Main menu

Background

Monday, 7 Apr 2014

ယခုတစ်ပတ်အတွင်း ပြည်ပဲဈေးကွက်မှာ ပဲစင်းငုံသီးနှံ အဝင်သိပ်မများ တော့ဘဲ တစ်ရက်အိတ် ၁၅၀ ခန့်သာ ပန်းတောင်းနဲ့ကံမမြို့နယ်များမှ ဝင် ရောက်ခဲ့ကြပါတယ်။ ဒေသတွင်းလှောင်လက်များ အဝယ်မရှိဘဲ ရန်ကုန်လိုင်းသမား အဝယ်ရှိတာကြောင့် နေ့စဉ်အိတ် ၁၀၀ မှ ၁၅၀ ကျော် အရောင်းအဝယ်ဖြစ်ခဲ့ကြပြီး ပဲဈေးနှုန်း မှာလည်း  တစ်တင်း ၁၈၄၀၀ ကျပ်ဖြင့်သာ အေးသွားခဲ့ပါတယ်။ ပဲစင်းငုံ သီးနှံရဲ့ ယခုနှစ်ဈေးနှုန်းမှာ ပဲသစ်ပေါ်စ အချိန်မှစလို့ ယခုအချိန်ထိ ဈေးသိသိ သာသာ လျော့နည်းသွားခြင်းမရှိခဲ့သော်လည်း ယခင်နှစ်က ဈေးကိုတော့ မမီခဲ့ဘူး လို့သိရပါတယ်။ ယခင်နှစ်က ပဲစင်းငုံဈေးမှာ တစ်တင်း ၂၁၀၀၀ ကျပ်ရှိခဲ့တယ် လို့ သိရပါတယ်။ခင်ဆွေဝင်း-ပြည်

Monday, 7 Apr 2014

ပြည်ပဲဈေးကွက်ကို မတ်ပဲသစ်များ ယခင်တစ်ပတ်မှစလို့ အဝင်များလာခဲ့ပြီး ယခုတစ်ပတ်မှာ တစ်ရက်အိတ် ၇၀၀ ကျော်ထိ ဝင်ရောက်ခဲ့ပါတယ်။ ပန်းတောင်း၊ ပေါင်းတလည်၊ ပေါက်ခေါင်းအပြင် ရွှေတောင်၊ ကျီးသဲဘက်မှလည်း ဝင်ရောက်ခဲ့ပါ တယ်။ ပဲဈေးနှုန်းမှာ တစ်တင်း ၁၈၅၀၀ ကျပ်ဖြင့် ယခင်တစ်ပတ်ထက် ဈေးလျော့ သွားခဲ့ပါတယ်။ ရန်ကုန်ဝယ်လက်များမှ တစ်ရက်အိတ် ၇၀၀ ကျော်ထိ အဝယ်လိုက် ခဲ့သလို ဒေသတွင်း လှောင်လက်သမားများလည်း အဝယ်ရှိတဲ့အတွက် အရောင်း အဝယ်သွက်နေတဲ့ ပဲတစ်မျိုးဖြစ်တယ်လို့ သိရပြီး၊ သြင်္ကန်မတိုင်ခင်ကာလထိ နောက်ထပ်ပဲများ အများအပြားဝင်ရောက်လာနိုင်မှာဖြစ်သလို ပဲဈေးနှုန်းလည်း ယခင်နှစ်ကဈေးထက်တော့ ဈေးပိုနေမယ်လို့ ခန့်မှန်းနေကြပါတယ်။ခင်ဆွေဝင်း-ပြည်

Monday, 7 Apr 2014

မုံရွာ ကုန်စည်ဒိုင် မတ်လတတိယ ပတ် ပဲဈေးကွက်မှာ ပဲသစ်တွေ ဒိုင်ကို ပုံမှန်ဝင်ရောက်ခဲ့သလိုအရောင်းအဝယ် လည်းအနည်းငယ်တက်လာခဲ့တာ တွေ့ ရပါတယ်။ အထူးသဖြင့် ကုလားပဲမျိုးစုံ ဒေသစုံက အဝင်ပုံမှန်ရှိခဲ့ပြီး၊ ရောင်း လိုအားလည်းကောင်းသလို ဝယ်လို အားလည်းတက်ခဲ့တယ်လို့ ဒိုင်ရပ်ကွက် က ဆိုပါတယ်။ ယခု တစ်ပတ်ပေါက် ဈေးအားဖြင့် ထိုင်ဝမ်တစ်တင်း ၁၄၆၀၀ ကျပ်မှ ၁၄၇၀၀ ကျပ်၊V2 တစ်တင်း ၁၅၆၀၀ ကျပ်နဲ့ 929 တစ်တင်း ၁၄၆၀၀ ကျပ်အသီးသီးပေါက်ခဲ့ပြီး၊ ဒေသတွင်းပဲခွဲစက်နဲ့ကြာဇံစက်၊ လှောင် လက်အဝယ်ကြောင့် တစ်ရက်အိတ် ၂၀၀၀ ခန့်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

