Derivative Exchange) မှာ နိုဝင်ဘာအတွက် စာချုပ် ချုပ်ဆို ရောင်းချတဲ့ စားအုန်းဆီ အခြေခံ စံ ထားဈေးနှုန်းက ညနေ ဘက်ဈေးပိတ်ချိန်မှာ သုည ဒသမ ၉ ရာခိုင်နှုန်းမြင့်တက်ပြီး တစ်တန်ကို ရင်းဂစ် ၂၆၀၀ ( အမေရိကန်ဒေါ်လာ ၆၄၄ ) ရှိပါ တယ်။ တစ်ရက်အတွင်း အမြင့်ဆုံးဈေးနှုန်းက ၂၆၂၃ ရင်းဂစ် ဖြစ်ပြီး သြဂုတ် ၁၉ ရက် နောက်ပိုင်း
သြဂုတ် ၉ရက်မှာ အခြား ဟင်းရွက်ဆီ ရောင်းလိုအား ကျဆင်းလာတဲ့အတွက် ဥရောပဈေးကွက်မှာ စားအုန်း ဆီဈေး မြင့်တက်ခဲ့ပါတယ်။ မကြာသေးမီ အချိန်က မြင့်တက် လျက်ရှိနေရာမှ ဆက်လက် မြင့်တက်ခဲ့တာ ဖြစ်ပါ တယ်။ စားအုန်းဆီကြမ်း (Crude Palm Oil) ဈေးက တစ်တန်ကို အမေရိကန် ဒေါ်လာ ၇ ဒသမ ၅၀ မှ ၁၅ဒေါ်လာ ထပ်မံ မြင့်တက်ခဲ့ကာ သြဂုတ် ၉ရက်မှာ စားအုန်းဆီ ကြိုရောင်း ဈေးက နှစ်လအတွင်း အမြင့်ဆုံးနှုန်း ကို ရော က်ရှိခဲ့ ပါတယ်။ ယခုနှစ် နှစ်ဆန်းပိုင်းက အယ်နီညို ရာသီဥတုသွင်ပြင် လက္ခဏာများကြောင့် ပူပြင်းခြောက်သွေ့တဲ့ ရာသီဥတု ဖြစ်ပေါ်ခဲ့ပြီး နောက်ပိုင်း အင်ဒိုနီးရှားနဲ့ မလေးရှား နိုင်ငံတွေမှာ စားအုန်းဆီ ထုတ်လုပ်မှု ကျဆင်းခဲ့ပါ တယ်။ ရို
မလေးရှား စားအုန်းဆီ ကြိုတင်ရောင်းဈေးက သြဂုတ် ၄ရက်မှာ ပြန်လည်ကျဆင်းခဲ့ပါတယ်။ စားအုန်းဆီ ဈေးက သြဂုတ် ၃ရက်မှာ ရက်သတ္တပတ် ခြောက်ပတ်အတွင်း အမြင့် ဆုံးနှုန်းထိ ရောက်ရှိခဲ့ပြီးနောက်ပိုင်း ဇူလိုင်အ တွက် သို လှောင်လက်ကျန် မြင့်တက်မယ်လို့ ခန့်မှန်းခဲ့တဲ့အတွက် ကြောင့် လည်းကောင်း၊ ကုန်သည်များက အမြတ်ရနေတုန်း အချိန်မှာ ပြန်လည်ထုတ်ရောင်းလာတဲ့အတွက်ကြောင့် လည်း ကောင်း ယခုလို ဈေးကျဆင်း တာဖြ စ်ကြောင်း ဘီရီကော်ဒါ သတင်းမှာ ဖော်ပြပါတယ်။
အခြားဟင်းရွက်ဆီဖြစ်တဲ့ ပဲပုပ်ဆီဈေး မြင့်တက်မှုနဲ့ အတူ မလေးရှားစားအုန်းဆီကြိုရောင်းတွေကလည်း ဇူလိုင် ၂၈ ရက်မှာ ဒုတိယမြောက်နေ့အဖြစ် ဆက်လက်မြင့်တက်ပြီး မလေးရှားရင်းဂစ်တန်ဖိုး ကျဆင်းမှုကလည်း စားအုန်းဆီဈေး မြင့်တက်မှုအတွက် ထပ်မံ အထောက်အကူဖြစ်ခဲ့ကြောင်း ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။ ဘာဆာမလေးရှား ကုန်စည်ဒိုင် (ကြမျေ ြေူပျေငေ ီနမငလအေငလန နထခ့ညေါန) မှာ ဇူလိုင် ၂၇ ရက် ဈေးပိတ်ချိန် မှာ အောက်တိုဘာအတွက် စာချုပ်ချုပ်ဆို ရောင်းချတဲ့ စားအုန်း ဆီအခြေခံစံထား ဈေးနှုန်းက သုည ဒသမ ၀၄ ရာခိုင်နှုန်း ကျ ဆင်းပြီး တစ်တန်ကို ၂၃၁၈ ရင်းဂစ် (အမေရိကန်ဒေါ်လာ ၅၆၉) ရှိခဲ့ပါတယ်။
