Background
ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ယခု တစ်ပတ် မတ်ပဲရောင်းဝယ်မှု ကောင်းနေတာတွေ့ရပါတယ်။ မတ်ပဲ FAQ နဲ့ SQ ဈေးနှုန်းကွာဟမှုကြောင့် FAQ မတ်ပဲကို ဝယ်ယူမှုများတာ တွေ့ရပါတယ်။ မေလ ၇ ရက်မှ ၁၁ ရက်အထိ တစ်ပတ်အတွင်း မတ်ပဲ FAQ နဲ့ အခွံချွတ် FAQ စုစု ပေါင်း တန်ချိန် ၃၂၀၀၀ ခန့် အရောင်းအဝယ်စာချုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
မောင်တောဒေသဟာ ရေမြေသဘာဝအရ ပို့ကုန်ပိုင်းမှာ ရေထွက်ပစ္စည်းများ တင်ပို့မှုကို အားထားရလျက်ရှိပြီး အထူးသဖြင့် ရေငန်ပုစွန်တင်ပို့မှုမှာ များစွာ အရေးပါနေပါတယ်။
ပင်လယ်ရေကြောင်းက မတ်ပဲပုံမှန်တင်ပို့မှု ရှိနေပါတယ်။ ဧပြီ ၃၀ ရက်မှ မေ ၄ ရက်အထိ မတ်ပဲ စုစုပေါင်း တန်ချိန် ၁၄၀၀၀ ကျော် တင်ပို့နိုင်ခဲ့လို့ ယခင် သီတင်းပတ်များအတိုင်း တင်ပို့နိုင်ခဲ့ပါတယ်။ ပိတ်ရက်များရှိတဲ့တိုင် ၂၀၁၂ ဧပြီလ တစ်လလုံးမှာ မတ်ပဲ တန်ချိန် ၄၂၀၀၀ ကျော် တင်ပို့နိုင်ခဲ့ပြီး မတ်လအတွင်းမှာ တန်ချိန် ၄၈၀၀၀ကျော်တင်ပို့နိုင်ခဲ့ကြောင်းသိရပါတယ်။၂၀၁၁ ဧပြီလအတွင်း တန် ချိန် ၂၇၀၀၀ ခန့် တင်ပို့မှုရှိခဲ့လို့ ယခုနှစ် ဧပြီလမှာ ပိုမိုတင်ပို့နိုင်တာတွေ့ရပါတယ်။
ဧပြီလ ၂၅ ရက်မှ မေလ ၁ ရက်ထိကာလအတွင်းမှာ ကန်ဒေါ်လာ ၆ ဒသမ ၅၈၂ သန်းတန်ဖိုးရှိ ရော်ဘာအဆင့်စုံ ၁၈၇၈ တန်တင်ပို့နိုင်ခဲ့ပါတယ်။ယခင်အပတ်က ၈၅၆ တန်သာ အပို့ရှိခဲ့တာမို့ ယခုအပတ်မှာ ရော်ဘာအဆင့်စုံ ၁၀၂၂ တန် အပို့ပိုခဲ့ပါတယ်။
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်၊ လွယ်ဂျယ်နဲ့ ချင်းရွှေဟော် နယ်စပ်ကုန်သွယ် ရေးစခန်းများမှ ကန်ဒေါ်လာ ၂ ဒသမ ၁၉၀ သန်းတန်ဖိုးရှိ ပြောင်းဖူးစေ့ ၇၈၂၀ ဒသမ ၈၀၀ တန်ကို ဧပြီလ ၂၅ ရက်မှ မေလ ၁ ရက်အတွင်းမှာ တင်ပို့နိုင်ခဲ့ တာ ဖြစ်ပါတယ်။ နယ်စပ်စခန်းအလိုက်တင်ပို့နိုင်မှုတွေ့ကတော့ မူဆယ်မှ ၆၅၆၆ တန် ကျော်၊ လွယ်ဂျယ်မှ ၄၅၄ တန်နဲ့ချင်းရွှေဟော်မှ တန် ၈၀၀ အသီးသီးဖြစ်ပါတယ်။ ယခင်အပတ်ကထက် တန် ၅၀၀၀ ကျော်ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ယခုဘဏ္ဍာနှစ် ဧပြီလမှာ ပြောင်းဖူးစေ့ ၁၆၈၇၅ တန်ဝန်းကျင် နယ်စပ်မှတင်ပို့ထားပြီးဖြစ်ပါတယ်။MIRT(DOBT)
