Main menu

Background

Tuesday, 23 Aug 2011

ရန်ကုန်ဝယ်လက်အေးပေမဲ့ ဒေသတွင်း လက်လီသမားများ ဝယ်ယူမှုရှိတဲ့ ပြည်ထောပတ်ပဲ                 ပြည်ဈေးကွက်မှာ ပဲမျိုးစုံသီးနံှများ အဝင်အေးလာခဲ့ပြီး ဆီထွက်သီးနံှများသာ ဝင်ရောက်မှုများလာခဲ့ပါတယ်။ ဒါကြောင့် ထောပတ်ပဲသီးနံှမှာလည်း အဝင်မရှိ သလောက်ဖြစ်လာခဲ့ပါတယ်။ ပွဲရုံများမှ လက်ကျန်ပဲများသာ လက်လီသမားများဖြင့် နေ့စဉ်အရောင်းအဝယ်ဖြစ်ခဲ့ကြပါတယ်။ ရန်ကုန်ဝယ်လက်များလည်း အဝယ် အေးသွားခဲ့ပြီး ယခုသြဂုတ်လ ဒုတိယပတ်အတွင်း တစ်တင်းကို ၁၆၅ဝဝ ကျပ်ဖြင့် ဈေးအပြောင်းအလဲမရှိဘဲ တစ်ရက်ကို ၁၅ အိတ်ခန့်သာ လက်လီသမားများ ဝယ်ယူမှုရှိကြောင်း သိရပါတယ်။                             ခင်ဆွေဝင်း

Tuesday, 23 Aug 2011

ဈေးအေးသော်လည်း အရောင်းသွက်တဲ့ မုံရွာပဲတီစိမ်း                    သြဂုတ်လ ဒုတိယပတ် မုံရွာကုန်စည်ဒိုင် ပဲတီစိမ်းကြီး ဈေးကွက်မှာ နယ်စုံက ပဲသစ်တွေ ဝင်လာသလို အရောင်းလည်းသွက်ခဲ့ပါတယ်။ အဟောင်းသမားတွေလည်း ငွေလိုလို့ ထုတ်ရောင်းခဲ့ကြတဲ့အတွက် ယခုတစ်ပတ်အတွင်း ပဲတီအဟောင်း၊ အသစ်အရောင်းအဝယ်ဖြစ်ခဲ့ရာ မုံရွာကုန်စည်ဒိုင်မှာ တစ်ရက်လျှင် အိတ် ၅ဝဝ မှ ၁ဝဝဝ ကြားရှိခဲ့တယ်လို့သိရပါတယ်။ ပုံမှန်ဆွဲလက် မန္တလေးအပြင် ဈေးအချို ကြိုက်တဲ့ ရန်ကုန်ဝယ်လက်ပါဝယ်လို့ အခုလို အရောင်းအဝယ်သွက်ခြင်း ဖြစ်တယ် လို့ ကုန်သည်အသိုင်းအဝိုင်းက ဆိုပါတယ်။ ယခုအပတ်အတွင်း စိမ်းကြီး တစ်တင်း အမြင့်ဆုံး ၁၈၅ဝဝ ကျပ်မှ အနိမ့်ဆုံး ၁၆၅ဝဝ ကျပ်ထိ ပေါက်ခဲ့ပြီး စီးထွက်မှုအနေနဲ့ မန္တလေးကိုတင်း ၅ဝဝဝ ခန့်နဲ့ ရန်ကုန်ကို တင်း ၃ဝဝဝ ကျော်ရှိခဲ့တယ်လို့ ဈေးကွက် က ဆိုပါတယ်။ ထွန်းလှိုင်

Tuesday, 23 Aug 2011

ပဲယင်း (ချင်းပဲ)                သြဂုတ်လ ၃ ရက်မှ ၉ ရက်ထိကာလအတွင်း မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ်(၁ဝ၅) မိုင်ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ဝ ဒသမ ၄၃၄ သန်းတန်ဖိုးရှိ ပဲယင်း ၈၃၃ တန်ကျော်တင်ပို့မှုရှိခဲ့ပါတယ်။ယခင်အပတ်ကထက် ၄၆၇ တန် ပိုမို တင်ပို့ နိုင်ခဲ့တာတွေ့ရပါတယ်။ စစ်ကိုင်းနဲ့ မကွေးတိုင်း ဒေသကြီးများမှ ထွက်ရှိ သော ပဲယင်းများကို တင်ပို့နေခြင်းဖြစ်ပါတယ်။ မိမိဘက်မှာရော တဘက်နိုင်ငံများ မှာပါ ပဲယင်းဈေးများ ကျလျက်ရှိတာတွေ့ရပါတယ်။ မိမိဘက်နဲ့ တစ်ဘက်နိုင်ငံ ပဲယင်း ဈေးများကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ရပါတယ်                                  မိမိဘက်(ကျပ်/တန်)            တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                 ယခု           ယခင်     ပြောင်းလဲမှု   %    ယခု       ယခင်   ပြောင်းလဲမှု    %ပဲယင်း     ၃၂၄၃၃၂     ၃၂၉၃၃၂     ၅ဝဝဝ     ၁ .၅     ၄၈၁     ၄၉၇         ၁၆         ၃ .၃MIRT (DOBT)