Monday, 7 Apr 2014

မတ်လ တတိယပတ် ပြည်ပဲမျိုးစုံ ဈေးကွက်မှာ အဓိက အရောင်းအဝယ် ဖြစ်သောပဲများရဲ့ဈေးနှုန်းနဲ့ အရောင်း အဝယ်ဖြစ်မှုအခြေအနေမှာ ကုလားပဲနဲ့ မတ်ပဲ၊ ပဲကြီးသီးနှံများမှာ အရောင်း အဝယ်သွက်နေခဲ့ပြီး ပဲစင်းငုံသီးနှံလည်း အိတ် ၁၅၀ ခန့် အရောင်းအဝယ်ဖြစ်ခဲ့ ပါတယ်။ ကျန်ပဲများကတော့ အဝင် အထွက် သိပ်မများဘဲ အိတ် ၅၀ မှ ၁၀၀ ကြားသာ အရောင်းအဝယ်ဖြစ်ခဲ့ ပါတယ်။ မတ်ပဲမှာ ပန်းတောင်း၊ ဝက် ထီးကန်၊ ကျီးသဲ၊ ရွှေတောင်မြို့နယ်များ မှ တစ်ရက်အိတ် ၅၀၀ ကျော်ခန့်ဝင် လာသလို ရန်ကုန်ဝယ်လက်များမှလည်း နေ့စဉ် အိတ် ၇၀၀ ကျော်ဝယ်ယူခဲ့ပါ တယ်။ ဒေသတွင်း လှောင်လက်သမား အချို့လည်း ဝယ်ယူမှုရှိတယ်လို့သိရပါ တယ်။ ပဲဈေးမှာတစ်တင်း ၁၈၅၀၀ ကျပ်ဖြင့်အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။

Monday, 7 Apr 2014

ပဲကြီးသီးနှံသစ်များ အောင်လံနဲ့ ကံမဖက်မှ ပြည်ဈေးကွက်ကို နေ့စဉ် ဝင်ရောက်ခဲ့သလို ရွှေတောင်၊ ကျီးသဲ၊ ကျောက်ထရံဘက်မှလည်း ဝင်ရောက် ခဲ့တာကြောင့် တစ်ရက် အိတ် ၅၀၀ ကျော် ဝင်ရောက်ခဲ့ကြပါတယ်။ ဝင် ရောက်လာတဲ့ ပဲအရည်အသွေးမှာ ယခင် အပတ်ထက် အနည်းငယ် ကျဆင်းလာတဲ့အတွက် ဈေးလည်း တစ်တင်း ၁၀၀၀ ကျပ်ခန့် လျော့နည်း သွားခဲ့ပါတယ်။ ရွှေကျွန်း တစ်တင်း ၂၆၀၀၀ ကျပ်နဲ့ ကမ်းနားပဲတစ်တင်း ၂၅၀၀၀ ကျပ်နဲ့ ပဲကြော်ဖိုသမားနဲ့ လှောင်လက်များသာ အဝယ်ရှိခဲ့ကြပါ တယ်။ ပဲကြီးဈေနှုန်းမှာ ယခင်နှစ်ကဲ့သို့ သြင်္ကန်ပြီးချိန်မှ စပြီး၊ ပဲဈေးများ မြင့် တက်လာပါက ပဲလက်ဝယ်ရှိသူ တောင် သူနဲ့ လှောင်လက်သမားများ ယခုဈေး အတိုင်း ဆက်လက် သိုလှောင်ထားနိုင် ပါက အကျိုးအမြတ် ပိုလာနိုင်မယ့် သီးနှံဖြစ်ကြောင်း သိရပါတယ်။ခင်ဆွေဝင်း - ပြည်

