Background
လန်ဒန် ဂရိနိုင်ငံက ကြွေးမြီကိုပြန်လည် ဖွဲ့စည်းပြင်ဆင်တည်ဆောက်ဖို့နောက် ထပ်လိုဦးမှာ ဖြစ်ကြောင်းနဲ့ ယခု တစ်ကြိမ်မှာ ဥရောပ အစိုးရများကဲ့ သို့ ကယ်တင်ငွေနဲ့ ဆိုင်တဲ့ မိတ်ဖက် တွေ ပါနိုင်တယ်လို့ Standard & Poor's မှ နိုင်ငံတော်ကြွေးမြီအဆင့် သတ်မှတ်ရေး အဖွဲ့ခေါင်းဆောင် မိုရစ်ခရေမာ က ပြောပါတယ်။Source:bloomberg.com
ကမ္ဘာပေါ်မှာ အကြီးမားဆုံးနည်းပညာလုပ်ငန်းဖြစ်တဲ့ ဟွေးလက်ပက်ကပ်က အိုင်တီသုံးစွဲမှု ဖွံ့ဖြိုးမှုအလား အလာ ရှိတဲ့အတွက် ရင်းနှီးမြှုပ်နှံဖို့လိုအပ်တဲ့ မဟာဗျူဟာမြောက် ၁၄ နိုင်ငံထဲမှာ ထိုင်းနိုင်ငံကိုလည်း ရွေးချယ်ထားပါတယ်။ ကယ်လီဖိုးနီးယား အခြေစိုက် စီးပွားရေးလုပ်ငန်းကြီးက ပြည် တွင်း လုပ်ငန်းဆောင်ရွက်မှု ဖွဲ့စည်းပုံကို ထုတ်ကုန် ခွဲခြား ထုတ်လုပ်ရေးကနေ လုပ်ငန်းအခြေပြု ဖောက်သည် မဟာ ဗျူဟာကို ပြောင်းလဲကျင့်သုံးထားပါတယ်။
ကမ္ဘာ့ဘဏ်ကိုဦးဆောင်ရန်အတွက် နိုက်ဂျီးရီးယား ဘဏ္ဍာ ရေး ဝန်ကြီး နိုဇီအိုကွန်ဂျိုအိုဗဲလာနဲ့ ကိုလံဘီယာ ဘဏ္ဍာရေး ဝန်ကြီးဟောင်း ဟိုဆေးအန်တိုနီယိုအိုကမ်ပိုတို့ကို လျာထား ကြောင်း ထွန်းသစ်စနိုင်ငံများမှ ကိုယ်စားလှယ်ရွေးချယ်ရေး လုပ်ငန်းနဲ့နီးစပ်တဲ့ သတင်းရပ်ကွက်က မတ် ၂၁ ရက်က ပြောပါ တယ်။စီးပွားရေးပညာရှင်အဖြစ်ရော သံတမန်အဖြစ်ပါဆောင်ရွက်
ဖရန်ဖတ် ယူရိုဇုန် ကြွေးမြီ အကျပ် အတည်းမှာ အဆိုးဆုံးတွေ ပြီးဆုံး သွားပြီ။ဒါပေမယ့်စွန့်စားမှု အန္တရာယ် တွေ တည်ရှိနေဆဲဖြစ်ပြီး ထိုကိစ္စများ ကို ဖြေရှင်းရန်မှာ အစိုးရများရဲ့ ကိစ္စ သာ ဖြစ်ကြောင်း ဥရောပဗဟိုဘဏ် ဥက္ကဌမာရီယိုဒရပ်က မတ် ၂၂ရက် က ပြုလုပ်တဲ့ ဂျာမနီနိုင်ငံမှာ လူဖတ် များတဲ့သတင်းစာရဲ့ သတင်းစာ အင် တာဗျူး တစ်ခုမှာ ပြောပါတယ်။
