Main menu

Background

Monday, 21 May 2012

    ကယားပြည်နယ် လွိုင်ကော်ခရိုင်မှာ တောင်သူများ အစေ့ထုတ်ပြောင်းစိုက်ဖို့ မြေဧက ၁၅၀၀၀ ကျော် မြေပြင်ပြီးဖြစ်သော်လည်း ရာသီဥတုအခြေအနေအရ မိုးရွာသွန်းမှုနည်းပါးတာကြောင့် မိုးသီးနှံအစေ့ထုတ်ပြောင်းနဲ့ ပဲစင်းငုံကို စိုက်ပျိုး နိုင်ခြင်းမရှိသေးကြောင်း သိရပါတယ်။

Monday, 21 May 2012

    မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်၊ လွယ်ဂျယ်နဲ့ ချင်းရွှေဟော်နယ်စပ်များမှ ကန်ဒေါ်လာ ၃ ဒသမ ၅၁၄ သန်းတန်ဖိုးရှိ ပြောင်းဖူးစေ့ ၁၂၅၄၇ တန်ခန့်နဲ့ ကန်ဒေါ်လာသုည ဒသမ ၀၀၁ သန်းတန်ဖိုးရှိ ပြောင်းကြိတ်ဖတ် ၉ တန်ကိုမေလ ၉ ရက်မှ ၁၅ ရက်ထိကာလအတွင်းမှာတင်ပို့နိုင်ခဲ့ပါတယ်။ ယခင် အပတ်ကထက် တန် ၄၂၃၀ ခန့်ပိုမိုတင်ပို့နိုင်ခဲ့တယ်လို့သိရပါတယ်။

Monday, 21 May 2012

    မေ ၆ ရက်မှ ၁၂ ရက်ထိ ကာလအတွင်း ပင်လယ်ရေကြောင်းမှ ပြောင်း ၁၇၈၄ တန်၊တန်ဖိုးဒေါ်လာ သုည ဒသမ ၄၉ သန်းဖိုး တင်ပို့နိုင်ခဲ့ပါတယ်။ ယခင် အပတ်က တင်ပို့မှုရှိသည်ဆိုရုံသာရှိခဲ့တဲ့အတွက် အဆပေါင်းများစွာ သာလွန်တင်ပို့ နိုင်ခဲ့ပါတယ်။ တင်ပို့မှုတွေကတော့ ဗီယက်နမ်ကို တန် ၇၄၀ နဲ့ စင်ကာပူကို ၁၀၄၀ တန် အသီးသီးတင်ပို့ခဲ့တာ ဖြစ်ပါတယ်။

Monday, 21 May 2012

    ယခုရက်ပိုင်း ကျောက်ဆည်နယ်ထွက် နနွင်းတက်များ အရောင်းအေးပြီး ဈေးကျလာတယ်လို့ သိရပါတယ်။ ယမန်နှစ်က တစ်ပိဿာ ၂၈၀၀ ကျပ်- ၃၀၀၀ကျပ်ဈေးနဲ့ အဝယ်လိုက်ဈေးကောင်းရခဲ့သလောက် ဒီနှစ်မှာတော့ အနည်းငယ်သော တရုတ် ဝယ်လက်သာရှိခဲ့တဲ့အတွက် ဈေးအေးနေပါတယ်။

Monday, 21 May 2012

    နနွင်းခြောက်တွေကတော့ အဝင်များနေပါတယ်။ အဝင်များပေမဲ့ ရောင်းအားကတော့ သိပ်မကောင်းလာ ပါဘူး။ ပြည်တွင်း သုံးအတွက်သာ ဝယ်နေတာကြောင့် ဈေးကလည်းသိပ်မကောင်းပါဘူး။ ဟိုပုံးအရည်အသွေး ကောင်းတဲ့ ဟိုပုံးနနွင်း ကတော့ မူဆယ်ဝယ်လက်တွေအဝယ်ရှိစဉ်က တစ်ပိဿာ ၁၂၀၀ ကျပ်၊ ၁၃၀၀ ကျပ်ဈေးထိ ရခဲ့ပေမဲ့ ယခုလောလောဆယ်မှာ တော့ တစ်ပိဿာ ၁၀၀၀ ကျပ် အောက်ဈေးသာရှိပါတယ်။