Thursday, 13 Mar 2014

ယခုတစ်ပတ် ပြည်ချင်းဈေးကွက်ကို တောင်ကြီး၊ အောင်ပန်းချင်းများ အဝင်နည်းလာပြီး၊ တစ်ပတ်ကို ပိဿာ ၃၀ ဝင်အိတ် ၁၀၀ ခန့် အဝင်ရှိပါတယ်။ ပြည်ချင်း ဈေးကွက်မှ ချင်းဈေးများ ယခင်အပတ်ထက် ကျပ် ၄၀၀ ခန့် ဈေးမြင့်လာပြီး ချင်းစိုက်ပျိူးရာ တောင်ကြီး၊ အောင်ပန်းကို နယ်ဝယ်လက်များ တိုက်ရိုက်ဆင်းဝယ်ယူနေတာကြောင့် ချင်းဈေးများ တက်သွားတယ်လို့ သိရပါတယ်။ ပြည်ချင်းပွဲရုံများမှ ယခုတစ်ပတ် ချင်းတစ်ပိဿာကို (ဂျွန်) ၁၈၀၀ ကျပ်(ရှယ်) ၁၉၀၀ ကျပ်နဲ့ လက်လီ၊ လက်ကားရောင်းဝယ်သူများနဲ့ ဧရာဝတီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်ကို တင်ပို့မှုအပါအဝင် ပွဲရုံများမှာ ပိဿာချိန် ၅၀၀ ခန့် အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ ဝင်းဝင်းခိုင်-ပြည်

Thursday, 13 Mar 2014

ဟိုပုံးချင်းလည်း လက်ကျန်နည်းနေပါပြီ၊ ဒီနှစ်က ချင်းစိုက်တာလည်းနည်းပါတယ်။ တောင်သူတွေကလည်း ခဏခဏ အရှုံးနဲ့သာ ရင်ဆိုင်နေရလို့ နောက်ပိုင်းတွေမှာ အစိုက်နည်းသွားတယ်လို့ ဆိုပါတယ်။ စိုက်ဧကလည်း နည်းသလို အထွက်နှုန်းလည်း နည်းပါတယ်။ ဒီနှစ် ဟိုပုံးမြို့နယ်တစ်ခုလုံးမှာ ချင်းအထွက်နှုန်းက ပိဿာချိန် ၆ သိန်းမှ ၁၀ သိန်း အထိ သာထွက်ရှိတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ ဒီနှစ်မှာတော့ ပြည်ပဝယ်လက်တွေဝယ်ယူတာများလို့ ဈေးကလည်းကောင်းလာပါတယ်။ ဒီတစ်ပတ်မှာလည်း ဟိုပုံးချင်းတွေကို အိန္ဒိယ၊ ပါကစ္စတန် စတဲ့ ဝယ်လက်တွေက ခပ်များများဝယ်နေသလို၊ တရုတ်ဝယ်လက်ကလည်း အနည်းအကျဉ်းလိုက်ဝယ်နေလို့ ဈေးကလည်း ကောင်းနေပါတယ်။ တစ်ပိဿာ ပေါက်ဈေးက ၁၀၀၀ ကျပ်မှ ၁၁၀၀ ကျပ်ဈေးရှိပါတယ်။ ချင်းခြောက်လည်း တောင်သူတွေလက်ထဲမှာ အနည်းအကျဉ်းကျန်ရှိနေပြီး၊ ဒီနှစ်မှာ ချင်း(စို) ဈေးကောင်းနေလို့ ချင်းခြောက်လည်း မလုပ်ဖြစ်တာကြောင့် လက်ကျန်လည်း နည်းသွားတယ်လို့ သိရပါတယ်။ လက်ကျန်နည်းတာကြောင့် ဈေးကလည်း ကောင်းနေပါတယ်။ ဒီတစ်ပတ်ဈေးကတော့ ၂၀၀၀ ကျပ်မှ ၂၂၅၀ ဈေးပေါက်ပါတယ်။ အောင်ပန်းဈေးကွက်မှာလည်း အဝင်နည်းနေပါပြီ၊ တစ်ပတ်ကို ပိဿာချိန် တစ်သောင်း၊ နှစ်သောင်းခန့်သာ ဝင်တော့တယ်လို့လည်း သိရပါတယ်။ လက်ကျန်ကနည်းပြီး၊ အဝယ်ကများနေပါတယ်။ စစ်တွေဝယ်လက်တွေ ကလည်း ပြန်ပြီးဝယ်နေကြပါတယ်။ ဝယ်လိုအားကောင်းပြီး၊ပစ္စည်း ကနည်းတာကြောင့် ဈေးကလည်း ထပ်တက်လာပါတယ်။ ပြန်စိုက်ဖို့အတွက် တောင်သူတွေကလည်း မျိူးကောင်းကို ဝယ်ယူနေတာကြောင့် မြေနီချင်း အခက်လှ၊ကြီးတွေက တစ်ပိဿာကို ၁၆၀၀ ကျပ် ၁၇၀၀ ကျပ် အထိ ဈေးလိုက်ပါတယ်။ ပုံမှန်စတွေကတော့ တစ်ပိဿာ ၁၀၀၀ ကျပ်ဈေးရှိပြီး၊ ပယ်ချင်းကတော့ တစ်ပိသာ ၇၀၀ ကျပ်- ၈၀၀ ကျပ်ဈေးရှိပါတယ်။ ချင်း(စို)က ကုန်ခါနီးလေ၊ ဈေးတက်လေ ဖြစ်တာကြောင့် ဝယ်လက်တွေကလည်း ချင်းခြောက်ဖက်ကို လှည့်လာတာကြောင့် ချင်းခြောက်ကလည်း အပြိုင်ဈေးတက်လာပြီး၊ တစ်ပိဿာ ၂၀၀၀ ကျပ်မှ ၂၃၀၀ ကျပ် ဈေးရှိတယ်လို့ အောင်ပန်းကုန်စည်ဒိုင်က သိရပါတယ်။ ဧဧခိုင်-တောင်ကြီး

