Main menu

Background

Thursday, 11 Aug 2016

        မလေးရှား စားအုန်းဆီ ကြိုတင်ရောင်းဈေးက သြဂုတ် ၄ရက်မှာ ပြန်လည်ကျဆင်းခဲ့ပါတယ်။ စားအုန်းဆီ ဈေးက သြဂုတ် ၃ရက်မှာ ရက်သတ္တပတ် ခြောက်ပတ်အတွင်း အမြင့် ဆုံးနှုန်းထိ ရောက်ရှိခဲ့ပြီးနောက်ပိုင်း ဇူလိုင်အ တွက်  သို လှောင်လက်ကျန် မြင့်တက်မယ်လို့ ခန့်မှန်းခဲ့တဲ့အတွက် ကြောင့် လည်းကောင်း၊ ကုန်သည်များက အမြတ်ရနေတုန်း အချိန်မှာ ပြန်လည်ထုတ်ရောင်းလာတဲ့အတွက်ကြောင့် လည်း ကောင်း ယခုလို ဈေးကျဆင်း တာဖြ စ်ကြောင်း ဘီရီကော်ဒါ သတင်းမှာ ဖော်ပြပါတယ်။

Thursday, 4 Aug 2016

       အခြားဟင်းရွက်ဆီဖြစ်တဲ့ ပဲပုပ်ဆီဈေး မြင့်တက်မှုနဲ့ အတူ မလေးရှားစားအုန်းဆီကြိုရောင်းတွေကလည်း ဇူလိုင် ၂၈ ရက်မှာ ဒုတိယမြောက်နေ့အဖြစ် ဆက်လက်မြင့်တက်ပြီး  မလေးရှားရင်းဂစ်တန်ဖိုး  ကျဆင်းမှုကလည်း စားအုန်းဆီဈေး မြင့်တက်မှုအတွက် ထပ်မံ အထောက်အကူဖြစ်ခဲ့ကြောင်း ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။ ဘာဆာမလေးရှား ကုန်စည်ဒိုင် (ကြမျေ ြေူပျေငေ ီနမငလအေငလန နထခ့ညေါန) မှာ ဇူလိုင် ၂၇ ရက် ဈေးပိတ်ချိန် မှာ အောက်တိုဘာအတွက် စာချုပ်ချုပ်ဆို ရောင်းချတဲ့ စားအုန်း ဆီအခြေခံစံထား ဈေးနှုန်းက သုည ဒသမ ၀၄ ရာခိုင်နှုန်း ကျ ဆင်းပြီး တစ်တန်ကို ၂၃၁၈ ရင်းဂစ် (အမေရိကန်ဒေါ်လာ ၅၆၉) ရှိခဲ့ပါတယ်။

Thursday, 28 Jul 2016

မလေးရှားငွေကြေးရင်းဂစ်တန်ဖိုး ထပ်မံကျဆင်းဦး မယ့် အလားအလာတွေရှိနေချိန်မှာ စားအုန်းဆီ ဝယ်လိုအား တွေ တိုးတက်ကောင်းမွန်လာတဲ့အတွက် ဇူလိုင် ၂၁ ရက်မှာ မလေးရှား စားအုန်းဆီ ကြိုရောင်းဈေးက ဆက်လက်မြင့်တက် ခဲ့ကြောင်း ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။

Thursday, 21 Jul 2016

တရုတ်စားအုန်းဆီကြမ်းဈေးနဲ့   အမေရိကန်ပြည် ထောင်စု  ပဲပုပ်ဆီဈေးကျဆင်းမှုတို့ကြောင့် မလေးရှားစားအုန်း ဆီ ကြိုရောင်းကြိုဝယ်ဈေးမှာလည်း ဇူလိုင် ၁၄ ရက်မှာ ကျ ဆင်းလာခဲ့ကြောင်း ဘီရီကော်ဒါသတင်း မှာ ဖော်ပြပါတယ်။ဘာဆာမလေးရှား ကုန်စည်ဒိုင် (Burmese Malaysia Derivatives Exchange)  မှာ စက်တင်ဘာအတွက် မလေးရှား စားအုန်းဆီ ကြိုရောင်းဈေးအတွက် အခြေခံထားဈေးနှုန်းက ဇူလိုင် ၁၄ ရက်နေ့
လယ် ဈေးကွဲချိန်မှာ ခြောက်ရင်းဂစ်ကျဆင်း ပြီး တစ်တန်ကို ၂၂၁၆ ရင်းဂစ် (အမေရိကန်ဒေါ်လာ ၅၆၀ ဒသမ ၆၆ )  နှုန်းရှိခဲ့ပါတယ်။ စားအုန်းဆီရောင်းချတဲ့ ပမာဏ က ဇူလိုင် ၁၃ ရက် နေ့လယ်က ၂၅ တန်ကို အတွဲ ၁၈၉၁၅ တွဲ အထိ ရောင်းချနိုင်ခဲ့ပါတယ်။