Tuesday, 23 Aug 2011

နနွင်းအပို့လျော့                 ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းကနေ သြဂုတ်လ ပထမပတ်အတွင်း နနွင်းတန်ချိန် ၃ဝ ကို စင်ကာပူနိုင်ငံကို တင်ပို့ခဲ့ပါတယ်။ ယခင်သီတင်းပတ် ၇၅ တန်တင်ပို့နိုင်ခဲ့တဲ့ နနွင်းက ဒီတစ်ပတ်မှာ အပို့လျော့ခဲ့ပါတယ်။ တစ်တန်ကို အက်ဖ် အိုဘီဈေးကန်ဒေါ်လာ ၁၈၈ဝ ဝန်းကျင်နဲ့ တင်ပို့နိုင်ခဲ့လို့ စုစုပေါင်းပို့ကုန်ဝင်ငွေ ကန်ဒေါ်လာ ငါးသောင်းခြောက်ထောင်ကျော် ရရှိခဲ့ပါတယ်။ MIRT (DOT) 

Tuesday, 23 Aug 2011

နယ်စပ်မှ နနွင်းတက် အပို့ တန် ၄ဝ ကျော်ရှိ                   ယခုအပတ် မူဆယ် နယ်စပ်မှ ကန်ဒေါ်လာ ဝ ဒသမ ဝ၆၆ သန်းတန်ဖိုးရှိ နနွင်းတက် ၄၃ တန်ခန့်အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် ၄၄ တန် လျော့နည်းတင်ပို့ခဲ့တယ်လို့သိရပါတယ်။ ဇူလိုင်လမှာ ၆၃၇ တန်၊ ဇွန်လမှာ ၃၁၅ တန်၊ မေလမှာ ၂၅၅ တန်နဲ့ ဧပြီလမှာ တန် ၉ဝဝ ကျော်အသီးသီးနယ်စပ်မှ တင်ပို့ထားပြီးဖြစ်ပါတယ်။ MIRT (DOBT) 

