Main menu

Background

Sunday, 4 Mar 2012

    ပင်လယ်ရေကြောင်းက ပဲမျိုးစုံ တင်ပို့တဲ့အနက် ယခုတစ်ပတ်မှာ ပဲတီရွှေဝါတင်ပို့မှု ပမာဏအများဆုံးဖြစ်တာ တွေ့ရပါ တယ်။ ယခင်သီတင်းပတ်က တန်ချိန် ၇၀၀၀ ကျော်တင်ပို့ခဲ့ရာမှ ယခုတစ်ပတ် (ဖေဖော်ဝါရီ ၂၀-၂၄ ရက်) အတွင်းမှာ တန် ချိန် ၁၃၀၀၀ ခန့်အထိ တိုးတက်တင်ပို့နိုင်တာ တွေ့ရပါတယ်။

Sunday, 4 Mar 2012

    မြန်မာ - တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ် လာ သုည ဒသမ ၁၁၉ သန်း  တန်ဖိုးရှိ ပဲလွန်းဖြူ ၁၇၉ တန်ခန့်ကို ဖေဖေါ်ဝါ ရီလ ၂၂ ရက်မှ ၂၈ ရက်ထိ ကာလ အတွင်းမှာအပို့ရှိခဲ့ပါတယ်။ယခင်အပတ် က တင်ပို့မှုထက် ၁၅၇ တန်ခန့် လျော့ နည်း တင်ပို့ခဲ့ပါတယ်။ဖေဖော်ဝါရီလမှာ နယ်စပ်မှ ပဲလွန်းဖြူ ၁၁၂၃ တန်ခန့် တင်ပို့ ထားပြီး ဖြစ်ပါတယ်။ မိမိဖက် မြေပြင်ပေါက်ဈေးမှာ ၅၉၀၃၂၉ ကျပ် ဖြစ်ပြီး ယခင်အပတ် ကထက် ၂၃၄၁၃ ကျပ်ခန့် ဈေးပိုမိုခဲ့ပေမယ့် တစ်ဖက်နိုင်ငံ ပေါက်ဈေးက ပြောင်းလဲမှုမရှိဘဲ ၉၀၅ ဒေါ်လာ ပေါက်လျက်ရှိတယ်လို့ သိရ ပါတယ်။MIRT (DOBT)

Sunday, 4 Mar 2012

    ဖေဖော်ဝါရီ နောက်ဆုံးပတ်အတွင်း လွိုင်ကော်ဈေးကွက်သို့ ပဲစင်းငုံသစ်များ တစ်ရက်ပိဿာ ၃၀ ဝင်အိတ် ၁၀၀၀ ဝန်းကျင် ပုံမှန်ဝင်ရောက်နေပြီး ဈေးကလည်း အဖြူလုံးကြီးတစ်ပိဿာ ၅၂၅ ကျပ်၊ ၅၃၀ ကျပ်၊ အနီတစ်ပိဿာ ၆၅၀ ကျပ်၊ ၆၇၀ ကျပ်နဲ့ ဈေးငြိမ်နေတာတွေ့ရပါတယ်။ လွိုင်ကော်မြို့မှ ပဲစင်းငုံတင်ပို့နိုင်မှုမှာ ဖေဖော်ဝါရီ ၂၂ ရက်မှ ၂၉ ရက်အထိ ပဲစင်းငုံ ၈၈၈၀ အိတ်ကို ရန်ကုန်နဲ့ မန္တလေးမြို့များသို့ တင်ပို့နိုင်ခဲ့ကြောင်းသိရ ပါတယ်။              မင်းအောင်

Sunday, 4 Mar 2012

    ပဲခူးတိုင်းဒေသကြီးအနောက်အတွင်း ပဲစင်းငုံသီးနှံစိုက်ဧက ၁၇၀၀၀ ကျော် စိုက်ပျိုး ခဲ့ပြီး၊ ဧကအားလုံးနီးပါး ရိတ်သိမ်းပြီးဖြစ်တဲ့အတွက် ဈေးကွက်အတွင်းကို ပဲစင်းငုံအသစ်များ ဖေဖော်ဝါရီလဆန်းမှစပြီး ဝင်ရောက်ခဲ့ကာယခုနောက်ဆုံးပတ် မှာတော့အိတ် ၅၀ ခန့်သာဝင်ရောက်မှုရှိလာခဲ့ပါတယ်

