Main menu

Background

Sunday, 6 Mar 2011

မန်းမြေထောက်ပဲသစ် အဆွဲအေးလို့ ဈေးအေး                   မန်းဈေးကွက်ကို ဗန်းမော်၊ ကသာ၊ ထီးချိုင့်၊ ကလေးဝဒေသများမှ ထွက်ရှိတဲ့ မြေထောက်ပဲများ စီးဝင်နေတာတွေ့ရပါတယ်။ စီးဝင်နေတဲ့ မြေထောက်ပဲတွေကို ရန်ကုန်ဝယ်လက်များကသာ အဓိကထားဝယ်ယူပြီး ဒေသတွင်းမှာ အနည်းငယ်သာ အသုံးပြုတာတွေ့ရပါတယ်။ ယခုတစ်ပတ် ရန်ကုန်ဝယ်လက်တွေ အဝယ်အေး လာလို့ ဈေးအေးလာတာဖြစ်ပြီး ယခင်တစ်ပတ်က မြေထောက်ပဲ တစ်ပိဿာ ၈၃၃ ကျပ်(တစ်တန် ၅၁ဝဝဝဝ ကျပ်) ရှိပြီး ယခုတစ်ပတ်မှာ တစ်ပိဿ ၇၅၉ ကျပ်( တစ်တန်ကို ၄၆၄၈ဝဝ ကျပ်) ဈေးတို့နဲ့ အရောင်းအဝယ် ဖြစ်နေ ကြပါတယ်။ ယခုတစ်ပတ်အတွင်းမှာ ဈေးကွက်အတွင်းကို မြေထောက်ပဲသစ်များ အဝင်များနေပေမဲ့ ရန်ကုန်ဝယ်လက်အေးသွားတာကြောင့် ဈေးအေးလာပြီး အရောင်းအဝယ်လည်း အေးလာတာဖြစ်တယ်လို့ ကုန်သည်များက ပြောပါတယ်။                                                                   ကျော်ကျော်မိုး

Sunday, 6 Mar 2011

မြေထောက်ပဲ ပင်လယ်ရေကြောင်းက တန် ၂ဝဝ ကျော်ထိ တက်လာ               ယခင်သီတင်းပတ်တွေက ပင်လယ်ရေကြောင်းက မြေထောက်ပဲတန် ၁ဝဝ ကျော် တင်ပို့နေရာက ယခုဖေဖော်ဝါရီ နောက်ဆုံးပတ်မှာ တန် ၂ဝဝ ကျော် ထိ တိုးတက်တင်ပို့လာခဲ့ပါတယ်။ ဒီတစ်ပတ်တင်ပို့တဲ့ နိုင်ငံကတော့ အိန္ဒိယနဲ့ စင်ကာပူ ဖြစ်ပါတယ်။ ယခုလအတွင်းမှာ မန္တလေးဈေးကွက်ကို မြန်မာပြည် အထက်ပိုင်း နယ်စုံက မြေထောက်ပဲတွေ အဝင်လှိုင်လာပြီလို့ သိရပါတယ်။ ၂ဝ၁၁ ဇန်နဝါရီလအတွင်းမှာ မြေထောက်ပဲ တန် ၁ဝဝဝ ကျော် တင်ပို့မှုရှိခဲ့ပြီး ဖေဖော်ဝါရီလမှာတော့ တန်ချိန် ၆ဝဝ ကျော်သာတင်ပို့ခဲ့တာ တွေ့ရပါတယ်။ ၂ဝ၁ဝ ဖေဖော်ဝါရီလအတွင်းမှာ တန် ၁၃ဝဝ ခန့်တင်ပို့နိုင်ခဲ့လို့ ဒီနှစ်ကာလ တူမှာ ထက်ဝက်ခန့်လျော့ကျ တင်ပို့ခဲ့ပါတယ်။ ရန်ကုန် FOB  ဈေးအနေနဲ့ ဈေးငြိမ်နေပြီး မတ်လ ၄ ရက်နေ့မှာ FAQ  တစ်တန်ကို ကန်ဒေါ်လာ ၆၂ဝ-၆၄ဝ ဖြစ် ကြောင်း သိရပါတယ်။ MIRT- MAPT