မလေးရှားငွေကြေးရင်းဂစ်တန်ဖိုး ထပ်မံကျဆင်းဦး မယ့် အလားအလာတွေရှိနေချိန်မှာ စားအုန်းဆီ ဝယ်လိုအား တွေ တိုးတက်ကောင်းမွန်လာတဲ့အတွက် ဇူလိုင် ၂၁ ရက်မှာ မလေးရှား စားအုန်းဆီ ကြိုရောင်းဈေးက ဆက်လက်မြင့်တက် ခဲ့ကြောင်း ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
တရုတ်စားအုန်းဆီကြမ်းဈေးနဲ့ အမေရိကန်ပြည် ထောင်စု ပဲပုပ်ဆီဈေးကျဆင်းမှုတို့ကြောင့် မလေးရှားစားအုန်း ဆီ ကြိုရောင်းကြိုဝယ်ဈေးမှာလည်း ဇူလိုင် ၁၄ ရက်မှာ ကျ ဆင်းလာခဲ့ကြောင်း ဘီရီကော်ဒါသတင်း မှာ ဖော်ပြပါတယ်။ဘာဆာမလေးရှား ကုန်စည်ဒိုင် (Burmese Malaysia Derivatives Exchange) မှာ စက်တင်ဘာအတွက် မလေးရှား စားအုန်းဆီ ကြိုရောင်းဈေးအတွက် အခြေခံထားဈေးနှုန်းက ဇူလိုင် ၁၄ ရက်နေ့
လယ် ဈေးကွဲချိန်မှာ ခြောက်ရင်းဂစ်ကျဆင်း ပြီး တစ်တန်ကို ၂၂၁၆ ရင်းဂစ် (အမေရိကန်ဒေါ်လာ ၅၆၀ ဒသမ ၆၆ ) နှုန်းရှိခဲ့ပါတယ်။ စားအုန်းဆီရောင်းချတဲ့ ပမာဏ က ဇူလိုင် ၁၃ ရက် နေ့လယ်က ၂၅ တန်ကို အတွဲ ၁၈၉၁၅ တွဲ အထိ ရောင်းချနိုင်ခဲ့ပါတယ်။
ဇွန် ၂၃ ရက်ညနေပိုင်းမှာ မလေးရှားစားအုန်းဆီကြို ရောင်းကြိုဝယ်ဈေးက ငြိမ်ပါတယ်။ ဥရောပသမဂ္ဂ (အီးယူ) မှာ ဗြိတိန်နိုင်ငံဆက်နေမယ်ဆိုရင် ရင်းဂစ်တန်ဖိုး မြင့်တက် လာနိုင်မယ်လို့ ခန့်မှန်းကြတဲ့အတွက် တချို့ ကုန် သည်တွေက စားအုန်းဆီကိုဝယ်ယူလာကြပါတယ်။ ဒါကြောင့် စောစောပိုင်းဖြစ်ပေါ်ခဲ့တဲ့ စားအုန်းဆီ ဈေးနှုန်းကျဆင်းမှုတွေ ရပ်တန့်ခဲ့ပါတယ်။ ဇွန် ၂၃ ရက်က ကျင်းပခဲ့တဲ့ဆန္ဒခံယူပွဲမှာ အီးယူကနေနုတ်ထွက်ဖို့ ဗြိတိန်နိုင်ငံ မဲပေး ခဲ့ရင် စီးပွားရေးအရ ဂယက်ရိုက်ခတ်မှုတွေ အတွက် စိုးရိမ်မှုတွေရှိခဲ့ပါတယ်။ ဒါကြောင့် ကမ္ဘာ့ဈေးကွက် မငြိမ် မသက်မှုတွေက ရင်းဂစ်ငွေကြေးအပါအဝင် ထွန်းသစ်စဈေး ကွက်ငွေကြေးတွေကို ဂယက်ရိုက်ခတ်
