Background
နှစ်စပိုင်းဖြစ်တဲ့ ဇန်နဝါရီ ၁ ရက်မှ ၇ ရက်တာကာလအတွင်း မန်ကျည်းစေ့ ၁၂၆ တန်ကို စင်ကာပူနိုင်ငံကို တင်ပို့ခဲ့ပါတယ်။ အောက်တိုဘာလမှ စပြီး မန်ကျည်း နဲ့ မန်ကျည်းစေ့တင်ပို့မှုက ပျောက်ခဲ့တာ ဒီတစ်ပတ်မှ ပြန်လည်တင်ပို့နိုင်ခဲ့ခြင်းဖြစ် ပါတယ်။ တစ်တန်ကို FOB ဈေး ကန်ဒေါ်လာ ၂၃၀ နဲ့ တင်ပို့ခဲ့လို့ စုစုပေါင်းပို့ကုန် ဝင်ငွေ ကန်ဒေါ်လာ နှစ်သောင်းရှစ်ထောင်ကိုးရာကျော်ရရှိခဲ့ပါတယ်။ MIRT (DOT)
ဟိုပုံးချင်းကတော့ ဈေးကွက်မှာ အဝင်နည်းနေပါသေးတယ်။ တောင်သူတွေ ကြိုက်ဈေးမရသေးတာကြောင့်မဖော်ရသေးပါဘူ။ အစိုက်နည်းလို့ အထွက်ကလည်း နည်းတာကြောင့် ကြိုက်ဈေးရမှဖော်ကြမယ်လို့သိရပါတယ်။ အရောင်းအဝယ်က လည်း ခပ်အေးအေးသာဖြစ်နေကာ လက်လီဆိုရင်တစ်ပိဿာ ၄၀၀ ကျပ်ဈေးရှိပြီး၊ လက်ကားက တစ်ပိဿာ ၃၀၀ ကျပ်၊ ၃၅၀ ကျပ်ရှိပါတယ်။
ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ ဇန်နဝါရီ ၁ ရက်မှ ၇ ရက်တာကာလ အတွင်း ချင်း ၇ တန်ကို တင်ပို့ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့ နိုင်ငံက ပါကစ္စတန်နိုင်ငံဘဲ ဖြစ်ပါတယ်။ ၂၀၁၁ ဒီဇင်ဘာ ပထမပတ်မှာ မလေးရှားနိုင်ငံကို တင်ပို့ပြီးနောက် အပို့ပျောက်ခဲ့တဲ့ချင်းက ဒီတစ်ပတ်မှ ပြန်လည်တင်ပို့နိုင်ခဲ့ခြင်းဖြစ်ပါတယ်။
ယခုတစ်ပတ် ပြည်ချင်းဈေးမှာ အပြောင်းအလဲမရှိဘဲ တစ်ပိဿာ ချင်း (ရှယ်) ၇၀၀ ကျပ်၊ (ဂျွန်) ၆၀၀-၅၅၀ ကျပ်၊ (ချင်းဓားလှီး) ၈၀၀ ကျပ်တို့နဲ့ ရောင်းဝယ်လျက် ရှိနေပါတယ်။ အဝင်အားဖြင့်လည်း ပြည်ဈေးကွက်သို့ အောင်ပန်းချင်းများ ပိဿာ ၃၀ ဝင်အိတ် ၁၅၀ခန့် ပုံမှန်အဝင်ရှိနေပြီး၊ တစ်နေ့ကို ပိဿာချိန် ၃၀၀ ခန့် ပုံမှန် အရောင်းအဝယ်ဖြစ်နေပါတယ်။
ပြည်ကုလားပဲဈေးမှာ ယခင်တစ်ပတ်က တစ်တင်း ၁၇၀၀၀ ကျပ်နဲ့ အရောင်း အဝယ်ရှိပြီး၊ ယခုတစ်ပတ်မှာလည်း တစ်တင်း ၁၇၀၀၀ ကျပ်နဲ့ ဈေးငြိမ်နေပါတယ်။ ယခင်နှစ်စမှာ ကုလားပဲတစ်တင်း ၂၃၀၀၀ ကျပ်နဲ့ ဈေးဖွင့်ခဲ့ပြီး၊ ယခုနှစ် နှစ်စမှာ တစ်တင်း ၁၇၀၀၀ ကျပ်သာ ရှိခဲ့ပါတယ်။ ဈေးကွက်အတွင်းကို အဝင်မရှိပဲ လက် ကျန်များနဲ့သာ ရောင်းဝယ်လျက်ရှိပါတယ်။ ခွဲစက်သမားများမှာသာ ပုံမှန် အရောင်း အဝယ်ရှိတဲ့အတွက် တစ်နေ့အိတ် ၂၀၀-၃၀၀ ခန့် အရောင်းအဝယ် ရှိကြောင်း သိရပါတယ်။လွင်လွင်ဆန်း
မုံရွာကုန်စည်ဒိုင် ၂၀၁၂ ခုနှစ် ပဲဈေးကွက်မှာ ကုလားပဲမျိုးစုံ အဝယ်အရောင်း ပုံမှန်ဆက်လက်ဖြစ်နေပြီး၊ နှစ်ကုန်ပေါက်ဈေးမှာပဲ ဆက်လက်တန့်နေတာတွေ့ရပါ တယ်။ ဈေးကွက်ထဲမှာတော့ Export တန်းဝင် V2, 929 နဲ့ တိုင်ပေကုလားပဲတွေကို ဝယ်လိုအားများပေမယ့်ပစ္စည်းရှားလို့ ရောင်းလက်ပါးခဲ့တယ်လို့ ဆိုပါတယ်။