Sunday, 4 Mar 2012

    ပင်လယ်ရေကြောင်းက ယခင်တစ်ပတ် ပဲစင်းငုံတန်ချိန် ၁၄၀၀၀ နီးပါး တင်ပို့ ခဲ့ရာမှ ယခုတစ်ပတ် (ဖေဖော်ဝါရီ ၂၀-၂၄ ရက်)အတွင်းမှာတော့ တန်ချိန် ၇၄၀၀ ကျော်ကို လျော့ကျတင်ပို့ခဲ့တာ တွေ့ရပါတယ်။ လက်ရှိဘဏ္ဍာနှစ် ဖေဖော်ဝါရီ ၂၄ ရက်အထိ ပဲစင်းငုံစုစုပေါင်း တင်ပို့မှုကိုကြည့်ရင် တန်ချိန် ၂၈၅၀၀၀ ခန့်ရှိပြီး ဝင်ငွေမှာ ကန်ဒေါ်လာ ၁၇၀ သန်းကျော်ရရှိလို့ ယခင်ဘဏ္ဍာနှစ်ကာလတူအတွင်း တင်ပို့ခဲ့တဲ့ တန်ချိန် ၁၂၅၀၀၀၊ ဝင်ငွေ ကန်ဒေါ်လာ ၁၀၄ သန်းကျော်နဲ့ယှဉ်ရင် တင်ပို့မှု ပမာဏအားဖြင့် တန် တစ်သိန်းခြောက်သောင်းကျော် ပိုမိုတင်ပို့နိုင်ပေမဲ့ ရရှိတဲ့ ဝင်ငွေမှာ ကန်ဒေါ်လာ ၆၀ ကျော်သာ ပိုမိုရရှိကြောင်း သိရပါတယ်။

Sunday, 4 Mar 2012

    ပဲခူးတိုင်းဒေသကြီး (အရှေ့) အတွင်း မိုးစပါးစိုက်ပြီးတဲ့အခါ ဆောင်းသီးနှံ၊ ပဲမျိုးစုံနှင့် နွေစပါးကိုသီးထပ်အဖြစ် စိုက်ပျိုးကြပါတယ်။တောင်သူများအဓိက အား ထားပြီး အများဆုံးစိုက်ပျိုးတဲ့ သီးနှံကတော့ မတ်ပဲဖြစ်ပြီး ပဲခူးခရိုင်မှာ စိုက်ဧက ၃ ဒသမ ၁ သိန်း၊ တောင်ငူခရိုင်မှာ စိုက်ဧက ၂ ဒသမ ၂ သိန်း၊ စုစုပေါင်း ၅ ဒသမ ၃ သိန်းခန့် စိုက်ပျိုးပါတယ်။

Sunday, 4 Mar 2012

    ရန်ကုန်တိုင်းဒေသကြီးဘုရင့်နောင်ကုန်စည်ဒိုင်ၤဥြ ဈေးကွက်မှာ ယခုတစ် ပတ် မတ်ပဲ အရောင်းအဝယ် ဖြစ်မှု ပိုများလာပါတယ်။ ယခင်တစ်ပတ်က တန်ချိန် ၆၅၀၀ ကျော်သာ အရောင်းအဝယ်ဖြစ်ခဲ့ရာမှ ယခုတစ်ပတ် ဖေဖော်ဝါရီလ ၂၄ ရက်မှမတ်လ၁ရက်အထိ မတ်ပဲ SQ ၊ FAQ  ၊ အခွံချွတ်စုစုပေါင်း တန်ချိန် ၁၅၀၀၀ ခန့် အရောင်းအဝယ်စာချုပ်နိုင်ခဲ့ကြောင်း သိရပါတယ်။ အိန္ဒိယ တမီလ်နာဒူး ပြည်နယ်က မတ်ပဲခွဲခြမ်းတင်ဒါခေါ်ယူခြင်းနဲ့ ပတ်သက်လို့ အရောင်းအဝယ် အနည်း ငယ်သွက်လာတာကြောင့် ဖြစ်ပါတယ်။