Monday, 21 May 2012

    မေ ၉ ရက်မှ ၁၅ ရက်ထိ ကာလအတွင်းမှာ မူဆယ်မှ ကန်ဒေါ်လာ သုည ဒသမ ၃၂၈ သန်းတန်ဖိုးရှိ နနွင်းတက် ၂၁၁ တန်ကျော်နဲ့ ကန်ဒေါ်လာသုည ဒသမ ၁၅၅ သန်းတန်ဖိုးရှိ နနွင်းတက် ၃၀၂ တန်ကျော်အပို့ရှိခဲ့ရာ ယခင်အပတ်က တင်ပို့မှုနဲ့ သိပ်ကွာဟမှုမရှိတာတွေ့ရပါတယ်။MIRT(DOBT)

Monday, 21 May 2012

    မေ ၉ ရက်မှ ၁၅ ရက်ထိ  ကာလအတွင်းမှာ ကန်ဒေါ်လာ သုည ဒသမ ၀၁၂ သန်းတန်ဖိုးရှိ မန်ကျည်းမှည့် (အစေ့ပါ) ၄၇ တန်နဲ့ မန်ကျည်းစေ့ ၁၅ တန်ကျော်ကို မြဝတီနဲ့ စစ်တွေနယ်စပ်စခန်းများမှ တင်ပို့မှုရှိခဲ့ပါတယ်။ ယခင်အပတ် ကထက် မန်ကျည်းမှည့် (အစေ့ပါ) ၃၈ တန် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။MIRT(DOBT)

Monday, 21 May 2012

    မေ ၆ ရက်မှ ၁၂ ရက် တာကာလအတွင်း မန်ကျည်း ၁၀၇၈ တန်ကို ပင်လယ်ရေကြောင်းလမ်းမှ ပြည်ပနိုင်ငံများသို့ တင်ပို့ခဲ့ပါတယ်။ ဒီတစ်ပတ်မှာ တင်ပို့ နိုင်ခဲ့တဲ့ နိုင်ငံနဲ့ တန်ချိန်တွေက အိန္ဒိယနိုင်ငံကို တန် ၂၀၀၊ အင်ဒိုနီးရှားနိုင်ငံကို ၃၄၉ တန်၊ မလေးရှားနိုင်ငံကို ၁၇၁ တန်နဲ့ စင်ကာပူနိုင်ငံကို ၃၅၈ တန်အသီးသီး တင်ပို့ခဲ့ပါတယ်။ ယခင်တစ်ပတ်မန်ကျည်းတင်ပို့မှုက တန်ချိန် ငါးရာကျော်ရှိခဲ့ ပါတယ်။ ယခင် FOB  ဈေးတစ်တန်ကို ကန်ဒေါ်လာ ၄၆၀ ကျော်ရရှိခဲ့တဲ့ မန်ကျည်း ကဒီတစ်ပတ်မှာ ကန်ဒေါ်လာ ၄၉၀ ကျော်ရရှိခဲ့ပါတယ်။       MIRT (DOT)

Monday, 21 May 2012

    အောင်ပန်းဈေးကွက်မှာတော့ ချင်း (စို) က အဝင်များနေပါတယ်။ တီကျစ်၊ နောင်တရားစတဲ့နယ်တွေက ချင်းတွေအဝင်များ လာပြီး၊ တစ်ရက်ပိဿာချိန် ၁၀၀၀၊ ၂၀၀၀ ခန့် ဝင်ရောက်မှုရှိတယ်လို့သိရပါတယ်။ ဒီတစ်လမှာ ချင်းထိုးသမားေ တွက လည်း အော်ဒါနည်းတာကြောင့် ယခင်လလောက်တောင် အရောင်းမသွက်ဘဲ၊ ခပ်အေးအေးသာ ရောင်းနေရတယ် လို့လည်း ဆိုပါတယ်။

Monday, 21 May 2012

    ယခုတစ်ပတ် ပြည်ချင်းဈေးကွက်မှာ အရောင်းအဝယ်အေးနေပြီး၊ အဝင်မှာ အောင်ပန်းဖက်မှ ပိဿာ ၃၀ ဝင်အိတ် ၂၀၀ ခန့် ပုံမှန်ဝင်ရောက်မှုရှိနေပါတယ်။ ဈေးနှုန်းမှာ တစ်ပိဿာကို ချင်း(ရှယ်) ၇၀၀ ကျပ်၊ ဂျွန် ၅၅၀ ကျပ်နဲ့ ပုံမှန်ဈေးရှိပြီး၊ ဈေးကွက်အတွင်း ပိဿာချိန် ၂၀၀ ခန့် အရောင်းအဝယ်ရှိနေပါတယ်။ ဈေးကွက်က တစ်ဆင့် ဧရာဝတီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်တို့ကို စားသုံးမှုအဖြစ်ပိဿာချိန် ၁၈၀ ခန့်တင်ပို့မှုရှိတယ်လို့ သိရပါတယ်။ဝင်းဝင်းခိုင်

Pages