Thursday, 13 Mar 2014

ပြည်ပကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ ဖေဖော်ဝါရီနောက်ဆုံး သီတင်းပတ်အတွင်းမှာ ချင်း ၂၀၈ ဒသမ ၈ တန် တင်ပို့နိုင်ခဲ့ပါတယ်။ ဒီတစ်ပတ်မှာ ပါကစ္စတန်နိုင်ငံကို ချင်းခြောက် ၁၀၄ တန် နဲ့ ချင်းစို ၁၀၄ ဒသမ ၈ တန်တင်ပို့နိုင်ခဲ့ပါတယ်။ယခင်သီတင်းပတ်ချင်းတန်ချိန် တစ်ရာကျော်သာ တင်ပို့နိုင်ခဲ့တာကြောင့် ဒီတစ်ပတ်မှာတန်ချိန် တစ်ရာကျော်တင်ပို့မှုပိုခဲ့ပါတယ်။ ဒီတစ်ပတ်ချ်ငးတင်ပို့မမှာ ကန်ဒေါ်လာ တစ်သိန်းတစ်သောင်းကျော်ဝင်ငွေရရှိခဲ့တယ်လို့ သိရပါတယ်။ လချုပ်အနေနဲ့ကြည့်မယ်ဆိုရင် ဇန်နဝါရီလမှာ ချင်းတန်ချိန် နှစ်ထောင့်သုံးရာ ကျော်တင်ပို့နိုင်ခဲ့ပြီး ဖေဖော်ဝါရီလမှာ တန်ချိန် ရှစ်ရာ့ခြောက်ဆယ်ကျေုာ်သာတင်ပို့နိုင်ခဲ့တာကြောင့် ဖေဖော်ဝါရီလမှာ ချင်းတင်ပို့မှုလျော့ခဲ့ပါတယ်။ ဖေဖော်ဝါရီလအတွင်း ချင်းတင်ပို့မှုမှ ကန်ဒေါ်လာ လေးသိန်းကိုးသောင်း ကျော်ဝင်ငွေ ရရှိခဲ့တယ်လို့ သိရပါတယ်။ MIRT(DOT)

