Main menu

Background

Monday, 7 Apr 2014

မန္တလေး ကုန်စည်ဒိုင်(ပွဲစား၊ ကုန်သည်၊ စက်ပိုင်များကထိန်တော် အသင်း)မှာ ယခုမတ်လ တတိယ တစ် ပတ်လုံး ဈေးငြိမ်၊ ဈေးတူနဲ့ အရောင်း အဝယ်ဖြစ်တာက ပဲစင်းငုံနီနဲ့ ပဲစင်းငုံ (ရွှေ)တို့ဖြစ်ပါတယ်။ ပဲစင်းငုံနီ တစ်ပိဿာ ၉၃၇ ကျပ် (တစ်တန် ၅၇၃၈၀၉ ကျပ်)နဲ့ နေ့စဉ် သုံးတင်းအိတ် ၁၅၀၀ မှ ၂၀၀၀ ခန့် အထိလည်းကောင်း၊ ပဲစင်းငုံ(ရွှေ) ၉၃၇ ကျပ်ဈေးနဲ့ နေ့စဉ် အိတ် ၂၀၀၀ ခန့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရပါတယ်။ ပဲစင်းငုံနီနဲ့ ပဲစင်းငုံ (ရွှေ) နှစ်မျိုးပေါင်းအိတ်၄၀၀၀ ခန့် အရောင်း အဝယ်ဖြစ်ကြောင်း သိရပါတယ်။ မနှစ်က ပဲစင်းငုံလှောင်လက်တွေ အထိနာတာကြောင့် ယခုအချိန်အထိ လှောင်လက်များက လှောင်ဖို့ အတွက် လက် မရဲကြသေးဘူး။ ဒါကြောင့် အရောင်းအဝယ်ကို သွက်သွက်လက် လက်နဲ့ ခပ်ပါးပါးလေးသာ အမြတ် ယူ ပြီး၊ အလုပ်ဖြစ်တယ် ဆိုရုံသာသာနဲ့ အလုပ်လုပ်နေရကြောင်း၊ တစ်နှစ်တည်း အထိနာတာက ပြန်ပြီးနာလထူနိုင်ပေမဲ့ နှစ်နှစ်ဆက်တိုက်အထိနာရင်တော့ နာလထူဖို့သိပ်မလွယ်တာကြောင့်လှောင် ဖို့ လက်တွန့်နေကြောင်း၊ ပြည်ပဝယ် လက် (အိန္ဒိယ)မှလည်း အင်တိုက်အား တိုက် ဝယ်ယူမှု မရှိတာကြောင့် စဉ်းစား နေရကြောင်း၊ လက်ရှိမှာတော့ ရောက် လာသမျှ ပဲစင်းငုံတွေကို လက်ထဲကြာ ကြာ မထားဘဲ သင့်တင့်တဲ့ ဈေးနှုန်းရပါ က ပြန်လည် ရောင်းချကြောင်း၊ မျှော် လင့်တဲ့ဈေးနှုန်းနဲ့ ဝယ်လိုအားမရှိ တာ ကြောင့် လှောင်လက်သမားများအနေ နဲ့ စောင့်ကြည့်လျက်ရှိကြောင်း ကုန် သည်ကြီးတစ်ဦးမှ ပြောကြားပါတယ်။ စိုးအောင် - မန္တလေး

Monday, 7 Apr 2014

ရှမ်းနနွင်းအသစ်တွေကတော့ ဈေးကွက်မရှိသေးပါဘူး။ အဟောင်းလက်ကျန်တွေတောင် အရောင်းထိုင်းနေတာ ကြောင့် အသစ်ကလည်း အခုအချိန်ထိ ခပ်အေးအေးပါပဲ။ ရာသီဥတုလည်း ခြောက်သွေ့ ပူပြင်းလာတာကြောင့် အခု အချိန်မှာ နနွင်း(စို)ကို ပြုတ်ရင် ၃-၄ ပိဿာမှာ တစ်ပိဿာ တင်ပါတယ်။ ဒါပေမဲ့လည်း လုပ်သားခ၊ လောင်စာခတွေနဲ့ အရင်နှစ်က အရင်းတောင် မကျေသေးတော့ မလုပ်ဖြစ်ကြ သေးဘူးလို့လည်း သိရပါတယ်။ ဟိုပုံး၊ နမ့်စန်မှာလည်း နနွင်း အသစ်တွေပေါ်နေပါပြီ။ ဒါပေမဲ့လည်း နမ့်စန်နနွင်းကတော့ တောနနွင်းလို့ခေါ်တဲ့ နနွင်းရိုင်းတွေသာများပါတယ်။

