Main menu

Background

Sunday, 1 Jan 2012

    ပြည်ကုလားပဲဈေးမှာ ယခင်တစ်ပတ်က တစ်တင်း ၁၇၅၀၀ ကျပ်နဲ့ အရောင်း အဝယ်ရှိခဲ့ပြီး၊ ယခုတစ်ပတ်မှာ တစ်တင်း ၁၇၀၀၀ ကျပ်နဲ့ အရောင်းအဝယ် ရှိခဲ့ပါ တယ်။ ပဲခွဲစက်သမားများမှ ပုံမှန်အဝယ်ရှိပြီး၊ ယခုရက်ပိုင်းအတွင်း ရန်ကုန်ကို အနည်းငယ်တင်ပို့မှုရှိခဲ့ပါတယ်။

Sunday, 1 Jan 2012

    ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ဒီတစ်ပတ် ကုလားပဲပြည်ပ အရောင်းအဝယ်မရှိပေမဲ့ ပြည်ပတင်ပို့မှုမှာ တန်ချိန် ၂၀၀ ခန့်ရှိတယ်လို့ သိရပါတယ်။ ပြည်တွင်းပဲလက်ကျန်နည်းလာပြီဖြစ်သလို အိန္ဒိယဝယ်လက်ကလည်း အဝယ်နည်း တဲ့အတွက် အရောင်းအဝယ်မဖြစ်ကြောင်း သိရပါတယ်။

Sunday, 1 Jan 2012

    ပြည်ဈေးကွက်ကို ပဲတီစိမ်းအဝင်နည်းလာတဲ့အတွက် ပဲဈေးမှာလည်း ယခင်တစ်ပတ်ကထက် တစ်တင်း ၈၀၀ ကျပ်ခန့် ဈေးကျသွားခဲ့ပါတယ်။ အခြားတိုင်းဒေသကြီးများမှ အဝင်မရှိတော့ဘဲ ဒေသတွင်းမြို့နယ်များမှသာ အဝင်ရှိခဲ့ပြီး အိတ် ၃၀၀ ကျော်သာ ဝင်ရောက်ခဲ့ပါတယ်။ အိတ် ၅၀၀ ကျော် အရောင်းအဝယ်ဖြစ်ခဲ့ပြီး၊ ရန်ကုန်ဝယ်လက် အဝယ်ရှိခဲ့ပါတယ်။

Sunday, 1 Jan 2012

    ရန်ကုန်တောင်ပိုင်းခရိုင် (သန်လျင်) မြို့နယ်မှာ ၂၀၁၁-၂၀၁၂ ခုနှစ်တွင် ပဲတီစိမ်းလျာထားဧက ၃၉၅၈၆ ရှိပြီး ယခုအခါ တောင်သူများ မိုးစပါးရိတ်သိမ်းပြီးတာနဲ့ ပဲတီရွှေဝါများကို အချိန်မီစိုက်ပျိုးနိုင်ဖို့ မြေပြုပြင်ခြင်း၊ ထွန်ယက်ခြင်း၊ မျိုးစေ့ချခြင်းများကို အချိန်နဲ့ တစ်ပြေးညီဆောင်ရွက်လျက်ရှိရာ ယခုအခါ ရာနှုန်းပြည့် စိုက်ပျိုးပြီးစီးနေကြောင်း သိရပါတယ်။

Sunday, 1 Jan 2012

    ဒီဇင်ဘာ ၂၁ ရက်မှ ၂၇ ရက်ထိကာလအတွင်း မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ကနေ ပဲတီစိမ်း ၁၀၉၆ တန်ကျော်၊ တန်ဖိုးကန်ဒေါ်လာ သုည ဒသမ ၉၁၇ သန်းနဲ့ ပဲတီစိမ်းလုံးခြမ်း ၁၇၂ တန်ကျော်၊ ဒေါ်လာ သုည ဒသမ ၁၆၇ သန်းဖိုးတင်ပို့ခဲ့ပါ တယ်။