အခြားဟင်းရွက်ဆီဈေးနှုန်းများ ကျဆင်းမှုနဲ့ စားအုန်း ဆီကြမ်းပို့ကုန်ခွန် တိုးမြှင့်မှုတို့ကြောင့် မလေးရှားစားအုန်းဆီ ကြိုရောင်းကြိုဝယ်ဈေးက ဇွန် ၁၅ ရက်မှာ ရှစ်ရက်မြောက် နေ့အဖြစ် ဆက်တိုက်ကျဆင်းခဲ့ကြောင်း ဘီ ရီကော်ဒါသတင်း မှာ ဖော်ပြပါတယ်။ လက်ရှိစားအုန်းဆီဈေးက လေးလခွဲ အတွင်း အနိမ့်ဆုံးဈေးနှုန်းဖြစ်ပါတယ်။ ဘာဆာမလေးရှား ကုန်စည်ဒိုင် (Bursa Malaysia Derivatives Exchange) မှာ သြဂုတ်အတွက် စားအုန်းဆီ ကြိုရောင်ဈေးရဲ့အခြေခံစံထားဈေးနှုန်းက သုည ဒသမ ၅ ရာခိုင်နှုန်းကျဆင်းပြီး တစ်တန်ကို ၂၄၆၈ ရင်းဂစ် (အမေ ရိကန် ဒေါ်လာ ၆၀၂) နှုန်းရှိခဲ့ပါတယ်။ စောစောပိုင်းကမူ အနိမ့်ဆုံးဈေးအဖြစ် တစ်တန်ကို ၂၄၃၇ ရင်းဂစ်
မလေးရှား ရင်းဂစ်ငွေကြေးတန်ဖိုးက အမေရိကန် ဒေါ်လာနဲ့ဖလှယ်ရာမှာ ရက်သတ္တသုံးပတ်အတွင်း အမြင့်ဆုံး နှုန်းအဖြစ် ဆက်လက်တည်ရှိနေတဲ့အတွက် မလေးရှား စားအုန်းဆီကြိုရောင်းဈေးက ဇွန် ၈ ရက်မှာ ထပ်မံ ကျဆင်းပြီး ရက်သတ္တနှစ်ပတ်အတွင်းအနိမ့်ဆုံးနှုန်းဖြစ်ခဲ့ကြောင်း ဘီရီ ကော်ဒါ သတင်းမှာ ဖော်ပြထားပါတယ်။ ဘာဆာမလေးရှားဆင့်ပွားစာချုပ် စာတမ်းများရောင်း ဝယ်ရေးဒိုင် (Bursa Malaysia Derivatives Exchange) မှာ သြဂုတ်အတွက် စားအုန်းဆီ ကြိုရောင်းကြိုဝယ်ဈေးက ဇွန် ၈ ရက် ဈေးပိတ်ချိန်မှာ သုည ဒသမ ၄ ရာခိုင်နှုန်းကျဆင်းပြီး တစ်တန်ကို ၂၅၈၉ ရင်းဂစ် (အမေရိကန်ဒေါ်လာ ၆၃၇) နှုန်းရှိခဲ့ပါတယ်။ စားအုန်းဆီဈေးက တတိယမြော က်နေ့အဖြစ် ဆက
မလေးရှားစားအုန်းဆီအထွက်နှုန်းနဲ့ ရောင်းချမှုကိန်း ဂဏန်းများ မြင့်တက်လာလိမ့်မယ်ဆိုတဲ့ ခန့်မှန်းချက်များက စားအုန်းဆီဈေးကွက်ကို နိမ့်ကျသွားအောင်ဆွဲချခဲ့တဲ့အတွက် မလေးရှားစားအုန်းဆီကြိုရောင်းဈေး ရဲ့အခြေခံစံထားဈေး နှုန်းများမှာ မေ ၁၈ ရက်က ရက်သတ္တပတ်နှစ်ပတ်အတွင်း အနိမ့်ဆုံးနှုန်းသို့ကျဆင်းခဲ့ကြောင်း ရိုက်တာသတင်းမှာ ဖော် ပြပါတယ်။ဘာဆာမလေးရှား ကုန်စည်ဒိုင်(Bursa Malaysia Derivatives Exchange)မှာ သြဂုတ်လအတွက်ချုပ်ဆိုတဲ့ မလေးရှားစားအုန်းဆီဈေးက မေ ၁၈ ရက်က ဈေးပိတ်ချိန်မှာ ၁ ဒသမ ၅ ရာခိုင်နှုန်းကျဆင်းပြီးတစ်တန်ကို ၂၅၆၁ ရင်းဂစ် (အမေရိကန်ဒေါ်လာ ၆၃၃) နှုန်းအထိ ရောက်ရှိ ခဲ့ပါတယ်။ စောစောပိုင်းကမူ စားအုန်းဆီတစ်တ