Sunday, 6 Mar 2011

ဈေးအေးလာတဲ့ မန်းဗွီတူး             မန်းဈေးကွက်သို့ ကုလားပဲသစ်များ စီးဝင်မှု အားကောင်းပေမဲ့ ရန်ကုန် ဝယ်လက်နဲ့ ဒေသတွင်းခွဲစက် လုပ်ငန်းရှင်များ ဝယ်လိုအားနည်းလာတာကြောင့် ယခင်အပတ်ထက် အရောင်းအေး ဈေးအေးလာတာ တွေ့ရပါတယ်။ ယခင်အပတ် ကုလားပဲဖြူကြီး တစ်ပိဿာ ၉၃၄ ကျပ်၊ တစ်တန် ၅၇၁၉ဝဝ ကျပ်၊ ကုလားပဲတိုင်ပေ တစ်ပိဿာ ၈၈ဝ ကျပ်၊ တစ်တန် ၅၃၈၉ဝဝ ကျပ်ဈေးနဲ့ ရောင်းဝယ်ခဲ့ကြသော်လည်း ယခုတစ်ပတ်မှာတော့ ကုလားပဲဖြူလုံးကြီး တစ်ပိဿာ ၉ဝဝ ကျပ်၊ တစ်တန် ၅၅၁ဝဝဝ ကျပ်၊ ကုလားပဲတိုင်ပေ တစ်ပိဿာ ၈၁၈ ကျပ်၊ တစ်တန် ၅ဝဝ၉ဝဝ ကျပ်ဈေးကို ဈေးအေးရောင်းဝယ်ကြပါတယ်။ ယခုတစ်ပတ်မှာ ဈေးကွက်တွင်းသို့ စီးဝင်မှု အားကောင်းသလောက် ဝယ်လိုအားနည်းလာတဲ့အတွက် ဈေးအေးလာတယ်လို့ ပဲကုန်သည်တို့က ပြောပါတယ်။                ကျော်ကျော်မိုး

Sunday, 6 Mar 2011

ကျောက်ဆည်ကုလားပဲဈေးကွက်               မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင်မှာ ကုလားပဲစိုက်ဧက တစ်သောင်းကျော် စိုက်ပျိုးထားကြောင်း သိရပါတယ်။ မိုးစပါးရိတ်သိမ်းအပြီး၊ နွေစပါး မစိုက်ခင်အကြား မိုးစပါးရိတ်သိမ်းပြီးတဲ့လယ်များမှာ ကုလားပဲကို ပက်ကဲျ စနစ်ဖြင့်လည်းကောင်း၊ ဘောင်စိုက်စနစ်ဖြင့်လည်းကောင်း စိုက်ပျိုးခြင်းဖြစ်ပါတယ်။ ယခုနှစ်ကုလားပဲ အထွက်နှုန်းမှာ ရာသီဥတုကောင်းမွန်တာကြောင့် ပက်ကဲျစနစ်ဖြင့် စိုက်ပျိုးထားသော တောင်သူများမှာ တစ်ဧကကို ၁ဝ တင်းမှ ၁၂ တင်းအထိထွက် ရှိပြီး ဘောင်စိုက်တစ်ဧကမှာ ၁၅ တင်းမှ ၂ဝ တင်းအထိ ထွက်ရှိကြောင်း သိရပါတယ်။ ကျောက်ဆည်မြို့နယ်ရဲ့ ကုလားပဲဈေးနှုန်းမှာ ကုလားပဲရိုးရိုး တစ်တင်းကို ၁၈၅ဝဝ ကျပ်နဲ့ ကုလားပဲ V2  တစ်တင်းကို ၁၈၈ဝဝ ကျပ်နဲ့ အရောင်းအဝယ်ဖြစ် တယ်လို့ သိရပါတယ်။                                            နှင်းလဲ့လဲ့