Sunday, 1 Jan 2012

    ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ယခင်တစ်ပတ်က ပဲတီစိမ်းတန်ချိန် ၁၃၀၀ ခန့်သာ အရောင်းအဝယ်ဖြစ်ခဲ့ရာမှ ယခုတစ်ပတ် (ဒီဇင်ဘာလ ၂၃ - ၂၉ )အတွင်းမှာတော့ တန်ချိန် ၂၈၀၀ ကျော်ထိ အရောင်းအဝယ် ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဈေးကွက်တွေကိုပခုက္ကူ၊ ချောက်၊ မုံရွာဘက်က ပဲတီစိမ်းတွေ ဝင်ရောက်မှုရှိလာနေပြီး ဝယ်လက်များ က ပခုက္ကူစကို ပိုမိုဝယ်ယူကြတယ်လို့ သိရပါတယ်။

Sunday, 1 Jan 2012

    ပင်လယ်ရေကြောင်းက ပဲတီစိမ်းတင်ပို့မှုမှာ ယခင်တစ်ပတ်က တန် ၂၀၀၀ ကျော်သာ တင်ပို့မှုရှိခဲ့ရာမှ ယခုတစ်ပတ် (ဒီဇင်ဘာလ ၁၉ - ၂၃ ) အတွင်းမှာတော့ တန်ချိန် ၃၁၀၀ ခန့်ထိ အနည်းငယ်ပိုတင်လာခဲ့ပါတယ်။ ပခုက္ကူ ပဲတီစိမ်းအသစ် အနည်းငယ်တင်ပို့မှုရှိနေပြီလို့ သိရပါတယ်။

Sunday, 1 Jan 2012

    ပဲလွန်းဖြူသစ်များ  ထွက်ပေါ်စ ပြုလာနေပြီဖြစ်ပေမဲ့ ဈေးကွက်ဝင် ရောက်မှုနည်းသေးလို့ ပြည်ပတင်ပို့မှုနဲ့ အရောင်းအဝယ်ဖြစ်မှု ပမာဏကတော့ လျော့နေပါတယ်။ ပင်လယ်ရေကြောင်း က ယခုတစ်ပတ် (ဒီဇင်ဘာလ ၁၉ ရက်မှ ၂၃ ရက်) အတွင်းမှာ ပဲလွန်းဖြူ ၁၂၂ တန် တင်ပို့ခဲ့ပြီး ယခင်တစ်ပတ်မှာ တော့ တန်ချိန် ၁၇၀ တင်ပို့ခဲ့ကြောင်း သိရပါတယ်။

Sunday, 1 Jan 2012

    ဒီဇင်ဘာလ ၂၁ ရက်မှ ၂၇ ရက် အထိ ကာလအတွင်း မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ကနေ ပဲလွန်းဖြူ ၂၁၈ တန်၊ တန်ဖိုးကန်ဒေါ်လာသုည ဒသမ ၁၇၇ သန်းဖိုး တင်ပို့ခဲ့ပါတယ်။ ယခင် အပတ်ကလည်း တန် ၂၀၀ ကျော် တင်ပို့ခဲ့တာကြောင့် ပုံမှန်တင်ပို့မှုလို့ ဆိုရပါမယ်။

Sunday, 1 Jan 2012

    မြင်းခြံခရိုင်အတွင်း ပဲစင်းငုံစိုက်ဧက ၂ သိန်း ၇ သောင်းစိုက်ပျိုးမှုရှိကြောင်း သိရပါတယ်။ ယခုနှစ်မှာ မိုးကောင်းပြီး ပွင့်အားကောင်းတာကြောင့်ယခင်နှစ်ကထက်အထွက်နှုန်း ၂ ဆပိုလာနိုင်ကြောင်း စိုက်ပျိုးသူ တောင်သူများထံမှသိရပါတယ်။

Pages