Tuesday, 28 Jun 2016

         ဇွန် ၂၃ ရက်ညနေပိုင်းမှာ မလေးရှားစားအုန်းဆီကြို ရောင်းကြိုဝယ်ဈေးက ငြိမ်ပါတယ်။ ဥရောပသမဂ္ဂ (အီးယူ) မှာ ဗြိတိန်နိုင်ငံဆက်နေမယ်ဆိုရင် ရင်းဂစ်တန်ဖိုး မြင့်တက် လာနိုင်မယ်လို့ ခန့်မှန်းကြတဲ့အတွက် တချို့ ကုန် သည်တွေက စားအုန်းဆီကိုဝယ်ယူလာကြပါတယ်။ ဒါကြောင့် စောစောပိုင်းဖြစ်ပေါ်ခဲ့တဲ့ စားအုန်းဆီ ဈေးနှုန်းကျဆင်းမှုတွေ ရပ်တန့်ခဲ့ပါတယ်။ ဇွန် ၂၃ ရက်က ကျင်းပခဲ့တဲ့ဆန္ဒခံယူပွဲမှာ အီးယူကနေနုတ်ထွက်ဖို့ ဗြိတိန်နိုင်ငံ မဲပေး ခဲ့ရင် စီးပွားရေးအရ  ဂယက်ရိုက်ခတ်မှုတွေ အတွက် စိုးရိမ်မှုတွေရှိခဲ့ပါတယ်။  ဒါကြောင့် ကမ္ဘာ့ဈေးကွက် မငြိမ် မသက်မှုတွေက ရင်းဂစ်ငွေကြေးအပါအဝင် ထွန်းသစ်စဈေး ကွက်ငွေကြေးတွေကို ဂယက်ရိုက်ခတ်

Tuesday, 21 Jun 2016

          အခြားဟင်းရွက်ဆီဈေးနှုန်းများ ကျဆင်းမှုနဲ့ စားအုန်း ဆီကြမ်းပို့ကုန်ခွန် တိုးမြှင့်မှုတို့ကြောင့် မလေးရှားစားအုန်းဆီ ကြိုရောင်းကြိုဝယ်ဈေးက ဇွန် ၁၅ ရက်မှာ ရှစ်ရက်မြောက် နေ့အဖြစ် ဆက်တိုက်ကျဆင်းခဲ့ကြောင်း ဘီ ရီကော်ဒါသတင်း မှာ ဖော်ပြပါတယ်။ လက်ရှိစားအုန်းဆီဈေးက လေးလခွဲ အတွင်း အနိမ့်ဆုံးဈေးနှုန်းဖြစ်ပါတယ်။ ဘာဆာမလေးရှား ကုန်စည်ဒိုင်  (Bursa Malaysia  Derivatives Exchange) မှာ သြဂုတ်အတွက်  စားအုန်းဆီ ကြိုရောင်ဈေးရဲ့အခြေခံစံထားဈေးနှုန်းက သုည ဒသမ ၅ ရာခိုင်နှုန်းကျဆင်းပြီး တစ်တန်ကို ၂၄၆၈ ရင်းဂစ် (အမေ ရိကန် ဒေါ်လာ ၆၀၂) နှုန်းရှိခဲ့ပါတယ်။ စောစောပိုင်းကမူ အနိမ့်ဆုံးဈေးအဖြစ် တစ်တန်ကို ၂၄၃၇ ရင်းဂစ်

Tuesday, 14 Jun 2016

          မလေးရှား ရင်းဂစ်ငွေကြေးတန်ဖိုးက  အမေရိကန် ဒေါ်လာနဲ့ဖလှယ်ရာမှာ ရက်သတ္တသုံးပတ်အတွင်း အမြင့်ဆုံး နှုန်းအဖြစ် ဆက်လက်တည်ရှိနေတဲ့အတွက် မလေးရှား စားအုန်းဆီကြိုရောင်းဈေးက ဇွန် ၈ ရက်မှာ ထပ်မံ ကျဆင်းပြီး ရက်သတ္တနှစ်ပတ်အတွင်းအနိမ့်ဆုံးနှုန်းဖြစ်ခဲ့ကြောင်း ဘီရီ ကော်ဒါ သတင်းမှာ ဖော်ပြထားပါတယ်။ ဘာဆာမလေးရှားဆင့်ပွားစာချုပ် စာတမ်းများရောင်း ဝယ်ရေးဒိုင် (Bursa Malaysia Derivatives Exchange) မှာ သြဂုတ်အတွက် စားအုန်းဆီ ကြိုရောင်းကြိုဝယ်ဈေးက ဇွန် ၈ ရက် ဈေးပိတ်ချိန်မှာ သုည ဒသမ ၄ ရာခိုင်နှုန်းကျဆင်းပြီး တစ်တန်ကို ၂၅၈၉ ရင်းဂစ် (အမေရိကန်ဒေါ်လာ ၆၃၇) နှုန်းရှိခဲ့ပါတယ်။ စားအုန်းဆီဈေးက တတိယမြော က်နေ့အဖြစ် ဆက

