Background
အောင်ပန်းနဲ့တောင်ကြီးဈေးကွက်မှချင်းများ ယခုတစ်ပတ်ပြည်ဈေးကွက်သို့ ပိဿာ ၃၀ ဝင်အိတ် ၁၅၀ ခန့် ယခင်အပတ်အတိုင်း အဝင်ရှိပြီး ဧရာဝတီတိုင်း ဒေသကြီးနဲ့ ရခိုင်ပြည်နယ်သို့ ပိဿာချိန် ၁၀၀၀ ခန့်တို့ ဈေးကွက်မှတစ်ဆင့် တင် ပို့ခဲ့ကြောင်းသိရပါတယ်။ ပြည်ဈေးကွက်ပွဲရုံများမှာ တစ်ရက်ပိဿာချိန် ၃၀၀ ခန့်နဲ့ အရောင်းအဝယ်အေးပြီး တစ်ပိဿာ ချင်း (ရှယ်) ၇၀၀ ကျပ်၊ (ဂျွန်) ၅၅၀ ကျပ်နဲ့ ယခင်အပတ်ဈေးအတိုင်း ဈေးငြိမ်အရောင်း အဝယ်ဖြစ်ကြောင်းသိရပါတယ်။ဝင်းဝင်းခိုင်
မူဆယ်နဲ့ မြဝတီနယ်စပ်များမှ မေ ၃၀ ရက်မှ ဇွန်လ ၅ ရက်ထိ ကာလ အတွင်းမှာကန်ဒေါ်လာ သုည ဒသမ ၀၄၁ သန်းတန်ဖိုးရှိ ဂျင်းခြောက် ၁၉ တန်ခန့် အပို့ရှိခဲ့ရာ ယခင်အပတ် ပမာဏအတိုင်းပဲ တင်ပို့ခဲ့တာ တွေ့ရပါတယ်။ မူဆယ်မှ ၁၂ တန်ခန့်နဲ့ မြဝတီမှ ၇ တန်ခန့် တင်ပု့ိခဲ့တာဖြစ်ပါတယ်။MIRT(DOBT)
ကုလားပဲ၊ ကုလားပဲဖြူလုံးကြီးဟာ ပရိုတိန်းကြွယ်ဝပြီး၊ အာဟာရဓာတ်မြင့်မားတဲ့ ပဲတစ်မျိုးဖြစ်ပြီး၊ ကမ္ဘာတစ်ဝန်းမှာ တတိယ မြောက်အရေးပါတဲ့ပဲဖြစ်ပါတယ်။ကုလားပဲမှာဒေစီကုလားပဲနဲ့ကုလားပဲဖြူလုံးကြီးဆိုပြီး ၂ မျိုးရှိရာ ကမ္ဘာ့ထွက်ရှိမှုရဲ့ ၁၀-၁၅ ရာခိုင်နှုန်း သာရှိတယ်လို့သိရပါတယ်။ကုလားပဲဖြူလုံးကြီးကိုပုံမှန်အနေနဲ့ အလုံးလိုက် စားသုံးပြီး၊ ဒေစီကုလားပဲကိုတော့ ခွဲခြမ်းသို့မဟုတ် ကုလား ပဲမှုန့်ကြိတ်ပြီး စားသုံးပါတယ်။
ပြည်တွင်းဈေးကွက်တွေမှာ ကုလားပဲလက်ကျန်နည်းလာပြီဖြစ်ပေမဲ့ ပြည်ပဝယ်လိုအားကောင်းနေတဲ့ ကုလားပဲမှာ ယခုတစ်ပတ်လည်း အသင့်အတင့်တင်ပို့နိုင်ခဲ့ပါတယ်။ မေ ၂၈ ရက်မှ ဇွန် ၁ ရက်အထိ တစ်ပတ်အတွင်း ကုလားပဲရိုးရိုး၊ ကုလားပဲဖြူလုံးကြီး စုစုပေါင်း တန်ချိန် ၃၄၀၀ ခန့် တင်ပို့မှုရှိခဲ့ပါတယ်။ မေလတစ်လလုံး တင်ပို့မှုအနေနဲ့ စုစုပေါင်း တန်ချိန် ၂၁၄၀၀ ခန့်ရှိခဲ့ပြီး ဧပြီလအတွင်းမှာ တန်ချိန် ၈၉၀၀ ကျော်တင်ပို့ခဲ့ကာ ၂၀၁၁ မေ အတွင်းမှာတော့ တန်ချိန် ၁၆၀၀၀ နီးပါး တင်ပို့နိုင်ခဲ့ပါတယ်။
ပဲခူးတိုင်းဒေသကြီး ပြည်၊ ပေါက်ခေါင်း၊ ပန်းတောင်းမြို့နယ်များမှာ မိုးပဲတီစိမ်း သီးနှံကို အများဆုံးစိုက်ပျိုးကြပြီး ဇွန်လကုန်၊ ဇူလိုင်လဆန်းမှာ ဈေးကွက်အတွင်းသို့ စတင်ဝင်ရောက်နိုင်တယ်လို့သိရပါတယ်။ ယခုပြည်ဈေးကွက်မှာ လက်ကျန်ပဲတီစိမ်း များ တစ်ခါတစ်ရံ အရောင်းအဝယ်ဖြစ်ခဲ့ကြပါတယ်။ ရန်ကုန်ဝယ်လက်များမှ တစ်ခါ ဝယ်ရင် အိတ် ၂၀၀ ကျော် ၃၀၀ အထိဝယ်ယူကြပြီး ပဲဈေးမှာတစ်တင်း ၁၅၅၀၀ ကျပ်ဖြင့် ရောင်းဝယ်ခဲ့ကြပေမဲ့ ယခုနှစ် ပဲတီစိမ်းသစ် စပေါ်ချိန်မှာ ပဲဟောင်းဈေးကို အမှီလိုက်နိုင်မလားဆိုတာ ပဲစိုက်တောင်သူများ စောင့်မျှော်နေကြောင်း သိရှိရပါ တယ်။ခင်ဆွေဝင်း