Sunday, 4 Mar 2012

    ပင်လယ်ရေကြောင်းက မတ်ပဲတင်ပို့မှုမှာ ယခင်သီတင်းပတ်က တန်ချိန် ၇၂၀၀ ကျော်ကိုလျော့နည်းခဲ့ရာမှ ယခုတစ်ပတ် ဖေဖော်ဝါရီ ၂၀ ရက်မှ ၂၄ ရက် အတွင်း တန်ချိန် ၉၀၀၀ ခန့်ကို တိုးတက်တင်ပို့ခဲ့ကြောင်းသိရပါတယ်။ ယခုဘဏ္ဍာနှစ် ဖေဖော်ဝါရီ ၂၄ ရက်အထိ မတ်ပဲစုစုပေါင်း တင်ပို့ပြီးစီးမှုဟာ တန်ချိန် ၅၄၇၀၀၀ ကျော်ရှိပြီး ဝင်ငွေအားဖြင့် ကန်ဒေါ်လာ ၄၄၂ သန်းကျော်ရရှိကြောင်း သက်ဆိုင်ရာ ဌာန စာရင်းများအရ သိရပါတယ်။

Monday, 27 Feb 2012

    မြန်မာ - တရုတ်နယ်စပ်ရှိ မူဆယ်(၁၀၅) မိုင်နဲ့ ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ကန်ဒေါ်လာ ၄ ဒသမ ၀၅၃ သန်းတန်ဖိုးရှိရော်ဘာ၁၁၈၃ တန်ခန့်အပို့ရှိခဲ့ပါတယ်။ နယ်စပ်အလိုက် တင်ပို့နိုင်မှုများမှာ ၈၅၇ တန်ကျော်ကို မူဆယ် (၁၀၅) မိုင်မှ အပို့ရှိခဲ့ပြီး ချင်းရွှေဟော်မှ ၃၂၅ တန်ကျော် အပို့ရှိခဲ့ပါတယ်။

Monday, 27 Feb 2012

     ဖေဖော်ဝါရီ ၁၂ ရက်မှ ၁၈ ရက်အထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ရော်ဘာ ၂၂၆၃ တန်ကျော်၊ တန်ဖိုး ဒေါ်လာ ၇ ဒသမ ၉၅ သန်းဖိုးကို တင်ပို့နိုင်ခဲ့ပါတယ်။ တင်ပို့တဲ့နိုင်ငံတွေကတော့ တရုတ်ကို တန် ၈၀၀၊ အိန္ဒိယကို တန် ၂၀ နီးပါး၊ စင်ကာပူကို တန် ၁၀၀ ကျော် ဗီယက်နမ်ကို၂၆၅ တန်နဲ့ မလေးရှားကို ၁၀၇၅ တန် အသီးသီးတင်ပို့ခဲ့တာဖြစ်ပါတယ်။ ယခင်ရက်သတ္တပတ်က တန် ၁၀၀၀ ကျော် တင်ပို့ခဲ့တာကြောင့် တင်ပို့မှုနှစ်ဆနီးပါးမြင့်တက်ခဲ့ပါတယ်။ တရုတ်နယ်စပ်ကတော့ တန် ၁၁၀၀ ကျော် ပုံမှန်တင်ပို့နေပါတယ်။ FOB(ရန်ကုန်) ဈေးကတော့ ပြောင်းလဲမှုမရှိဘဲ  RSS-3   တစ်တန်ကို (၃၆၀၀-၃၇၀၀) ဒေါ်လာနဲ့  RSS-5 တစ်တန်ကို ၃၅၀၀-၃၆၀၀ ဒေါ်လာကြား ဈေးပေါက်လျက်ရှိပါတယ်။ K.Z.W

Pages