Monday, 7 Apr 2014

ကသာမြို့နယ် အင်းဒရန့်ကျေးရွာနဲ့ ပုလွေရွှေကျေးရွာ တို့မှာ ၂၀၁၃-၂၀၁၄ ခုနှစ်မှာ နနွင်း(နီ၊ ဝါ)စိုက်ဧက ၁၅၀ ကျော်စိုက်ပျိုးခဲ့ပြီး၊ ၁ ဧကအတွက် ပိဿာ ၇၀၀ ကျော်ရှိတဲ့ အတွက် ပိဿာချိန် ၁ သိန်းကျော်ထွက်ရှိမှာ ဖြစ်ပါတယ်။ စိုက်ပျိုးသူတောင်သူမှ "ခုချိန်ဟာ နနွင်းဖော်ကာလဖြစ်ပါ တယ်။ ဒါပေမဲ့ နနွင်းဈေးက ၆၀၀ ကျပ် လောက်သာ ရှိတဲ့ အတွက် တူးမယ်ဆိုရင်လည်း အလုပ်သမားစရိတ်၊ သယ်ယူ ပို့ဆောင်စရိတ်နဲ့ ဘယ်လိုမှ ကာမိမှာ မဟုတ်ဘူး။ ဒီအတိုင်းပဲ ပစ်ထားရတယ်။ အကယ်လို့ တူးဖြစ်ခဲ့မယ်ဆိုရင်တော့ ပိဿာ ၂၀၀၀၀ ကျော်လောက်ရရှိမယ်" လို့ပြောပြပါတယ်။ ဈေးကွက် ကိုက်ရင်တော့ မန္တလေး၊ ကျောက်ဆည်တို့ကို တင်ပို့ကြပြီး၊ လှောင်လက် အချို့မှာလဲ ပိဿာချိန် ၂၀၀၀၀-၃၀၀၀၀ ဝန်းကျင်သိုလှောင်ထားဆဲဖြစ်ကြောင်း သိရပါတယ်။စွမ်းရည် - ကသာ
 

Monday, 7 Apr 2014

ပြည်ပဈေးကွက်ကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ သီတင်းတစ်ပတ် ဖြစ်တဲ့မတ်လ ၉ ရက်မှ ၁၅ ရက်အတွင်း မန်ကျည်း ၁၇၇၂တန်ကို တင်ပို့ခဲ့ တယ် လို့ သိရပါတယ်။ ဒီတစ်ပတ်မှာ မလေးရှားနိုင်ငံကို ၄၄၆ တန်၊ပါကစ္စတန် နိုင်ငံကို ၇၁၈ တန်၊စင်ကာပူနိုင်ငံကို ၄၃၈ တန်၊ ပိုလန်နိုင်ငံကို တန်ချိန် ၁၂၀ နဲ့ ဗီယက်နမ်နိုင်ငံကို တန်၅၀ တင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။ ဒီတစ်ပတ်မှာ ပါကစ္စ တန်နိုင်ငံကို အများဆုံးတင်ပို့နိုင်ခဲ့ပြီးဒုတိယအများဆုံတင်ပို့နိုင်ခဲ့တဲ့နိုင်ငံမှာ မလေးရှားနိုင်ငံဖြစ်ပါတယ်။ ယခင်သီတင်းပတ်မန်ကျည်းတင်ပို့မှုမှာ တန်ချိန်တစ် ထောင့်ရှစ်ရာကျော် ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ တန်ချိန် ခြောက်ဆယ်ကျော် အဝင်လျော့ခဲ့ပါတယ်။ဒီအချိန်က မန်ကျည်းပေါ်ချိန်ဖြစ်တာ ကြောင့် မန်ကျည်း တင်ပို့မှုမှာ ဆက်တိုက်ဆို သလိုပို့အားကောင်းနေပါတယ်။မန်ကျည်းတင်ပို့မှုမှ ကန်ဒေါ်လာလေးသိန်း သုံးသောင်းကျော်ဝင်ငွေ ရရှိခဲ့တယ်လို့သိရပါတယ်။                                                             MIRT (DOT)