အမေရိကန်ပြည်ထောင်စုရဲ့အကြီး ဆုံးမြီရှင်ဖြစ်တဲ့ တရုတ်နိုင်ငံက ဥရောပ ရဲ့ငွေကြေးအကျပ်အတည်း ဖြေရှင်းရာ မှာ ကူညီနိုင်ဖို့အတွက် အမေရိကန် ပြည်ထောင်စုရဲ့ ငွေတိုက်စာချုပ် ပိုင် ဆိုင်မှုကို ဒီဇင်ဘာလက လျှောချခဲ့ရာ ၂၀၁၀ပြည့် ဇွန်နောက်ပိုင်း အနိမ့်ဆုံးကို ရောက်ရှိခဲ့ပါတယ်။
အခြေခံအားဖြင့် ဥရောပသမဂ္ဂက ဂရိနိုင်ငံေ<ကးမြီပေးဆပ်ဖို့ ပျက်ကွက်တဲ့ အခြေအနေမျိုးအဖြစ်ခံမှာ မဟုတ်ဘူး။ဒုတိယအကြိမ် ကယ်တင်ငွေကို ပေး လိမ့်မယ်။ ဒါကြောင့် အာရှဒေသထဲကို ငွေကြေးတွေစီးဝင်လာပြီး ဒေသတွင်း ငွေကြေးတွေရဲ့ တန်ဖိုးက ဆက်လက် မြင့်တက်လာမဲ့ အလားအလာတွေရှိနေ တယ်လို့ တိုကျိုမြို့ရှိ မစ်ဇူဟိုကော်ပို ဘဏ်လီမိတက်မှ အာရှနဲ့ထွန်းသစ်စ ဈေးကွက်များလေ့လာရေးအဖွဲ့ ခေါင်း ဆောင် ရှီငဲဟိစရှိရိုဘီက ပြောပါတယ်။တရုတ်ယွမ် အမေရိကန်ဒေါ်လာ အညွှန်း ကိန်းက ဖေဖော်ဝါရီ ၁၆ ရက်တွင် ကျ ဆင်းပြီး တရုတ်ဗဟိုဘဏ်က ယွမ်တန် ဖိုးတိုးမြှင့်သတ်မှတ်လိုက်တဲ့အတွက် တရုတ်ယွမ်ငွေတန်ဖိုးက ဖေဖော်ဝါရီ ၁၇ ရက်နေ့က မြင့်တက်လာခဲ့ပါတယ်။ယွမ်ငွေတန်ဖိုးက ဒေါ်လာအညွှန်းကိန်း နဲ့အညီ လိုက်လံရွေ့လျားမှာ ဖြစ်ပေ မဲ့အထူးသဖြင့်ယူရိုဇုန်အကျပ်အတည်း ကြောင့် ဖြစ်ရတဲ့ ကမ္ဘာ့စီးပွားရေး တိုး တက်နှုန်းနှေးကွေးမှုကြောင့် တန်ဖိုး မြင့် တက်မှုအနည်းငယ်သာရှိနိုင်ပါတယ်။ရေတိုကာလအတွင်းမှာ ယွမ်ငွေ တန်ဖိုးက တစ်ဒေါ်လာကို ၆ ဒသမ ၃၀ ယွမ် နှုန်းကြားရှိမယ်လို့ခန့်မှန်းထား ပါတယ်။ တရုတ်နိုင်ငံခြားငွေ ရောင်း ဝယ်ရေးဌာနက တရုတ်ယွမ်ငွေရဲ့တန်ဖိုး ကိုဖေဖော်ဝါရီ ၁၇ရက်က သုည ဒသမ ၄၀ ရာခိုင်နှုန်းတိုးမြှင့်ပြီး တစ်ဒေါ်လာ ကို ၆ ဒသမ ၂၉၅၁ ယွမ်နှုန်းသတ်မှတ် ထားပါတယ်။အိန္ဒိယရူပီးအိန္ဒိယနိုင်ငံဘဏ် အချင်းချင်း နိုင်ငံခြားငွေဖလှယ်ရေး ဈေးကွက်မှာ ဖေဖော်ဝါရီ ၁၇ ရက်က သုည ဒသမ ၀၃ ရူပီးနှုန်းမြင့်တက်ပြီး တစ်ဒေါ်လာ ကို ၄၉ ဒသမ ၂၆ရူပီးနှုန်းဖြစ်ခဲ့ပါတယ်။ရူပီးငွေကြေးတန်ဖိုးမြင့်တက်ရတာဟာ ပြည်တွင်းရှယ်ယာဈေးနှုန်းတွေ တက် နေချိန်မှာ နိုင်ငံအတွင်းသို့ နိုင်ငံခြားငွေ စီးဝင်မှု များပြားလာသောကြောင့် ဖြစ် ကြောင်း ဝယ်ရောင်းသမားတို့က ပြော ပါတယ်။ အိန္ဒိယ ငွေကြေးရဲ့ တန်ဖိုးက တစ် ဒေါ်လာကို ၄၉ ရူပီးနှုန်းနှင့် ၄၉ ဒသမ ၃၀ ရူပီးနှုန်း လှုပ်ရှားနေမယ်လို့ ကုန်သည်တွေက ခန့်မှန်းထားပါတယ်။ဂျပန်ယန်းအလွန်မတန်လိုအပ်နေတဲ့ဂရိနိုင်ငံ ကယ်တင်မှုချေးငွေအတွက် စိတ်မအေး နိုင်သေးတဲ့အတွက် ယူရိုငွေကြေးရဲ့ တန်ဖိုးက အာရှဈေးကွက်မှာ ဖေဖော် ဝါရီ ၁၆နေ့ရက်က ကျဆင်းလျက်ရှိပါ တယ်။ယူရိုငွေကြေးရဲ့တန်ဖိုးက ဖေဖော် ဝါရီ ၁၅ ရက် ညနေပိုင်းက နယူး ယောက်မှာ တစ်ယူရိုကို ၁၀၂ ဒသမ ၄၇ ယန်းရှိရာမှ ၁၆ ရက် နေ့လယ် ဘက်က တိုကျိုဈေးကွက်မှာ ၁၀၂ ဒသမ ၀၉ ယန်းနှုန်းရှိခဲ့ပါတယ်။ဒေါ်လာယန်းဖလှယ်နှုန်းက နယူး ယောက်မှာ တစ်ဒေါ်လာကို ၇၈ ဒသမ ၄၃ ယန်းနှုန်းရှိခဲ့ရာမှ ၁၆ ရက်က တိုကျို မှာ ၇၈ ဒသမ ၃၈ ယန်းနှုန်းရှိခဲ့ပါတယ်။ဒုတိယအကြိမ် ကယ်တင်မှု ချေး ငွေရဲ့ အခြေအနေတိုးတက်မှု မရှိရင် ယူရိုငွေကြေးက အခက်အခဲနဲ့ရင်ဆိုင်ရ ဦးမယ်လို့ တိုကျို-မစ်ဆူဘီရှီ UFJ ဘဏ်မှလေ့လာဆန်းစစ်ရေးမှူုး ဆူမီနို ခါမေးက ပြောပါတယ်။မလေးရှားရင်းဂစ်မလေးရှားရင်းဂစ်ရဲ့ တန်ဖိုးက ဖေဖော်ဝါရီ ၁၇ ရက်နေ့က ဒေါ်လာနဲ့ ဖလှယ်ရာမှာ ပြန်လည်ဦးမော့လာပါ တယ်။ရင်းဂစ်တန်ဖိုးက ဖေဖော်ဝါရီ ၁၆ ရက်က တစ်ဒေါ်လာကို ၃ ဒသမ ၀၅၇၀ ရင်းဂစ်နှုန်းရှိရာမှ ၁၇ ရက်မနက် ၉နာရီ ၂ မိနစ်မှာ တစ်ဒေါ်လာကို ၃ ဒသမ ၀၄၀၀ ရင်းဂစ်နှုန်းရှိခဲ့ပါတယ်။ကြွေးမြီထူပြောနေတဲ့ ဂရိနိုင်ငံက အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေးအကူ အညီရနိုင်မယ်လို့ လမ်းစရှိနေသေးတဲ့ အတွက် ထွန်းသစ်စဈေးကွက်တွေ ထူထူထောင်ထောင် ဖြစ်လာတယ်လို့ ဝယ်ရောင်းသမားတစ်ဦးကပြောပါတယ်။တောင်ကိုရီးယားဝမ်တောင်ကိုရီးယားနိုင်ငံမှာတော့ အပြည်ပြည်ဆိုင်ရာ ငွေချေးငှားသူတွေ က ဂရိနိုင်ငံအတွက် ဒုတိယအကြိမ် ကယ်တင်မှုချေးငွေပေးဖို့ တုံ့ဆိုင်းနေ တာကို စိုးရိမ်မကင်းဖြစ်နေပါတယ်။ဒါပေမဲ့ ဖေဖော်ဝါရီ ၁၆ရက်ညနေဘက် မှာ တောင်ကိုရီးယားဝမ်က ဒေါ်လာနဲ့ ဖလှယ်ရာမှာ ဝမ်တန်ဖိုးကျဆင်းခဲ့ပါ တယ်။တောင်ကိုရီးယားမှာ ပို့ကုန်လုပ် ငန်းရှင်တွေက ဒေါ်လာကိုထုတ်ရောင်း တဲ့အတွက် အာရှဈေးကွက်မှာ ဝမ် တန်ဖိုးက တစ်ဒေါ်လာကို ၁၁၃၀ ဝမ် ဝန်းကျင်မှာ ရှိနေပါတယ်။ ဒါပေမဲ့ ပင်လယ်ရပ်ခြားနဲ့ နိုင်ငံတွင်းဘဏ်တွေ ကဒေါ်လာအဝယ်လိုက်လာတဲ့အတွက် နောက်ဆုံးမှာ တစ်ဒေါ်လာကို ၁၁၃၂ ဒသမ ၄၀ ဝမ်နှုန်းထိ ရှိခဲ့ပါတယ်။လာမဲ့ရက် အနည်းငယ်အတွင်း ကိုရီးယားဝမ်တန်ဖိုးက တစ်ဒေါ်လာကို ၁၁၁၀ ဝမ်ကနေ ၁၁၄၀ ဝမ်အကြား အတက်အကျရှိမယ်လို့ခန့်မှန်းကြပါတယ်။ထိုင်းဘတ်ထိုင်းနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးရေး အလားအလာကောင်းမွန်လာတဲ့အတွက် ပြည်တွင်းငွေကြေး စာချုပ်စာတမ်းများ ကို အဝယ်လိုက်လာခြင်းနဲ့ ဂရိနိုင်ငံ ကနောက်ထပ် ဒုတိယကယ်တင်ငွေရ နိုင်ဦးမယ်လို့ ယုံကြည်မှု တိုးပွား လာခြင်းတို့ကြောင့် ဘတ်ငွေတန်ဖိုးက မြင့်တက်လာပါတယ်။ဖေဖော်ဝါရီ ၁၆ ရက်အထိ ကာ လအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေ က ထိုင်းရှယ်ယာကို အရောင်းထက် အဝယ်က ဒေါ်လာ ၁၅၅ သန်းပိုမိုပြီး အစိုးရဘွန်းစာချုပ်ကို ဒေါ်လာ ၉၆၅ သန်းပိုမိုဝယ်ယူလာတဲ့အတွက် ဘတ် ငွေရဲ့ သီတင်းပတ်လိုက် တိုးတက်နှုန်း မြင့်မားခဲ့တာကို ငွေကြေးဒိုင်နဲ့ ထိုင်း ဘွန်းစာချုပ်ဈေးကွက်အသင်းမှ စာရင်း ဇယားတို့အရ သိရပါတယ်။ဘတ်ငွေတန်ဖိုးက ဘန်ကောက်မှာ ဖေဖော်ဝါရီလ ၁၇ ရက် မနက် ၈ နာရီ ၃၆ မိနစ်က သုညဒသမ ၂ ရာခိုင်နှုန်း မြင့်တက်ပြီး တစ်ဒေါ်လာကို ၃၀ ဒသမ ၈၂ ဘတ်နှုန်း ရှိခဲ့ပါတယ်။ှSource: reuters,xinhua, bloomberg, bernama, AFP, economictimes. indiatimes, dowjones,