Thursday, 13 Mar 2014

ပြည်ပဲမျိုးစုံဈေးကွက်ကို ကုလားပဲ သစ်များ ဒေသတွင်းမြို့နယ်များထက် ကံမ ဘက်မှ အများဆုံး ဝင်ရောက် ခဲ့ပါ တယ်။ တစ်ရက်ကို အိတ် ၃၀၀ ကျော် ထိ ဝင်ရောက်ခဲ့ပြီး၊ ဝယ်လက်အနေနဲ့ အခြားတိုင်းမှ ဝယ်ယူမှု မရှိသေးဘဲ ဒေသတွင်းခွဲစက်သမားများနဲ့ လှောင် လက်သမားများ အဝယ်ရှိတာကြောင့် အိတ် ၄၀၀ ကျော်အထိ အရောင်း အဝယ် ဖြစ်ခဲ့ပါတယ်။ ပဲဈေးနှုန်းမှာ တစ်တင်း ၁၅၂၀၀ ကျပ်နဲ့ ယခင်တစ် ပတ်ကထက် ၅၀၀ ကျပ်ခန့် ဈေးလျော့ သွားခဲ့သလို ယခင်နှစ်က ယခုမတ်လ ဆန်းအချိန်ပဲဈေးထက်လည်းဈေးလျော့ နေခဲ့ပါတယ်။ ယခင်နှစ် ကုလားပဲ ဈေးမှာ တစ်တင်း ၁၈၀၀၀ ကျပ်ရရှိခဲ့ တယ်လို့ သိရပါတယ်။ ခင်ဆွေဝင်း - ပြည်