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်မှ ကန်ဒေါ်လာ ၂ ဒသမ ၀၉၈ သန်း တန်ဖိုးရှိ ပဲတီစိမ်း ၃၁၂၃ တန်ကျော်ကို မေ ၃၀ ရက်မှ ဇွန် ၅ ရက်အတွင်း မှာ အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် ၇၆၇ တန်ကျော် တင်ပို့မှု ပိုမိုခဲ့ပါတယ်။ယခုအပတ် မိမိဘက်မြေပြင်ဈေးမှာ ကျပ် ၆၉၃၃၀၃ ကျပ်ရှိပြီး ယခင် အပတ်က ထက် ၄၉၉၄ ကျပ် လျော့နည်းခဲ့ပါတယ်။ တစ်ဘက်နိုင်ငံ ဈေးကတော့ ယခင် အပတ်ကထက် ၃ ဒေါ်လာခန့် လျော့နည်းခဲ့ပြီး ၈၄၁ ဒေါ်လာ ပေါက်လျက်ရှိပါ တယ်။ MIRT(DOBT)
ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ပဲတီစိမ်း အရောင်းအဝယ် ပိုမိုလျော့ကျလာခဲ့ပါတယ်။ အိန္ဒိယမှာ နွေပဲတီစိမ်းအသစ်တွေ ဝင်လာနေပြီဖြစ်လို့ ဝယ်လိုအားပါးလာတာကြောင့် တရုတ်နိုင်ငံနဲ့ အခြားနိုင်ငံ အချို့ကို တင်ပို့ဖို့ အရောင်းအဝယ်အနည်းငယ်သာဖြစ်ကြောင်း သိရပါတယ်။
ဒီတစ်ပတ် ပင်လယ်ရေကြောင်း ကပဲလွန်းဖြူတင်ပို့မှုနဲ့ FOB အရောင်း အဝယ်ပြန်ကောင်းလာခဲ့ပါတယ်။ယခင် တစ်ပတ်က တန်ချိန် ၁၄၅၀ ခန့်တင်ပို့မှု ရှိခဲ့ပြီး မေ ၂၈ ရက်မှ ဇွန် ၁ ရက် အထိ တစ်ပတ်အတွင်းမှာ ပဲလွန်းဖြူ တန်ချိန် ၁၆၀၀ ခန့် တင်ပို့နိုင်ခဲ့ကြောင်း သိရပါတယ်။ ယခုတစ်ပတ်တင်ပို့တဲ့ နိုင်ငံများကတော့ အိန္ဒိယ၊ ကိုရီးယား၊ မလေးရှား၊ စင်ကာပူနဲ့ ဗီယက်နမ်တို့ ဖြစ် ပါတယ်။
ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ပဲစင်းငုံ ရောင်းဝယ်မှု အားကောင်း နေပါတယ်။ ဇွန် ၁ ရက်မှ ၇ ရက်အထိ ပဲစင်းငုံအနီနဲ့ ဖြူနီစုစုပေါင်း တန်ချိန် ၁၂၀၀၀ နီးပါး အရောင်းအဝယ် ဖြစ်ခဲ့ပါတယ်။ FOB ဈေးကွက်မှာ အိန္ဒိယဝယ်လက်များ ဝယ်လို အားကောင်းနေဆဲဖြစ်ပြီး ပြည်တွင်း ရောင်းလက်များ ဈေးအနိမ့်နဲ့ ရောင်းချမှု အားသိပ်မကောင်းတဲ့ အတွက် အရောင်း အဝယ်ဖြစ်ပေမဲ့ FOB ဈေးတော့ အနည်းငယ် တိုးလာခဲ့ပါတယ်။
ပင်လယ်ရေကြောင်းက ပဲစင်းငုံတင်ပို့မှုမှာ ယခင်တစ်ပတ်ထက် ပိုမိုတိုးတက် လာခဲ့ပါတယ်။ ယခင်တစ်ပတ်က တန်ချိန် ၉၈၀၀ ကျော်တင်ပို့မှုရှိခဲ့ပြီး ယခုတစ်ပတ် (မေ ၂၈ - ဇွန် ၁ ရက်) အတွင်းမှာ တန်ချိန် ၁၄၀၀၀ ခန့်အထိ တင်ပို့မှုရှိခဲ့တယ်လို့ သိရပါတယ်။ ၂၀၁၂ မေလအတွင်းမှာလည်း ပဲစင်းငုံတန်ချိန် ၃၅၀၀၀ ကျော် တင်ပို့နိုင်ခဲ့ပြီး ဧပြီလအတွင်းမှာ တန်ချိန် ၁၄၅၀၀ ခန့်တင်ပို့မှုရှိခဲ့ပါတယ်။ ၂၀၁၁ မေလအတွင်းမှာလည်း ပဲစင်းငုံတန်ချိန် ၁၉၀၀၀ ကျော်သာတင်ပို့မှုရှိခဲ့လို့ ယခုနှစ် မေလမှာ ပိုမိုတင်ပို့မှုရှိခဲ့ပါတယ်။