Background
ပင်လယ်ရေကြောင်းက မတ်ပဲတင်ပို့မှုမှာ ယခင်တစ်ပတ်ထက်လျော့ကျလာပါ တယ်။ ယခင်တစ်ပတ်က တန်ချိန် ၁၈၀၀၀ နီးပါးတင်ပို့ခဲ့ရာမှ ဇွန် ၄ ရက်မှ ၈ ရက် အတွင်းမှာတော့ တန်ချိန် ၁၂၀၀၀ ကျော်တင်ပို့နိုင်ခဲ့တာ တွေ့ရပါတယ်။ ကွန်တိန်နာသယ်ယူ ခနှုန်းထားများ ပြန်လည်ကျဆင်းခဲ့ပေမဲ့ မတ်ပဲဝယ်လိုအားပြန် လျော့လာတဲ့အတွက် တင်ပို့မှုလျော့ကျလာခြင်းဖြစ်တယ်လို့ သိပါတယ်။
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်နဲ့ ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ကန်ဒေါ်လာ ၂ သန်း ကျော်တန်ဖိုးရှိ ရော်ဘာအဆင့်စုံ ၆၀၄ တန်ခန့်ကို မေ ၃၀ ရက်မှ ဇွန် ၅ ရက်ထိကာလအတွင်းမှာ အပု့ိရှိခဲ့ပါတယ်။ နယ်စပ် အလိုက် တင်ပို့နိုင်မှုတွေကတော့ မူဆယ်မှ RSS-3 ၉၅ တန်ကျော်၊MSR-20 ၁၅၇ တန်ကျော်၊
မေလ ၂၇ ရက်မှ ဇွန်လ ၂ ရက်အထိ ကာလအတွင်းမှာ ပင်လယ်ရေကြောင်းမှ ရော်ဘာ ၃၀၁ တန်၊ တန်ဖိုး ဒေါ်လာ သုည ဒသမ ၉၇၁ သန်းဖိုးတင်ပို့ခဲ့ပါတယ်။ ယခင်ရက်သတ္တပတ်တင်ပု့ိမှုနဲ့ သိပ်မကွာလှတာ တွေ့ရပါတယ်။ တင်ပို့မှုတွေကတော့ တရုတ်ကို ၂၀၁ တန်နဲ့ မလေးရှားကို တန် ၁၀၀ တင်ပု့ိခဲ့တာ ဖြစ်ပါတယ်။ နယ်စပ်ကုန်သွယ်ရေးကတော့ တင်ပို့မှုလျော့နည်းပြီး တန် ၆၀၀ ကျော်သာ တင်ပို့ခဲ့တာတွေ့ရပါတယ်။ FOB (ရန်ကုန်) ဈေးကတော့ ပြောင်းလဲမှုမရှိဘဲ RSS-3 တစ်တန်ကို ဒေါ်လာ (၃၀၀၀-၃၁၀၀) ကြားနဲ့ RSS-5 တစ်တန်ကို ဒေါ်လာ (၂၉၀၀-၃၀၀၀) ကြားဈေးရလျက်ရှိတယ်လို့ သတင်းရရှိပါ တယ်။ K.Z.W
မေ ၃၀ရက်မှ ဇွန် ၅ ရက်ထိ ကာလအတွင်းမှာ ကန်ဒေါ်လာ ၁ ဒသမ ၄၉၈၉ သန်းတန်ဖိုးရှိ ပြောင်းဖူးစေ့ ၅၃၅၆ တန်ကျော် တရုတ်နယ်စပ်မှ အပို့ရှိခဲ့ပါ တယ်။ မူဆယ်မှ တန် ၄၁၆၀ ခန့်နဲ့ ချင်းရွှေဟော်မှ ၁၁၉၇ တန်ကျော် ယခုအပတ် မှာ တင်ပို့ခဲ့တာဖြစ်ပါတယ်။ ပြောင်းကားတစ်နေ့ကို အစီး ၂၀ ခန့်ဘဲအဝင်ရှိပြီး ပြောင်းအဝင်လျော့ပါတယ်။
မေလ ၂၇ ရက်မှ ဇွန်လ ၂ ရက်အထိ ကာလအတွင်းမှာ ပင်လယ်ရေကြောင်းမှ ပြောင်းတန် ၂၅၀၊ တန်ဖိုး ကန်ဒေါ်လာ သုည ဒသမ ၀၆၈ သန်းဖိုးကို ဗီယက်နမ် တစ်နိုင်ငံတည်းကို တင်ပို့ခဲ့ပါတယ်။ ယခင်ရက်သတ္တပတ်ထက် တန် ၁၀၀၀ နီးပါး တင်ပို့မှုကျဆင်းခဲ့ပါတယ်။ ပင်လယ်ရေကြောင်းသာမက နယ်စပ်မှပါ ပြောင်းတင်ပို့မှု ကျဆင်းပြီး တန် ၅၀၀၀ ကျော်သာတင်ပို့နိုင်ခဲ့တယ် လို့သိရပါတယ်။ ပြောင်းတင် သွင်း မှု အများဆုံးတရုတ်နိုင်ငံရဲ့ ဝယ်လိုအားလျော့ကျတာကြောင့် မြန်မာနိုင်ငံရဲ့ တင်ပို့ မှုလည်း ကျဆင်းနေရခြင်းဖြစ်ကြောင်း သိရပါတယ်။ FOB (ရန်ကုန်) ဈေးကတော့ ပြောင်းလဲမှုမရှိဘဲ တစ်တန်ကို (၂၇၅-၂၉၅) ဒေါ်လာကြား ဈေးပေါက်တယ်လို့ သိရပါတယ်။ K.Z.W