Monday, 7 Apr 2014

မဟာရှတ္တရာနဲ့ မဒ္ဒရာပရာဒက်ရှ်ဒေသတွင်ဖြစ်ပေါ် သော မိုးရွာသွန်းခြင်းနဲ့ မုန်တိုင်းဟာ ဧကများစွာသော ကြီး ထွားဆဲ နွေကြက်သွန်သီးနှံကို ၁၅ ရာခိုင်နှုန်း လျော့ကျရန် သက်ရောက်မှုရှိခဲ့ပါတယ်။သို့သော် စိုက်ပျိုးထုတ်လုပ်မှု မြင့် မားခဲ့သောဆောင်းကြက်သွန်ဟာ ယခုနှစ်အတွက် ကြာရှည် စွာ စားသုံးနိုင်မှုကို အထောက်အပံ့ဖြစ်စေခဲ့ ပါတယ်။ " မဟာ ရှတ္တရာမှာ ဧကများစွာသော ကြီးထွားဆဲကြက်သွန်သီးနံှများ ဟာ မုန်တိုင်းကြောင့်ရိတ်သိမ်းဖို့ အဆင်သင့် ဖြစ်သွားပါတယ်" လို့ အမျိုးသား ဥယျာဉ်သီးနှံသုတေသနနှင့်ဖွံ့ဖြိုးရေးဖောင် ဒေးရှင်း ဒါရိုက်တာ RP ဂျော့ပတာက ပြောပါတယ်။ " မဒ္ဒရာပရာဒေ့ရှ်မှာ ရွာသွန်းတဲ့မိုးဟာ ကြက်သွန်ခင်း များကို အတိုင်းအတာတစ်ခုအထိ ပျက်စီး စေခဲ့ပါတယ်။ ဆောင်းကြက်သွန် ၃၀ ရာခိုင်နှုန်းကို ဆုံးရှုံးခဲ့ပါတယ်။ ဒါပေမဲ့ ဆောင်းကြက်သွန်အထွက်ကောင်းခဲ့လို့ စားသုံးမှုကို မထိခိုက် ပါဘူး"လို့ အမျိုးသား သမဝါယမ စိုက်ပျိုးရေး ဈေးကွက်ဖယ်ဒ ရေးရှင်း အဖွဲ့ဝင် CB  ဟော့ကာက ဆိုပါတယ်။ စောစောရိတ် သိမ်းတဲ့ ဆောင်းကြက်သွန်အချို့ကို ထိခိုက်မှုရှိတယ်လို့ ဂျော ပတာက ဆက်လက်ပြောပါတယ်။

Monday, 7 Apr 2014

မတ်လ ဒုတိယအပတ်မှစပြီး အောင်ပန်းဈေးကွက်ကို တီကျစ်၊ နောင်တရားဘက်မှ ကြက်သွန်ဖြူအသစ်နဲ့  သိမ် ကုန်းဘက်မှ အာလူးအသစ်များ စတင်ဝင်ရောက်လာပြီဖြစ်ပါ တယ်။ ဖေဖော်ဝါရီလမှာ အောင်ပန်းဒေသရှိ ကြက်သွန်ဖြူနဲ့ အာလူးသီးနှံများ ပွဲရုံလက်ကျန် ကုန်သလောက်ဖြစ်ပြီး၊ ဆင် ဖြူကျွန်းမှ ကြက်သွန်ဖြူနဲ့ အာလူးများ အောင်ပန်းဈေးကွက် ကို ပြန်လည် တင်သွင်းခဲ့ရပြီး၊ ကြက်သွန်ဖြူ တစ်ပိဿာ ပေါက်ဈေးမှာ နိမ့် ၁၀၀၀ ကျပ်မှ မြင့် ၃၀၀၀ ကျပ်ထိ ဖြစ်ခဲ့ပြီး၊ အာလူးမှာ နိမ့် ၆၅၀ ကျပ်မှ အမြင့် ၉၅၀ ကျပ်ထိ ဈေးမြင့်ခဲ့ပါ တယ်။ ဒီတစ်ပတ်မှာတော့ ဒေသတွင်း ကြက်သွန်ဖြူအသစ် များ ဈေးကွက်ကို ဝင်ရောက်လာပြီး၊ တစ်ပိဿာ ၇၀၀ ကျပ် - ၁၇၀၀ ကျပ် ရှိနေပါတယ်။ ဒေသအာလူးမှာ တစ်ပိဿာ ၆၅၀ ကျပ်ရှိပြီး ဆင်ဖြူကျွန်းအာလူးမှာ ယခင်အပတ်အထိ တစ်ပိဿာ ၉၅၀ ကျပ်ရှိခဲ့ရာမှ ဒီတစ်ပတ်မှာတော့ ချက်ချင်းဆိုသလို တစ်ပိဿာ ၆၅၀ ကျပ်ထိ ဈေးကျသွား ကြောင်း သိရပါတယ်။ငြိမ်းငြိမ်းထွေး - တောင်ကြီး
 