Tuesday, 23 Aug 2011

ရှမ်းနနွင်းဈေးကွက်အေးသော်လည်း ပစ္စည်းကောင်းကို အဝယ်ရှိ                 ရှမ်းနနွင်းဈေးကတော့ မိုးနဲ့ အပြိုင်အးနေပါတယ်။ ဒီနှစ်က နနွင်းပေါ်ကာစမှာတော့ အရင်နှစ်က အရှိန်နဲ့ အရောင်း သွက်နေခဲ့ပါသေးတယ်။ ဇန်နဝါရီလမှာ ဈေးကွက်ထဲမှာ တစ်ပိဿာ ၂၃ဝဝ ကျပ်ဈေးနဲ့စပြီး ဝင်လာပါတယ်။ မနှစ်က နနွင်းခြောက်ဈေးကောင်းခဲ့တာကြောင့် ဒီနှစ်လည်း ဈေးပိုကောင်းနိုင်တယ်လို့ မျှော်လင့်ပြီး နနွင်းစိုတွေကို တစ်ပိဿာ ၂ဝဝ ကျပ်-၃ဝဝ ကျပ်နဲ့ ဝယ်အားကောင်းခဲ့ပါတယ်။ လှောင်လက်တွေကတော့ ဈေးပိုကောင်းနိုးနဲ့ ပစ္စည်းကောင်း ရင် ကောင်းသ လို ဈေးဖြတ်ပြီး ဝယ်ယူခဲ့တာကြောင့် တစ်ပိဿာ ၂၅ဝဝ ကျပ်အထိ ရခဲ့ပါတယ်။ ဖေဖော်ဝါရီလ မှာတော့ ပြည်ပဝယ်လို အားမရှိပဲ ပြည်တွင်းသုံးအတွက်သာ ဝယ်ယူနေတာကြောင့် အရောင်းသိပ်မသွက်ခဲ့ပါဘူး။ ဈေးကလည်း ကျလာပြီး တစ်ပိဿာ ၁၇ဝဝ ကျပ်-၂ဝဝဝ ကျပ်သာရှိပါတယ်။ မတ်လမှာတော့ မူဆယ်ကို တင်ပို့ဖို့အတွက် မန္တလေးဝယ်လက်တွေ ဝယ်ယူလာတာကြောင့် ဈေးနဲနဲပြန်တက်လာပြီး တစ်ပိဿာ ၂ဝဝဝ ကျပ်မှ ၂၂ဝဝ ကျပ်ဈေးရှိလာ ပါတယ်။ ရောင်းအားကောင်းခဲ့ တာကတော့ ဟိုပုံးနနွင်းပဲဖြစ်ပါတယ်။ ဧပြီလမှာတော့ နနွင်းကို အရည်အသွေးပေါ် မူတည်ပြီး ဈေးပေးဝယ်တာကြောင့် အကောင်းစက ၂၅ဝဝ ကျပ်ဈေးရှိပြီး ရိုးရိုးစတွေကတော့ ၂၂ဝဝ ကျပ်ဈေး နဲ့ ဈေးငြိမ်နေပါတယ်။ မေလ မှာ ပြည်ပဝယ်လို အားမရှိဘဲ ပြည်တွင်း ဈေးကွက်တွေသာ ဝယ်ယူနေပြီး ပင်လောင်းနနွင်းတွေကလည်း လိန်းလီကတစ်ဆင့် အောက်ဘက် ဆင်းသွားတာကြောင့် ဈေးကလည်း ထပ်ကျလာပြီး တစ်ပိဿာကို ၁၅ဝဝ ကျပ်မှ ၂ဝဝဝ ကျပ်ဈေးသာ ရှိပါတော့တယ်။ ဇွန်လမှ အနိမ့်ဆုံးဈေး ၁၅ဝဝ ကျပ်မှ အမြင့်ဆုံး ၂ဝဝဝ ကျပ် ဈေးသာရှိပါတယ်။ ဇူလိုင်မှာတော့ ရန်ကုန်ဝယ်လက်တွေ အနည်းငယ်ပြန်ဝယ်လာပြီး ကြိုက်ရောင်းကြိုက်ဝယ်နဲ့အနိမ့်ဆုံး ၁၅ဝဝကျပ်မှ အမြင့်ဆုံး ၁၈၅ဝ ကျပ်ဈေးရှိပါ တယ်။ သြဂုတ်လ ဆန်းမှာတော့ နနွင်း တစ်ပိဿာ အနိမ့်ဆုံး ၁၂ဝဝ ကျပ်မှ အမြင့်ဆုံး ၁၅ဝဝ ဈေးရှိပါတယ်။ ဧဧခိုင် 