အိန္ဒိယပြည်တွင်း လက်ငင်းဈေးကွက်တွေကို မဟာရပ်ရှတရာက ပဲဝင်ရောက် မှု နည်းပြီး အဝယ်အသင့်အတင့်ရှိလို့ ကာဘူလီကုလားပဲနဲ့ ရိုးရိုးကုလားပဲ ၂ မျိုးလုံး ဈေးမြင့်တက်ခဲ့ပါတယ်။ ပဲထွက်ရှိနေတဲ့ မဟာရပ်ရှတရာဘက်မှာ မိုးရွာသွန်းနေတဲ့ အတွက် ပဲဝင်ရောက်မှု နှောင့်နှေးနေပါတယ်။ လှောင်လက်တွေက လက်ရှိဈေးမှာ အကျိုးအမြတ်ရလို့ ကုလားပဲတွေ ထုတ်ရောင်းမှုတွေရှိနေတယ်လို့ သိရပါတယ်။ ဒါပေမဲ့ မဟာရပ်ရှတရာနဲ့ ဂူဂျာရတ်က ပဲအသစ်တွေကတော့ စတင်ဝင်ရောက်နေ ပြီဖြစ်ပါတယ်။
ယခုတစ်ပတ်မှာ ပြည်ပကို ကုလားပဲတင်ပို့မှုမရှိပေမဲ့ FOB ဈေးကွက်မှာတော့ တန်ချိန် ၂၄၀ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ကုလားပဲအသစ် ဈေးကွက်ထဲမဝင်လာမီ လက်ကျန်များလည်း နည်းလာပြီဖြစ်လို့ အရောင်းအဝယ် နည်းသလို တင်ပို့မှုလည်းပါးလာတာဖြစ်ပါတယ်။ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ် ဇန်နဝါရီလ ၇ ရက်နေ့အထိ ကုလားပဲဖြူလုံးကြီး စုစုပေါင်း တင်ပို့မှု တန်ချိန် ၆၅၂၀၀ ကျော်ရှိပြီး ဝင်ငွေမှာ ကန်ဒေါ်လာ ၅၅ သန်းကျော်ရရှိကြောင်း သိရပါ တယ်။ ဇန်နဝါရီလ ၁၃ ရက် ရန်ကုန် FOB ဈေးမှာ ကုလားပဲဖြူလုံးကြီး FAQ တစ်တန် ကန်ဒေါ်လာ ၇၆၀-၇၈၀ ရှိကြောင်း သိရပါတယ်။MIRT - MAPT
ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)အတွင်း ပဲတီစိမ်းစိုက်ဧက ၂၂၀၀၀ ခန့် လျာထားပေမယ့် ယခုအချိန်ထိ ဧက ၂၄၀၀၀ ကျော်စိုက်ပျိုးနိုင်ခဲ့ပြီးဖြစ်သလို ဈေးကွက်အတွင်းသို့လည်း ပဲတီစိမ်းသီးနှံ နေ့စဉ်ဝင်ရောက်လျက်ရှိနေတာ ကိုတွေ့ရပါတယ်။ ပန်းတောင်း၊ ဥသျှစ်ပင်နဲ့ ပေါင်းတလည်၊ ပေါက်ခေါင်းမြို့နယ်တို့မှ အိတ် ၇၀၀ ကျော် ၈၀၀ အထိ အဝင် ရှိခဲ့ပါတယ်။
မုံရွာကုန်စည်ဒိုင်ကို ဇန်နဝါရီလ ဒုတိယပတ် ပဲတီစိမ်းဈေးကွက်အနေနဲ့ နယ်စုံကပစ္စည်းအဝင် ပုံမှန်ရှိခဲ့ပြီး၊ စိမ်းကြီးထက် စိမ်းသေးက ပိုမိုဝင်ရောက်ခဲ့တာ တွေ့ရပါတယ်။ ဝယ်လက်အားဖြင့် စိမ်းကြီးကို မန္တလေးနဲ့ ရန်ကုန် အဆွဲရှိပြီး၊ စိမ်းသေးကိုတော့ ရန်ကုန်ဘက်က ပိုဆွဲတယ်လို့ ကုန်သည်တွေက ပြောပါတယ်။ ဈေးကွက်မှာတော့ပစ္စည်းအရည်အသွေးပေါ်မူတည်ပြီး၊ ဈေး အလျှော့အတင်းရှိခဲ့ကာ မုံရွာကုန်စည်ဒိုင်ရဲ့ ဒီတစ်ပတ်အတွင်း တစ်တင်း အမြင့်ဆုံးပေါက်ဈေးတွေကတော့ စိမ်းကြီး ၁၇၀၀၀ ကျပ်နဲ့ စိမ်းသေး ၁၅၂၀၀ ကျပ်ဖြစ်ပေါ်ခဲ့တာတွေ့ရပါတယ်။ အရောင်းအဝယ်အားဖြင့် ယခုတစ်ပတ်အတွင်း တစ်ရက် အိတ် ၂၀၀၀ ဝန်းကျင် အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ကုန်သည်တွေက ဆိုပါတယ်။ ထွန်းလှိုင်