Monday, 7 Apr 2014

ပြည်ချင်းဈေးကွက်ကို ယခုတစ်ပတ် တောင်ကြီး၊ အောင်ပန်းဘက်မှ ချင်းများ ပိဿာ ၃၀ ဝင်အိတ် ၁၅၀ ခန့် ဝင်ရောက်ခဲ့ပါတယ်။ နယ်ဝယ်လက်က ဝယ်ယူမှု အားကောင်းလို့ ဈေးမြင့်ခဲ့တာကြောင့် ယခုနှစ်မှာ ချင်းဈေး ကောင်းနေပါတယ်။ အရောင်းအဝယ်မှာ တစ်နေ့ ပိဿာ ၄၀၀ ခန့် ပုံမှန်ရောင်းဝယ်နေပြီး၊ ချင်း တစ် ပိဿာ (ရှယ်) ၂၀၀၀ ကျပ်၊ (ဂျွန်) ၁၈၀၀ ကျပ်နဲ့ ဈေးငြိမ်နေပါတယ်။ ဧရာဝတီ တိုင်းနဲ့ ရခိုင်ပြည်နယ်တို့ကို ပြည်ဈေးကွက်မှ တစ်ဆင့်စားသုံးမှုအဖြစ်၊ ယခု တစ်ပတ်အတွင်း ပိဿာချိန် ၃၆၀ ခန့် တင်ပို့ကြောင်း သိရပါတယ်။ ဝင်းဝင်းခိုင် - ပြည်

Monday, 7 Apr 2014

သီတင်းတစ်ပတ်ဖြစ်တဲ့ မတ်လ ၉ ရက်မှ ၁၅ ရက်အတွင်း ချင်းစို ၁၃၀ ဒသမ ၃ တန်နဲ့ ချင်းခြောက် ၇၁ ဒသမ ၁ တန်ကို ပင်လယ်ရေကြောင်း ကုန်သွယ်မှု လမ်းမှ ပြည်ပ ဈေးကွက်နိုင်ငံများသို့တင်ပို့ခဲ့ပါတယ်။ ဒီတစ်ပတ်မှာ ပါကစ္စတန်နိုင်ငံ ကို ချင်းစို ၁၃၀ဒသမ ၃တန်၊ချင်းခြောက် ၂၅ဒသမ ၆တန်၊မလေးရှားနိုင်ငံကို ချင်းစို ၂၆ တန်၊ အိန္ဒိယနိုင်ငံ ကို ချင်းခြောက် ၁၂ တန်၊ စင်ကာပူနိုင်ငံကိုချင်းခြောက် ၇ ဒသမ ၅ တန် တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ဒီတစ်ပတ်မှာစုစုပေါင်းတန်ချိန် ၂၀၁ ဒသမ ၄ တန်တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်သီတင်းပတ်ချင်းတင်ပို့မှုမှာ တန်ချိန် တစ်ရာ့ ခုနှစ်ဆယ်ကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာတန်ချိန် သုံးဆယ်ကျော် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ချင်းတင်ပို့မှုမှ ကန်ဒေါ်လာတစ်သိန်းသုံးသောင်းခြောက် ထောင်ကျော်ဝင်ငွေရရှိခဲ့တယ်လို့ သိရပါတယ်။                                                                    MIRT (DOT)