Sunday, 6 Mar 2011

ဈေးအေးလို့ လှောင်လက်များ ဝယ်ယူသိုလှောင်တဲ့ မုံရွာ V2            မုံရွာကုန်စည်ဒိုင်မှာ ၂ဝ၁၁ ခု၊ ဖေဖော်ဝါရီလဆန်းမှာ ကုလားပဲဖြူလုံးကြီး V2  တစ်ပိဿာ ၁၁၈၄ ကျပ်မှ ဖေဖော်ဝါရီလကုန်မှာ ၉၃၇ ကျပ်၊ မတ်လဆန်းမှာ ၉၂၆ ကျပ်သို့ ဈေးအေးလာပါတယ်။ ရွှေဘိုခရိုင်၊ မုံရွာခရိုင်၊ စစ်ကိုင်းခရိုင်ရှိမြို့နယ်များမှ V2  အသစ်များ မုံရွာမြို့ကို အဝင်လှိုင်တဲ့အတွက် ဈေးအနည်းငယ် အေးသွားခြင်းကို လက်လွှတ်မခံဘဲ ဝယ်ယူသိုလှောင်နေကြလို့ မုံရွာကုန်စည်ဒိုင်မှာ နေ့စဉ် V2 တင်း ၁၅ဝဝ ကျော် အရောင်းအဝယ်ဖြစ်ကြောင်းသိရပါတယ်။ ဖေဖော်ဝါရီလအတွင်း စစ်ကိုင်းတိုင်းဒေသကြီးမှ မန္တလေးသို့ V2  တင်း ၁၅ဝဝဝ  ခန့် စီးထွက်ခဲ့ကြောင်း သိရပါတယ်။ သန်းးသန်းးတင်

Sunday, 6 Mar 2011

အဝင်လှိုင်လာတဲ့ မန်း V2 ဈေးအေးနေ          မန်းပဲဈေးကွက်ကို အရင်ကထက် V2  အဝင်လှိုင်လာပြီး၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ ရွှေဘို၊ ဆားတောင်၊ ဝက်လက်နဲ့ မြင်းမူတို့မှ အိတ် ၂၉ဝဝ ကျော် ဝင်ရောက်လာခဲ့ပါတယ်။ အဝင်လှိုင်လာသော်လည်း ရန်ကုန်ဝယ်လက်သို့ အိတ် ၂ဝဝဝ ကျော် ရောင်းဝယ်မှုနဲ့ ဒေသတွင်းစက်သမားများရဲ့ ပုံမှန်ဝယ်ယူမှုသာရှိပြီး အရောင်းအဝယ် သိပ်မသွက်လို့ ဈေးအေးလာပါတယ်။ အသစ်ပေါ်စက V2  တစ်ပိဿာကို ၁ဝ၄၈ ကျပ်၊ ၁၁၃၅ ကျပ်ဈေးပေါက်ခဲ့ပေမဲ့ ဒီတစ်ပတ်မှာတော့ အရောင်းဈေးအေးပြီး ၉၉၆ ကျပ်၊ ၁ဝ၁၃ ကျပ်နဲ့ ရောင်းဝယ်နေကြကြောင်း သိရပါတယ်။                        ချိုချိုမြင့်

Sunday, 6 Mar 2011

မန်းဈေးကွက်မှာ ဈေးမာနေတဲ့ ခရမ်းပဲတီစိမ်း              ယခုတစ်ပတ် မန်းဈေးကွက်မှာ ခရမ်းပဲတီရွှေဝါကို တရုတ်အကြိုက်တွေ့နေတာကြောင့် ဈေးမာနေပြီး အခြားပဲတီစိမ်း ထိပ်စ၊ လတ်စ၊ အောက်စတွေကတော့ အရောင်းအဝယ်အေးနေပါတယ်။ ရန်ကုန်ဝယ်လက်နဲ့ ဒေသတွင်း ခွဲစက်လုပ်ငန်းရှင် များမှ အနည်းငယ်သာ ဝယ်ယူနေတာတွေ့ရပါတယ်။ ယခုတစ်ပတ် ခရမ်းပဲတီရွှေဝါက တစ်ပိဿာ ၂ဝ၆၂ ကျပ်၊ တစ်တန် ၁၂၆၂၇ဝဝ ကျပ်၊ ပဲတီစိမ်းကြီး ထိပ်စ တစ်ပိဿာ ၁၅၁၁ ကျပ်၊ တစ်တန် ၉၄၂၇၁ ကျပ်၊ အောက်စတစ်ပိဿာ ၁၃၃၃ကျပ်၊ တစ်တန် ၈၁၆၃ဝဝ ကျပ်တို့နဲ့ ရောင်းဝယ်နေကြပါတယ်။ ယခုတစ်ပတ်မှာ ခရမ်းပဲတီရွှေဝါ၊ ပဲခူးပဲတီရွှေဝါတို့သာ ဈေးကွက် အတွင်းသို့ အဝင်ရှိပြီး ဈေးကောင်းပေမဲ့ အခြားပဲတီစိမ်းတွေက ဈေးကွက်အတွင်းသို့ စီးဝင်မှုအားနည်းသလို ဝယ်လိုအား နည်းလာလို့ ဈေးအေးနေတာဖြစ်တယ်လို့ ဈေးကွက်က ဆိုပါတယ်။                         ကျော်ကျော်မိုး 