ဧပြီ ၈ ရက် ၂၈ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ပြောင်းတန်ချိန် ၃၀၅၉ တန်၊ တန်ဖိုးဒေါ်လာ သုညဒသမ ၈၅ သန်းဖိုးကို ပင်လယ်ရေကြောင်းမှ တင်ပို့နိုင်ခဲ့ပါတယ်။ သြင်္ကန်ပိတ်ရက်များရှိနေပေမယ့်လည်း စဉ်ဆက် မပြတ်တင် ပို့နိုင်ခဲ့တာကြောင့် သြင်္ကန်မတိုင်ခင်ကာလ တင်ပို့မှုထက် ၂ ဆ တင်ပို့နိုင်ခဲ့တာ တွေ့ရပါတယ်။ နိုင်ငံအလိုက် တင်ပို့မှုတွေ့ကတော့ ဗီယက်နမ်ကို ၁၃၇၀ တန်၊ အိန္ဒိယကို ၄၆ တန်၊ ဖိလစ်ပိုင်ကို ၃၅၅ တန်နဲ့ စင်ကာပူကို ၁၂၈၈ တန် အသီးသီး တင်ပို့နိုင်ခဲ့ကြောင်း သိရပါတယ်။ နယ်စပ်ကုန်သွယ်ရေးကတော့ ဧပြီနောက်ဆုံး ပတ်မှာ ၇၈၀၀တန် တင်ပို့နိုင်ခဲ့တာတွေ့ရပါတယ်။FOB ရန်ကုန်ဈေးနှုန်းကတော့ ပြောင်းလဲမှုမရှိဘဲ တစ်တန်ကို ၂၇၅-၂၉၅ ဒေါ်လာ ဈေးပေါက်တယ်လို့ သိရပါ တယ်။ KZW
ပြည်ဈေးကွက်သို့ အောင်ပန်းချင်းများ ယခုတစ်ပတ်အတွင်း ပိဿာ ၃၀ ဝင်အိတ် ၁၀၀ ခန့်နဲ့ အဝင်နည်း သွားပြီး အရောင်းအဝယ်မှာလည်း တစ်နေ့ပိဿာ ချိန် ၂၀၀ ခန့်နဲ့ အရောင်းအဝယ်အေးနေပါတယ်။ ဈေးနှုန်းမှာ ယခင်အပတ်ဈေး အတိုင်းတစ်ပိဿာကိုချင်း(ရှယ်) ၈၀၀ကျပ်၊ဂျွန် ၆၀၀ ကျပ်-၆၅၀ ကျပ်ဖြစ်ပြီး ရခိုင် ပြည်နယ်သို့ ပြည်ဈေးကွက်မှ တစ်ဆင့် စားသုံးမှုအဖြစ် တစ်နေ့ပိဿာချိန် ၁၈၀ ခန့် တင်ပို့တယ်လို့သိရပါတယ်။ ဝင်းဝင်းခိုင်
ပြည်ဈေးကွက်မှာ ကုလားပဲကို တိုင်းအတွင်းရှိ ပေါက်ခေါင်း၊ ပေါင်းတလည်၊ ဝက်ထီးကန်၊ ပန်းတောင်း၊ ဥသျှစ်ပင် ကမ္မမြို့နယ်များမှ ရေလမ်း၊ ကုန်လမ်းနဲ့ အဝင်ရှိသလို အခြားတိုင်း၊ မကွေး၊ အောင်လံဘက်မှလည်း အဝင်ရှိတယ်လို့ သိရ ပါတယ်။ဥသျှစ်ပင်၊ပန်းတောင်း၊ကမ္မမြို့နယ်များမှ အများဆုံးဝင်ရောက်ပြီး အောင်လံ မှ အနည်းငယ်သာအဝင်ရှိ ကြောင်း သိရပါတယ်။ ရခိုင်ပြည်နယ်မှ ဝယ်လက်များ အဝယ်ရှိသလို ရန်ကုန်ဝယ်လက်များလည်း အဝယ်သွက် နေပါတယ်။ တိုင်းအတွင်း ရှိ ခွဲစက်သမားများလည်း အဝယ်မပြတ်ဘဲ အဝယ်လိုက်နေတာကြောင့် ကုလားပဲ ပိဿာ ၂၀ တစ်တင်းကို ၁၇၃၀၀ ကျပ်ရှိပါတယ်။ လွင်လွင်ဆန်း
ကုလားပဲဟော်လန်နဲ့ ကုလားပဲဖြူလုံးကြီး တင်ပို့မှုမှာ ယခင်သီတင်းပတ်များ ထက် ပိုမို လာခဲ့ပါတယ်။ ဧပြီလ ပထမပတ်အတွင်း တန်ချိန် ၃၂၀၀ ကျော်တင်ပို့ခဲ့ပြီး ယခုဧပြီလ ၂၂ ရက်မှ ၂၇ ရက်အထိ တစ်ပတ်အတွင်း တန်ချိန် ၄၃၀၀ နီးပါးအထိ ပိုမိုတင်ပို့လာနိုင်ခဲ့ပါတယ်။တင်ပို့တဲ့နိုင်ငံများကတော့ အိန္ဒိယ၊ ပါကစ္စတန်နဲ့ ဘင်္ဂလား ဒေ့ရှ်တို့ကို ပမာဏများတယ်လို့ သိရပါတယ်။
ဧပြီလ ၂၅ ရက်မှ မေလ ၁ ရက်ထိကာလအတွင်းမှာ မူဆယ်နယ်စပ်မှ ကန်ဒေါ်လာ သုညဒသမ ၆၆၉ သန်းတန်ဖိုးရှိ ပဲတီစိမ်း အခွံချွတ် ၆၇၆ ဒသမ ၀၇၅ တန်နဲ့ ပဲတီစိမ်း ၆၇၆ တန်ကျော်နဲ့ မြဝတီမှ ကန်ဒေါ်လာ သုည ဒသမ ၀၈၀ သန်း တန်ဖိုးရှိ ပဲတီစိမ်း တန် ၁၂၀ ကိုတင်ပို့မှုရှိခဲ့ပါတယ်။