Tuesday, 23 Aug 2011

ဈေးကွက်ဖိအားကြောင့် နနွင်းဈေးကျနိုင်                    အန်ဒရာပရာဒေ့ရှ်နဲ့ အနီးအနားပြည်နယ်တွေရဲ့ နနွင်းစိုက်ဧရိယာတွေမှာ မိုးကောင်းတာကြောင့် အထွက်နှုန်းပိုမို ကောင်း မွန်နိုင်ခြေရှိပြီး၊ နနွင်းဈေးနှုန်းအနည်းငယ်ကျဆင်းနေကြောင်းသိရပါတယ်။ ဝယ်လိုအား သိသိသာသာကျဆင်းနေပြီး ကြိုပွိုင့် ဈေးအပါအဝင် ဈေးကွက်တွေမှာ ဖိအားတွေနဲ့ ရင်ဆိုင်နေရကြောင်း သိရပါတယ်။ အရောင်းအဝယ်ပါးနေပေမယ့် ပြည်တွင်းဝယ် လိုအားနဲ့ ပို့ကုန်တွေက လာမယ့်ရက်သတ္တပတ် အတွင်း မြင့်တက်လာ နိုင်တယ်ဆိုတဲ့ မျှော်လင့်ချက်က ဈေးနှုန်းကို အထောက် အပံ့ပေးနိုင်ကြောင်း သိရပါတယ်။ ဝယ်လိုအား ကျဆင်းခြင်း၊ ထုတ်လုပ်မှုတိုးတက်ခြင်းနဲ့ သိုလှောင်မှုများခြင်းတို့က ဈေးနှုန်းကို ဖိအားပေးတဲ့ အကြောင်းအချက်များပဲဖြစ်ပါတယ်။ မကြာတော့မဲ့ကာလမှာ ဝယ်လိုအားမြင့်တက်မယ်ဆိုတဲ့ မျှော်လင့်ချက်က ဈေးနှုန်းကျဖို့ အထောက်အပံ့ပေးကြောင်းသိရပါတယ်။ အန်ဒရာပရာဒေ့ရှ်မှာ နနွင်းစတင်စိုက်ပျိုးနေပြီး အခြေအနေကလဲ ကျေနပ်ဖွယ်ရှိကြောင်းသိရပါတယ်။ မုတ်သုံမိုးကောင်းခြင်း ကလည်း စိုက်ပျိုးရေးကို အထောက်အကူပြုကြောင်း သိရပါတယ်။ စိုက်ဧရိယာကလည်း ဈေးကွက်ဈေးနှုန်းပေါ်မှာမူတည်ပြီး တကယ်လို့ဆက်လက်ပြီးဈေးကျမယ်ဆိုရင် တောင်သူတွေက နနွင်းစိုက်ဧရိယာလျော့ပြီး အခြားဝင်ငွေကောင်းတဲ့ ဝါဂွမ်းနဲ့ပဲပုပ်တို့လို သီးနံှတွေကိုပြောင်းပြီး စိုက်ပျိုးကြမှာဖြစ်ကြောင်း ကုန်သည်များကပြောပါတယ်။ ယခု ၂ဝ၁ဝ-၂ဝ၁၁ နနွင်းကတော့ ယခင်နှစ်ထက် အိတ်ပေါင်း ၆၅-၇ဝ သိန်း ပိုမိုထွက်ရှိနိုင် ကြောင်း ခန့်မှန်းကြပါတယ်။ သိုလှောင်မှုများပြီး ရောင်းလိုအားနည်း တာက ရောင်းဝယ်မှုဖိအားကိုဖြစ်စေပြီး၊ အကျဘက်ကို ဦးတည်နေကြောင်းသိရပါတယ်။ ဇွန်လကနေ သြဂုတ်လအထိက စိုက်ပျိုးရာသီဖြစ်ပြီး ရိတ်သိမ်းမှုကို ဇန်နဝါရီမှာ စတင်မှာ ဖြစ်ကြောင်းသိရပါတယ်။ ပို့ကုန်တင်ပို့မှုလဲကျဆင်းနေပြီး လာမယ့်ရက်သတ္တပတ် များမှာတော့ ဥရောပ၊ အမေရိကန်၊ အနောက်အာရှနဲ့ ဂျပန်ကိုတင်ပို့ဖို့ရှိကြောင်းသိရပါတယ်။ အိန္ဒိယဟင်းခတ်အမွှေးအကြိုင်အသင်းရဲ့ နောက်ဆုံးအစီရင်ခံစာအရ ၂ဝ၁၁ ဧပြီမှ ဇွန်အထိနနွင်းတင်ပို့မှု ၄၅ ရာခိုင်နှုန်းမြင့်တက်ပြီး ၂၁၇၇၅ တန်ရှိကာ ယခင်နှစ်အလားတူကာလက ၁၅ဝဝဝ တန်ရှိကြောင်းသိရပါတယ်။ K.Z.W,Source: commodity online 

Tuesday, 23 Aug 2011

မန်ကျည်းပုံမှန် တင်ပို့                သြဂုတ်လ ပထမပတ်အတွင်း မန်ကျည်း ၆၈ တန်ကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းကနေ စင်ကာပူနိုင်ငံကို တင်ပို့ခဲ့ပါတယ်။ ယခင်သီတင်းပတ် တန်ချိန် ခြောက်ဆယ်ကျော် တင်ပို့နိုင်ခဲ့ပြီး ဒီသီတင်းပတ်မှာလည်း တန် ခြောက် ဆယ်ကျော်တင်ပို့ခဲ့လို့ ပုံမှန်တင်ပို့နိုင်ခဲ့တယ်လို့ ဆိုရပါမယ်။ တစ်တန်ကို အက်ဖ် အိုဘီဈေးကန်ဒေါ်လာ ၇၅ဝ ဝန်းကျင်နဲ့ တင်ပို့နိုင်ခဲ့လို့ စုစုပေါင်းပို့ကုန်ဝင်ငွေ ကန်ဒေါ်လာ ငါးသောင်း တစ်ထောင် ရရှိခဲ့ပါတယ်။ MIRT (DOT) 