Sunday, 6 Mar 2011

ဟင်္သာတဈေးကွက်သို့ ပဲတီစိမ်းသစ်များဝင်လာပြီ             ဟင်္သာတမြို့နယ်အတွင်း ၂ဝ၁၁ ခုနှစ် ဖေဖော်ဝါရီလ တတိယပတ်မှစပြီး မြို့နယ်အတွင်း ကျေးရွာအုပ်စုများရှိ တောင်သူများမှ ပေါ်ဦးပေါ်ဖျား ပဲတီစိမ်းများကို နေ့စဉ်ရောင်းဝယ်လျက်ရှိရာ တစ်တင်းခွဲဝင်အိတ် ၃ဝဝ မှ ၄ဝဝ အထိ ပဲတီစိမ်းပိဿာ ၂ဝ ဝင်တစ်တင်းကို ၃၁ဝဝဝ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေပါတယ်။ ယခင်နှစ် ပဲတီစိမ်းသစ်ပေါ်ချိန် ဈေးစ အဖွင့်မှာ ၂၁၅ဝဝ ကျပ်သာရှိပြီး၊ ယခုနှစ်ပေါ်စ ဈေးမှာ ၂၄၅ဝဝ ကျပ်ရရှိကြသဖြင့် တောင်သူများအကျိုးအမြတ် ပိုရကြပါတယ်။ ရန်ကုန်တင်ပို့နိုင်မှုမှာလည်း ယခုတစ်ပတ်အတွင်း အိတ် ၂၄ဝဝ ခန့် တင်ပို့နိုင်တယ်လို့သိရပါတယ်။ အေးအေးခိုင် 

Sunday, 6 Mar 2011

ပဲတီစိမ်း တန် ၂ဝဝဝ ကျော် မူဆယ်နယ်စပ်မှ ယခုအပတ်ပို့              ဖေဖော်ဝါရီလ ၂၃ ရက်မှ မတ်လ ၁ ရက်ထိ ကာလအတွင်း မူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန်မှ စစ်ကိုင်းနဲ့ မန္တလေးတိုင်းဒေသကြီးထွက်ကန်ဒေါ်လာ ၂ ဒသမ ၂၂၈ သန်းတန်ဖိုးရှိ ပဲတီစိမ်း တန်ချိန် ၂၁၁၇ တန်တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်နဲ့ နှိုင်းယှဉ်လျှင်တော့ တန်ချိန် ၁၂ဝဝ ခန့် တင်ပို့မှုလျော့နည်းခဲ့ပါတယ်။ယခုအချိန်မှာ ပဲရာသီချိန်ဖြစ်တာကြောင့် တရုတ်မှ ဝယ်လိုအားရှိသော်လည်း နယ်စပ်မှ ကုန်သွယ်မှုကုန်ကျစရိတ် မြင့်မားတဲ့အတွက် အရောင်းအဝယ်နည်းပါးပြီး တရုတ်နိုင်ငံသို့ ဗီယက်နမ်ဖက်နဲ့ ထိုင်းဖက်မှ ပဲတီစိမ်းများ ဝင်ရောက်မှုရှိပါတယ်။တစ်ဖက်နိုင်ငံသို့ တင်ပို့ရောင်းချရာမှာ အကျိုးအမြတ်နည်းပါးခြင်း တစ်ဖက်နိုင်ငံမှ ဝယ်ယူသည့် ဈေးနှုန်းများမှာလည်း ကုန်ကျစရိတ်ကာမိအောင်ဈေးမရရှိတဲ့အတွက် တင်ပို့မှု လျော့နည်းရတာဖြစ်ပါတယ်။ယခုအပတ်မှာ ပဲတီစိမ်းလုံးခြမ်းလည်းတင်ပို့နိုင်ခြင်းမရှိဘူးလို့ သိရပါတယ်။ဖေဖော်ဝါရီလ တစ်လလုံးမှာ ပဲတီစိမ်း တန်ချိန် ၈၄ဝဝ ကျော်နဲ့ ပဲတီစိမ်းလုံးခြမ်းတန်ချိန် ၇၆ဝ ကျော် နယ်စပ်မှ တင်ပို့ထားပြီးဖြစ်ပါတယ်။ မိမိဘက်ဈေးရော တစ်ဘက်နိုင်ငံဈေးပါ အနည်းငယ်စီမြင့်တက်လျက်ရှိပါတယ်။မိမိဘက်နဲ့တစ်ဘက်နိုင်ငံ ပဲတီစိမ်းဈေးနှုန်းများကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ရပါတယ် -                                    မိမိဘက်(ကျပ်/တန်)                              တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                          ယခု           ယခင်           ပြောင်းလဲမှု  %         ယခု           ယခင်  ပြောင်းလဲမှု   %ပဲတီစိမ်း          ၁၂၂၂ဝ၁၁   ၁၂၁၈၆ဝ၅          ၃၄ဝ၆     ဝ .၃        ၈၉၈ဝ       ၈၈၈ဝ       ၁ဝဝ       ၁MIRT (DOBT)