စင်ကာပူနိုင်ငံက နိုင်ငံရဲ့ ဆောက်လုပ်ရေးကုန်ထုတ်လုပ်မှုကို မြှင့်တင်သင့် တယ်လို့ အမျိုးသားဖွံ့ဖြိုး ရေး ဝန်ကြီးခေါဘွန်းဝန်က ပြောပါတယ်။ ဒီရည် မှန်းချက်ထမြောက်အောင်မြင်ဖို့အတွက် အဆောက်အအုံ ဆောက်လုပ်ရေးနဲ့ ဆောက်လုပ်ရေးအာဏာပိုင်အဖွဲ့ (BCA) က ဆောက်လုပ်ရေးလုပ်ငန်းမှာ အလုပ်ဖြစ် မဲ့ ဒီဇိုင်းနဲ့ဆောက်လုပ်မှု တွေကို တွန်းအားပေး ဆောင်ရွက်နေပါတယ်။
မြန်မာနိုင်ငံက နိုင်ငံခြားရင်းနှီးမြှုပ် နှံသူတွေအတွက် ပိုမိုလမ်းဖွင့်ပေးလာ တဲ့အတွက် မြန်မာနိုင်ငံနဲ့ စီးပွားရေး လုပ်ငန်းတွေတိုးတက်ဆောင်ရွက်ကြဖို့ ဗီယက်နမ် ပြည်တွင်းစီးပွားရေးလုပ်ငန်း တွေကို ကျွမ်းကျင်သူတွေက တိုက်တွန်း ပါတယ်။ ရင်းနှီးမြှုပ်နှံမှု လိုင်စင်အတွက် အစိုးရဆီက ခွင့်ပြုချက်ရဖို့အချိန်ပထမ သုံးလကနေ အခု သီတင်းနှစ်ပတ်ကို လျှော့ချခဲ့တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်ကုန်သွယ်ရေး ကောင်စစ်ဝန် ထရန်ဖူးအမ်းက ပြောပါတယ်။
ကယ်တင်မှုအစီအစဉ်အတွက် အပေးအယူသဘောဖြင့် ပြုလုပ်သောဆွေးနွေး ပွဲကို ခုနှစ်နာရီကြာညှိနှိုင်း ပြီးနောက် ခြိုးခြံချွေတာရေးနှင့် ပြုပြင်ပြောင်းလဲရေး အစီအမံ အားလုံးနီးပါးကို သဘောတူညီမှုရခဲ့ပါတယ်။ ဒါပေမဲ့ အရေးကြီးဆုံး အချက်တစ်ခုကို ဆုံးဖြတ်ချက်မချနိုင်ဘဲရှိနေခဲ့တယ်လို့ ဝန်ကြီးချုပ်ကဖေဖော်ဝါရီ ၉ ရက်မှာထုတ် ပြန်တဲ့ ကြေညာချက်မှာဖော်ပြထားပါတယ်။
ဖေဖော်ဝါရီ ၁၃ ရက်က ၁၄ ရက်မှာ ကျင်းပမဲ့မူဝါဒ အစည်းအဝေးမှာ လှည့်ပတ်ငွေကြေးကိုတိုးမြှင့်ပေး ခြင်းမပြု ဘဲ သုည ရာခိုင်နှုန်းအတိုးနှုန်း ထားရှိမှုအပါအဝင် လက်ရှိ မူဝါဒကို ဂျပန်ဗဟိုဘဏ်က ဆက်လက်ထိန်း သိမ်းသွားလိမ့် မယ်လို့ ခန့်မှန်းထားပါတယ်။