Thursday, 13 Mar 2014

မတ်လဆန်းပြည်ပဲမျိုးစုံ ဈေးကွက် မှာ ဆောင်းသီးနံှပဲများအနက် ပဲတီစိမ်း နဲ့ ပဲပုပ်သီးနှံများမှာ ပဲလက်ကျန် မရှိ သလောက် ရှားသွားပြီး၊ မတ်ပဲ၊ ကုလားပဲ၊ ပဲကြီးသီးနှံများ အဝင်များ လာခဲ့သလိုအရောင်းအဝယ်လည်းသွက် နေခဲ့ပါတယ်။ ပဲစင်းငုံသီးနှံကတော့ အဝင်ပါးသွားလို့ ပဲဈေးအနည်းငယ် မြင့် လာကာ ရန်ကုန်ဝယ်လက်များမှ နေ့စဉ် အဝယ်ရှိခဲ့ပါတယ်။ မတ်ပဲနဲ့ ကုလားပဲ သီးနံှကတော့ ပဲအဝင်များလာလို့ ယခင်တစ်ပတ်ထက် ဈေးလျော့ နည်း ခဲ့ပြီး၊ တစ်ရက်အိတ် ၂၀၀ ကျော် ၃၀၀ အထိ အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ မတ်ပဲသီးနှံမှာ ပန်းတောင်း၊ ရွှေတောင်၊ ကျီးသဲ၊ ပေါင်းတလည်၊ ပေါက်ခေါင်းမြို့ နယ်များမှ အိတ် ၃၀၀ ကျော်အထိ ဝင်ရောက်ခဲ့ပြီး၊ ရန်ကုန် ဝယ်လက်များ မှ အိတ် ၃၀၀ ကျော် - ၄၀၀ အထိ အဝယ်လိုက်လျက်ရှိခဲ့ပါတယ်။ ပဲဈေး နှုန်းမှာ တစ်တင်း ၁၈၃၀၀ ကျပ်ရှိခဲ့ပြီး၊ ယခင်နှစ်က ဈေးထက် ဈေးပိုရနေတာ ကြောင့် တောင်သူများမှလည်း ထွက် ရှိလာသမျှ ပဲသစ်များ ထုတ်ရောင်းချ နေခဲ့တယ်လို့ သိရပါတယ်။ ပဲစင်းငုံ သီးနှံမှာ ဖေဖော်ဝါရီလအတွင်းမှာ အရောင်းအဝယ်အသွက်ဆုံး ဖြစ်ခဲ့ပြီး၊ တစ်ရက်အိတ် ၅၀၀ ကျော်ထိ ရန်ကုန် ဝယ်လက်များ အဝယ်လိုက်ခဲ့ပါတယ်။ ယခု မတ်လဆန်းမှာ တစ်ရက် အိတ် ၂၀၀ ခန့်သာ ဝင်ရောက်ခဲ့ကာ လှောင် သမားဝယ်ယူမှုမရှိဘဲ ရန်ကုန်ဝယ်လက် များမှ ဝယ်ယူခဲ့ပြီး၊ တစ်တင်း ၁၈၃၀၀ ကျပ်နဲ့ ဈေးအနည်းငယ်ပိုလာခဲ့ပါတယ်။ ကုလားပဲသီးနှံမှာ ကံမမြို့နယ်မှ အိတ် ၃၀၀ အထိဝင်ရောက်ခဲ့ကာဒေသတွင်း မှ ဝင်ရောက်မှုနည်းခဲ့တယ်လို့ သိရပါ တယ်။ ခွဲစက်သမားနဲ့ လှောင်လက် သမားများမှ ဝယ်လိုအား များနေတဲ့ အတွက် တစ်ရက်အိတ် ၄၀၀ ကျော် အထိ အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ ပဲကြီးသစ်များ အောင်လံနဲ့ ပြည်မြို့ ကြား မြို့နယ်များမှ ရွှေကျွန်းပဲများဝင် ရောက်ခဲ့သလို ပန်းတောင်း၊ ပေါင်း တလည်၊ ပေါက်ခေါင်း၊ ရွှေတောင်၊ ကျီးသဲ၊ ကံမမြို့နယ်များမှ ကမ်းနားပဲ များ ဝင်ရောက်ခဲ့ပါတယ်။ တစ်ရက်ကို အိတ် ၃၀၀ ကျော်ဝင်ရောက်ခဲ့ ပြီး လှောင်သမားနဲ့ ပဲကြော်ဖိုသမားများ ဝယ်ယူလျက်ရှိတာကြောင့် အိတ် ၆၀၀ အထိ နေ့စဉ် အရောင်းအဝယ် ဖြစ်ခဲ့ပါ တယ်။ ပဲကြီးဈေးနှုန်းမှာ ယခင်တစ်ပတ် ထက် တစ်တင်း ၁၀၀၀ ကျပ်ခန့် ဈေး ပိုရလာခဲ့ပြီး၊ ပဲကြီး(ရွှေကျွန်း) တစ်တင်း ၂၆၀၀၀ ကျပ်၊ (ကမ်းနား) တစ်တင်း ၂၅၀၀၀ ကျပ်နဲ့ ယခင်နှစ်က ကာလတူ ဈေးနှုန်းနဲ့ သိပ်ကွာခြားမှု မရှိဘဲ အရောင်းအဝယ်ဖြစ်နေတယ်လို့ သိရပါ တယ်။ ထောပတ်ပဲသစ်များလဲ ဈေးကွက် ကို စတင်ဝင်ရောက်ခဲ့ပြီး၊ ရွှေတောင်၊ ကျီးသဲ၊ ညောင်စာရေးဖက်မှ တစ်ရက် အိတ် ၂၀ ခန့်ဝင်ရောက်လာခဲ့ပါတယ်။ လက်လီသမားများနဲ့သာအရောင်းအဝယ် ဖြစ်ပြီး၊ တစ်တင်း ၂၀၀၀၀ ကျပ်နဲ့ ယခင်နှစ်အဖွင့်ဈေးထက် ဈေးပိုရနေခဲ့ ပါတယ်။ ပဲနီပြားသီးနှံကတော့ ပဲအဝင် ဆက်ရှိခဲ့ပြီး၊ လက်လီသမားရော ရန်ကုန် ဝယ်လက်ပါ အဝယ်ရှိလို့ အိတ် ၅၀ ကျော် နေ့စဉ် အဝယ်ရှိခဲ့ပါတယ်။ ဈေးနှုန်းမှာတော့ အဖွင့်ဈေးအတိုင်း တစ်တင်း ၁၉၀၀၀ ကျပ်နဲ့ ဈေးငြိမ် အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ ယခု တစ်ပတ် ပဲမျိုးစုံဈေးကွက် အခြေအနေ ကို လေ့လာရာမှ ပဲတီစိမ်းနဲ့ ပဲပုပ်လက် ကျန်ပြတ်သွားပြီး၊ မတ်ပဲနဲ့ ကုလားပဲ အဝင်များလို့ ဈေးလျော့ခဲ့သော်လည်း ပဲစင်းငုံနဲ့ ပဲကြီးသီးနှံများ ဈေးအနည်း ငယ်မြင့်လာခဲ့ပါတယ်။ ပဲလွန်းဖြူနဲ့ ပဲနီ ပြားသီးနှံမှာ ဈေးငြိမ် ခဲ့ပြီး၊ ထောပတ် ပဲသစ်များဈေးဖွင့်ဈေးကောင်းရနေတာ ကို တွေ့ရပါတယ်။ ခင်ဆွေဝင်း - ပြည်

Pages