Sunday, 6 Mar 2011

ပင်လယ်ရေကြောင်းက ပဲတီစိမ်း တင်ပို့မှုဆက်လက်မြင့်                 ပင်လယ်ရေကြောင်းက ပဲမျိုးစုံတင်ပို့မှုမှာ အခြားပဲများထက် ပဲတီစိမ်းက တင်ပို့မှုပမာဏပိုနေတာ ၂ ပတ်ဆက် တိုက်ရှိပါပြီ။ ယခုသီတင်းပတ်(ဖေဖော်ဝါရီလ ၂၄ ရက်မှ ၂၈ )အတွင်းမှာလည်း တန်ချိန် ၇ဝဝဝ ကျော်ထိ တင်ပို့တာ တွေ့ရပါတယ်။ အထူးသဖြင့် တရုတ်ဝယ်လက်များကို တင်ပို့မှုများနေတာဖြစ်ပါတယ်။             ယခုနှစ် ဇန်နဝါရီလအတွင်းမှာ ပင်လယ်ရေကြောင်းက ပဲတီစိမ်းတန်ချိန် ၁၃ဝဝဝ ခန့်သာ တင်ပို့မှု ရှိခဲ့ရာမှ ဖေဖော်ဝါရီလမှာတန်ချိန် ၂၆ဝဝဝ ခန့်ထိ ၁ ဆပိုတင်လာတာတွေ့ရပါတယ်။ ၂ဝ၁ဝ ဖေဖော်ဝါရီလအတွင်းမှာတော့ ပဲတီစိမ်း တန်ချိန် ၅ သောင်းနီးပါးထိ တင်ပို့ခဲ့လို့ ယခုနှစ်ကာလတူမှာ ထက်ဝက်ခန့် လျော့ကျတင်ပို့မှုရှိတာ တွေ့ရပါတယ်။ ရန်ကုန်  FOB  ဈေးအနေနဲ့ တစ်ပတ်လုံးငြိမ်နေပြီး မတ်လ ၄ ရက်နေ့မှာ ပဲတီစိမ်း(အညာ) FAQ တစ်တန်ကို ကန်ဒေါ်လာ ၁၁၆ဝ- ၁၁၈ဝ၊ (ပခုက္ကူ) FAQ  တစ်တန်ကို ကန်ဒေါ်လာ ၁၁ဝဝ-၁၁၂ဝ နဲ့ ရွှေဝါအသေး တစ်တန်ကို ကန်ဒေါ်လာ ၁၅၃ဝ-၁၅၅ဝ ဖြစ်ကြောင်း သိရပါတယ်။                                                           MIRT- MAPT

Pages