Tuesday, 23 Aug 2011

ဈေးကောင်းဆက်လက်ရရှိနေတဲ့ ပြည်ကြက်သွန်နီ                   ပြည်ကြက်သွန်နီဈေးကွက်သို့ ရေနံချောင်းနှင့် ပခုက္ကူဘက်မှ ကြက်သွန်နီများ ယခုတစ်ပတ်တွင် ၃၅ ပိဿာဝင် အိတ် ၅၅ဝ ခန့်အဝင်ရှိပြီး ပုံမှန်ထက် အဝင်နည်းနေပါတယ်။ ယခင်အပတ်အတိုင်း ဈေးနှုန်းမှာ ငြိမ်နေပြီး၊ ကြက်သွန်နီ (ကြီး) တစ်ပိဿာ ၆၅ဝ ကျပ်၊ (လတ်) ၅၅ဝ ကျပ်၊ (သေး) ၅ဝဝ ကျပ်တို့နှင့် ယခု ကာလထိ ဈေးကောင်း ရနေလျက် အရောင်း အဝယ်မှာ ခပ်အေးအေးဖြစ်နေပြီး ယခုတစ်ပတ်အတွင်း အိတ် ၂၃ဝ ခန့်သာ အရောင်းအဝယ် ဖြစ်ကြောင်းသိရပါတယ်။ ဝင်းလဲ့ဝါ 

Tuesday, 23 Aug 2011

အလတ်စများတဲ့ မန်းကြက်သွန်နီဈေးကွက်                 ယခုနှစ်နွေ ကြက်သွန်က အထွက်နည်းခဲ့ပါတယ်။ ဥကြီး မဆင်းဘဲ အလတ် စသာ အထွက်များခဲ့ပါတယ်။ ဒါ့ကြောင့် သီတင်းကျွတ်၊ တန်ဆောင်မုန်းမှာ ကြက်သွန် ဈေးမာမယ်လို့ မှန်းဆနေကြပါတယ်။ မန္တလေးဈေးက အကြီးစတစ် ပိဿာ ၆ဝဝ ကျပ်၊ ၅၅ဝ ကျပ်၊ အလတ်စ တစ်ပိဿာ ၅ဝဝ ကျပ်၊ ၄၅ဝ ကျပ်၊ အသေးစ တစ်ပိဿာ ၄ဝဝ ကျပ်၊ ၃၅ဝ ကျပ်၊ မြင်းခြံစမှာတော့ အကြီးစတစ်ပိဿာ ၄၇၅ ကျပ်၊ ၄၂၅ ကျပ်၊ အလတ်စ ၄ဝဝ ကျပ်၊ ၃၅ဝ ကျပ်၊ အသေးစ ၃၂၅ ကျပ်၊ ၃ဝဝ ကျပ်ဈေးဖြစ်ပါတယ်။ နွေကြက်သွန်က ဒီဇင်ဘာလဆို ကုန်သလောက်ဖြစ်ပြီး၊ ဇန်နဝါရီလလောက်ဆိုရင် မြစ်သားကြက်သွန်နီ ထွက်လာမှာပါ။ ဒါ့ကြောင့် ဒီဇင်ဘာ၊ ဇန်နဝါရီလတွေမှာလည်း ကြက်သွန်နီက ဈေးမြင့်တတ်ပါတယ်။ ဒီနှစ် တော့ မြစ်သားက စောစောစိုက်မဲ့အလားအလာတွေ တွေ့နေရပါတယ်။ မြစ်သား ကသည်းကုန်းမှာ ကြက်သွန်နီစိုက်ဖို့ ပျိုထောင်နေကြပါပြီ။ ဒီနှစ်တော့ ဇန်နဝါရီ မတိုင်ခင် ကြက်သွန်နီပေါ်မယ်လို့ ထင်ရပါတယ်။ ဒါ့ကြောင့် အသစ်နဲ့ အဟောင်း ဆက်ပြီး အလွန်အကံျွဈေးမတက်နိုင်ဘူးလို့ ခန့်မှန်းကြပါတယ်။ မှောင်ခိုသာ မထွက်ရင်တော့ ပြည်တွင်းအတွက် ဖူလုံသလို ပြည်တွင်းဈေးမတက်စေချင်ရင် မှောင်ခိုမထွက်ရေး စောင့်ကြည့်ရပါလိမ့်မယ်လို့ ကြက်သွန်နီကုန်သည်များက ဆိုပါတယ်။ သင်းသင်းမြတ် 

Pages