Monday, 7 Apr 2014

မန္တလေးမြို့ ပွဲစား၊ ကုန်သည်၊ စက် ပိုင်များ ကထိန်တော်အသင်း (မန္တလေး ကုန်စည်ဒိုင်)ကို ဝမ်းတွင်း၊ မြစ်သား၊ ကျောက်ဆည်၊ တံတားဦး၊ စဉ့်ကိုင်၊ မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်း၊ ငါန်းဇွန်၊ ပခုက္ကူ၊ မုံရွာနဲ့ ချောင်းဦးဒေသများ မှ ဝယ်ယူရရှိပြီး၊ ဝယ်ယူရရှိသလောက် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရပါတယ်။ တရုတ်ဝယ်လက် အဆွဲသွက်တာ ကြောင့် ဈေးနှုန်းက အမြင့်နဲ့ အရောင်း အဝယ် ဖြစ်ခဲ့ပါတယ်။ တရုတ်ဝယ်လက် များကလည်း မန်းကုန်စည်ဒိုင်များမှာ အထိုင်နဲ့ အဝယ်ရှိတာကြောင့် ကြိုက် ရောင်းကြိုက်ဝယ် ရောင်းချကြောင်း သိရပါတယ်။ ယခု ၂၀၁၄ ခုနှစ်၊ မတ်လ တတိယအပတ်မှာ ပဲတီစိမ်းကြီး တစ် ပိဿာ ၁၅၁၁ ကျပ်( တစ်တန် ၉၂၅၃၂၁ ကျပ်)နဲ့ နေ့စဉ် သုံးတင်းအိတ် ၆၀၀ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရပါတယ်။ ပဲတီစိမ်းရွှေဝါ တစ် ပိဿာ ၁၆၅၃ ကျပ် (တစ်တန် ၁၀၁၂၂၈၁ ကျပ်)နဲ့ နေ့စဉ်အိတ် ၅၀၀ ခန့် အရောင်းအဝယ်ဖြစ် လို့ ပဲတီစိမ်း နှစ်မျိုးပေါင်းအိတ်၁၀၀၀ ခန့် အရောင်း အဝယ်ဖြစ်ကြောင်း သိရပါတယ်။ ပဲတီစိမ်းများကို တရုတ်ဝယ်လက် သာမက ရန်ကုန်ဝယ်လက်မှလည်း ဝယ်ယူကြောင်း၊ ဝယ်လက်များ ပုံမှန် အဆွဲရှိတာကြောင့် ဈေးနှုန်းတည်ငြိမ်မှု ရှိကြောင်း၊ ရန်ကုန်ဝယ်လက်မှ တစ်ဆင့် စင်ကာပူကိုလည်း တင်ပို့ကြောင်း၊ အခြားပဲများ ပုံမှန်အဝယ်မရှိပေမဲ့ ပဲတီ စိမ်းကြီးမှာ နေရာတစ်ခု (ဈေးကွက်) မကရှိနေတာကြောင့် အရောင်းအဝယ် ကောင်းကြောင်း၊ မိမိတို့မှာ သိုလှောင် ချိန်ပင်မရအောင်အရောင်းအဝယ်သွက် ကြောင်း၊ ကုန်သည်ကြီးတစ်ဦးမှ ပြော ကြားပါတယ်။  စိုးအောင် - မန္တလေး

Monday, 7 Apr 2014

ယခုတစ်ပတ်အတွင်း ပြည်ပဲဈေးကွက်မှာ ပဲစင်းငုံသီးနှံ အဝင်သိပ်မများ တော့ဘဲ တစ်ရက်အိတ် ၁၅၀ ခန့်သာ ပန်းတောင်းနဲ့ကံမမြို့နယ်များမှ ဝင် ရောက်ခဲ့ကြပါတယ်။ ဒေသတွင်းလှောင်လက်များ အဝယ်မရှိဘဲ ရန်ကုန်လိုင်းသမား အဝယ်ရှိတာကြောင့် နေ့စဉ်အိတ် ၁၀၀ မှ ၁၅၀ ကျော် အရောင်းအဝယ်ဖြစ်ခဲ့ကြပြီး ပဲဈေးနှုန်း မှာလည်း  တစ်တင်း ၁၈၄၀၀ ကျပ်ဖြင့်သာ အေးသွားခဲ့ပါတယ်။ ပဲစင်းငုံ သီးနှံရဲ့ ယခုနှစ်ဈေးနှုန်းမှာ ပဲသစ်ပေါ်စ အချိန်မှစလို့ ယခုအချိန်ထိ ဈေးသိသိ သာသာ လျော့နည်းသွားခြင်းမရှိခဲ့သော်လည်း ယခင်နှစ်က ဈေးကိုတော့ မမီခဲ့ဘူး လို့သိရပါတယ်။ ယခင်နှစ်က ပဲစင်းငုံဈေးမှာ တစ်တင်း ၂၁၀၀၀ ကျပ်ရှိခဲ့တယ် လို့ သိရပါတယ်။ခင်ဆွေဝင်း-ပြည်

Pages