Thursday, 26 May 2016

မလေးရှားစားအုန်းဆီအထွက်နှုန်းနဲ့ ရောင်းချမှုကိန်း ဂဏန်းများ မြင့်တက်လာလိမ့်မယ်ဆိုတဲ့ ခန့်မှန်းချက်များက စားအုန်းဆီဈေးကွက်ကို နိမ့်ကျသွားအောင်ဆွဲချခဲ့တဲ့အတွက် မလေးရှားစားအုန်းဆီကြိုရောင်းဈေး ရဲ့အခြေခံစံထားဈေး နှုန်းများမှာ မေ ၁၈ ရက်က ရက်သတ္တပတ်နှစ်ပတ်အတွင်း အနိမ့်ဆုံးနှုန်းသို့ကျဆင်းခဲ့ကြောင်း ရိုက်တာသတင်းမှာ ဖော် ပြပါတယ်။ဘာဆာမလေးရှား ကုန်စည်ဒိုင်(Bursa Malaysia Derivatives Exchange)မှာ သြဂုတ်လအတွက်ချုပ်ဆိုတဲ့ မလေးရှားစားအုန်းဆီဈေးက မေ ၁၈ ရက်က ဈေးပိတ်ချိန်မှာ ၁ ဒသမ ၅ ရာခိုင်နှုန်းကျဆင်းပြီးတစ်တန်ကို ၂၅၆၁ ရင်းဂစ် (အမေရိကန်ဒေါ်လာ ၆၃၃) နှုန်းအထိ ရောက်ရှိ ခဲ့ပါတယ်။ စောစောပိုင်းကမူ စားအုန်းဆီတစ်တ

Thursday, 7 Apr 2016

             မလေးရှားနိုင်ငံသုံး ငွေကြေးရင်းဂစ်ခိုင်မာမှုကြောင့် ဈေးနှုန်းများ ကျဆင်းတဲ့အတွက် ရက်ပေါင်းများစွာ မြင့်တက်လာခဲ့တဲ့ စားအုန်းဆီကြိုရောင်းဈေးကလည်း မတ် ၃၀ ရက် မှာ ပထမဆုံးအကြိမ်အဖြစ် ကျဆင်းခဲ့ပါတ ယ်။ စားအုန်းဆီဈေးနှုန်းက နှစ်စမှ မတ်လအထိ  ကာလအတွင်း ၈  ရာခိုင်နှုန်းကျော် တိုးတက်ခဲ့ပြီး မတ် ၂၉ ရက်မှာ တစ်တန်ကို ၂၇၉၃ ရင်းဂစ်အထိရောက်ရှိခဲ့ရာ နှစ်နှစ်အတွင်း အမြင့်ဆုံးနှုန်းဖြစ်ခဲ့ပါတယ်။ အခြားဟင်းရွက် ဆီဈေးနှုန်းများ မြင့်တက်မှုနဲ့အတူအယ်လ်နီညိုရာသီဥတုပုံစံကြောင့်  အထွက် နှုန်း ကျဆင်းနိုင်တယ်ဆိုတဲ့    စိုးရိမ်မှုတွေကြောင့်လည်း စားအုန်းဆီဈေးနှုန်းကို မြင့်တက်စေခဲ့တာ ဖြစ်ပါတယ်။

Friday, 30 Oct 2015

           အရွယ်ရောက်ပြီးဖြစ်တဲ့ စားအုန်းဆီပင်တွေရဲ့ အထွက်နှုန်းမြင့်တက်ခဲ့ပေမယ့် အယ်နီညို ခြောက်သွေ့ရာသီဥတုပုံစံကြောင့် အထွက်နှုန်းတွေ ပြန်ကျဆင်းမယ့်လက္ခဏာတွေရှိနေပါတယ်။ ဒါကြောင့် ကမ္ဘာမှာ စားအုန်း ဆီ အများဆုံးထုတ်လုပ် နေတဲ့ အင်ဒိုနီးရှားနိုင်ငံက လာမယ့်နှစ်မှာ စားအုန်းဆီအထွက် နှုန်းကျဆင်းမယ်လို့ ခန့်မှန်းခဲ့တဲ့အတွက် မလေးရှားစားအုန်း ဆီကြိုရောင်းကြိုဝယ်ဈေးက အောက်တိုဘာ ၂၁ ရက်နေ့မှာ သီတင်းနှစ်ပတ် အတွင်း အမြင့်ဆုံးနှုန်းကိုရောက်ရှိခဲ့ကြောင်း dawn ဝက်ဘ်ဆိုဒ်သတင်းမှာဖော်ပြပါတယ်။ ဘာဆာမလေးရှား  ကုန်စည်ဒိုင် (Barsa Malaysia Derivatives Exchange)  မှာ ဒီဇင်ဘာလအတွက် စား အုန်းဆီရဲ့ အခြေခံစံထားေ ဈးနှုန

Pages