ပြီးခဲ့တဲ့ တစ်ပတ်မှာ ဟိုပုံးနနွင်းက အနည်းငယ်အရောင်းအဝယ် ဖြစ်လိုက်ပါသေးတယ်။ မူဆယ် ဝယ်လက်တွေက တစ်ပိဿာကို ၆၃၀ ကျပ်နဲ့ ဝယ်ယူခဲ့ပြီး၊ ယခုလောလောဆယ်တော့ အဝယ်ပြန်ရပ်နေပါတယ်။ တစ်ပိဿာ ကို ၅၅၀ ကျပ်ဈေးနဲ့ရ ရင်တော့ ပြန်ဝယ်အုံးမယ်လို့လည်း သိရပါတယ်။ ပြည်တွင်းလှောင်လက်တွေ ကတော့ ဈေးကောင်းရရင် ပြန်ရောင်းဖို့အတွက် နည်းနည်းချင်းစီဝယ်ယူနေပါတယ်။ ဟိုပုံးမှာ နနွင်းလက်ကျန်ပိဿာချိန် ၂ သိန်း - ၃ သိန်းကျော် ကျန် ရှိနေပါသေးတယ်။
မေ ၃၀ ရက်မှ ဇွန် ၅ ရက်ထိကာလအတွင်းမှာကန်ဒေါ်လာ သုည ဒသမ ၁၇၅ သန်းတန်ဖိုးရှိတဲ့နနွင်းတက်၁၁၂ တန် ခန့် နယ်စပ်မှအပို့ရှိခဲ့ပါတယ်။ မူဆယ်မှ တန် ၁၀၀ ကျော်နဲ့ မြဝတီမှ ၁၂ တန်ခန့် တင်ပို့ခဲ့တာဖြစ်ပါတယ်။ နနွင်းတက်အပြင် နနွင်းခေါင်း ၁၄ တန်ကျော်လည်း မူဆယ်မှ ကန်ဒေါ်လာ သုည ဒသမ ၀၁၉ သန်းဖိုး တင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။MIRT(DOBT)
ကျောက်ပန်းတောင်း မန်ကျည်းဈေးကွက်အတွင်းကို ပခုက္ကူဆိတ်ဖြူမှ ယခင်ကနေ့စဉ် မန်ကျည်းပိဿာ တစ်သောင်းခန့် ဝင်ရောက်လျက်ရှိရာမှ သြင်္ကန်ပြီး နောက်ပိုင်း၊ နေ့စဉ် ပိဿာနှစ်ထောင်ခန့်သာ ဝင်ရောက်မှုရှိကြောင်း သိရပါတယ်။ ကျောက်ပန်းတောင်း မှာ ယခုရက်ပိုင်းအတွင်း မန်ကျည်းအရောင်းအဝယ်အေးသလို ဈေးလည်းအေး လျက်ရှိပါတယ်။
မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ စစ်တွေနယ်စပ်မှ ကန်ဒေါ်လာ သုည ဒသမ ၀၀၁ သန်းတန်ဖိုးရှိ မန်ကျည်းစေ့ ၁၀ တန်ကို မေလ ၃၀ ရက်မှ ဇွန်လ ၅ ရက် အတွင်းမှာ တစ်ဖက်နိုင်ငံသို့ တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်က ၄ တန်သာ အပို့ရှိခဲ့တာမို့ ယခုအပတ်မှာ ၆ တန် အပို့ပိုခဲ့တာဖြစ်ပါတယ်။ မြဝတီနယ်စပ်မှတော့ ကန်ဒေါ်လာ သုည ဒသမ ၀၀၅ သန်းတန်ဖိုးရှိမန်ကျည်းမှည့်(အစေ့ပါ) ၁၁ တန် ကိုလည်း တင်ပို့နိုင်ခဲ့ပြီး ယခင်အပတ်တင်ပို့မှုထက် ၄ တန် လျော့နည်းခဲ့ပါတယ်။
ဒီတစ်ပတ် အောင်ပန်းချင်းဈေးကွက်မှာ ချင်း(စို)က ပြန်ပြီး အဝင်များလာ ပါတယ်။ အောင်ပန်းအနီးပတ်ဝန်း ကျင်အပြင် ဟဲဟိုးဖက်ကပါ ဝင်လာတာကြောင့် အဝင်များလာတာဖြစ်တယ်လို့ သိရပါတယ်။ တစ်ရက်ကို ပိဿာချိန် ၃၀၀၀-၃၅၀၀ ခန့် ဝင်နေပြီး၊ လက်ကျန်တွေလည်း အတော်များများကျန်နေပါသေးတယ်။